ကျနော်တို့ မိုဘိုင်းဂိမ်မာတွေရဲ့ အသည်းစွဲ PUBG ကတော့ ဆော့လို့ကောင်းသလို၊ ဆေးထိုးခံရ၊ ဂျင်း Player ၊ Cheater တွေနဲ့တွေ့ရင် ဒေါသထွက်ရ၊ ကိုယ့်ကောင်မလေးကို ကယ်ချင်လို့ Enemy ကိုတောင် ဂရုမစိုက်အားပဲ Hero လုပ်ခွင့်ရတဲ့အခိုက်တန့်ကလည်း ကြည်နူးစရာ။ အော်..ဒီကောင်ဘာတွေ ပြောနေပါလိမ့်၊ ကျနော် ဆိုလိုချင်တာက Rank တက်ချင်တယ်ဆိုရင် ဘယ်အချက်တွေက အရေးကြီးဆုံးဖြစ်မလဲပေါ့နော်။

အခုထည့်ပြောသွားမယ့် အချက်တွေက Skill ထက် Survivor ဖက်သွားပါလိမ့်မယ်။ ကျနော်ကိုယ်တိုင် နာမည်ကြီးနေရာတွေဆင်းပြီး Camping လုပ်ဆော့ပေမယ့် Rank မတက်တဲ့အပြင် Lower Tier ကိုတောင် ရောက်ခဲ့ရပါတယ်။ ပွဲတော်တော်များများ 4 Kills ၊ 5 Kills လောက်ထိရပေမယ့် Survival Time တိုတယ်၊ Support ၊ Healing Factor က သုညဖြစ်နေတဲ့အတွက် B နဲ့ပဲ ပြီးသွားရတာပါ၊ ကြားထဲ အနှုတ်ကလာပြနေသေး (ကြေကွဲစရာ)

ဒီလိုဆိုတော့ PUBG ရဲ့ Ranking System ကို အရင်ပြောရမှာဖြစ်ပြီး အဓိက Main Point ကတော့ Survival ပါ။ ကျနော်တို့တတွေ Kill များတိုင်း Rating ကောင်းတယ်ထင်တာ မှန်ပါတယ်၊ ဒါမယ့် Rank မှာကျ ၁ ပွဲလုံးနေမှ တကောင်လောက်သတ်ပြီး ဗိုလ်စွဲတာမျိုးရှိပါတယ်။ ချုံငုံပြီးပြောရမယ်ဆိုရင် Survival ပြီးသွားရင် ဒုတိယအရေးပါတာက Kill နဲ့ Damage ၊ တတိယကတော့ Supply နဲ့ Support ပါပဲ။ (ဒါကြောင့်ပွဲပြီးတိုင်း ကိုယ့်ရဲ့ Activity ကို ပဉ္စဂံလေးကြည့်ပြီး သုံးသပ်ဖို့ မမေ့ပါနဲ့)

၁။ Smartphone နဲ့ Gameplay Setting ကို Optimize လုပ်ပါ

ဒီအချက်က အရေးမကြီးဘူးဆိုမယ့် Rank ဆော့မယ်ဆိုရင်တော့ In-coming Calls နဲ့ Notification တွေကို ဖြစ်နိုင်ရင် Off ထားတာ အကောင်းဆုံးပါ။ Graphics Setting နဲ့ Frame Rate ကို High ဆိုတာထက် ကိုယ့်ဖုန်းနိုင်သလောက်နဲ့ ဆော့ရင်အဆင်ပြေသလောက် Adjust လုပ်ပါ။ (Rank တင်ဖို့ ၁၀ သိန်းတန် ဖုန်းကောင်းတွေမလိုပါဘူး)

ဒုတိယလိုအပ်ချက်ကတော့ Aim Assist ၊ Auto Aim ၊ ကိုယ်ဘယ်လက်နဲ့ ပစ်တာပိုအားသန်လဲ စသဖြင့် Adjust လုပ်ပါ။ Auto Pickup ၊ Auto Open Door ကို Enable လုပ်ထားတာ အကောင်းဆုံးဖြစ်ပြီး Peek & Fire သုံးဖို့ မမေ့ပါနဲ့။ (Gyroscope Support ရရင် ကျွမ်းကျင်သလို အသုံးပြုနိုင်ပါတယ်)

