[Zawgyi]
PUBG Gameplay
Squad Gameplay
Popular PUBG Mobile
1. P18C
P18C
2. P92
P92
3. Sawed-off
4. S686
S686
5. S12K
SK12
2B (Akhayar)
www.akhayar.com
[Unicode]
PUBG ကစားရင် ယောင်လို့တောင် မကောက်သင့်တဲ့ လက်နက် 5 မျိုး
အခုချိန် မိုဘိုင်းဂိမ်းထဲကစားလို့ အကောင်းဆုံး Shooting Game ကတော့ PUBG ပါ၊ Tecent ကျေးဇူးကြောင့် မိုဘိုင်းဂိမ်မာတွေ ကျေနပ်ခွင့်ရသလို Skill ကျွမ်းရင်ကျွမ်းသလို Chicken Dinner စားရမယ်၊ ဒါပေမယ့်လို့ ကစားတတ်ခါစ ဂိမ်မာအတွက်တော့ ထင်သလောက် မလွယ်ကူသလို အခါခွင့်မသင့်ရင် လက်နက်အစုတ်တွေနဲ့ ကြုံရတတ်ပါသေးတယ်။
PUBG Gameplay
ဆိုလိုတာ Game ရဲ့ Early Phase ကိုပြောချင်တာပါ။ လက်နက်ရဖို့ နေရာကောင်းရွေးဆင်းတယ်ဆိုမယ့် Rookie အများစု ပြုလုပ်မိတဲ့ အမှားတစ်ခုက ဆင်းဆင်းချင်း တွေ့ကရာလက်နက်ကောက်ပြီး မြင်မြင်သမျှ လိုက်ပစ်တတ်တာပါ။ ဒီလို Rush ကစားတာမျိုးက ကျွမ်းကျင်အဆင့်လောက်ဆို ရန်သူကို မြန်မြန်သတ်နိုင်ပေမယ့် စက္ကန့်ပိုင်းအတွင်း Knock Out မလုပ်နိုင်ဘူး၊ Duo ၊ Squad နဲ့ ကစားနေပြီဆိုရင်တော့ တစ်ဖက်ရန်သူကို အသိပေးလိုက်တာနဲ့ အတူတူပါပဲ။
Squad Gameplay
PUBG Aspect ကိုက Survival ဆိုတော့ ကိုယ့်ဖက်က အမြဲတမ်း အဆင်သင့်အနေထား ရှိနေဖို့လိုပါတယ်။ လက်နက်၊ ကျည်ကာ၊ Survival Item အကုန်စုပြီး Late Game ရောက်မှကြုံးတာထက် Early Phase ကတည်းက တတ်နိုင်သမျှ အသက်ရှင်အောင်နေ၊ ရန်သူကို သေချာပြီဆိုမှ သတ်တာကောင်းပါတယ်။ ဒီအချက်က Solo Survival တွက် အရမ်းအရေးကြီးသလို အစပိုင်းမှာ တွေ့ရအများဆုံးဖြစ်တဲ့ Pistol ၊ Shotgun စတဲ့ လက်နက်တွေကို Backup ဒါမှမဟုတ် Close Encounter အတွက်ပဲ အသုံးပြုပါ။
Popular PUBG Mobile
PUBG မှာ လက်နက် ၃၆ လက်ပါဝင်တယ် ဆိုပေမယ့်လို့ ကိုယ်ကိုင်ချင်တဲ့ လက်နက်ရှာဖို့ပဲ အမြဲမတွေးပါနဲ့၊ သွားရင်း၊ လာရင်း၊ သတ်ဖြတ်ရင်း ရန်သူဆီက ကောက်ရင်ကောက် ဒါမှမဟုတ် နေရာကောင်းတနေရာမှာ အခြေချပြီး ပိုက်စိပ်တိုက်ရှာတာမျိုးက ပိုလုံခြုံမှုရှိပါတယ်။ Early မှာ အနီးကပ်ပစ်ရတာများတယ်ဆိုတော့ SMG တစ်လက် ဒါမှမဟုတ် Rifle တစ်လက်၊ Secondary အတွက် Close Range အားကောင်းတဲ့ Shotgun ဒါမှမဟုတ် Uzi လို လက်နက်မျိုးဆောင်ထားပြီး ကျည်ကာ၊ First Aid ၊ Pain Killer စတဲ့ Survival Items လိုက်ရှာပါ။
Which is your favorite weapon
