အခုလိုမျိုး မိုးရာသီရောက်လာတဲ့အချိန်မှာ လမ်းမပေါ်ထွက်ပြီး လျှောက်သွားဖို့က အရင်ကလောက် ပျော်စရာမကောင်းတော့တာအမှန်ပါ။ ဒီလိုအချိန်မျိုးမှာ တစ်နေကုန်အလုပ်တွေလုပ်၊ နေ့လည် ကျောင်းတက်စရာရှိတာတွေတက်ပြီး အိမ်ပြန်ရောက်တဲ့အခါ အေးဆေး ဂိမ်းဆော့၊ Social Media သုံး… သတင်းတွေဖတ်နေရတာက အရမ်းကောင်းတဲ့အနားယူမှုလို့တောင် ပြောလို့ရပါတယ်။

ဒီလိုမျိုး စိတ်ချမ်းချမ်းသာသာနဲ့ အေးဆေး Internet သုံးပြီး အနားယူချင်တယ်ဆိုရင် 5BB ကနေ လက်ရှိအသုံးပြုနေတဲ့ Customer တွေအတွက်ရော၊ အခုမှ စဝယ်ယူမယ့် Customer တွေအတွက်ရော မိုးရာသီအတွက် ယခု ဇွန်လတစ်လုံး Promotion တွေပြုလုပ်ပေးနေပါတယ်။ အဲ့တော့ ကိုယ်က 5BB Internet Service သုံးနေတာပဲဖြစ်ဖြစ်၊ ဘယ် Internet သုံးရင်ကောင်းမလဲလို့ စဉ်းစားနေတာပဲဖြစ်ဖြစ် ဒီ Promotion တွေက စိတ်ဝင်စားစရာဖြစ်နေမှာပါ။

ဒီ 5BB ရဲ့ မိုးရာသီ ဇွန်လ Promotion ကတော့ လက်ဆောင်အနေနဲ့ ထီးလှလှလေးတွေပေးသွားမယ့်အစီအစဉ်ရယ်၊ ပြီးတော့ လက်ရှိ 5BB ရဲ့ ဘယ်လို Plan ကိုပဲဖြစ်ဖြစ် (၃) လစာ ကြိုသွင်းလိုက်တာနဲ့တင် တပ်ဆင်ခကို အခမဲ့အနေနဲ့ ရရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး… 5BB ကနေ နောက်ထပ် ကိုယ်အသုံးပြုနေတဲ့ Plan တစ်ခုကို လစဉ်ကြေးတစ်လစာ အခမဲ့အသုံးပြုခွင့်ကိုလည်း ကံစမ်းမဲဖောက်ပေးသွားဦးမှာပါ။

5BB ရဲ့ လက်ရှိရရှိနိုင်တဲ့ Plan တွေကိုတော့ အောက်မှာ ကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ တစ်လကို လစဉ်ကြေးအများကြီးသွင်းပြီး မြင့်မားတဲ့အမြန်နှုန်းကို မလိုအပ်တဲ့သူတွေအတွက်လည်း 5BB ကနေ တစ်လကို ၂၅,၀၀၀ ကျပ်ပဲ ပေးစရာလိုတဲ့ 5Mbps Eco Plan အသစ်ကိုပါ မိတ်ဆက်ထားပါသေးတယ်။ တစ်ခုရှိတာကတော့ ဒီ Eco Plan က မြို့နယ်တိုင်းမှာ ရရှိနိုင်မှာတော့မဟုတ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး မိုးအေးအေးမှာ Internet ကိုအေးဆေးထိုင်သုံးပြီး ကိုယ်စိတ်ကြိုက် ရုပ်ရှင်တွေ၊ Drama တွေကို Streaming ကြည့်ချင်တယ်ဆိုရင် ဒီ ဇွန်လထဲမှာ 5BB ကို အခုပဲဝယ်ယူထားသင့်တယ်နော်။