[Zawgyi]

ကမၻာ့အရွည္ဆုံးရထားလမ္းေၾကာင္း (၅) ခု

မင္းသားႀကီး ဂ်က္ကီခ်န္း (Jackie Chan) ရဲ႕ ‘Around the World in 80 Days (2004)’ ထဲမွာေတာ့ သိပၸံပညာရွင္ႀကီးနဲ႔ လက္စြဲေတာ္ႏွစ္ေယာက္တုိ႔ဟာ ရက္ (၈ဝ) တည္းနဲ႕ ကမၻာပတ္ခဲ့ၾကပါတယ္။ အခက္အခဲအမ်ိဳးမ်ိဳးၾကားကေန ခရီးဆက္ရင္း ရထားစီးတဲ့အခန္းေတြလည္း ပါခဲ့ပါတယ္။ ၁၉ရာစုအစပုိင္းတုန္းက ေမာ္ေတာ္ကားေတြ မေပၚေသးတာေၾကာင့္ ခရီးသြားတဲ့အခါမွာ မီးရထားကုိပဲ အားကုိးၾကရပါတယ္။ အခုေဖာ္ျပမွာေတာ့ ကမၻာ့အရွည္ဆုံးရထားလမ္းေၾကာင္း (၅) ခုအေၾကာင္းပဲျဖစ္ပါတယ္။

မီးရထား

မီးရထား

(၅) Indian Pacific လမ္းေၾကာင္း

ပစိဖိတ္သမုဒၵရာ (Pacific Ocean) ေပၚမွာရွိတဲ့ ဆစ္ဒနီၿမိဳ႕ (Sydney) ကေန အိႏၵိယသမုဒၵရာ (Indian Ocean) ေပၚမွာရွိတဲ့ ပါ့သ္ၿမိဳ႕ (Perth) ကုိ ဆက္သြယ္ထားတဲ့ လမ္းေၾကာင္းဟာ ၂၇ဝ,၄ မုိင္အထိ ရွည္ပါတယ္။ ၾသစေတးလ်ႏုိင္ငံရဲ႕အလွအပေတြကုိ ခံစားရင္း ၆၅နာရီ (၃ညအိပ္၊ ၄ရက္ခရီး) ၾကာျမင့္မွာျဖစ္ပါတယ္။ လက္မွတ္ေစ်းႏႈန္းေတြကေတာ့ ၄၈ဝေပါင္ကေန ေပါင္၂ဝဝဝအထိ က်သင့္မွာပါ။ ၂၉၇ မုိင္အထိ တစ္ေျဖာင့္တည္းခရီးကုိ ျဖတ္သန္းရတဲ့အတြက္ ကမၻာ့တစ္ေျဖာင့္တည္းအရွည္ဆုံးရထားလမ္းျဖစ္ပါတယ္။

Indian Pacific လမ္းေၾကာင္း

Indian Pacific လမ္းေၾကာင္း

(၄) California Zephyr လမ္းေၾကာင္း

ခ်ီကာဂုိၿမိဳ႕ (Chicago) ကေန ဆန္ဖရန္စစၥကုိေဒသ (San Francisco Bay Area) ကုိ ေမာင္းႏွင္တဲ့ ရထားသံလမ္းဟာ ၂,၄၃၈ မုိင္အထိ ရွည္လ်ားပါတယ္။ ဒီလမ္းပုိင္းကုိ Amtrak ကုမၸဏီက ေျပးဆြဲတာျဖစ္ၿပီး ၅၂ နာရီအထိ ၾကာျမင့္မွာပါ။ ထိုင္ခုံ (သုိ႔) အခန္းအမ်ိဳးအစားအလုိက္ ေပါင္ ၁ဝဝ မွ ၆၅ဝအထိ က်သင့္မွာျဖစ္ပါတယ္။ ျမစ္ေခ်ာင္းေတြ၊ ေတာင္တန္းေတြကုိ ျဖတ္ေက်ာ္ၿပီး စီးရင္ေတာ့ ဒီလမ္းပုိင္းက အေကာင္းဆုံးျဖစ္မွာပါ။

California Zephyr လမ္းေၾကာင္း

California Zephyr လမ္းေၾကာင္း

(၃) Shanghai to Lhasa လမ္းေၾကာင္း

တရုတ္ႏုိင္ငံရဲ႕ စီးပြားေရးၿမိဳ႕ေတာ္ ရွန္ဟုိင္းၿမိဳ႕ (Shanghai) ကေန တိဘတ္ရဲ႕ကုိယ္ပုိင္အုပ္ခ်ုဳပ္ခြင့္ရ လာဆာၿမိဳ႕ (Lhasa) ဆီကုိသြားတဲ့ ရထားလမ္းဟာ ၂,၇၁၇ မုိင္အထိ ရွည္ပါတယ္။ တရုတ္ႏုိင္ငံ အလယ္ပုိင္းကေန ခ်ီယန္ၿမိဳ႕ (Xian) ကုိျဖတ္ၿပီး တိဘတ္ကုန္းျမင့္ေဒသကုိ ဦးတည္တာျဖစ္ပါတယ္။ ၄၇နာရီနဲ႔ မိနစ္ ၄ဝ ၾကာျမင့္မွာျဖစ္ၿပီး ပုံမွန္ထိုိင္ခုံေတြအတြက္ ေပါင္ ၄ဝ က်သင့္မွာျဖစ္ၿပီး အိပ္စင္ပါတဲ့အခန္းေတြမွာေတာ့ ၁၃၂ ေပါင္ က်သင့္မွာပါ။

