[Zawgyi]

ကြန္ပ်ဴတာမွာ အခမဲ့ေဆာ့ကစားႏိုင္ျပီး လူၾကိဳက္အမ်ားဆုံး Online Game 6 မ်ိဳး အပိုင္း (၁)

ရုံးပိတ္ရက္၊ အားလပ္ခ်ိန္မွာ နားေနလို႔ပဲျဖစ္ျဖစ္၊ အပ်င္းေျပ ရုပ္ရွင္ၾကည့္ရင္း၊ မုန္႔ေလးစားရင္း ဂိမ္းကစားဖို႔ စိတ္ကူးေပါက္လာရင္ ကြန္ပ်ဴတာေပၚမွာ အခမဲ့ေဆာ့ကစားႏိုင္မယ့္ Free Online Game ၆ မ်ိဳးကို ေဖာ္ျပထားပါတယ္။

Fortnite Battle Royale

ဒီဂိမ္းနာမည္နဲ႔ ရင္းႏွီးျပီးသား ျဖစ္ၾကမွာပါ။ PUBG လို Player အေယာက္ ၁၀၀ ေဆာ့ကစားႏိုင္မွာျဖစ္ျပီး Epic Games က ေရးဆြဲဖန္တီးထားပါတယ္။ ေနာက္ဆုံးက်န္ရစ္သူက အႏိုင္ရရွိမွာျဖစ္သလို အခုဆိုရင္ Platform အားလုံးမွာပါ အခမဲေဆာ့ကစားေနႏိုင္ျပီး Season 6 ကို ေရာက္ရွိေနပါျပီ။ တစ္ခုရွိတာက Battle Royale Mode တမ်ိဳးပဲ အခမဲ့ကစားခြင့္ရွိတာပါ။

Fortnite Battle Royale Game

အရင္တုန္းက Tower Defense ပုံစံ Zombie အုပ္ေတြနဲ႔ တိုက္ခိုက္ရတာျဖစ္ျပီး ေဆာင္းပါး Cover Photo (Horde Bash) မွာ ျမင္ေတြ႔ႏိုင္ပါတယ္။  Third-person View နဲ႔ ကစားရတဲ့ Fortnite ဂိမ္းေလးဟာ အခုဆိုရင္ Battle Ryoale ဆိုတဲ့ ဂ်ပန္ရုပ္ရွင္အေမြဆက္ခံထားျပီး လူၾကိဳက္မ်ားတဲ့ ဂိမ္းအျဖစ္ရပ္တည္ေနပါျပီ။ ကစားရမယ့္ပုံစံကလည္း ေျမေပၚဆင္းတာနဲ႔ လက္နက္အျမန္ေကာက္၊ Player အခ်င္းခ်င္း တိုက္ခိုက္ေဆာ့ကစားရမွာျဖစ္သလို အခ်ိန္ၾကာလာတာနဲ႔အမွ် ေျမပုံက်ဥ္းလာမယ္၊ ေနာက္ဆုံးက်န္ရစ္သူက အႏိုင္ရရွိမွာပါ။ ဒီေတာ့ Fortnite ရဲ႕ Battle Royale ဂိမ္းေလးကို ျမည္းစမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ဒီ Link မွာ Download ဆြဲယူႏိုင္ပါတယ္။ (Installer Down ျပီးသြားရင္ေတာ့ လိုအပ္တဲ့ Game Files ကို သပ္သပ္ျပန္ဆြဲရပါမယ္)

