[Zawgyi]

ေန႔စဥ္စားသံုးေနတဲ့ အစားအေသာက္မ်ားက အခ်ိန္အခါအလိုက္ ကိုက္ညီမႈရွိရဲ႕လား

က်န္းမာလွပတဲ့ဘဝကို ပိုင္ဆိုင္ရရွိဖို႔အတြက္ အာဟာရမွ်တဲ့ အစားအစာမ်ားကို ေန႔စဥ္စားသံုးဖို႔ အေရးႀကီးပါတယ္။ ဒါေပမယ့္ ဒီလိုအာဟာရမွ်တတဲ့ အစားအစာေတြကို ေန႔စဥ္ပံုမွန္စားသံုးေနေပမယ့္ သူ႔အခ်ိန္အခါနဲ႔သူ မစားသံုးဘူးဆိုရင္ေတာ့ လိုသေလာက္ အာဟာရဓာတ္ေတြ အျပည့္အဝမရရွိႏိုင္ေတာ့ဘဲ က်န္းမာေရးကို ထိခိုက္ႏုိင္တဲ့အထိေတာင္ ျဖစ္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအစားအစာေတြကို ဘယ္အခ်ိန္မွာေတာ့ မစားသံုးသင့္ဘူး၊ ေရွာင္ၾကဥ္သင့္တယ္ဆိုတဲ့အေၾကာင္းကို ဗဟုသုတမွ်ေဝေပးလိုက္ပါတယ္။

(၁) ထမင္း

ေန႔စဥ္ အသက္ရွင္ရုန္းကန္ဖို႔အတြက္ တစ္ေန႔ကို ထမင္းသံုးနပ္ ပံုမွန္စားသံုးသင့္ပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ထမင္းအစား၊ ဂ်ံဳ၊ ေျပာင္းဆန္၊ ေပါင္မုန္႔ၾကမ္း စတာေတြကို စားသံုးၾကပါတယ္။ အမွန္တကယ္ေတာ့ ထမင္းမွာပါဝင္တဲ့ အာဟာရဓာတ္မ်ားက လူသားေတြအတြက္ အေကာင္းဆံုး ခြန္အားျဖစ္အစားအစာပါပဲ။ ဒါေပမယ့္ ညဘက္ ၈ နာရီေနာက္ပိုင္း၊ အိပ္ရာမဝင္ခင္ ၂ နာရီေလာက္အလိုမွာ ထမင္းမစားသင့္ေတာ့ပါဘူး။ ထမင္းစားၿပီး အိပ္ရာဝင္တာက က်န္းမာေရးကိုထိခိုက္ႏုိင္တဲ့ အမူအက်င့္ပါပဲ။ ဒါ့အျပင္ ည ၈ နာရီေနာက္ပိုင္း ထမင္းစားမယ္ဆိုရင္ ဝိတ္တက္တာမ်ိဳး ျဖစ္တတ္ပါတယ္။

Rice

Rice

(၂) ႏြားႏို႔

ႏြားႏို႔က အာဟာရဓာတ္နဲ႔ ပရိုတင္းဓာတ္ေတြ ျပည့္ဝစြာပါဝင္တဲ့အတြက္ ညဘက္ေသာက္သံုးမယ္ဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။ ဒါေပမယ့္ ေန႔ခင္းဘက္မွာ ေသာက္သံုးမိမယ္ဆိုရင္ ႏြားႏို႔မွာပါဝင္တဲ့ အဆီအႏွစ္ေတြက လူကိုႏံုးခ်ိေစပါတယ္။ ႏံုးခ်ိသြားၿပီး စိတ္လန္းဆန္းမႈမရွိေတာ့ တာေၾကာင့္ ႏြားႏို႔ကို ေန႔ခင္းဘက္ေတြမွာ မေသာက္တာ အေကာင္းဆံုးပါပဲ။