၂။ အဝေးဆုံးလား အနီးဆုံးလား

ဒါကိုဖတ်ပြီး ထွန်းအိန္ဒြာဗိုလ်သီချင်း ရွတ်ပြတယ်မထင်ပါနဲ့ဦး။ ဘယ်မြေပုံမဆို ကိုယ်ဆင်းမယ့်နေရာနဲ့ Pochiki ၊ Boot Camp လို Loot လို့လည်းကောင်း သေလို့လည်းကောင်းတဲ့ နေရာတွေနဲ့ မနီး၊ မဝေးဖြစ်မယ့်နေရာကို သေချာဆင်းဖို့ပါပဲ။ ဒီတော့လေယာဉ်ပေါ်ကမဆင်းခင် နွားတွေဘယ်နေရာခုန်သွားလည်း ခန့်မှန်းပြီးကိုယ်လည်း ခုန်ချမယ်ဆိုရင် ရန်သူကို Sniping ၊ Camping လုပ်ကောင်းမယ့် Position ကို ရွေးချယ်တတ်ဖို့ပါပဲ။

ဟ..ကြည့်လဲလုပ်ပါဦး၊ ကျနော်တို့က တမြေပုံလုံးအလွတ်မရဘူးလေ၊ အဲ့တိုင်းလိုက်ဆင်းရင် သေမှာပေါ့။ ဒီတော့ မြေပုံမကျွမ်းသေးရင် ပထမဆုံး လေယာဉ်သွားမယ့်လမ်းကိုကြည့်၊ ဥပမာ လေယာဉ် Track က Boot Camp ပေါ်ကဖြတ်မယ်ဆိုရင် မီတာ ၁၆၀၀ လောက်က နေရာတွေ Camp Alpha ၊ Ruins နဲ့ မြေပုံဒေါင့်နေရာတွေကို Way Point ထောက်ပြီး လှမ်းခုန် အဲယောင်လို့ Gliding လုပ်ပြီးရောက်အောင်သွားပါ။ (သတိ! နာမည်သာရှိပြီး Loot နိုင်မယ့် Highlight အဆောက်ဦးမရှိတဲ့နေရာများ မဆင်းရ)

၃။ သေမလား ပစ်မလား

ကယ်..ကျနော်တို့ အခုမြေပေါ်ခြေ ၂ စုံကျသွားပြီဆိုပါတော့။ နေရာက Camp Charlie ၊ Boot Camp ၊ Paradise Resort နဲ့မနီးတော့ Survival ဆော့ဖို့ အိုကေသွားပြီလေး။ တွဲကစားတဲ့သူငယ်ချင်းကလည်း အိမ်ခေါင်ပေါ်ပစ်ချတော့ View က အရှင်းကြီး၊ အဲ့မှာ နောက်က Squad ၂ ခု ပါလာတယ်။ လက်နက်ကလည်း မကောက်ရသေးတော့ အိုးဂေါ့ ခုန်ချလိုက်တာ အမြင့်ကြီးမှတ်တယ်..နိမ့်နိမ့်လေးဟ။

ဒီတော့ ပစ်မလား အဒေသခံမလား။ အခုလို တနေရာထဲ Squad ၂ ဖွဲ့ ၃ ဖွဲ့စုံရင် သတိထားရမယ့်အချက်က ကိုယ်ရောက်နေတဲ့ Position ကို ကောင်းကောင်း Control ယူဖို့ပါပဲ။ ပစ်သံကြားရင် ပစ်ပါစေ၊ ထွက်ပြီး Instant Kill ယူဖို့ မစဉ်းစားပါနဲ့။ ဘာလို့လဲဆိုရင် ပစ်နေတဲ့ကောင်က Emulator နဲ့ဆော့နိုင်သလို Bot တွေလည်းဖြစ်နိုင်တာပဲ။