Warframe

Digital Extreme ကေန ဖန္တီးေရးဆြဲးထားတဲ့ Warframe ဂိမ္းေလးကေတာ့ အေတာ္ေလး လူၾကိဳက္မ်ားပါတယ္။ Graphics စြမ္းေဆာင္ရည္ အသင့္တင့္ရွိရုံနဲ႔ ကစားႏိုင္ျပီး ၾကိဳက္ႏွစ္သက္ရာ Ninjas (Tenno) ေရြးခ်ယ္ႏိုင္ျပီး Single Player ၊ Multi-player စသျဖင့္ ကစားႏိုင္ပါဦးမယ္။ ဒီဂိမ္းေလးဟာ Sci-fi Action ျဖစ္တာနဲ႔အညီ ကိုယ္ေရြးခ်ယ္လိုက္တဲ့ Character အလိုက္ မတူညီတဲ့ Ability ကိုလည္း ပိုင္ဆိုင္ႏိုင္ပါဦးမယ္။

Warframe

အခုခ်ိန္မွာ $60 ေလာက္ေပးဝယ္ရမယ့္ Destiny 2 နဲ႔ Mass Effect ဂိမ္းတို႔လို Gameplay အရသာေပးစြမ္းႏိုင္မယ့္ ဒီ Warframe ဂိမ္းေလးဟာ ထြက္ရွိခါစထက္ Player ပိုမ်ားေနပါျပီ။ Single Player ဇာတ္လမ္းသြားလည္းပါဝင္သလို ႏွစ္ရွည္လမ်ား Cryosleep ထဲမွာ အိပ္စက္ေနခဲ့တဲ့ ေရွးေခတ္သူရဲေကာင္းေတြရဲ႕ ေနရာကေန ေဆာ့ကစားရပါမယ္။ သူတို႔ႏိုးထလာတဲ့အခ်ိန္မွာ Human Clone ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနျပီး ေရြးခ်ယ္လိုက္တဲ့ Character အလိုက္ Armour (Warframe) ဝတ္မယ္၊ ခ်မယ္။ ေနာက္ျပီး Multi-player ပါဝင္ဦးမွာမလို႔ ေဆာ့ကစာၾကည့္သင့္တဲ့ PC Game ေကာင္းေလးပါ။ ဒီဂိမ္းေလးကို Steam နဲ႔ Windows Store မွာ Download ဆြဲယူႏုိင္ျပီး Steam နဲ႔ ကစားခ်င္တယ္ဆိုရင္ အရင္ဆုံး Software သြင္း၊ ျပီးတာနဲ႔ Game Data သပ္သပ္ထပ္ Down ရပါမယ္။

Path of Exile

Path of Exile ဂိမ္းေလးဟာလည္း ထြက္ရွိခါစအခ်ိန္ထက္ လူၾကိဳက္မ်ားမႈရရွိထားျပီး ဒီဇင္ဘာလထဲ PlayStation အတြက္ Free Version ထြက္ရွိလာမယ္လို႔ေတာင္ သတင္းထြက္ေနပါျပီ။ Blizzard ရဲ႕ နာမည္ေက်ာ္ Diablo ဂိမ္းစီးရီးကို အေမြယူထားျပီး Fantasy ဆန္ဆန္ ေဆာ့ကစားရမယ့္ Role Playing Game ေလးပါ။ ဒီလိုဆိုေတာ့ Third-person View နဲ႔ Character ေတြကို ထိန္းခ်ဳပ္ႏိုင္မယ္၊ Single Player အျပင္ Multi-player Mode ပါရရွိေနျပီျဖစ္တဲ့ PoE ဂိမ္းေလးဟာ မေကာင္းဆိုးဝါးေတြနဲ႔ တိုက္ခိုက္ရမယ္။

