[Zawgyi]

အယ္လ္ဇိုင္းမားေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္တဲ့ အေလ့အက်င့္ေကာင္းမ်ား

သက္ႀကီးေရာဂါလို႔ေခၚၾကတဲ့ အယ္လ္ဇိုင္းမားေရာဂါဟာ ဦးေႏွာက္လုပ္ေဆာင္ခ်က္ ပံုမွန္မျဖစ္ေတာ့တဲ့ ေရာဂါတစ္မ်ိဳးပါပဲ။ အထူးသျဖင့္ သက္ႀကီးရြယ္အိုေတြ ဦးေႏွာက္စြမ္းရည္ ေလ်ာ့က်လာတဲ့အခါ ျဖစ္လာတတ္တဲ့ သေဘာပါ။ ဒ့ါေၾကာင့္ အယ္လ္ဇိုင္းမားေရာဂါကို ကာကြယ္ႏုိင္မယ့္ နည္းလမ္းေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ

တက္ၾကြလန္းဆန္ေစၿပီး ကိုယ္ခႏၶာက်န္းမာႀကံ႕ခိုင္ဖို႔အတြက္ ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္သင့္ပါတယ္။ ငယ္ရြယ္စဥ္ကတည္းက ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ေပးသြားၿပီး အသက္အရြယ္ရလာတဲ့အခါမွာလည္း ကိုယ္ႏို္င္သေလာက္ေလး ပံုမွန္ျပဳလုပ္ေပးသြားမယ္ဆိုရင္ အယ္လ္ဇိုင္းမားေရာဂါမွ ကာကြယ္ႏုိင္ပါတယ္။

(၂) ေကာ္ဖီေသာက္ပါ

မနက္ခင္းတိုင္းကို ေကာ္ဖီနဲ႔ အစပ်ိဳးတာျခင္းကလည္း အယ္လ္ဇိုင္းမားေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုပါတယ္။ ေကာ္ဖီကို မနက္ခင္းအခ်ိန္မွာ ေသာက္သံုးတာက စိတ္ကို လန္းဆန္းတက္ၾကြေစတဲ့အျပင္ အေတြးသစ္၊ အျမင္သစ္မ်ားကို ဖန္တီးႏုိင္မႈစြမ္းအား တိုးတက္လာေစတဲ့အတြက္ေၾကာင့္ပါ။

(၃) ဂိမ္းေဆာ့ပါ

ဦးေႏွာက္ကို အလုပ္ေပးတဲ့ ဂိမ္းကစားနည္းကလည္း ဦးေႏွာက္စြမ္းရည္ကို ဖြံ႔ၿဖိဳးေစၿပီး မွတ္ဉာဏ္အား ေကာင္းေစပါတယ္။ ဂိမ္းကစားတဲ့အခါမွာ ပါဝင္တဲ့ Function ေတြ ဘယ္လို Control လုပ္ရမယ္ဆိုတာကို ေလ့လာရတဲ့အတြက္ ဦးေႏွာက္ကို အလုပ္ေပးသလို ျဖစ္သြားပါတယ္။ ဒါ့ေၾကာင့္ မွတ္ဉာဏ္အားေကာင္းလာၿပီး အယ္လ္ဇိုင္းမားေရာဂါျဖစ္ပြားမႈႏႈန္း နည္းသြားပါတယ္။

(၄) အသီးအရြက္မ်ားမ်ားစားပါ

ေန႔စဥ္စားေသာက္မႈပံုစံကလည္း က်န္းမာေရးအတြက္ အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါတယ္။ အထူးသျဖင့္ အဝါေရာင္၊ အနီေရာင္အဆင္းရွိတဲ့ အသီးအႏွံမ်ားက ဦးေႏွာက္စြမ္းရည္ ဖြံ႔ၿဖိဳးဖုိ႔အတြက္ မ်ားစြာအေထာက္အကူျပဳတာေၾကာင့္ ေန႔စဥ္ပံုမွန္ စားသံုးသင့္ပါတယ္။ ဒီလိုအသီးအရြက္မ်ားမ်ားစားတာက အယ္လ္ဇိုင္းမားေရာဂါျဖစ္ပြားမႈႏႈန္း ၄၀ ရာခုိင္ႏႈန္းထိကို ေလ်ာ့ခ်ေပးႏုိင္တာကို ေတြ႔ရပါတယ္။