Late Game အတွက် Rifle တစ်လက် Sniper တစ်လက် ရှိထားရင် လုံလောက်ပြီလို့ပြောနိုင်ပြီး Suppressor ၊ Recoil Reducer ၊ Muzzle Hider ၊ 4x/6x/8x Scope ရှိထားရင်တော့ ကိုယ့်ကျွမ်းကျင်တဲ့ Survival Skill အလိုက် Winner ဖြစ်အောင် ကစားရုံပဲရှိပါတော့တယ်။ ဒီလို သဘောတရားနားလည်သွားရင် PUBG မှာ ဘယ်လိုလက်နက်တွေ ရှောင်ရှားသင့်လဲ၊ အရေးကြုံလို့ ပစ်ပြီးသွားရင်တောင် ထားခဲ့သင့်တဲ့ လက်နက် ၅ မျိုးကို ဖော်ပြထားပါတယ်။
1. P18C
ဒီကောင်က Fully Automatic Pistol သေနတ်ပါ၊ 23 Damage သက်ရောက်နိုင်ပြီး Headshot ဆိုရင် 3 ချက်၊ ရင်ပိုင်းနဲ့ ခါးကိုပစ်မယ်ဆိုရင် 5 ချက်ထိမှ ရန်သူသေမှာပါ။ 9mm ကျည်အသုံးပြုပြီး တစ်စက္ကန့် 375 m နှုန်းသွားပါတယ်။ ဒီလိုဆိုတော့ P18C က Close Encounter အတွက်လုံးဝအသုံးမကျသလို Mid-range ယှဉ်ပစ်မယ်ဆိုရင်တောင် ရန်သူက SMG ဒါမှမဟုတ် Uzi ကိုင်မထားဖို့ ဆုတောင်းရမှာပါ။
P18C
2. P92
P92 ဟာလည်း 9mm ကျည်ပဲသုံးထားပြီး Headshot အတွက် 2 ချက်၊ ရင်ပိုင်းဆိုရင် 3 ချက်နဲ့ ခါးပစ်မယ်ဆိုရင် 4 ချက်မှ အသေသတ်နိုင်မှာပါ။ ဒီကောင်ကတေ့ာ P18C ထက် Stable ပိုဖြစ်ပြီးကျည်တောင့်လဲ ပိုများပါတယ်။ ဘယ်လိုပဲ ကောင်းတယ်ပြောပြော Pistol နဲ့တော့ ရန်သူအသေသတ်ဖို့ မကြိုးစားလောက်ပါဘူး၊ ရန်သူကျည်လဲနေတုန်း အလစ်ဝင်ဖမ်းဖို့လောက်ပဲ အသုံးတည့်မှာပါ။
P92
3. Sawed-off
ဒီ Sawed-off သေနတ်ကိုတော့ တတ်နိုင်သမျှ မကောက်မိပါစေနဲ့၊ Pistol Alternate ဖြစ်တယ်ဆိုမယ့် Early Game မှာ အရမ်းလိုအပ်တယ်ဆိုရင်တောင် Pan ဖြစ်ဖြစ်လိုက်ကောက်ပြီး Sawed-off ကိုင်ထားတဲ့ကောင်ကို အသေ လိုက်ရိုက်ဖို့ကြိုးစားပါ။ ဘာလို့ဆို 8 ချက်လောက်ပစ်တာတောင် သေ၊ မသေမကျိန်းသေလို့ Melee Weapon နဲ့ အခြေနေလိုက် ရင်ဆိုင်နိုင်တယ်လို့ တွေးထားပေးပါ။
Pistol Alternate Sawed-off Shotgun
4. S686
ဒီ S686 က Shotgun အမျိုးစားဖြစ်ပြီး Close Range Encounter အတွက် သင့်တော်တဲ့ လက်နက်တစ်မျိုးပါပဲ။ ဒါပေမယ့်လို့ 3 ၊ 4 ချက်လောက်ပစ်နိုင်မှ ရန်သူကို အသေသတ်နိုင်မယ်ဆိုတာက တကယ်စိတ်ပျက်စရာပါ။ Shotgun တစ်လက်အတွက် Burst Damage နဲ့တင် Knock Out or Kill လုပ်နိုင်ရမယ့်ဟာကို 3 to 4 Shot ဆိုတာက လုံးဝမကိုင်သင့်တဲ့လက်နက်ပါပဲ။
S686
5. S12K
S12K နဲ့ ရန်သူအသေသတ်ဖူးပါသလား? ဒီကောင်က Semi-automatic Shotgun အမျိုးစားဖြစ်ပြီး Early Game မှာတော့ သက်တော်စောင့်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လို့ Skillful Player နဲ့ သွားတိုးလို့ကတော့ ဂွမ်းပြီလို့သာ မှတ်လိုက်ပါ။ Scope တပ်ပြီး ပစ်လို့ရတယ်ဆိုပေမယ့်လို့ Close Encounter အတွက်ဘာကိစ္စ ချိန်ပစ်နေမှာလဲ? 6x တပ်အထိတပ်လို့ရတယ်ဆိုရင်တောင် Late Game မှာ သေဖို့ကျိန်းသေတာမလို့ အလေးခံပြီး သယ်မနေပါနဲ့။
SK12
2B (Akhayar)
www.akhayar.com