Path of Exile

ဒီထဲမွာ Hero Class ၆ မ်ိဳးေရြးခ်ယ္ႏိုင္ျပီး Level အလိုက္ Ability ရရွိမယ္၊ ရန္သူနဲ႔ Fallen Soldier ၊ Survivor ကရတဲ့ Item ေကာက္ျပီး လက္နက္ Upgrade/Forge လုပ္ Combine လုပ္ႏိုင္ပါဦးမယ္။ သူ႔မွာလည္း Unlock လုပ္ႏိုင္မယ့္ Character ေတြပါဝင္သလို RPG ဂိမ္းကိုလည္း ႏွစ္သက္တယ္၊ ရန္သူေတြကို အုပ္စုလိုက္ Melee ၊ Range Weapon ေတြနဲ႔ Combo Skill ၊ Chain သုံးျပီးတိုက္ခိုက္ရတာ ႏွစ္သက္တယ္ဆိုရင္ ျမည္းစမ္းၾကည့္သင့္တဲ့ ဂိမ္းေကာင္းေလးပါပဲ။ Steam နဲ႔ Windows Store မွာ Download ဆြဲယူႏုိင္ျပီး Steam နဲ႔ ကစားခ်င္တယ္ဆိုရင္ အရင္ဆုံး Software သြင္း၊ ျပီးတာနဲ႔ Game Data သပ္သပ္ထပ္ Down ရပါမယ္။

World of Tanks

ကြန္ပ်ဴတာေပၚမွာ ေဆာ့ကစားႏိုင္မယ့္ Graphics အလန္းစား ဂိမ္းေကာင္းေလးကိုေတာ့ ျမည္းစမ္း ေဆာ့ကစားၾကည့္ဖို႔ တိုက္တြန္းလိုပါတယ္။ တင့္ကားစီးျပီး Player အခ်င္းခ်င္း အဖြဲ႔ဖြဲ႔ တိုက္ပြဲဆင္ႏြဲနိုင္မယ့္ World of Tanks ဂိမ္းေလးဟာ လွပတဲ့ ရႈခင္းေတြ၊ ဒုတိယ ကမာၻစစ္တိုက္ပြဲေနရာေတြမွာ ဖန္တီထားပါတယ္။

World of Tanks

ဒီလိုဆိုေတာ့ စစ္အတြင္း အသုံးျပဳခဲ့တဲ့ တင့္ကားမ်ိဳးစုံကို တစ္ေနရာထဲမွာ ျမင္ေတြ႔ႏိုင္ျပီး Tier 1 ကေန 10 အထိ Upgrade ျမင့္ႏိုင္မယ္၊ တင့္ကားစီးျပီး ေသခ်ာ အခ်ိန္အစနဲ႔ ပစ္ခတ္ေဆာ့ကစားရမယ့္ Multi-player ဂိမ္းေကာင္းေလးပါ။ ျမည္းစမ္းခ်င္တယ္ဆိုရင္ေတာ့ ဒီ Link မွာ Download ဆြဲယူႏိုင္ပါတယ္။ (Installer Down ျပီးသြားရင္ေတာ့ လိုအပ္တဲ့ Game Files ကို သပ္သပ္ျပန္ဆြဲရပါမယ္)

Asphalt 9

မိုဘိုင္းဂိမ္းမင္းမွာ နာမည္ေက်ာ္၊ လူၾကိဳက္မာ်းေနတဲ့ Asphalt ဂိမ္းနဲ႔ ရင္းႏွီးျပီးသား ျဖစ္ၾကမွာပါ။ ခ်စ္စရာ Graphics နဲ႔ ေနာက္ဆုံးေပၚ ျပိဳင္ကား၊ Hypercar ၊ Supercar မ်ိဳးစုံး ေမာင္းႏွင္ႏိုင္မယ့္ ဒီ Asphalt 9 ကို Windows Store မွာ Free Download ဆြဲ ကစားႏိုင္ပါျပီ။

Asphalt 9

ဂိမ္းေလးက Arcade ပုံစံဆိုေတာ့ Sprint Race စသျဖင့္ပဲ Player အခ်င္းခ်င္း ေဆာ့ကစားႏိုင္ျပီး Event မ်ိဳစုံ၊ Season အသစ္ေတြနဲ႔ ေဝေဝဆာဆာျဖစ္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ Single Player ပါဝင္သလို Racing Game ဝါသနာအိုးေတြ အၾကိဳက္ေတြ႔ဦးမယ့္ Game Mode အသစ္ေတြနဲ႔ ေအးေအးေဆးေဆး ေဆာ့ကစားရင္း အပန္းေျဖႏိုင္ပါဦးမယ္။ (Asphalt 9 ကို Windows 10 တမ်ိဳးထဲမွာပဲ Download ဆြဲကစားနိုင္ပါတယ္) Free Download ဆြဲကစားႏိုင္မယ့္ မိုဘိုင္းဂိမ္းေတြလည္း သိခ်င္ေသးတယ္ဆိုရင္ ဒီ Link မွာ ေလ့လာႏိုင္ပါတယ္။

