နည်းပြဘ၀တစ်လျှောက်မှာ မော်ရင်ဟို Mourinho လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့အများစုဟာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟို မှာလည်း အမှားမရှိခဲ့တာတော့ မဟုတ်ပါဘူး။ မှားယွင်းခဲ့တဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့တွေကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၅) ဖယ်လ်ကာအို Falcao

Falcao

Falcao

မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ဖယ်လ်ကာအို Falcao ကို မော်ရင်ဟို ဟာ ချယ်လ်ဆီးအသင်းအတွက် အငှားနဲ့ခေါ်ယူခဲ့ပါတယ်။ မန်ယူအသင်းမှာ ရုန်းကန်ခဲ့ရသလို ဖယ်လ်ကာအို ဟာ ချယ်လ်ဆီးအသင်းမှာလည်း ရုန်းကန်ခဲ့ရပြီး (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

(၄) နူရီဆာဟင် Nuri Sahin

Nuri-Sahin

Nuri-Sahin

ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ နူရီဆာဟင် Nuri Sahin ကိုလည်း မော်ရင်ဟို ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်တုန်းကခေါ်ယူခဲ့ပါတယ်။ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနိုင်သလောက် ရီးယဲလ်မက်ဒရစ်အသင်းမှာတော့ နူရီဆာဟင်အတွက် အရာရာဟာ ခက်ခဲခဲ့ပါတယ်။

(၃) ကွန်ထရာအို Coentrao

Coentrao

Coentrao

ပေါ်တူဂီရဲ့ အကောင်းဆုံးဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ကွန်ထရာအို Coentrao ကို မော်ရင်ဟို ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။ ကွန်ထရာအို ဟာ ခြေစွမ်းပိုင်းကောင်းမွန်ပြီး ကစားခွင့်ရတဲ့ ပွဲတွေမှာ ကြိုးစားကစားပေမယ့် မာဆယ်လို Marcelo ရဲ့နောက် အရန်ခုံမှာသာ အချိန်တွေကုန်ဆုံးခဲ့ရပါတယ်။

(၂) ကွာရက်စ်မာ Quaresma

Quaresma

Quaresma

ပေါ်တိုအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ ကွာရက်စ်မာ Quaresma ကို မော်ရင်ဟို ဟာ အင်တာမီလန်အသင်းဆီကို ခေါ်ယူခဲ့ပါတယ်။ ပေါ်တူဂီမြေမှာတောက်ပခဲ့သလောက် အီတလီမြေမှာတော့ ကွာရက်စ်မာ ဟာ မှေးမှိန်ခဲ့ပါတယ်။ အင်တာမီလန်အသင်းမှာ ကွာရက်စ်မာ Quaresma ဟာ (၂)ရာသီကြာကစားခဲ့ပေမယ့် (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

(၁) ရှက်ဗ်ချင်ကို Shevchenko

Shevchenko

Shevchenko

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အေစီမီလန်အသင်းရဲ့ ဂန္ထ၀င်တိုက်စစ်မှူး ရှက်ဗ်ချင်ကို Shevchenko ကို မော်ရင်ဟို ဟာ ၂၀၀၆ ခုနှစ်က ချယ်လ်ဆီးအသင်းအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပါတယ်။ ရှက်ဗ်ချင်ကို ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ဟာ အရန်ခုံမှာသာ အချိန်ကုန်ခဲ့ပြီး ရှက်ဗ်ချင်ကို ဟာ မော်ရင်ဟို ရဲ့ နည်းစနစ်တွေနဲ့ အံဝင်ဖို့အတွက် တော်တော်ကို ခက်ခဲခဲ့ပါတယ်။

Ref: Sportskeeda
Photo: ChelseaNews24 , Managing Madrid , AS English – Diario AS , Veejay , The National , The Independent
Ko Kyue(Akhayar)
www.akhayar.com