[Zawgyi]

ကမၻာ့သမုိင္းမွာ အဆုိးရြားဆုံး အၾကမ္းဖက္မႈႀကီး (၅) ခု

အၾကမ္းဖက္မႈေတြကေတာ့ ႏုိင္ငံတုိင္းမွာ ျဖစ္ပ်က္ေနၾကတာပါပဲ။ ဗုံးခြဲမႈေတြ၊ မီးရႈိ႕မႈေတြနဲ႔ သတ္ျဖတ္မႈေတြကုိ လုပ္ကိုင္ေနတဲ့ အၾကမ္းဖက္အဖြဲ႕အစည္းေတြလည္း ရွိပါေသးတယ္။ သူတုိ႔ေတြက ‘Al-Shabaab’ ၊  ‘Al-Qaeda’ ၊ ‘Taliban’ ၊ ‘ISIS’ နဲ႔ ‘Boko Haram’ အၾကမ္းဖက္အဖြဲ႕တုိ႔ပဲျဖစ္ပါတယ္။ အခုေဖာ္ျပမွာက ကမၻာ့သမုိင္းမွာ အဆုိးရြားဆုံး အၾကမ္းဖက္မႈႀကီး (၅) ခုအေၾကာင္းပဲ ျဖစ္ပါတယ္။

(၅) ထရူဂ်ီလုိၿမိဳ႕ အစုလုိက္အျပံဳလုိက္ သတ္ျဖတ္မႈ (Massacre of Trujillo)

ဒီျဖစ္ရပ္ကေတာ့ ကုိလီယံဘီယာႏုိင္ငံ အေနာက္ေတာင္ပုိင္းမွာရွိတဲ့ ထရူဂ်ီလုိၿမိဳ႕ (Trujillo) မွာ ၁၉၈၈ ခုႏွစ္ကေန ၁၉၉၄ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တာပါ။ ႏုိင္ငံေတာင္ပုိင္းမွာ အေျခစုိက္တဲ့ ကာလီဂုိဏ္း (Cali Cartel) နဲ႔ ေဒသခံလက္နက္ကုိင္ေတြက တစ္ဖက္၊ ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္က တစ္ဖက္ ခ်ၾကတာပါ။ ၾကားထဲက ေျမစာပင္ျဖစ္တာက ျပည္သူေတြပါ။ ဂုိဏ္းသားေတြကလည္း အစုိးရဘက္ကလုိ႔ သံသယရွိတဲ့သူဆုိရင္ သတ္ပစ္တယ္၊ အစုိးရတပ္ဖြဲ႕ကလည္း ဂုိဏ္းသားလုိ႔ သံသယရွိရင္ သတ္တာပါပဲ။ ျပည္သူေပါင္း ၄ဝဝ နီးပါး ေသေၾကခဲ့ပါတယ္။ ရုိမန္ကတ္သလစ္ဘုန္းေတာ္ႀကီး တီဘာရီယုိ ဖာနန္ဒက္ဇ္ (Tiberio Fernandez) ကုိ သင္းကြပ္ၿပီး ေခါင္းျဖတ္သတ္လုိက္တာက အဆုိးဆုံးျဖစ္ရပ္ပါပဲ။

Massacre of Trujillo

Massacre of Trujillo

(၄) ရက္ဇ္ရုပ္ရွင္ရုံမီးေလာင္မႈ (Cinema Rex Fire)

ရက္ဇ္ရုပ္ရွင္ရုံ (Cinema Rex) ဆုိတာ အီရန္ႏုိင္ငံ (Iran) အေနာက္ေတာင္ပုိင္းမွာရွိတဲ့ အဘာဒန္ၿမိဳ႕ (Abadan) မွာပဲ ရွိတာပါ။ ၁၉၇၈ခုႏွစ္ ၾသဂုတ္လ (၁၉) ရက္ေန႔မွာ ပရိသတ္ေတြက ရုပ္ရွင္ၾကည့္ေနတုန္း ထြက္ေပါက္ပိတ္ၿပီး မီးရႈိ႕လုိက္တာပါ။ အျပစ္မဲ့ျပည္သူေပါင္း (၄၂၂) ေယာက္ ေသဆုံးခဲ့ၿပီး အစၥလာမစ္စစ္ေသြးၾကြအဖြဲ႕ေတြ လုပ္ၾကံၾကတယ္လုိ႔ ဆုိၾကပါတယ္။

