[Zawgyi]

ဟိုအခ်ိန္ ဒီအခ်ိန္ဆုိ ကုိက္ခဲလိုက္တာလို႔ ညည္းမေနရေအာင္

မိန္းကေလးေတြအတြက္ အခက္ခဲဆံုးအခ်ိန္တစ္ခ်ိန္လို႔ ဆိုလို႔ရတဲ့ ရာသီစက္ဝန္းကာလမွာ နာက်င္ ကိုက္ခဲမႈဒဏ္ကို အလူးအလဲခံစားရတတ္ပါတယ္။ လစဥ္လတုိင္း ဒီလိုနာက်င္ေနမယ္ဆိုရင္ ဘာမွမလုပ္ႏုိင္၊ မကိုင္ႏိုင္ဘဲ မိမိကိုယ္ကို ယံုၾကည္မႈလည္း ေလ်ာ့က်ေစပါတယ္။ ဒီေဝဒနာဆိုးႀကီးကို အလ်င္ျမန္ဆံုး သက္သာေစႏုိင္မယ့္ နည္းလမ္းေကာင္းေလးကို အမ်ိဳးသမီးမ်ား သိခ်င္ၾကမယ္ထင္ပါတယ္။ ဒီတစ္ခါမွာေတာ့ က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္ေစမယ့္ အာဟာရရွိတဲ့ အစားအေသာက္မ်ားကိုစားသံုးၿပီး နာက်င္ကိုက္ခဲမႈေဝဒနာကိုလည္း အလ်င္ျမန္ဆံုး သက္သာေစမယ့္ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးလိုက္ပါတယ္။

(၁) ဂ်င္းလက္ဖက္ရည္၊ ဂ်င္းျပဳတ္ရည္

ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲတဲ့အခါ ေရေႏြးအိတ္ကပ္ၿပီး ကုသၾကရပါတယ္။ အျပင္ဘက္ပိုင္းကေန ေရေႏြးအိတ္ကပ္ၿပီး ကုသတာက နာက်င္မႈဒဏ္ကို သက္သာေစတယ္ဆိုေပမယ့္ အတြင္းပိုင္းထိ ေႏြးေႏြးေလးျဖစ္ေနမွသာ နာက်င္္မႈဒဏ္ ေလ်ာ့ပါးေစမွာပါေနာ္။ ဒီေတာ့… ဂ်င္းျပဳတ္ရည္ ဒါမွမဟုတ္ ဂ်င္းလက္ဖက္ရည္ပူပူေလးကို ေသာက္သံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္အတြင္းပိုင္းက ေႏြးေထြးလာၿပီေတာ့ နာက်င္မႈဒဏ္ကိုလည္း ေလ်ာ့ပါးသက္သာေစမွာပါ။

(၂) ဆယ္လ္မြန္ငါး

ရာသီစက္ဝန္းကာလမွာ အာဟာရမွ်တတဲ့ အစားအစာမ်ားကိုလည္း ေရြးခ်ယ္စားသံုးတတ္ဖုိ႔ အေရးႀကီးပါတယ္။ အရသာလည္းရွိတဲ့ အစားအစားကိုစားသံုးၿပီး နာက်င္ကိုက္ခဲမႈေဝဒနာဆိုးႀကီးကို ကုသဖို႔ဆိုရင္ေတာ့ ဆယ္လ္မြန္ငါးကို သတိရလိုက္ပါ။ ဆယ္လ္မြန္ငါးမွာပါဝင္တဲ့ Omega 3s က ခႏၶာကိုယ္တြင္း ေဟာ္မုန္းမညီမွ်မႈကို ထိန္းညွိေပးႏုိင္တဲ့အျပင္ တစ္ပတ္ကိုႏွစ္ႀကိမ္ေလာက္ ပံုမွန္စားသံုးေပးမယ္ဆိုရင္ လစဥ္ဓမၼတာလာခ်ိန္တိုင္း နာက်င္မႈဒဏ္ကို ခံစားရေတာ့မွာမဟုတ္ပါဘူး။