Milk

Milk

(၃) ဒိန္ခ်ဥ္၊ ဒိန္ခဲ

ညဘက္မွာ ဒိန္ခ်ဥ္၊ ဒိန္ခဲေတြ စားသံုးမိတဲ့အခါ အစာမေၾကတာ၊ အက္ဆစ္ဓာတ္ထုတ္လႊတ္မႈေတြေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစႏုိင္ပါတယ္။ ဒိန္ခ်ဥ္၊ ဒိန္ခဲစားသံုးတာက က်န္းမာေရးအတြက္ တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳတယ္ဆိုေပမယ့္ ညဘက္အိပ္ရာဝင္ခါနီးမွာ စားသံုးမိမယ္ဆိုရင္ ေဘးဥပါဒ္ျဖစ္ေစပါတယ္။

Yoghurt

Yoghurt

(၄) လက္ဖက္ရည္ၾကမ္း

ျမန္မာတို႔ရဲ႕ ထံုးတမ္းဓေလ့ေတြအရ လက္ဖက္ရည္က က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတာကို ေတြ႔ရပါတယ္။ လက္ဖက္ရည္မွာပါဝင္တဲ့ Antioxidants က က်န္းမာလွပတဲ့ဘဝကို ပိုင္ဆိုင္ရရွိေစပါတယ္။ ဒါေပမယ့္ မနက္ေစာေစာမွာ လက္ဖက္ရည္ၾကမ္းကို မေသာက္သံုးသင့္ဘူးလို႔ ဆိုထားပါတယ္။ လက္ဖက္ရည္ၾကမ္းမွာပါဝင္တဲ့ ကဖင္းဓာတ္က ခႏၶာကိုယ္တြင္း အက္ဆစ္ဓာတ္ထုတ္လႊတ္မႈကို ပိုမိုအားေပးတဲ့အျပင္ ေရဓာတ္ခမ္းေျခာက္မႈကို ျဖစ္ေစတဲ့အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ လက္ဖက္ရည္ၾကမ္းကို မနက္ခင္းအခ်ိန္ကလြဲလို႔ က်န္တဲ့အခ်ိန္ေတြမွာ ေသာက္သံုးႏုိင္ပါတယ္။

Tea

Tea

(၅) ပန္းသီး

က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အစိမ္းေရာင္အသီးအရြက္မ်ားနဲ႔ အသီးအႏွံမ်ားကိုလည္း ေန႔စဥ္စားသံုးသင့္ပါတယ္။ ဒီလိုအသီးအႏွံေတြထဲမွာ လူႀကီးလူငယ္မေရြး ႀကိဳက္ႏွစ္သက္ၾကတာေတာ့ ပန္းသီးပါပဲ။ ပန္းသီးက အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့အတြက္ ေနခင္းဘက္မွာ စားသံုးတာက အေကာင္းဆံုးပါပဲ။ အစာေခ်ဖ်က္မႈစနစ္ကို ေကာင္းမြန္ေစၿပီး လန္းဆန္းတက္ၾကြေစပါတယ္။ ဒါေပမယ့္ ညဘက္မွာ စားသံုးမိမယ္ဆိုရင္ အစာအိမ္တြင္းက အက္ဆစ္ဓာတ္ထုတ္လႊတ္မႈကို ပိုမုိအားေပးတဲ့အတြက္ က်န္းမာေရးကို ထိခိုက္ႏုိင္ပါတယ္။

Apple

Apple

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နေ့စဉ်စားသုံးနေတဲ့ အစားအသောက်များက အချိန်အခါအလိုက် ကိုက်ညီမှုရှိရဲ့လား

ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်ရရှိဖို့အတွက် အာဟာရမျှတဲ့ အစားအစာများကို နေ့စဉ်စားသုံးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလိုအာဟာရမျှတတဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန်စားသုံးနေပေမယ့် သူ့အချိန်အခါနဲ့သူ မစားသုံးဘူးဆိုရင်တော့ လိုသလောက် အာဟာရဓာတ်တွေ အပြည့်အဝမရရှိနိုင်တော့ဘဲ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအစားအစာတွေကို ဘယ်အချိန်မှာတော့ မစားသုံးသင့်ဘူး၊ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့အကြောင်းကို ဗဟုသုတမျှဝေပေးလိုက်ပါတယ်။