အဲ့သလိုဆိုတော့ ပစ္စည်းကောက်မယ်၊ Scout လုပ်မယ် ဘာညာပေါ့ ဟဲဟဲ။ တွေ့ရင် ပစ်မယ် ဝင်မလုံးနဲ့ ပွင့်သွားမယ်။ တခါတလေ Suppressive Fire (ရန်သူက အထက်စီး၊ ချောင်းပစ်ခံရရင်) Bait လုပ် (ထောင်ချောက်ဆင်) တတ်ရမယ် (မလွယ်ဘူးနော် ကိုယ့် Squad က Noob လို့ကတော့ Too Soon ပဲ ဘော်ဒါတို့ရေ) Bait ဖို့မရှိရင် တခြားဖက်ကနေ Engage လုပ်တာဖြစ်ဖြစ် Smoke နဲ့ Blind Fire လုပ်နိုင်ရင် အသက်ရှုချောင်ပါတယ်။ (သတိ! ရန်သူလည်း ကိုယ့်လိုပဲ Counter လုပ်နိုင်တာကိုလည်း မမေ့ပါနဲ့)

၎။ Safe Zone Circle ကအသက်ပဲ

အခုလို Early Phase မှာ သူသေ၊ ကိုယ်သေပစ်ကျရင်း လဲနေသူထူပေး၊ ကိုယ်လည်း အထောင်းခံရလို့ သွေးဖြည့်ရင်းလမ်းမှာ M416 ၊ Vector (ကျနော်အကြိုက်ဆုံးငိငိ) နဲ့ Attachment တွေကောက်ရင်း သွားအသေခံတော့မယ် (ဖြစ်တတ်လို့ပါ)

ဒီတော့ Safe Zone ဘယ်မှာကျနေလဲ ကျွမ်းတဲ့ကောင်လှမ်းမေးပြီး Position ရွေးဖို့ ကားစီးမယ်၊ လိုက်တိုက်မယ်။ ကျနော်ဆိုလိုချင်တာ ကျဉ်းကျဉ်းလာတဲ့ Circle ရဲ့ ဆန့်ကျင်ဖက်နေရာ ရောက်နေရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ မရောက်ရင်လည်း Squad နဲ့အတူ ခရီးဆက်တာပေါ့။

သွားရင်၊ လာရင်း Club ဝင်ဖို့ စိတ်မကူးပါနဲ့ဦး၊ ဝင် Dance တာ အရေးမကြီးပေမယ့် Mafia ဂိုဏ်း (ကိုယ့်ထက်ကျွမ်းအဖွဲ့) နဲ့တွေ့ရင် ကိုယ်အရင်တွန့်နေရပါဦးမယ်။ ခွေးလုံးပွဲ (Squad Fight) တွေ့ရင်လည်း ဟ သတ်မယ်ဆိုပြီး မပျော်ပါနဲ့။ ဒဏ်ရာရပြီး နာနေတဲ့ (ကျန်ခဲ့တဲ့ Survivor) ကိုလိုက်ရှင်းပါ။ ဝင်အောင်းချင်တယ်ဆိုရင် Flare Gun ပစ်ပြီး Bait လုပ်အာရုံလွဲပြီး နွဲလို့ရပါတယ် (Squad က Skill ရှိမှလုပ်ပါ)

၅။ ဂျင်းကောင်များကို ဆဲပါ

ပွဲစလို့ ၁၅ မိနစ်နဲ့ မိနစ် ၂၀ ရောက်လို့ လူအယောက် ၃၀ – ၃၅ လောက်ပဲ ကျန်တော့တဲ့အချိန် ယောင်လို့ သေနတ်ထပစ်မိ (အမှန်က သူ့ဘာသာပြေးရင်းပွတ်မိ) တာကို ဆဲပေးပါ။ အကောင်းဆုံးကတော့ လက်နက် ၂ ခုလုံး Suppressor တတ်ပြီး Vertical Grid (နှစ်သက်ရာ) ၊ Extended Mag ချိတ်ထားမိရင် ကောင်းကောင်း အသေခံလို့ရပါပြီ (နောက်တာပါ)