Counter Strike: Global Offensive

ေနာက္ထပ္ Action Shooter အမ်ိဳးစားထဲမွာ မိတ္ဆက္ေပးခ်င္တာကေတာ့ CS:GO ပါပဲ။ အရင္က $14.99 နဲ႔ ေရာင္းခ်ခဲ့ေပမယ့္ Fortnite ၊ PUBG တို႔ကို ေက်ာ္လႊားႏိုင္ဖို႔ Battle Royale Mode ထည့္သြင္းထားပုံရပါတယ္၊ Danger Zone ဆိုတဲ့ ေျမပုံအသစ္ပါဝင္လာမွာျဖစ္ျပီး ပစၥည္းဝယ္ႏိုင္မယ္၊ Delivery အတြက္ Drone နဲ႔ လာပို႔ေပးမွာျဖစ္ျပီး အရင္လို မေသလြယ္ေတာ့ပါဘူး။ ေနာက္ျပီး Free to Play ျဖစ္သြားတဲ့အတြက္ Cheaters ေတြ ပါဝင္လာမွာကိုေတ့ာ သတိျပဳရမွာပါ။

Danger Zone Gameplay

အရင္ CS:GO ပိုင္ရွင္ေတြကို Prime Status အျဖစ္ Free Upgrade လုပ္ခြင့္ေပးသြားမွာျဖစ္ျပီး ဝမ္းသာစရာက Cheater ပါဝင္လာမွာမဟုတ္ပါဘူး။ Free User အေနနဲ႔လည္း $14.99 နဲ႔ Prime Status ဝယ္ယူႏိုင္သလို Benchmark System ေၾကာင့္ Prime User အခ်င္းခ်င္းပဲေတြ႔မွာအါ။ ဆိုေတာ့ Free to Play ျဖစ္လာတဲ့ CS:GO ဟာ ကစားေဘာင္က်ယ္လာတယ္ဆိုေပမယ့္လို႔ Region အလိုက္ လက္သရမ္းမယ့္ Cheater ေတြ ပါဝင္ေနမွာက စိတ္ပ်က္စရာလို႔ ေျပာရမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

ကွန်ပျူတာမှာ အခမဲ့ဆော့ကစားနိုင်ပြီး လူကြိုက်အများဆုံး Online Game 6 မျိုး အပိုင်း (၁)

ရုံးပိတ်ရက်၊ အားလပ်ချိန်မှာ နားနေလို့ပဲဖြစ်ဖြစ်၊ အပျင်းပြေ ရုပ်ရှင်ကြည့်ရင်း၊ မုန့်လေးစားရင်း ဂိမ်းကစားဖို့ စိတ်ကူးပေါက်လာရင် ကွန်ပျူတာပေါ်မှာ အခမဲ့ဆော့ကစားနိုင်မယ့် Free Online Game ၆ မျိုးကို ဖော်ပြထားပါတယ်။

Fortnite Battle Royale

ဒီဂိမ်းနာမည်နဲ့ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ PUBG လို Player အယောက် ၁၀၀ ဆော့ကစားနိုင်မှာဖြစ်ပြီး Epic Games က ရေးဆွဲဖန်တီးထားပါတယ်။ နောက်ဆုံးကျန်ရစ်သူက အနိုင်ရရှိမှာဖြစ်သလို အခုဆိုရင် Platform အားလုံးမှာပါ အခမဲဆော့ကစားနေနိုင်ပြီး Season 6 ကို ရောက်ရှိနေပါပြီ။ တစ်ခုရှိတာက Battle Royale Mode တမျိုးပဲ အခမဲ့ကစားခွင့်ရှိတာပါ။

