This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားမွာ ဗိုလ္စြဲရင္ အပိုဆုေၾကးအျဖစ္ ေပါင္ (၅)သန္း ရရွိမယ့္ အဂၤလန္အသင္း

အဂၤလန္အသင္းအေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ခဲ့ရင္ အပိုဆုေၾကးအျဖစ္ ေပါင္ (၅)သန္း ရရွိမွာျဖစ္ပါတယ္။ အဂၤလန္အသင္းရဲ႕ ကစားသမားတစ္ဦးလွ်င္ ေပါင္ (၂၁၇,၀၀၀)အထိ ရရွိမွာျဖစ္ေပမယ့္ ၿပိဳင္ဘက္အသင္းေတြထက္စာရင္ေတာ့ နည္းပါးတဲ့ အပိုဆုေၾကးေငြတစ္ရပ္ျဖစ္ေနပါတယ္။ အဂၤလန္အသင္းရဲ႕ အုပ္စုတြင္းၿပိဳင္ဘက္ ဘယ္လ္ဂ်ီယံအသင္းက အပိုဆုေၾကးေငြအျဖစ္ ေပါင္ (၉.၂)သန္းအထိ ရရွိမွာျဖစ္ၿပီး ကစားသမားတစ္ဦးလွ်င္ ေပါင္ (၄)သိန္းအထိ ရရွိမွာျဖစ္ပါတယ္။ ၿပိဳင္ဘက္ အသင္းေတြထဲမွာ ဘရာဇီးလ္အသင္း ခ်န္ပီယံျဖစ္ခဲ့ရင္ ကစားသမားတစ္ဦးလွ်င္ ေပါင္ (၇၅၀,၀၀၀)အထိ ရရွိမွာျဖစ္ၿပီး ဂ်ာမနီအသင္း ကစားသမားေတြက ေပါင္ (၃၅၀,၀၀၀) ရရွိမွာ ျဖစ္ပါတယ္။

England-boss-South-Gate

England-boss-South-Gate

ခ်န္ပီယံျဖစ္ခဲ့ရင္ ကစားသမားေတြရရွိမယ့္ အပိုဆုေၾကးေငြက နည္းပါးေနေပမယ့္ နည္းျပ ေဆာက္ဂိတ္ဒ္ South Gate ကေတာ့ ေပါင္ (၁.၅)သန္းအထိ ရရွိမွာျဖစ္ပါတယ္။ ဒီပမာဏဟာ ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဇ္ Martinez ခ်န္ပီယံျဖစ္ခဲ့ရင္ရမယ့္ အပိုဆုေၾကး ပမာဏထက္ မ်ားျပားေနခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဇ္ Martinez ဟာ ေပါင္ (၁)သန္းသာ ရရွိမွာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုေၾကးေငြအျဖစ္ ေပါင္ (၂၈)သန္း ရရွိမွာျဖစ္ၿပီး ဒုတိယရရွိတဲ့ အသင္းက ေပါင္ (၂၁)သန္း၊ တတိယရရွိတဲ့ အသင္းက ေပါင္ (၁၈)သန္းနဲ႔ စတုတၳရရွိတဲ့အသင္းက ေပါင္ (၁၆)သန္းအထိ ရရွိမွာျဖစ္ပါတယ္။ မွတ္တမး္ေတြအရ (၁၉၆၆)ကမၻာ႔ဖလားမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အဂၤလန္အသင္းက ကစားသမားေတြဟာ တစ္ဦးလွ်င္ ေပါင္ (၁၀၀၀)စီသာ ရရွိခဲ့ပါတယ္။

REF:Daily Mail
Photo:Evening Standard
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရင် အပိုဆုကြေးအဖြစ် ပေါင် (၅)သန်း ရရှိမယ့် အင်္ဂလန်အသင်း

အင်္ဂလန်အသင်းအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ရင် အပိုဆုကြေးအဖြစ် ပေါင် (၅)သန်း ရရှိမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကစားသမားတစ်ဦးလျှင် ပေါင် (၂၁၇,၀၀၀)အထိ ရရှိမှာဖြစ်ပေမယ့် ပြိုင်ဘက်အသင်းတွေထက်စာရင်တော့ နည်းပါးတဲ့ အပိုဆုကြေးငွေတစ်ရပ်ဖြစ်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ အုပ်စုတွင်းပြိုင်ဘက် ဘယ်လ်ဂျီယံအသင်းက အပိုဆုကြေးငွေအဖြစ် ပေါင် (၉.၂)သန်းအထိ ရရှိမှာဖြစ်ပြီး ကစားသမားတစ်ဦးလျှင် ပေါင် (၄)သိန်းအထိ ရရှိမှာဖြစ်ပါတယ်။ ပြိုင်ဘက် အသင်းတွေထဲမှာ ဘရာဇီးလ်အသင်း ချန်ပီယံဖြစ်ခဲ့ရင် ကစားသမားတစ်ဦးလျှင် ပေါင် (၇၅၀,၀၀၀)အထိ ရရှိမှာဖြစ်ပြီး ဂျာမနီအသင်း ကစားသမားတွေက ပေါင် (၃၅၀,၀၀၀) ရရှိမှာ ဖြစ်ပါတယ်။

England-boss-South-Gate

England-boss-South-Gate

ချန်ပီယံဖြစ်ခဲ့ရင် ကစားသမားတွေရရှိမယ့် အပိုဆုကြေးငွေက နည်းပါးနေပေမယ့် နည်းပြ ဆောက်ဂိတ်ဒ် South Gate ကတော့ ပေါင် (၁.၅)သန်းအထိ ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် Martinez ချန်ပီယံဖြစ်ခဲ့ရင်ရမယ့် အပိုဆုကြေး ပမာဏထက် များပြားနေခဲ့ပါတယ်။ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် Martinez ဟာ ပေါင် (၁)သန်းသာ ရရှိမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကြေးငွေအဖြစ် ပေါင် (၂၈)သန်း ရရှိမှာဖြစ်ပြီး ဒုတိယရရှိတဲ့ အသင်းက ပေါင် (၂၁)သန်း၊ တတိယရရှိတဲ့ အသင်းက ပေါင် (၁၈)သန်းနဲ့ စတုတ္ထရရှိတဲ့အသင်းက ပေါင် (၁၆)သန်းအထိ ရရှိမှာဖြစ်ပါတယ်။ မှတ်တမ်းတွေအရ (၁၉၆၆)ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းက ကစားသမားတွေဟာ တစ်ဦးလျှင် ပေါင် (၁၀၀၀)စီသာ ရရှိခဲ့ပါတယ်။

REF:Daily Mail
Photo:Evening Standard
Aung Kyaw Wai (Akhayar)
www.akhayar.com