[ZawGyi]

Tea ၾကိဳက္သူတုိ႔အတြက္ ကိုယ္အေလးခ်ိန္က်ေစမယ္႔ Weight-loss Tea ၆ မ်ိဳး

ေရေႏြးပူေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္က်ေစဖို႔အတြက္ တစ္ဖက္တစ္လမ္းကအေထာက္အကူေပးပါတယ္။ ေကာ္ဖီနဲ႔တျခားေသာအခ်ိဳရည္ေတြအစား ေရေႏြးၾကမ္းေသာက္ျခင္းက ကိုယ္႔ကိုလည္းအာသာေျပေစသလို က်န္းမာေရးအတြက္လည္း အေလ႔အက်င္႔ေကာင္းတစ္ခုျဖစ္ေစမွာပါ။ ဒီေတာ႔ ရိုးရိုးေရေႏြးၾကမ္းေတြေသာက္ရတာ ျငီးေငြ႔လာျပီဆိုရင္ဝိတ္လည္းက်ေစ ေသာက္လို႔လည္းေကာင္းေစဖုိ႔အတြက္ ဒီ Weight Loss Tea ၆ မ်ိဳးကိုေရြးခ်ယ္ႏိုင္ပါတယ္။

White Tea

white tea

white tea

Nutrition and Metabolism Journal ရဲ႕ ထုတ္ျပန္ခ်က္အရ White Tea ေတြဟာ အဆီဆဲလ္ေတြကိုပ်က္သုဥ္းေစျပီး အဆီတစ္ရွဴးေတြျဖစ္မလာေအာင္ ကာကြယ္ေပးတယ္လုိ႔ဆိုပါတယ္။ ဒီ Tea ထဲမွာ ECGC လို႔ေခၚတဲ႔ အင္တီေအာက္ဆီးဒင္႔ပါဝင္မႈႏႈန္းလည္း ျမင္႔မားပါတယ္တဲ႔။ ဒါေၾကာင္႔လည္း White Tea ကို Weight-loss Tea လို႔လည္းေခၚဆုိၾကတာျဖစ္ပါတယ္။

Green Tea

Green-Tea

Green-Tea

အင္တီေအာက္ဆီဒင္႔ၾကြယ္ဝတဲ႔ ေနာက္ထပ္ Tea တစ္မ်ိဳးကေတာ႔ Green Tea ျဖစ္ပါတယ္။ ကဖင္းနဲ႔ ECGC ဆိုတဲ႔အင္တီေအာက္ဆီဒင္႔ ေပါင္းစပ္လုိက္တာမုိ႔ အဆီေတြကိုထိထိေရာက္ေရာက္ေလာင္ကၽြမ္းေစတာျဖစ္ပါတယ္။ Green Tea ရဲ႕အားသာခ်က္တစ္ခုက Black Tea လိုမ်ိဳး ကဖင္းဓာတ္မမ်ားတဲ႔အတြက္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ေသာက္ႏိုင္ပါတယ္။ ညမအိပ္ခင္လည္း ေသာက္ေပးလုိ႔ရပါတယ္။

Yerba Mate Tea

yerba mate tea

yerba mate tea

Yerba Mate Tea ရဲ႕ အားသာခ်က္ကေတာ႔ ေသြးတြင္းသၾကားဓာတ္ကိုေလ်ာ႔နည္းေစတာျဖစ္ပါတယ္။ သူကေတာင္အေမရိက Weight-loss Tea ျဖစ္ျပီး အဝလြန္တဲ႔သူေတြေတာင္ ဒီ Tea ကို ၁၂ ပတ္ၾကာေသာက္ျပီးေနာက္ပိုင္းမွာ သိသိသာသာဝိတ္က်သြားတယ္လုိ႔ဆုိပါတယ္။ အဆီနဲ႔အခ်ိဳအမ်ားၾကီးစားတဲ႔သူေတာင္ ဒီ Tea ေသာက္တယ္ဆုိရင္ ေသြးတြင္းသၾကားဓာတ္အမ်ားၾကီးတက္မလာတာေတြ႔ရပါတယ္တဲ႔။