Fortnite Battle Royale Game

အရင်တုန်းက Tower Defense ပုံစံ Zombie အုပ်တွေနဲ့ တိုက်ခိုက်ရတာဖြစ်ပြီး ဆောင်းပါး Cover Photo (Horde Bash) မှာ မြင်တွေ့နိုင်ပါတယ်။  Third-person View နဲ့ ကစားရတဲ့ Fortnite ဂိမ်းလေးဟာ အခုဆိုရင် Battle Ryoale ဆိုတဲ့ ဂျပန်ရုပ်ရှင်အမွေဆက်ခံထားပြီး လူကြိုက်များတဲ့ ဂိမ်းအဖြစ်ရပ်တည်နေပါပြီ။ ကစားရမယ့်ပုံစံကလည်း မြေပေါ်ဆင်းတာနဲ့ လက်နက်အမြန်ကောက်၊ Player အချင်းချင်း တိုက်ခိုက်ဆော့ကစားရမှာဖြစ်သလို အချိန်ကြာလာတာနဲ့အမျှ မြေပုံကျဉ်းလာမယ်၊ နောက်ဆုံးကျန်ရစ်သူက အနိုင်ရရှိမှာပါ။ ဒီတော့ Fortnite ရဲ့ Battle Royale ဂိမ်းလေးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီ Link မှာ Download ဆွဲယူနိုင်ပါတယ်။ (Installer Down ပြီးသွားရင်တော့ လိုအပ်တဲ့ Game Files ကို သပ်သပ်ပြန်ဆွဲရပါမယ်)

Warframe

Digital Extreme ကနေ ဖန်တီးရေးဆွဲးထားတဲ့ Warframe ဂိမ်းလေးကတော့ အတော်လေး လူကြိုက်များပါတယ်။ Graphics စွမ်းဆောင်ရည် အသင့်တင့်ရှိရုံနဲ့ ကစားနိုင်ပြီး ကြိုက်နှစ်သက်ရာ Ninjas (Tenno) ရွေးချယ်နိုင်ပြီး Single Player ၊ Multi-player စသဖြင့် ကစားနိုင်ပါဦးမယ်။ ဒီဂိမ်းလေးဟာ Sci-fi Action ဖြစ်တာနဲ့အညီ ကိုယ်ရွေးချယ်လိုက်တဲ့ Character အလိုက် မတူညီတဲ့ Ability ကိုလည်း ပိုင်ဆိုင်နိုင်ပါဦးမယ်။

Warframe

အခုချိန်မှာ $60 လောက်ပေးဝယ်ရမယ့် Destiny 2 နဲ့ Mass Effect ဂိမ်းတို့လို Gameplay အရသာပေးစွမ်းနိုင်မယ့် ဒီ Warframe ဂိမ်းလေးဟာ ထွက်ရှိခါစထက် Player ပိုများနေပါပြီ။ Single Player ဇာတ်လမ်းသွားလည်းပါဝင်သလို နှစ်ရှည်လများ Cryosleep ထဲမှာ အိပ်စက်နေခဲ့တဲ့ ရှေးခေတ်သူရဲကောင်းတွေရဲ့ နေရာကနေ ဆော့ကစားရပါမယ်။ သူတို့နိုးထလာတဲ့အချိန်မှာ Human Clone တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ရွေးချယ်လိုက်တဲ့ Character အလိုက် Armour (Warframe) ဝတ်မယ်၊ ချမယ်။ နောက်ပြီး Multi-player ပါဝင်ဦးမှာမလို့ ဆော့ကစာကြည့်သင့်တဲ့ PC Game ကောင်းလေးပါ။ ဒီဂိမ်းလေးကို Steam နဲ့ Windows Store မှာ Download ဆွဲယူနိုင်ပြီး Steam နဲ့ ကစားချင်တယ်ဆိုရင် အရင်ဆုံး Software သွင်း၊ ပြီးတာနဲ့ Game Data သပ်သပ်ထပ် Down ရပါမယ်။