Cinema Rex Fire

Cinema Rex Fire

(၃) အီရတ္တုိက္ခုိက္မႈမ်ား (May 2013 Iraq Attacks)

ဒီျဖစ္ရပ္က ၂ဝ၁၃ခုႏွစ္ ေမလ (၁၅) ရက္ကေန (၂၁) ရက္အထိ အီရတ္ႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ အီရတ္ႏုိင္ငံ အလယ္ပုိင္းနဲ႔ ေျမာက္ပုိင္းမွာ အေသခံဗုံးခြဲမႈေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ လူေပါင္း (၅ဝဝ) နီးပါး ေသေၾကခဲ့ၿပီး (၇ဝဝ) ေက်ာ္ ဒဏ္ရာရခဲ့တာပါ။ ေမလ (၁၅) ရက္မွာတင္ ကားဗုံးေပါက္ခဲ့တာ (၉) ႀကိမ္အထိ ရွိခဲ့ပါတယ္။ အမ်ားစုကေတာ့ အေသခံဗုံးခြဲမႈေတြေၾကာင့္ပါ။

Cinema Rex Fire

Cinema Rex Fire

(၂) ရာဇီဒီလူမ်ိဳးစု ဗုံေပါက္မႈ (Yazidi Communities Bombings)

အီရတ္ႏုိင္ငံမွာေတာ့ ရာဇီဒီလူမ်ိဳးစု (Yazidi Communities) ေတြကုိ အၾကမ္းဖက္သမားေတြက အႏုိင္က်င့္ၾကတယ္၊ မုဒိမ္းက်င့္ၾကတယ္၊ ေနာက္ဆုံး သတ္ျဖတ္တဲ့အထိပါ။ အခုျဖစ္ရပ္ကလည္း ၂ဝဝ၇ခုႏွစ္ ၾသဂုတ္လ (၁၄) ရက္ေန႔မွာ မုိဆူးလ္ၿမိဳ႕ (Mosul) အနီးမွာရွိတဲ့ ရာဇီဒီလူမ်ိဳးစုေတြ ေနထုိင္ရာ ဂ်ာဇီရာၿမိဳ႕ (Jazeera) နဲ႔ ကြက္တာနီရာၿမိဳ႕ (Qahtaniyah) ေတြမွာ အေသခံဗုံးခြဲသမား (၄) ေယာက္က ေဖာက္ခြဲခဲ့တာပါ။ လူေပါင္း (၂၉၉၆) ေယာက္အထိ ေသဆုံးၾကတယ္လုိ႔ သုံးသပ္ရပါတယ္။

Yazidi Communities Bombings

Yazidi Communities Bombings

(၁) ကမၻာ့ကုန္သြယ္ေရးစင္တာ (World Trade Center) အၾကမ္းဖက္မႈ

ကမၻာ့အဆုိးဆုံးအၾကမ္းဖက္မႈကေတာ့ ၂ဝဝ၁ခုႏွစ္ စက္တင္လာလ ၉ရက္မွာ အေမရိကန္ႏုိင္ငံရဲ႕ ကမၻာ့ကုန္သြယ္ေရးစင္တာ (World Trade Center) ကုိ တုိက္ခုိက္ခဲ့တဲ့ ‘Al-Qaeda’ အဖြဲ႕ေခါင္းေဆာင္ အုိစမာဘင္လာဒင္ (Osama bin Laden) ရဲ႕ 9/11 လုပ္ရပ္ပဲျဖစ္ပါတယ္။ အျပစ္မဲ့ျပည္သူေပါင္း ၂၉၉၇ဦး ေသဆုံးခဲ့ၿပီး လူ ၆ဝဝဝေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။ 9/11 တုိက္ခုိက္မႈဟာ အေမရိကန္ႏုိင္ငံအတြက္ အထိနာခဲ့ၿပီး အေမရိကန္ေဒၚလာ ၁ဝဘီလီယံ (သန္း၁ေသာင္း) ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

