[Zawgyi]

ေဘာလုံးေလာကမွာ ဘဲြ႕ရပညာတတ္ နာမည္ႀကီးကစားသမားမ်ား

ပညာေရးဆုိတာက လူတစ္ေယာက္ရဲ႕ ဘ၀ျဖတ္သန္းရာမွာ အေရးပါဆုံး ေဒါက္တိုင္ျဖစ္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ တခ်ိဳ႕ေသာ ဘ၀ေတြမွာေတာ့ ပညာေရးထက္ ပုိဦးစားေပးေရြးခ်ယ္ရတဲ့ အေျခအေနေတြလည္း အမ်ားႀကီးပါ။ အဲဒီဘ၀ေတြထဲမွာ ေဘာလုံးသမားေတြလည္း ပါ၀င္ပါတယ္။ ေဘာလုံးနဲ႔ဖက္ၿပီး ရွင္သန္လာခဲ့ရတဲ့ ေဘာလုံးသမားေတြအတြက္ ပညာေရးခရီးလမ္းကုိ အဆုံးထိေလွ်ာက္ဖုိ႔ဆုိတာက မျဖစ္ႏုိင္သေလာက္ပါပဲ။ ဘယ္ကလပ္က နည္းျပျဖစ္ျဖစ္၊ အသင္းပုိင္ရွင္ေတြပဲျဖစ္ျဖစ္ ကစားသမားေခၚရင္ ပညာတတ္ဘဲြ႕ရလားလုိ႔ ေမးၿပီး ေခၚတာ မရွိပါဘူး။ ဒါေပမဲ့ ေဘာလုံးသမားတုိင္း ပညာမဲ့ေတြေတာ့ မဟုတ္ပါဘူး။ ရွားရွားပါးပါး ဘဲြ႕ရပညာတတ္ ေဘာလုံးသမားေတြရွိေနပါေသးတယ္။ သူတို႔ေတြရဲ႕ အေၾကာင္းကုိ Akhayar Sports ပရိသတ္ေတြ ဗဟုသုတရေစဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္ . . .

အာရွာဗင္ Arshavin

Arshavin

Arshavin

ကာဇက္စတန္ကလပ္ FC Kairat အသင္းမွာ လက္ရွိကစားေနတဲ့ အာဆင္နယ္ နာမည္ေက်ာ္ကစားသမားေဟာင္း အာရွာဗင္ဟာ ႐ုရွားကစားသမားေတြထဲမွာ ထူးထူးျခားျခား ဘဲြ႕ရပညာတတ္ ေဘာလုံးသမားတစ္ဦးပါ။ သူ ယူထားတဲ့ဘဲြ႕က ၾကမ္းၾကမ္းတမ္းတမ္း ကစားရတဲ့ ေဘာလုံးအားကစားနဲ႔ တျခားစီပါပဲ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အာရွာဗင္ဟာ ဖက္ရွင္ဒီဇုိင္း ဘာသာကုိ Master ဘဲြ႕အထိ ရယူခဲ့သူျဖစ္ပါတယ္။ ေဘာလုံးသမားျဖစ္လုိ႔ အာရွာဗင္ရဲ႕ ဒီဇုိင္းေတြက ေပါက္ကရျဖစ္မယ္လုိ႔ မထင္လုိက္ပါနဲ႔။ သူဟာ ႐ုရွားႏုိင္ငံရဲ႕ နာမည္ႀကီး ဖက္ရွင္ဒီဇုိင္နာေတြထဲက တစ္ဦးအျဖစ္ ရပ္တည္ေနသူပါ။

ခ်ီလီနီ Chiellini

Chiellini

Chiellini

ဂ်ဴဗင္တပ္စ္နဲ႔ အီတလီ ၀ါရင့္ေနာက္ခံလူႀကီး ခ်ီလီနီဟာ ကြင္းထဲမွာ ေျခစြမ္းျပကစားေနသလုိ ကြင္းျပပမွာလည္း ဘဲြ႕ရပညာတတ္ ဘ၀ကုိ ပုိင္ဆုိင္ထားသူျဖစ္ပါတယ္။ သူတက္ခဲ့တဲ့ တကၠသုိလ္က ေပါ့ေသးေသးေတာ့ မဟုတ္ပါဘူး။ အီတလီမွာ နာမည္ႀကီးတကၠသုိလ္ျဖစ္တ့ဲ Laurea တကၠသုိလ္က စီးပြားေရးနဲ႔ ကုန္သြယ္မႈ ဘာသာနဲ႔ ၂၀၁၀ တုန္းက ဘဲြ႕ရခဲ့သလုိ ေဘာလုံးကစားရင္း ၂၀၁၇ ဇူလုိင္လမွာ Master ဘဲြ႕အထိ ရယူခဲ့သူျဖစ္ပါတယ္။

