[Zawgyi] 

သင့္ဖုန္း Storage က 128GB ထက္မ်ားသင့္ရဲ႕လား။ ဒီလိုေမးခြန္းမ်ိဳးကိုေတာ့ ဓာတ္ပံုနဲ႔ Video အရိုက္မ်ားတဲ့သူေတြကို သြားေမးရင္ မေလာက္ဘူးလို႔ပဲေျဖၾကမွာပါ။ Storage အမ်ားႀကီးသံုးဖို႔လိုတဲ့ User ေတြအတြက္ ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ဖုန္းေတြကို Storage ပိုမ်ားလာေအာင္၊ ဒါမွမဟုတ္ microSD Card ထည့္လို႔ရေအာင္ ထုတ္ေပးထားပါတယ္။ ဒါေပမယ့္ microSD Card ဆိုတာ လူတိုင္းသံုခ်င္တဲ့ အရာမဟုတ္ပါဘူး။ ဖုန္းထဲကေန အလြယ္တစ္ကူျဖဳတ္ယူသြားလို႔ရတာေၾကာင့္ Privacy ပိုင္းမွာအားနည္းတယ္လို႔ေျပာလို႔ရပါတယ္။ 

Samsung EVO microSD Card

Internal Storage 512GB နဲ႔ RAM 8GB ပါတဲ့ Galaxy Note 9 ကိုမၾကာခင္ေတြ႕ရေတာ့မွာပါ။ ဒါေပမယ့္ 512GB Version ကိုေတာ့ ႏိုင္ငံတုိင္းမွာ ေရာင္းခ်ေပးမွာမဟုတ္ဘူးလို႔ခန္႔မွန္းရပါတယ္။ သတင္းေပါက္တာေတြနဲ႔ပတ္သက္လို႔ လူသိမ်ားၿပီး တ႐ုတ္ႏိုင္ငံသားတစ္ဦးျဖစ္သူရဲ႕  Ice universe ဆိုတဲ့ Twitter Account မွာ “If you are lucky, you will see 8GB RAM and 512GB ROM Galaxy Note9” လို႔တင္ထားတာေတြ႕ရပါတယ္။ 

Samsung အေနနဲ႔ေတာ့ တျခားကုမၸဏီေတြလိုမ်ိဳး Flagship ဖုန္းအသစ္ထြက္တိုင္း Limited Edition ဒါမွမဟုတ္ အျခား Version တစ္ခုခုကို ထုတ္ေလ့ရွိပါတယ္။ အခုသတင္းထြက္ထားတဲ့ 512GB Note 9 ကလည္း အဲ့ဒီလုိမ်ိဳး Edition တစ္ခုခုျဖစ္ႏိုင္ပါတယ္။ မၾကာခင္ကလည္း တ႐ုတ္ျပည္အတြက္ Galaxy S9 အနီေရာင္ကို မိတ္ဆက္ခဲ့ပါေသးတယ္။ Galaxy Note 9 ကိုေတာ့ ဘယ္လို Edition ေတြနဲ႔ ထုတ္ျပလာဦးမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းေနပါၿပီ။ 

Galaxy Note 9 နဲ႔ပတ္သက္လို႔ေတာ့ သတင္းေပါက္ၾကားတာ နည္းေနပါေသးတယ္။ Under Display Fingerprint Scanner ပါလာမယ္လို႔ သတင္းထြက္ထားတာရွိေပမယ့္ Design ပိုင္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို မသိရေသးတာေၾကာင့္ အဲ့ဒီသတင္းက ျဖစ္ႏိုင္ေခ်နည္းပါေသးတယ္။ Exynos 9810 Chipset ကိုအသံုးျပဳလာႏိုင္ၿပီး Base Model ကေတာ့ 6GB RAM ၊ 64GB Storage နဲ႔ျဖစ္ႏိုင္ပါတယ္။ microSD Card လည္း ဆက္လက္အသံုးျပဳႏုိင္ဦးမယ္လို႔ သတင္းထြက္ထားပါေသးတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