 9/11 Attack

9/11 Attack

အၾကမ္းဖက္သမားေတြဟာ အျပစ္မဲ့ျပည္သူေတြကုိ မီးရႈိ႕သတ္ၾကတယ္၊ ဗုံးခြဲသတ္ၾကတယ္၊ ေသနတ္နဲ႔ ပစ္ၾကတယ္ စသျဖင့္ပါ။ ကမၻာေပၚမွာ အၾကမ္းဖက္သမားေတြ က်ဆုံးသြားမွသာ အျပစ္မဲ့ျပည္သူေတြ အျဖစ္ဆုိးနဲ႔ မၾကံဳရမွာပါ။ အၾကမ္းဖက္ျဖစ္ရပ္ က်ရႈံးပါေစလုိ႔သာ ဆုိခ်င္ၿပီး စာဖတ္သူေတြရဲ႕အျမင္ကုိလည္း ေဝငွသြားၾကပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုကြီး (၅) ခု

အကြမ်းဖက်မှုတွေကတော့ နိုင်ငံတိုင်းမှာ ဖြစ်ပျက်နေကြတာပါပဲ။ ဗုံးခွဲမှုတွေ၊ မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေကို လုပ်ကိုင်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ သူတို့တွေက ‘Al-Shabaab’ ၊  ‘Al-Qaeda’ ၊ ‘Taliban’ ၊ ‘ISIS’ နဲ့ ‘Boko Haram’ အကြမ်းဖက်အဖွဲ့တို့ပဲဖြစ်ပါတယ်။ အခုဖော်ပြမှာက ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်မှုကြီး (၅) ခုအကြောင်းပဲ ဖြစ်ပါတယ်။

(၅) ထရူဂျီလိုမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Massacre of Trujillo)

ဒီဖြစ်ရပ်ကတော့ ကိုလီယံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ထရူဂျီလိုမြို့ (Trujillo) မှာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာပါ။ နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ ကာလီဂိုဏ်း (Cali Cartel) နဲ့ ဒေသခံလက်နက်ကိုင်တွေက တစ်ဖက်၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က တစ်ဖက် ချကြတာပါ။ ကြားထဲက မြေစာပင်ဖြစ်တာက ပြည်သူတွေပါ။ ဂိုဏ်းသားတွေကလည်း အစိုးရဘက်ကလို့ သံသယရှိတဲ့သူဆိုရင် သတ်ပစ်တယ်၊ အစိုးရတပ်ဖွဲ့ကလည်း ဂိုဏ်းသားလို့ သံသယရှိရင် သတ်တာပါပဲ။ ပြည်သူပေါင်း ၄ဝဝ နီးပါး သေကြေခဲ့ပါတယ်။ ရိုမန်ကတ်သလစ်ဘုန်းတော်ကြီး တီဘာရီယို ဖာနန်ဒက်ဇ် (Tiberio Fernandez) ကို သင်းကွပ်ပြီး ခေါင်းဖြတ်သတ်လိုက်တာက အဆိုးဆုံးဖြစ်ရပ်ပါပဲ။

Massacre of Trujillo

Massacre of Trujillo

(၄) ရက်ဇ်ရုပ်ရှင်ရုံမီးလောင်မှု (Cinema Rex Fire)

ရက်ဇ်ရုပ်ရှင်ရုံ (Cinema Rex) ဆိုတာ အီရန်နိုင်ငံ (Iran) အနောက်တောင်ပိုင်းမှာရှိတဲ့ အဘာဒန်မြို့ (Abadan) မှာပဲ ရှိတာပါ။ ၁၉၇၈ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့မှာ ပရိသတ်တွေက ရုပ်ရှင်ကြည့်နေတုန်း ထွက်ပေါက်ပိတ်ပြီး မီးရှို့လိုက်တာပါ။ အပြစ်မဲ့ပြည်သူပေါင်း (၄၂၂) ယောက် သေဆုံးခဲ့ပြီး အစ္စလာမစ်စစ်သွေးကြွအဖွဲ့တွေ လုပ်ကြံကြတယ်လို့ ဆိုကြပါတယ်။