မာတာ Mata

Mata

Mata

မန္ယူအသင္း ကြင္းလယ္လူ မာတာကလည္း ေခသူတစ္ဦးေတာ့ မဟုတ္ပါဘူး။ ကြင္းတြင္းမွာ ေအာင္ျမင္မႈ အမ်ားႀကီး ရယူခဲ့သလုိ လူမႈဘ၀မွာလည္း အထင္ကရ ဘြဲ႕တစ္ခု ရယူႏုိင္ခဲ့တယ္။ မာတာဟာ မက္ဒရစ္ၿမိဳ႕မွာရွိတဲ့ Camilo Jose Cela တကၠသုိလ္က Sports Science and Finance ဘဲြ႕ ရရွိခဲ့သူျဖစ္ပါတယ္။

ဗန္ဒါဆား Van der Sar

Edwin-van-der-Sar

Edwin-van-der-Sar

ခ်န္ပီယံလိဂ္အပါအ၀င္ ကစားသမားဘ၀မွာ ဆုဖလား(၂၇)ခုအထိ ရယူခဲ့တဲ့ နယ္သာလန္နဲ႔ မန္ယူ ဂႏၳ၀င္ဂုိးသမားႀကီး ဗန္ဒါဆားကလည္း ဘြဲ႕ရပညာတတ္တစ္ဦးပါ။ International Sports Management ဘာသာရပ္မွာ Master ဘဲြ႕ရထားတဲ့ ဗန္ဒါဆားဟာ အခု ေအဂ်က္စ္အသင္းမွာလည္း မန္ေနဂ်င္းဒါ႐ုိက္တာအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

လမ္းပတ္ Lampard

Lampard

Lampard

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္ကစားသမားႀကီး လမ္းပတ္ဟာ သူ႔ေခတ္အခါတုနး္က ကမၻာ႔အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ဦးျဖစ္ပါတယ္။ လမ္းပတ္ဟာ ေဘာလုံးကစားတဲ့ေနရာမွာ ထူးခၽြန္သလုိ ပညာေရးဘက္မွာလည္း ထက္ျမက္တဲ့သူပါ။ သူက လက္တင္ဘာသာနဲ႔ပတ္သက္တဲ့ Subject မွာ A အဆင့္နဲ႔ ဘဲြ႕ရယူထားသူျဖစ္ပါတယ္။

REF:.sportskeeda
Photo:The Independent,YouTube,Juventus,Tops Wallpaper HD,Mirror,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ ဘွဲ့ရပညာတတ် နာမည်ကြီးကစားသမားများ

ပညာရေးဆိုတာက လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းရာမှာ အရေးပါဆုံး ဒေါက်တိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ တချို့သော ဘဝတွေမှာတော့ ပညာရေးထက် ပိုဦးစားပေးရွေးချယ်ရတဲ့ အခြေအနေတွေလည်း အများကြီးပါ။ အဲဒီဘဝတွေထဲမှာ ဘောလုံးသမားတွေလည်း ပါဝင်ပါတယ်။ ဘောလုံးနဲ့ဖက်ပြီး ရှင်သန်လာခဲ့ရတဲ့ ဘောလုံးသမားတွေအတွက် ပညာရေးခရီးလမ်းကို အဆုံးထိလျှောက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။ ဘယ်ကလပ်က နည်းပြဖြစ်ဖြစ်၊ အသင်းပိုင်ရှင်တွေပဲဖြစ်ဖြစ် ကစားသမားခေါ်ရင် ပညာတတ်ဘွဲ့ရလားလို့ မေးပြီး ခေါ်တာ မရှိပါဘူး။ ဒါပေမဲ့ ဘောလုံးသမားတိုင်း ပညာမဲ့တွေတော့ မဟုတ်ပါဘူး။ ရှားရှားပါးပါး ဘွဲ့ရပညာတတ် ဘောလုံးသမားတွေရှိနေပါသေးတယ်။ သူတို့တွေရဲ့ အကြောင်းကို Akhayar Sports ပရိသတ်တွေ ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ် . . .

