ပြီးခဲ့တဲ့သောကြာနေ့ညက သမ္မတဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာပေးခဲ့တဲ့ သူ့ရဲ့ကတိအတိုင်း မွတ်စလင်နိုင်ငံရွေ့ပြောင်းဒုက္ခသည်တွေကို ပြည်ဝင်ခွင့်ပိတ်လိုက်ပါတယ်။ သူထုတ်ပြန်တဲ့အမိန့်အရ ဒုက္ခသည်များဟာ ရက်ပေါင်း ၁၂၀ ကြာတဲ့အထိပြည်ဝင်ခွင့်ပိတ်ခံရ မှာပါ။ (ဆီးရီးယားက ဒုက္ခသည်တွေကတော့ အချိန်အကန့်အသတ်မရှိပါဘူး။) မွတ်စလင်နိုင်ငံတွေဖြစ်ကြတဲ့ အီရတ်၊ ဆီးရီးယား၊ အီရန်၊ ဆူဒန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင် ကလာရောက်လည်ပတ်တဲ့သူတွေကိုလည်း ပြည်ဝင်ခွင့်ပိတ်လိုက်ပါတယ်။

Silicon Valley အနေနဲ့ကတော့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲဖို့ လိုလားနေပါတယ်။ အမေရိကန်နိုင်ငံထူထောင်ရေးမူဝါဒအရ US ရှိ တန်ဖိုး ၁ ဘီလီယံ လောက်တန် ကြေးရှိတဲ့ နည်းပညာကုမ္ပဏီတွေရဲ့ ၅၁ရာခိုင်နှုန်းဟာ ရွေ့ပြောင်းလာသူ တွေတည်ထောင်ထားတာပါ။ နောက်ပြီးတော့ ကမ္ဘာ့ထိပ်သီးနည်း ပညာကုမ္ပဏီကြီးတွေကို မောင်းနှင်နေတဲ့သူ သုံးယောက်မှာလည်း နှစ်ယောက်က ရွေ့ပြောင်းအခြေချလာတဲ့သူတွေပါ။ ဥပမာဆိုရင်တော့ Microsoft ရဲ့စီအီးအို Satya Nadella နဲ့ Google ရဲ့ စီအီးအို Sundar Pichaiတို့က Migrant တွေဖြစ်ပါတယ်။အခုဖော်ပြထားတဲ့ ဘီလျံနာလုပ်ငန်းရှင်တွေဟာ အမေရိကန်ပြင်ပက မွတ်စလင်နိုင်ငံတွေ မှာမွေးဖွားခဲ့ကြပေ မယ့် အမေရိကကို အကျိုးပြုနေကြသူတွေဖြစ်ပါတယ်။

You May Also Like: “၂၀၄၂ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာမယ့် ဘီဂိတ်”

 Shahid Khan – ပါကစ္စတန် (ဒေါ်လာ. ဘီလီယံ)

မော်တော်ကားအပိုပစ္စည်းထုတ်လုပ်တဲ့ Flex-N-Gate ကုမ္ပဏီကိုပိုင်ဆိုင်ထားသလို NFL အသင်းဖြစ်

တဲ့ Jacksonville Jaguars နဲ့ ဖူဟမ်ဘောလုံးအသင်းကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။

Hain Saban – အီဂျစ် (ဒေါ်လာ ဘီလီယံ)

Saban ရဲ့ဝင်ငွေအများစုကတော့ မီဒီယာနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေက ရတာပါ။ Mighty Morphin Power Rangers ရုပ်ရှင်ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

Hamdi Ulukaya – တူရကီ (ဒေါ်လာ . ဘီလီယံ)

Ulukaya ကတော့ အမေရိကန်နိုင်ငံက နာမည်ကြီးဂရိဒိန်ချဉ် ရဲ့တည်ထောင်သြူဖစ်တဲ့အပြင် စီအီးအိုလည်းဖြစ်ပါတယ်။

Marc Larsy – မော်ရိုကို (ဒေါ်လာ  . ဒေါ်လာ)

Lasry ကတော့ Avenue Capital Group ရဲ့ စီအီးအိုနဲ့တွဲဖက်တည်ထောင်တဲ့သူဖြစ်ပါတယ်။ နောက်ပြီးတော့ NBA အသင်းဖြစ်တဲ့ Milwaukee Bucks ကိုပိုင်ဆိုင်တဲ့သူလည်းဖြစ်ပါတယ်

Fayez Sarofim – အီဂျစ် (ဒေါ်လာ . ဘီလီယံ)

Sarofim ကတော့ Dreyfus Family ရဲ့စတော့ရှယ်ယာရောင်းဝယ်မှု မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ Kinder Morgan အတွက်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ နောက်ပြီးတော့ NFL အသင်းဖြစ်တဲ့ Houston Texans ရဲ့တွဲဖက်ပိုင်ရှင်လည်းဖြစ်ပါတယ်။

David Hindawi – အီရတ် (ဒေါ်လာ ဘီလီယံ)

Hindawi ကတော့ Cybersecurity အဖွဲ့အစည်းဖြစ် Tanium သူ့ရဲ့သားဖြစ်သူ Orion နဲ့အတူ ၂၀၀၇ ခုနှစ်မှာတည်ထောင်ခဲ့သူပါ။

ဒီလူသားတွေက အမေရိကရဲ့စီးပွားရေးအခန်းကဏ္ဍမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပက်သက်နေပါတယ်။ အမေရိကန်ရဲ့လူဝင်မူကြီးကြပ်ရေးမူဝါဒက စီးပွားရေးအပေါ်ဘယ်လိုရိုက်ခတ်မှုရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။

မင်းသုခ (အခရာ)

(www.akhayar.com)