Cinema Rex Fire

Cinema Rex Fire

(၃) အီရတ်တိုက်ခိုက်မှုများ (May 2013 Iraq Attacks)

ဒီဖြစ်ရပ်က ၂ဝ၁၃ခုနှစ် မေလ (၁၅) ရက်ကနေ (၂၁) ရက်အထိ အီရတ်နိုင်ငံမှာ ဖြစ်ခဲ့တာပါ။ အီရတ်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာ အသေခံဗုံးခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူပေါင်း (၅ဝဝ) နီးပါး သေကြေခဲ့ပြီး (၇ဝဝ) ကျော် ဒဏ်ရာရခဲ့တာပါ။ မေလ (၁၅) ရက်မှာတင် ကားဗုံးပေါက်ခဲ့တာ (၉) ကြိမ်အထိ ရှိခဲ့ပါတယ်။ အများစုကတော့ အသေခံဗုံးခွဲမှုတွေကြောင့်ပါ။

Cinema Rex Fire

Cinema Rex Fire

(၂) ရာဇီဒီလူမျိုးစု ဗုံပေါက်မှု (Yazidi Communities Bombings)

အီရတ်နိုင်ငံမှာတော့ ရာဇီဒီလူမျိုးစု (Yazidi Communities) တွေကို အကြမ်းဖက်သမားတွေက အနိုင်ကျင့်ကြတယ်၊ မုဒိမ်းကျင့်ကြတယ်၊ နောက်ဆုံး သတ်ဖြတ်တဲ့အထိပါ။ အခုဖြစ်ရပ်ကလည်း ၂ဝဝ၇ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့မှာ မိုဆူးလ်မြို့ (Mosul) အနီးမှာရှိတဲ့ ရာဇီဒီလူမျိုးစုတွေ နေထိုင်ရာ ဂျာဇီရာမြို့ (Jazeera) နဲ့ ကွက်တာနီရာမြို့ (Qahtaniyah) တွေမှာ အသေခံဗုံးခွဲသမား (၄) ယောက်က ဖောက်ခွဲခဲ့တာပါ။ လူပေါင်း (၂၉၉၆) ယောက်အထိ သေဆုံးကြတယ်လို့ သုံးသပ်ရပါတယ်။

Yazidi Communities Bombings

Yazidi Communities Bombings

(၁) ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) အကြမ်းဖက်မှု

ကမ္ဘာ့အဆိုးဆုံးအကြမ်းဖက်မှုကတော့ ၂ဝဝ၁ခုနှစ် စက်တင်လာလ ၉ရက်မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) ကို တိုက်ခိုက်ခဲ့တဲ့ ‘Al-Qaeda’ အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ရဲ့ 9/11 လုပ်ရပ်ပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူပေါင်း ၂၉၉၇ဦး သေဆုံးခဲ့ပြီး လူ ၆ဝဝဝကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံအတွက် အထိနာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဝဘီလီယံ (သန်း၁သောင်း) ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

 9/11 Attack

9/11 Attack

အကြမ်းဖက်သမားတွေဟာ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ကြတယ်၊ ဗုံးခွဲသတ်ကြတယ်၊ သေနတ်နဲ့ ပစ်ကြတယ် စသဖြင့်ပါ။ ကမ္ဘာပေါ်မှာ အကြမ်းဖက်သမားတွေ ကျဆုံးသွားမှသာ အပြစ်မဲ့ပြည်သူတွေ အဖြစ်ဆိုးနဲ့ မကြုံရမှာပါ။ အကြမ်းဖက်ဖြစ်ရပ် ကျရှုံးပါစေလို့သာ ဆိုချင်ပြီး စာဖတ်သူတွေရဲ့အမြင်ကိုလည်း ဝေငှသွားကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။