အာရှာဗင် Arshavin

Arshavin

Arshavin

ကာဇက်စတန်ကလပ် FC Kairat အသင်းမှာ လက်ရှိကစားနေတဲ့ အာဆင်နယ် နာမည်ကျော်ကစားသမားဟောင်း အာရှာဗင်ဟာ ရုရှားကစားသမားတွေထဲမှာ ထူးထူးခြားခြား ဘွဲ့ရပညာတတ် ဘောလုံးသမားတစ်ဦးပါ။ သူ ယူထားတဲ့ဘွဲ့က ကြမ်းကြမ်းတမ်းတမ်း ကစားရတဲ့ ဘောလုံးအားကစားနဲ့ တခြားစီပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာရှာဗင်ဟာ ဖက်ရှင်ဒီဇိုင်း ဘာသာကို Master ဘွဲ့အထိ ရယူခဲ့သူဖြစ်ပါတယ်။ ဘောလုံးသမားဖြစ်လို့ အာရှာဗင်ရဲ့ ဒီဇိုင်းတွေက ပေါက်ကရဖြစ်မယ်လို့ မထင်လိုက်ပါနဲ့။ သူဟာ ရုရှားနိုင်ငံရဲ့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေသူပါ။

ချီလီနီ Chiellini

Chiellini

Chiellini

ဂျူဗင်တပ်စ်နဲ့ အီတလီ ဝါရင့်နောက်ခံလူကြီး ချီလီနီဟာ ကွင်းထဲမှာ ခြေစွမ်းပြကစားနေသလို ကွင်းပြပမှာလည်း ဘွဲ့ရပညာတတ် ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူတက်ခဲ့တဲ့ တက္ကသိုလ်က ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အီတလီမှာ နာမည်ကြီးတက္ကသိုလ်ဖြစ်တဲ့ Laurea တက္ကသိုလ်က စီးပွားရေးနဲ့ ကုန်သွယ်မှု ဘာသာနဲ့ ၂၀၁၀ တုန်းက ဘွဲ့ရခဲ့သလို ဘောလုံးကစားရင်း ၂၀၁၇ ဇူလိုင်လမှာ Master ဘွဲ့အထိ ရယူခဲ့သူဖြစ်ပါတယ်။

မာတာ Mata

Mata

Mata

မန်ယူအသင်း ကွင်းလယ်လူ မာတာကလည်း ခေသူတစ်ဦးတော့ မဟုတ်ပါဘူး။ ကွင်းတွင်းမှာ အောင်မြင်မှု အများကြီး ရယူခဲ့သလို လူမှုဘဝမှာလည်း အထင်ကရ ဘွဲ့တစ်ခု ရယူနိုင်ခဲ့တယ်။ မာတာဟာ မက်ဒရစ်မြို့မှာရှိတဲ့ Camilo Jose Cela တက္ကသိုလ်က Sports Science and Finance ဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ဗန်ဒါဆား Van der Sar

Edwin-van-der-Sar

Edwin-van-der-Sar

ချန်ပီယံလိဂ်အပါအဝင် ကစားသမားဘဝမှာ ဆုဖလား(၂၇)ခုအထိ ရယူခဲ့တဲ့ နယ်သာလန်နဲ့ မန်ယူ ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါဆားကလည်း ဘွဲ့ရပညာတတ်တစ်ဦးပါ။ International Sports Management ဘာသာရပ်မှာ Master ဘွဲ့ရထားတဲ့ ဗန်ဒါဆားဟာ အခု အေဂျက်စ်အသင်းမှာလည်း မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

လမ်းပတ် Lampard

Lampard

Lampard

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး လမ်းပတ်ဟာ သူ့ခေတ်အခါတုန်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပါတယ်။ လမ်းပတ်ဟာ ဘောလုံးကစားတဲ့နေရာမှာ ထူးချွန်သလို ပညာရေးဘက်မှာလည်း ထက်မြက်တဲ့သူပါ။ သူက လက်တင်ဘာသာနဲ့ပတ်သက်တဲ့ Subject မှာ A အဆင့်နဲ့ ဘွဲ့ရယူထားသူဖြစ်ပါတယ်။

REF:.sportskeeda
Photo:The Independent,YouTube,Juventus,Tops Wallpaper HD,Mirror,
Naing Linn(Akhayar)
www.akhayar.com