Shanghai to Lhasa လမ္းေၾကာင္း

Shanghai to Lhasa လမ္းေၾကာင္း

(၂) The Canadian လမ္းေၾကာင္း

ကေနဒါႏုိင္ငံရဲ႕ တုိရြန္တုိၿမိဳ႕ (Toronto) ကေန ဗန္ကူးဗားၿမိဳ႕ (Vancouver) ကုိ ဆက္သြယ္ထားတဲ့ The Canadian ရထားလမ္းဟာ ၂,၇၇၅ မုိင္အထိ ရွည္ပါတယ္။ ရထားေပၚမွာ ဝုိင္ဖုိင္မပါတဲ့အတြက္ ကေနဒါႏုိင္ငံရဲ႕အလွအပေတြ၊ ရႈေမ်ွာ္ခင္းေတြကုိပဲ ရႈစားရမွာပါ။ ခရီးစဥ္က ၇၂နာရီ (၃ရက္) ၾကာျမင့္မွာျဖစ္ၿပီး လမ္းေဘးမွာ ေတာရုိင္းတိရစာၦန္ေတြကုိ ရႈစားရမွာပါ။

The Canadian လမ္းေၾကာင္း

The Canadian လမ္းေၾကာင္း

(၁) Trans-Siberian လမ္းေၾကာင္း

ေမာ္စကုိၿမိဳ႕ (Moscow) ကေန ဗလာဒီဗို႔စ္ေတာ့ခ္ၿမိဳ႕ (Vladivostok) ကုိသြားတဲ့ Trans-Siberian လမ္းေၾကာင္း ဟာ ကမၻာေပၚမွာ အရွည္ဆုံးရထားလမ္းေၾကာင္းပဲျဖစ္ပါတယ္။ ေမာ္စကုိၿမိဳ႕ကေန ကိေရာ့ၿမိဳ႕ (Kirov) ၊ ခ်ီတာၿမိဳ႕ (Chita) ေတြကုိ ျဖတ္ေက်ာ္ရပါတယ္။

Trans-Siberian လမ္းေၾကာင္း

Trans-Siberian လမ္းေၾကာင္း

၅,၇၅၃ မုိင္ ရွည္လ်ားၿပီး ၆ရက္ၾကာျမင့္မွာျဖစ္ပါတယ္။ အနည္းဆုံးေပါင္ ၅ဝဝကေန ၁ဝ,ဝဝဝအထိ က်သင့္မွာျဖစ္ပါတယ္။ တကယ္လုိ႔ ရထားနဲ႔ ခရီးသြားမယ္ဆုိရင္ ဘယ္လမ္းေၾကာင္းနဲ႔ သြားခ်င္တာလဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာ့အရှည်ဆုံးရထားလမ်းကြောင်း (၅) ခု

မင်းသားကြီး ဂျက်ကီချန်း (Jackie Chan) ရဲ့ ‘Around the World in 80 Days (2004)’ ထဲမှာတော့ သိပ္ပံပညာရှင်ကြီးနဲ့ လက်စွဲတော်နှစ်ယောက်တို့ဟာ ရက် (၈ဝ) တည်းနဲ့ ကမ္ဘာပတ်ခဲ့ကြပါတယ်။ အခက်အခဲအမျိုးမျိုးကြားကနေ ခရီးဆက်ရင်း ရထားစီးတဲ့အခန်းတွေလည်း ပါခဲ့ပါတယ်။ ၁၉ရာစုအစပိုင်းတုန်းက မော်တော်ကားတွေ မပေါ်သေးတာကြောင့် ခရီးသွားတဲ့အခါမှာ မီးရထားကိုပဲ အားကိုးကြရပါတယ်။ အခုဖော်ပြမှာတော့ ကမ္ဘာ့အရှည်ဆုံးရထားလမ်းကြောင်း (၅) ခုအကြောင်းပဲဖြစ်ပါတယ်။

မီးရထား

မီးရထား

(၅) Indian Pacific လမ်းကြောင်း

ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean) ပေါ်မှာရှိတဲ့ ဆစ်ဒနီမြို့ (Sydney) ကနေ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ပေါ်မှာရှိတဲ့ ပါ့သ်မြို့ (Perth) ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းဟာ ၂၇ဝ,၄ မိုင်အထိ ရှည်ပါတယ်။ သြစတေးလျနိုင်ငံရဲ့အလှအပတွေကို ခံစားရင်း ၆၅နာရီ (၃ညအိပ်၊ ၄ရက်ခရီး) ကြာမြင့်မှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ ၄၈ဝပေါင်ကနေ ပေါင်၂ဝဝဝအထိ ကျသင့်မှာပါ။ ၂၉၇ မိုင်အထိ တစ်ဖြောင့်တည်းခရီးကို ဖြတ်သန်းရတဲ့အတွက် ကမ္ဘာ့တစ်ဖြောင့်တည်းအရှည်ဆုံးရထားလမ်းဖြစ်ပါတယ်။