(၁) ထမင်း

နေ့စဉ် အသက်ရှင်ရုန်းကန်ဖို့အတွက် တစ်နေ့ကို ထမင်းသုံးနပ် ပုံမှန်စားသုံးသင့်ပါတယ်။ တချို့ကျတော့လည်း ထမင်းအစား၊ ဂျုံ၊ ပြောင်းဆန်၊ ပေါင်မုန့်ကြမ်း စတာတွေကို စားသုံးကြပါတယ်။ အမှန်တကယ်တော့ ထမင်းမှာပါဝင်တဲ့ အာဟာရဓာတ်များက လူသားတွေအတွက် အကောင်းဆုံး ခွန်အားဖြစ်အစားအစာပါပဲ။ ဒါပေမယ့် ညဘက် ၈ နာရီနောက်ပိုင်း၊ အိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုမှာ ထမင်းမစားသင့်တော့ပါဘူး။ ထမင်းစားပြီး အိပ်ရာဝင်တာက ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ အမူအကျင့်ပါပဲ။ ဒါ့အပြင် ည ၈ နာရီနောက်ပိုင်း ထမင်းစားမယ်ဆိုရင် ဝိတ်တက်တာမျိုး ဖြစ်တတ်ပါတယ်။

Rice

Rice

(၂) နွားနို့

နွားနို့က အာဟာရဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပြည့်ဝစွာပါဝင်တဲ့အတွက် ညဘက်သောက်သုံးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ ဒါပေမယ့် နေ့ခင်းဘက်မှာ သောက်သုံးမိမယ်ဆိုရင် နွားနို့မှာပါဝင်တဲ့ အဆီအနှစ်တွေက လူကိုနုံးချိစေပါတယ်။ နုံးချိသွားပြီး စိတ်လန်းဆန်းမှုမရှိတော့ တာကြောင့် နွားနို့ကို နေ့ခင်းဘက်တွေမှာ မသောက်တာ အကောင်းဆုံးပါပဲ။

Milk

Milk

(၃) ဒိန်ချဉ်၊ ဒိန်ခဲ

ညဘက်မှာ ဒိန်ချဉ်၊ ဒိန်ခဲတွေ စားသုံးမိတဲ့အခါ အစာမကြေတာ၊ အက်ဆစ်ဓာတ်ထုတ်လွှတ်မှုတွေကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒိန်ချဉ်၊ ဒိန်ခဲစားသုံးတာက ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်ဆိုပေမယ့် ညဘက်အိပ်ရာဝင်ခါနီးမှာ စားသုံးမိမယ်ဆိုရင် ဘေးဥပါဒ်ဖြစ်စေပါတယ်။

Yoghurt

Yoghurt

(၄) လက်ဖက်ရည်ကြမ်း

မြန်မာတို့ရဲ့ ထုံးတမ်းဓလေ့တွေအရ လက်ဖက်ရည်က ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတာကို တွေ့ရပါတယ်။ လက်ဖက်ရည်မှာပါဝင်တဲ့ Antioxidants က ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်ရရှိစေပါတယ်။ ဒါပေမယ့် မနက်စောစောမှာ လက်ဖက်ရည်ကြမ်းကို မသောက်သုံးသင့်ဘူးလို့ ဆိုထားပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ထုတ်လွှတ်မှုကို ပိုမိုအားပေးတဲ့အပြင် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် လက်ဖက်ရည်ကြမ်းကို မနက်ခင်းအချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သောက်သုံးနိုင်ပါတယ်။

Tea

Tea

(၅) ပန်းသီး

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစိမ်းရောင်အသီးအရွက်များနဲ့ အသီးအနှံများကိုလည်း နေ့စဉ်စားသုံးသင့်ပါတယ်။ ဒီလိုအသီးအနှံတွေထဲမှာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတာတော့ ပန်းသီးပါပဲ။ ပန်းသီးက အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် နေခင်းဘက်မှာ စားသုံးတာက အကောင်းဆုံးပါပဲ။ အစာချေဖျက်မှုစနစ်ကို ကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေပါတယ်။ ဒါပေမယ့် ညဘက်မှာ စားသုံးမိမယ်ဆိုရင် အစာအိမ်တွင်းက အက်ဆစ်ဓာတ်ထုတ်လွှတ်မှုကို ပိုမိုအားပေးတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

Apple

Apple

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။