Oolong tea

oolong-tea

oolong-tea

အစားအရမ္းမေလ်ွာ႔လည္းပဲ ၆ ပတ္အတြင္းမွာတင္ ၂.၂ ေပါင္က်ေစတဲ႔ Tea ျဖစ္ပါတယ္။ ဗိုက္အဆီကိုလည္း ၁၂ ရာခုိင္ႏႈန္းက်ေစပါတယ္တဲ႔။ ဒီလုိ အစြမ္းရွိတဲ႔ Oolong Tea က Black Tea နဲ႔ခပ္ဆင္ဆင္တူပါတယ္။ သူကအဆီကိုေပ်ာ္ေစျပီး ခႏၶာကိုယ္ရဲ႕စြမ္းေဆာင္ရည္ကို တိုးလာေစတာျဖစ္ပါတယ္တဲ႔။

Black tea

Black-Tea

Black-Tea

Black tea ကေတာ႔အဆီကိုစုပ္ယူေပးတာျဖစ္ပါတယ္။ သူကဆီးခ်ိဳေသြးခ်ိဳကိုလည္း က်ေစပါတယ္တဲ႔။ အစားအစာေတြကိုေခ်ဖ်က္ခ်ိန္မွာ အဆီေတြကိုစုပ္ယူေခ်ဖ်က္ေပးတာျဖစ္ပါတယ္။ သူ႔မွာပါတဲ႔ Polyphenols ကလည္း အဆီေတြကို တားဆီေပးတဲ႔အစြမ္းရွိပါေသးတယ္။

Peppermint Tea

peppermint-tea

peppermint-tea

Peppermint Tea ကေတာ႔ဗိုက္ျပည္႔ေစတဲ႔အစြမ္းရွိသလို အစာစားခ်င္စိတ္ကိုတားဆီးေပးႏိုင္စြမ္းလည္းရွိတာျဖစ္ပါတယ္။ ဒီ Tea ကိုပံုမွန္ေသာက္ရံုနဲ႔ ၅ ရက္အတြင္းမွာ အဆီနဲ႔ကယ္လုိရီေတြ သိသိသာသာက်လာတာေတြ႔ရတယ္လုိ႔ဆုိပါတယ္။

ကဲ Tea ၾကိဳက္တယ္ ဝိတ္လည္းက်ခ်င္တယ္ဆုိရင္ ဒီအမ်ိဳးအစားေတြကိုေရြးခ်ယ္ႏိုင္ပါတယ္။

www.akhayar.com

[Unicode]

Tea ကြိုက်သူတို့အတွက် ကိုယ်အလေးချိန်ကျစေမယ့် Weight-loss Tea ၆ မျိုး

ရေနွေးပူသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေဖို့အတွက် တစ်ဖက်တစ်လမ်းကအထောက်အကူပေးပါတယ်။ ကော်ဖီနဲ့တခြားသောအချိုရည်တွေအစား ရေနွေးကြမ်းသောက်ခြင်းက ကိုယ့်ကိုလည်းအာသာပြေစေသလို ကျန်းမာရေးအတွက်လည်း အလေ့အကျင့်ကောင်းတစ်ခုဖြစ်စေမှာပါ။ ဒီတော့ ရိုးရိုးရေနွေးကြမ်းတွေသောက်ရတာ ငြီးငွေ့လာပြီဆိုရင်ဝိတ်လည်းကျစေ သောက်လို့လည်းကောင်းစေဖို့အတွက် ဒီ Weight Loss Tea ၆ မျိုးကိုရွေးချယ်နိုင်ပါတယ်။

White Tea

white tea

white tea

Nutrition and Metabolism Journal ရဲ့ ထုတ်ပြန်ချက်အရ White Tea တွေဟာ အဆီဆဲလ်တွေကိုပျက်သုဉ်းစေပြီး အဆီတစ်ရှူးတွေဖြစ်မလာအောင် ကာကွယ်ပေးတယ်လို့ဆိုပါတယ်။ ဒီ Tea ထဲမှာ ECGC လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါဝင်မှုနှုန်းလည်း မြင့်မားပါတယ်တဲ့။ ဒါကြောင့်လည်း White Tea ကို Weight-loss Tea လို့လည်းခေါ်ဆိုကြတာဖြစ်ပါတယ်။