ကျနော့် Squad ထဲမှာတော့ ပွဲပြီးတဲ့အထိ တဒိုင်းဒိုင်းလုပ်နေတဲ့ကောင်ပါလို့ ဆဲလို့လည်းမပြီးပါဘူး။ ဒါမယ့်လည်း Winner တော့ရပါတယ်၊ အဲ့ကောင်ပစ်တာကောင်းလို့။ ဘော်ဒါတို့လည်း Duo ၊ Squad နဲ့ကစားရင် ကိုယ်နဲ့မဆိုင်လည်း Weapon Attachment လိုလား၊ မလိုလား သေချာ Connect လုပ်ပြီး Sniper ၊ AR Suppressor ၊ Compensator ၊ Flash Hider စသဖြင့် ကောက်ခဲ့ဖို့မမေ့ပါနဲ့။

၆။ နောက်ဆုံးရန်သူက ပွဲရဲ့အဖြေပဲ

ဒီတော့ Game တခုလုံး Push လုပ်လာခဲ့ပြီး Top 10 မရ Rank မတက်ဘဲ မပြန်ခဲ့ပါနဲ့ (မစားရတဲ့အမဲ သဲနဲ့ပက်ပါ) Skill Player တွေပဲ ကျန်တဲ့ နောက်ဆုံး ၅ မိနစ်ဝန်းကျင်က အရမ်းစိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဖောက်ခနဲ အသံတချက်ထွက်ရင်တောင် သေပြီမလို့ ကျွင်းတူးချင်တဲ့ကောင်တွေများပါတယ် (ဝပ်နေသော ငကြောက်၊ ငနဲများအားရည်ညွန်းခြင်း)

ဒီတော့ ကိုယ့်ရဲ့ Signature လက်နက် အားကိုးပြီး Cover to Cover ၊ ချုံပုတ်ကနေချုံပုတ်၊ ကျောက်တုံးကနေကျောက်တုံး ကူးလူးသွားရင် Instant Kill ဒါမှမဟုတ် ၃ ချက် ၄ ချက်နဲ့ အသေသတ်နိုင်မယ့် ရန်သူတွေ့မှ ပစ်မယ်။ တကယ်လို့ Low Ground ဖြစ်နေရင် Position အရင်ပြောင်းပါ။

ပစ်သံကြားရင် မြေပုံထောက်ပြီး စိတ်ချရမယ့်နေရာရွေးပါ။ တတ်နိုင်သမျှ Defensive ပုံစံပဲကစားပြီး စိတ်ရှည်ရှည်နဲ့ လှုပ်ရှားမှုမှန်သမျှ Checking လုပ် သေတတ်ပါစေ (ဟီးဟီး)။ ကျနော်အခုပြောတဲ့ Strategy က အမြဲတမ်းအလုပ်ဖြစ်မယ်လို့ မဆိုလိုပါဘူး။

Ranking System အရ Loot လုပ်ဖို့၊ Heal ဖို့၊ Damage များများရဖို့ကတော့ ကစားတဲ့ပွဲပေါ်မူတည်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Survival ကနံပတ်တစ်ဖြစ်တာမို့ မသေအောင်ကစားပါ။ ဒီလောက်ဆိုရင် လုံလောက်သွားပြီမို့ Rank တက်နိုင်ပါစေလို့ မျော်လင့်ပါတယ်။ တခုမှာချင်သေးတာက ရန်သူကိုဘယ်တော့မှာ လျော့မတွက်ပါနဲ။ အဲ့လိုတွေးမိတဲ့အခါတိုင်း ကိုယ့်အရည်ချင်းကို နှိမ့်ချရာရောက်တယ်လို့ သတ်မှတ်ရင်း ကိုယ့်ရဲ့ Survival Instinct ကိုလည်း အမြဲနိုးနိုးကြားကြားဖြစ်နေဖို့ သတိရပေးပါ။

2B (Akhayar)