Path of Exile

Path of Exile ဂိမ်းလေးဟာလည်း ထွက်ရှိခါစအချိန်ထက် လူကြိုက်များမှုရရှိထားပြီး ဒီဇင်ဘာလထဲ PlayStation အတွက် Free Version ထွက်ရှိလာမယ်လို့တောင် သတင်းထွက်နေပါပြီ။ Blizzard ရဲ့ နာမည်ကျော် Diablo ဂိမ်းစီးရီးကို အမွေယူထားပြီး Fantasy ဆန်ဆန် ဆော့ကစားရမယ့် Role Playing Game လေးပါ။ ဒီလိုဆိုတော့ Third-person View နဲ့ Character တွေကို ထိန်းချုပ်နိုင်မယ်၊ Single Player အပြင် Multi-player Mode ပါရရှိနေပြီဖြစ်တဲ့ PoE ဂိမ်းလေးဟာ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရမယ်။

Path of Exile

ဒီထဲမှာ Hero Class ၆ မျိုးရွေးချယ်နိုင်ပြီး Level အလိုက် Ability ရရှိမယ်၊ ရန်သူနဲ့ Fallen Soldier ၊ Survivor ကရတဲ့ Item ကောက်ပြီး လက်နက် Upgrade/Forge လုပ် Combine လုပ်နိုင်ပါဦးမယ်။ သူ့မှာလည်း Unlock လုပ်နိုင်မယ့် Character တွေပါဝင်သလို RPG ဂိမ်းကိုလည်း နှစ်သက်တယ်၊ ရန်သူတွေကို အုပ်စုလိုက် Melee ၊ Range Weapon တွေနဲ့ Combo Skill ၊ Chain သုံးပြီးတိုက်ခိုက်ရတာ နှစ်သက်တယ်ဆိုရင် မြည်းစမ်းကြည့်သင့်တဲ့ ဂိမ်းကောင်းလေးပါပဲ။ Steam နဲ့ Windows Store မှာ Download ဆွဲယူနိုင်ပြီး Steam နဲ့ ကစားချင်တယ်ဆိုရင် အရင်ဆုံး Software သွင်း၊ ပြီးတာနဲ့ Game Data သပ်သပ်ထပ် Down ရပါမယ်။

World of Tanks

ကွန်ပျူတာပေါ်မှာ ဆော့ကစားနိုင်မယ့် Graphics အလန်းစား ဂိမ်းကောင်းလေးကိုတော့ မြည်းစမ်း ဆော့ကစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ တင့်ကားစီးပြီး Player အချင်းချင်း အဖွဲ့ဖွဲ့ တိုက်ပွဲဆင်နွဲနိုင်မယ့် World of Tanks ဂိမ်းလေးဟာ လှပတဲ့ ရှုခင်းတွေ၊ ဒုတိယ ကမ္ဘာစစ်တိုက်ပွဲနေရာတွေမှာ ဖန်တီထားပါတယ်။

World of Tanks

ဒီလိုဆိုတော့ စစ်အတွင်း အသုံးပြုခဲ့တဲ့ တင့်ကားမျိုးစုံကို တစ်နေရာထဲမှာ မြင်တွေ့နိုင်ပြီး Tier 1 ကနေ 10 အထိ Upgrade မြင့်နိုင်မယ်၊ တင့်ကားစီးပြီး သေချာ အချိန်အစနဲ့ ပစ်ခတ်ဆော့ကစားရမယ့် Multi-player ဂိမ်းကောင်းလေးပါ။ မြည်းစမ်းချင်တယ်ဆိုရင်တော့ ဒီ Link မှာ Download ဆွဲယူနိုင်ပါတယ်။ (Installer Down ပြီးသွားရင်တော့ လိုအပ်တဲ့ Game Files ကို သပ်သပ်ပြန်ဆွဲရပါမယ်)