(၃) အမဲသား

အမ်ိဳးသမီးမ်ားအေနနဲ႔ ဒီလိုရာသီစက္ဝန္းကာလမွာ သံဓာတ္အားနည္းခ်ိဳ႕တဲ့မႈႈကို လ်စ္လ်ဴရႈမထားသင့္ပါဘူး။ သံဓာတ္ခ်ိဳ႕တဲ့အခါ မလိုလားအပ္တဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ျဖစ္ေပၚလာႏိုင္တဲ့အတြက္ သံဓာတ္ျဖည့္တင္းေပးဖို႔ကိုလည္း မေမ့ပါနဲ႔။ အနီေရာင္ရွိတဲ့အသားမ်ားနဲ႔ အမဲသားက သံဓာတ္ျပည့္ဝစြာပါဝင္တဲ့အတြက္ စားသံုးေပးမယ္ဆိုရင္ သံဓာတ္ခ်ိဳ႕တဲ့မႈ မျဖစ္ေတာ့ဘဲ နာက်င္မႈဒဏ္ကိုလည္း ေလ်ာ့ပါးသက္သာေစမွာပါ။

(၄) အစိမ္းေရာင္ဟင္းသီးဟင္းရြက္မ်ား

ဒီလိုအခ်ိန္မွာ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္းရြက္၊ အသီးအႏွံမ်ားကို မ်ားမ်ားစားသံုးဖို႔ မေမ့ပါနဲ႔။ ဟင္းႏုႏြယ္ရြက္၊ အစိမ္းေရာင္ပန္းေဂၚဖီ စတဲ့ အသီးအရြက္မ်ားမွာပါဝင္တဲ့ မဂၢနီဆီယမ္ဓာတ္၊ ပိုတက္ဆီယမ္ဓာတ္၊ ဗီတာမင္ဓာတ္မ်ားနဲ႔ အျခားေသာ အာဟာရဓာတ္ပစၥည္းမ်ားစြာပါဝင္တဲ့အတြက္ေၾကာင့္ စားသံုးေပးမယ္ဆိုရင္ သင့္ရဲ႕အခက္ခဲဆံုးကာလေတြမွာ နာက်င္မႈမရွိေစဘဲ ေက်ာ္လႊားႏုိင္မွာပါ။

(၅) သဘာဝဒိန္ခ်ဥ္

ဓာတုပစၥည္းမ်ားနဲ႔ ေပါင္းစပ္ထားျခင္းမရွိတဲ့ သဘာဝဒိန္ခ်ဥ္ကလည္း ဓမၼတာလာစဥ္အတြင္း နာက်င္မႈဒဏ္ကို အလ်င္ျမန္ဆံုးသက္သာေစမယ့္ အစားအေသာက္တစ္မ်ိဳးပါပဲ။ ဒိန္ခ်ဥ္မွာ ကယ္လ္ဆီယမ္ဓာတ္ျပည့္ဝစြာပါဝင္မႈေၾကာင့္ ရာသီစက္ဝန္းအခ်ိန္မမွန္ျခင္း၊ နာက်င္ျခင္း စတာေတြအတြက္ ကုသေပးႏုိင္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

(၆) ေခ်ာကလက္နက္

အနက္ေရာင္ေခ်ာကလက္ကလည္း နာက်င္မႈဒဏ္ကို ေျဖေလ်ာ့ေပးႏုိင္တာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ သၾကားဓာတ္မ်ားစြာပါဝင္တဲ့ ေခ်ာကလက္ကို စားသံုးမိမယ္ဆိုရင္ေတာ့ အေျခအေန ပိုဆိုးသြားႏုိင္တာကို သတိျပဳပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဟိုအချိန် ဒီအချိန်ဆို ကိုက်ခဲလိုက်တာလို့ ညည်းမနေရအောင်

မိန်းကလေးတွေအတွက် အခက်ခဲဆုံးအချိန်တစ်ချိန်လို့ ဆိုလို့ရတဲ့ ရာသီစက်ဝန်းကာလမှာ နာကျင် ကိုက်ခဲမှုဒဏ်ကို အလူးအလဲခံစားရတတ်ပါတယ်။ လစဉ်လတိုင်း ဒီလိုနာကျင်နေမယ်ဆိုရင် ဘာမှမလုပ်နိုင်၊ မကိုင်နိုင်ဘဲ မိမိကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ ဒီဝေဒနာဆိုးကြီးကို အလျင်မြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းကောင်းလေးကို အမျိုးသမီးများ သိချင်ကြမယ်ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် အာဟာရရှိတဲ့ အစားအသောက်များကိုစားသုံးပြီး နာကျင်ကိုက်ခဲမှုဝေဒနာကိုလည်း အလျင်မြန်ဆုံး သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