Indian Pacific လမ်းကြောင်း

Indian Pacific လမ်းကြောင်း

(၄) California Zephyr လမ်းကြောင်း

ချီကာဂိုမြို့ (Chicago) ကနေ ဆန်ဖရန်စစ္စကိုဒေသ (San Francisco Bay Area) ကို မောင်းနှင်တဲ့ ရထားသံလမ်းဟာ ၂,၄၃၈ မိုင်အထိ ရှည်လျားပါတယ်။ ဒီလမ်းပိုင်းကို Amtrak ကုမ္ပဏီက ပြေးဆွဲတာဖြစ်ပြီး ၅၂ နာရီအထိ ကြာမြင့်မှာပါ။ ထိုင်ခုံ (သို့) အခန်းအမျိုးအစားအလိုက် ပေါင် ၁ဝဝ မှ ၆၅ဝအထိ ကျသင့်မှာဖြစ်ပါတယ်။ မြစ်ချောင်းတွေ၊ တောင်တန်းတွေကို ဖြတ်ကျော်ပြီး စီးရင်တော့ ဒီလမ်းပိုင်းက အကောင်းဆုံးဖြစ်မှာပါ။

California Zephyr လမ်းကြောင်း

California Zephyr လမ်းကြောင်း

(၃) Shanghai to Lhasa လမ်းကြောင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့ (Shanghai) ကနေ တိဘတ်ရဲ့ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရ လာဆာမြို့ (Lhasa) ဆီကိုသွားတဲ့ ရထားလမ်းဟာ ၂,၇၁၇ မိုင်အထိ ရှည်ပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းကနေ ချီယန်မြို့ (Xian) ကိုဖြတ်ပြီး တိဘတ်ကုန်းမြင့်ဒေသကို ဦးတည်တာဖြစ်ပါတယ်။ ၄၇နာရီနဲ့ မိနစ် ၄ဝ ကြာမြင့်မှာဖြစ်ပြီး ပုံမှန်ထိုင်ခုံတွေအတွက် ပေါင် ၄ဝ ကျသင့်မှာဖြစ်ပြီး အိပ်စင်ပါတဲ့အခန်းတွေမှာတော့ ၁၃၂ ပေါင် ကျသင့်မှာပါ။

Shanghai to Lhasa လမ်းကြောင်း

Shanghai to Lhasa လမ်းကြောင်း

(၂) The Canadian လမ်းကြောင်း

ကနေဒါနိုင်ငံရဲ့ တိုရွန်တိုမြို့ (Toronto) ကနေ ဗန်ကူးဗားမြို့ (Vancouver) ကို ဆက်သွယ်ထားတဲ့ The Canadian ရထားလမ်းဟာ ၂,၇၇၅ မိုင်အထိ ရှည်ပါတယ်။ ရထားပေါ်မှာ ဝိုင်ဖိုင်မပါတဲ့အတွက် ကနေဒါနိုင်ငံရဲ့အလှအပတွေ၊ ရှုမျှော်ခင်းတွေကိုပဲ ရှုစားရမှာပါ။ ခရီးစဉ်က ၇၂နာရီ (၃ရက်) ကြာမြင့်မှာဖြစ်ပြီး လမ်းဘေးမှာ တောရိုင်းတိရစ္ဆာန်တွေကို ရှုစားရမှာပါ။

The Canadian လမ်းကြောင်း

The Canadian လမ်းကြောင်း

(၁) Trans-Siberian လမ်းကြောင်း

မော်စကိုမြို့ (Moscow) ကနေ ဗလာဒီဗို့စ်တော့ခ်မြို့ (Vladivostok) ကိုသွားတဲ့ Trans-Siberian လမ်းကြောင်း ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးရထားလမ်းကြောင်းပဲဖြစ်ပါတယ်။ မော်စကိုမြို့ကနေ ကိရော့မြို့ (Kirov) ၊ ချီတာမြို့ (Chita) တွေကို ဖြတ်ကျော်ရပါတယ်။

Trans-Siberian လမ်းကြောင်း

Trans-Siberian လမ်းကြောင်း

၅,၇၅၃ မိုင် ရှည်လျားပြီး ၆ရက်ကြာမြင့်မှာဖြစ်ပါတယ်။ အနည်းဆုံးပေါင် ၅ဝဝကနေ ၁ဝ,ဝဝဝအထိ ကျသင့်မှာဖြစ်ပါတယ်။ တကယ်လို့ ရထားနဲ့ ခရီးသွားမယ်ဆိုရင် ဘယ်လမ်းကြောင်းနဲ့ သွားချင်တာလဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။