Green Tea

Green-Tea

Green-Tea

အင်တီအောက်ဆီဒင့်ကြွယ်ဝတဲ့ နောက်ထပ် Tea တစ်မျိုးကတော့ Green Tea ဖြစ်ပါတယ်။ ကဖင်းနဲ့ ECGC ဆိုတဲ့အင်တီအောက်ဆီဒင့် ပေါင်းစပ်လိုက်တာမို့ အဆီတွေကိုထိထိရောက်ရောက်လောင်ကျွမ်းစေတာဖြစ်ပါတယ်။ Green Tea ရဲ့အားသာချက်တစ်ခုက Black Tea လိုမျိုး ကဖင်းဓာတ်မများတဲ့အတွက် ဘယ်အချိန်ပဲဖြစ်ဖြစ်သောက်နိုင်ပါတယ်။ ညမအိပ်ခင်လည်း သောက်ပေးလို့ရပါတယ်။

Yerba Mate Tea

yerba mate tea

yerba mate tea

Yerba Mate Tea ရဲ့ အားသာချက်ကတော့ သွေးတွင်းသကြားဓာတ်ကိုလျော့နည်းစေတာဖြစ်ပါတယ်။ သူကတောင်အမေရိက Weight-loss Tea ဖြစ်ပြီး အဝလွန်တဲ့သူတွေတောင် ဒီ Tea ကို ၁၂ ပတ်ကြာသောက်ပြီးနောက်ပိုင်းမှာ သိသိသာသာဝိတ်ကျသွားတယ်လို့ဆိုပါတယ်။ အဆီနဲ့အချိုအများကြီးစားတဲ့သူတောင် ဒီ Tea သောက်တယ်ဆိုရင် သွေးတွင်းသကြားဓာတ်အများကြီးတက်မလာတာတွေ့ရပါတယ်တဲ့။

Oolong tea

oolong-tea

oolong-tea

အစားအရမ်းမလျှော့လည်းပဲ ၆ ပတ်အတွင်းမှာတင် ၂.၂ ပေါင်ကျစေတဲ့ Tea ဖြစ်ပါတယ်။ ဗိုက်အဆီကိုလည်း ၁၂ ရာခိုင်နှုန်းကျစေပါတယ်တဲ့။ ဒီလို အစွမ်းရှိတဲ့ Oolong Tea က Black Tea နဲ့ခပ်ဆင်ဆင်တူပါတယ်။ သူကအဆီကိုပျော်စေပြီး ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကို တိုးလာစေတာဖြစ်ပါတယ်တဲ့။

Black tea

Black-Tea

Black-Tea

Black tea ကတော့အဆီကိုစုပ်ယူပေးတာဖြစ်ပါတယ်။ သူကဆီးချိုသွေးချိုကိုလည်း ကျစေပါတယ်တဲ့။ အစားအစာတွေကိုချေဖျက်ချိန်မှာ အဆီတွေကိုစုပ်ယူချေဖျက်ပေးတာဖြစ်ပါတယ်။ သူ့မှာပါတဲ့ Polyphenols ကလည်း အဆီတွေကို တားဆီပေးတဲ့အစွမ်းရှိပါသေးတယ်။

Peppermint Tea

peppermint-tea

peppermint-tea

Peppermint Tea ကတော့ဗိုက်ပြည့်စေတဲ့အစွမ်းရှိသလို အစာစားချင်စိတ်ကိုတားဆီးပေးနိုင်စွမ်းလည်းရှိတာဖြစ်ပါတယ်။ ဒီ Tea ကိုပုံမှန်သောက်ရုံနဲ့ ၅ ရက်အတွင်းမှာ အဆီနဲ့ကယ်လိုရီတွေ သိသိသာသာကျလာတာတွေ့ရတယ်လို့ဆိုပါတယ်။

ကဲ Tea ကြိုက်တယ် ဝိတ်လည်းကျချင်တယ်ဆိုရင် ဒီအမျိုးအစားတွေကိုရွေးချယ်နိုင်ပါတယ်။

www.akhayar.com