Asphalt 9

မိုဘိုင်းဂိမ်းမင်းမှာ နာမည်ကျော်၊ လူကြိုက်မာျးနေတဲ့ Asphalt ဂိမ်းနဲ့ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ ချစ်စရာ Graphics နဲ့ နောက်ဆုံးပေါ် ပြိုင်ကား၊ Hypercar ၊ Supercar မျိုးစုံး မောင်းနှင်နိုင်မယ့် ဒီ Asphalt 9 ကို Windows Store မှာ Free Download ဆွဲ ကစားနိုင်ပါပြီ။

Asphalt 9

ဂိမ်းလေးက Arcade ပုံစံဆိုတော့ Sprint Race စသဖြင့်ပဲ Player အချင်းချင်း ဆော့ကစားနိုင်ပြီး Event မျိုစုံ၊ Season အသစ်တွေနဲ့ ဝေဝေဆာဆာဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ Single Player ပါဝင်သလို Racing Game ဝါသနာအိုးတွေ အကြိုက်တွေ့ဦးမယ့် Game Mode အသစ်တွေနဲ့ အေးအေးဆေးဆေး ဆော့ကစားရင်း အပန်းဖြေနိုင်ပါဦးမယ်။ (Asphalt 9 ကို Windows 10 တမျိုးထဲမှာပဲ Download ဆွဲကစားနိုင်ပါတယ်) Free Download ဆွဲကစားနိုင်မယ့် မိုဘိုင်းဂိမ်းတွေလည်း သိချင်သေးတယ်ဆိုရင် ဒီ Link မှာ လေ့လာနိုင်ပါတယ်။

Counter Strike: Global Offensive

နောက်ထပ် Action Shooter အမျိုးစားထဲမှာ မိတ်ဆက်ပေးချင်တာကတော့ CS:GO ပါပဲ။ အရင်က $14.99 နဲ့ ရောင်းချခဲ့ပေမယ့် Fortnite ၊ PUBG တို့ကို ကျော်လွှားနိုင်ဖို့ Battle Royale Mode ထည့်သွင်းထားပုံရပါတယ်၊ Danger Zone ဆိုတဲ့ မြေပုံအသစ်ပါဝင်လာမှာဖြစ်ပြီး ပစ္စည်းဝယ်နိုင်မယ်၊ Delivery အတွက် Drone နဲ့ လာပို့ပေးမှာဖြစ်ပြီး အရင်လို မသေလွယ်တော့ပါဘူး။ နောက်ပြီး Free to Play ဖြစ်သွားတဲ့အတွက် Cheaters တွေ ပါဝင်လာမှာကိုတေ့ာ သတိပြုရမှာပါ။

Danger Zone Gameplay

အရင် CS:GO ပိုင်ရှင်တွေကို Prime Status အဖြစ် Free Upgrade လုပ်ခွင့်ပေးသွားမှာဖြစ်ပြီး ဝမ်းသာစရာက Cheater ပါဝင်လာမှာမဟုတ်ပါဘူး။ Free User အနေနဲ့လည်း $14.99 နဲ့ Prime Status ဝယ်ယူနိုင်သလို Benchmark System ကြောင့် Prime User အချင်းချင်းပဲတွေ့မှာအါ။ ဆိုတော့ Free to Play ဖြစ်လာတဲ့ CS:GO ဟာ ကစားဘောင်ကျယ်လာတယ်ဆိုပေမယ့်လို့ Region အလိုက် လက်သရမ်းမယ့် Cheater တွေ ပါဝင်နေမှာက စိတ်ပျက်စရာလို့ ပြောရမှာပါ။

2B (Akhayar)
www.akhayar.com