512 GB Storage နဲ့ Galaxy Note 9 ကိုတွေ့ရနိုင်တယ်လို့ သတင်းပေါက်ကြားလာ

သင့်ဖုန်း Storage က 128GB ထက်များသင့်ရဲ့လား။ ဒီလိုမေးခွန်းမျိုးကိုတော့ ဓာတ်ပုံနဲ့ Video အရိုက်များတဲ့သူတွေကို သွားမေးရင် မလောက်ဘူးလို့ပဲဖြေကြမှာပါ။ Storage အများကြီးသုံးဖို့လိုတဲ့ User တွေအတွက် ဖုန်းကုမ္ပဏီတော်တော်များများကလည်း သူတို့ဖုန်းတွေကို Storage ပိုများလာအောင်၊ ဒါမှမဟုတ် microSD Card ထည့်လို့ရအောင် ထုတ်ပေးထားပါတယ်။ ဒါပေမယ့် microSD Card ဆိုတာ လူတိုင်းသုံချင်တဲ့ အရာမဟုတ်ပါဘူး။ ဖုန်းထဲကနေ အလွယ်တစ်ကူဖြုတ်ယူသွားလို့ရတာကြောင့် Privacy ပိုင်းမှာအားနည်းတယ်လို့ပြောလို့ရပါတယ်။ 

Samsung EVO microSD Card

Internal Storage 512GB နဲ့ RAM 8GB ပါတဲ့ Galaxy Note 9 ကိုမကြာခင်တွေ့ရတော့မှာပါ။ ဒါပေမယ့် 512GB Version ကိုတော့ နိုင်ငံတိုင်းမှာ ရောင်းချပေးမှာမဟုတ်ဘူးလို့ခန့်မှန်းရပါတယ်။ သတင်းပေါက်တာတွေနဲ့ပတ်သက်လို့ လူသိများပြီး တရုတ်နိုင်ငံသားတစ်ဦးဖြစ်သူရဲ့  Ice universe ဆိုတဲ့ Twitter Account မှာ “If you are lucky, you will see 8GB RAM and 512GB ROM Galaxy Note9” လို့တင်ထားတာတွေ့ရပါတယ်။ 

Samsung အနေနဲ့တော့ တခြားကုမ္ပဏီတွေလိုမျိုး Flagship ဖုန်းအသစ်ထွက်တိုင်း Limited Edition ဒါမှမဟုတ် အခြား Version တစ်ခုခုကို ထုတ်လေ့ရှိပါတယ်။ အခုသတင်းထွက်ထားတဲ့ 512GB Note 9 ကလည်း အဲ့ဒီလိုမျိုး Edition တစ်ခုခုဖြစ်နိုင်ပါတယ်။ မကြာခင်ကလည်း တရုတ်ပြည်အတွက် Galaxy S9 အနီရောင်ကို မိတ်ဆက်ခဲ့ပါသေးတယ်။ Galaxy Note 9 ကိုတော့ ဘယ်လို Edition တွေနဲ့ ထုတ်ပြလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။ 

Galaxy Note 9 နဲ့ပတ်သက်လို့တော့ သတင်းပေါက်ကြားတာ နည်းနေပါသေးတယ်။ Under Display Fingerprint Scanner ပါလာမယ်လို့ သတင်းထွက်ထားတာရှိပေမယ့် Design ပိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရသေးတာကြောင့် အဲ့ဒီသတင်းက ဖြစ်နိုင်ချေနည်းပါသေးတယ်။ Exynos 9810 Chipset ကိုအသုံးပြုလာနိုင်ပြီး Base Model ကတော့ 6GB RAM ၊ 64GB Storage နဲ့ဖြစ်နိုင်ပါတယ်။ microSD Card လည်း ဆက်လက်အသုံးပြုနိုင်ဦးမယ်လို့ သတင်းထွက်ထားပါသေးတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။