(၁) ဂျင်းလက်ဖက်ရည်၊ ဂျင်းပြုတ်ရည်

ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲတဲ့အခါ ရေနွေးအိတ်ကပ်ပြီး ကုသကြရပါတယ်။ အပြင်ဘက်ပိုင်းကနေ ရေနွေးအိတ်ကပ်ပြီး ကုသတာက နာကျင်မှုဒဏ်ကို သက်သာစေတယ်ဆိုပေမယ့် အတွင်းပိုင်းထိ နွေးနွေးလေးဖြစ်နေမှသာ နာကျင်မှုဒဏ် လျော့ပါးစေမှာပါနော်။ ဒီတော့… ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းလက်ဖက်ရည်ပူပူလေးကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းပိုင်းက နွေးထွေးလာပြီတော့ နာကျင်မှုဒဏ်ကိုလည်း လျော့ပါးသက်သာစေမှာပါ။

(၂) ဆယ်လ်မွန်ငါး

ရာသီစက်ဝန်းကာလမှာ အာဟာရမျှတတဲ့ အစားအစာများကိုလည်း ရွေးချယ်စားသုံးတတ်ဖို့ အရေးကြီးပါတယ်။ အရသာလည်းရှိတဲ့ အစားအစားကိုစားသုံးပြီး နာကျင်ကိုက်ခဲမှုဝေဒနာဆိုးကြီးကို ကုသဖို့ဆိုရင်တော့ ဆယ်လ်မွန်ငါးကို သတိရလိုက်ပါ။ ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ Omega 3s က ခန္ဓာကိုယ်တွင်း ဟော်မုန်းမညီမျှမှုကို ထိန်းညှိပေးနိုင်တဲ့အပြင် တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်စားသုံးပေးမယ်ဆိုရင် လစဉ်ဓမ္မတာလာချိန်တိုင်း နာကျင်မှုဒဏ်ကို ခံစားရတော့မှာမဟုတ်ပါဘူး။

(၃) အမဲသား

အမျိုးသမီးများအနေနဲ့ ဒီလိုရာသီစက်ဝန်းကာလမှာ သံဓာတ်အားနည်းချို့တဲ့မှုှုကို လျစ်လျူရှုမထားသင့်ပါဘူး။ သံဓာတ်ချို့တဲ့အခါ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် သံဓာတ်ဖြည့်တင်းပေးဖို့ကိုလည်း မမေ့ပါနဲ့။ အနီရောင်ရှိတဲ့အသားများနဲ့ အမဲသားက သံဓာတ်ပြည့်ဝစွာပါဝင်တဲ့အတွက် စားသုံးပေးမယ်ဆိုရင် သံဓာတ်ချို့တဲ့မှု မဖြစ်တော့ဘဲ နာကျင်မှုဒဏ်ကိုလည်း လျော့ပါးသက်သာစေမှာပါ။

(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

ဒီလိုအချိန်မှာ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို များများစားသုံးဖို့ မမေ့ပါနဲ့။ ဟင်းနုနွယ်ရွက်၊ အစိမ်းရောင်ပန်းဂေါ်ဖီ စတဲ့ အသီးအရွက်များမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ဗီတာမင်ဓာတ်များနဲ့ အခြားသော အာဟာရဓာတ်ပစ္စည်းများစွာပါဝင်တဲ့အတွက်ကြောင့် စားသုံးပေးမယ်ဆိုရင် သင့်ရဲ့အခက်ခဲဆုံးကာလတွေမှာ နာကျင်မှုမရှိစေဘဲ ကျော်လွှားနိုင်မှာပါ။

(၅) သဘာဝဒိန်ချဉ်

ဓာတုပစ္စည်းများနဲ့ ပေါင်းစပ်ထားခြင်းမရှိတဲ့ သဘာဝဒိန်ချဉ်ကလည်း ဓမ္မတာလာစဉ်အတွင်း နာကျင်မှုဒဏ်ကို အလျင်မြန်ဆုံးသက်သာစေမယ့် အစားအသောက်တစ်မျိုးပါပဲ။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ဓာတ်ပြည့်ဝစွာပါဝင်မှုကြောင့် ရာသီစက်ဝန်းအချိန်မမှန်ခြင်း၊ နာကျင်ခြင်း စတာတွေအတွက် ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

(၆) ချောကလက်နက်

အနက်ရောင်ချောကလက်ကလည်း နာကျင်မှုဒဏ်ကို ဖြေလျော့ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် သကြားဓာတ်များစွာပါဝင်တဲ့ ချောကလက်ကို စားသုံးမိမယ်ဆိုရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်တာကို သတိပြုပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။