(၅) Massage လုပ္ပါ

ခႏၶာကိုယ္ကို ႏွိပ္နယ္တာ Massage လုပ္တာကလည္း အယ္လ္ဇိုင္းမားေရာဂါကို တစ္ဖက္တစ္လမ္းက ကာကြယ္ေပးႏုိင္တဲ့ ကုသနည္းတစ္ရပ္ပါပဲ။ Massage ျပဳလုပ္တာက ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတဲ့အတြက္ စိတ္ဖိစီးမႈကိုလည္း ေျပေလ်ာ့ေစပါတယ္။ စိတ္ဖိစီးမႈဒဏ္ကလည္း အယ္လ္ဇိုင္းမားေရာဂါျဖစ္ေစႏုိင္တဲ့ လကၡဏာတစ္ရပ္ပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ အလေ့အကျင့်ကောင်းများ

သက်ကြီးရောဂါလို့ခေါ်ကြတဲ့ အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်လုပ်ဆောင်ချက် ပုံမှန်မဖြစ်တော့တဲ့ ရောဂါတစ်မျိုးပါပဲ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ဦးနှောက်စွမ်းရည် လျော့ကျလာတဲ့အခါ ဖြစ်လာတတ်တဲ့ သဘောပါ။ ဒ့ါကြောင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

တက်ကြွလန်းဆန်စေပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသွားပြီး အသက်အရွယ်ရလာတဲ့အခါမှာလည်း ကိုယ်နိုင်သလောက်လေး ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါမှ ကာကွယ်နိုင်ပါတယ်။

(၂) ကော်ဖီသောက်ပါ

မနက်ခင်းတိုင်းကို ကော်ဖီနဲ့ အစပျိုးတာခြင်းကလည်း အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။ ကော်ဖီကို မနက်ခင်းအချိန်မှာ သောက်သုံးတာက စိတ်ကို လန်းဆန်းတက်ကြွစေတဲ့အပြင် အတွေးသစ်၊ အမြင်သစ်များကို ဖန်တီးနိုင်မှုစွမ်းအား တိုးတက်လာစေတဲ့အတွက်ကြောင့်ပါ။

(၃) ဂိမ်းဆော့ပါ

ဦးနှောက်ကို အလုပ်ပေးတဲ့ ဂိမ်းကစားနည်းကလည်း ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်အား ကောင်းစေပါတယ်။ ဂိမ်းကစားတဲ့အခါမှာ ပါဝင်တဲ့ Function တွေ ဘယ်လို Control လုပ်ရမယ်ဆိုတာကို လေ့လာရတဲ့အတွက် ဦးနှောက်ကို အလုပ်ပေးသလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်အားကောင်းလာပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုနှုန်း နည်းသွားပါတယ်။

(၄) အသီးအရွက်များများစားပါ

နေ့စဉ်စားသောက်မှုပုံစံကလည်း ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် အဝါရောင်၊ အနီရောင်အဆင်းရှိတဲ့ အသီးအနှံများက ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးဖို့အတွက် များစွာအထောက်အကူပြုတာကြောင့် နေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။ ဒီလိုအသီးအရွက်များများစားတာက အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်းထိကို လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။

(၅) Massage လုပ်ပါ

ခန္ဓာကိုယ်ကို နှိပ်နယ်တာ Massage လုပ်တာကလည်း အယ်လ်ဇိုင်းမားရောဂါကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနိုင်တဲ့ ကုသနည်းတစ်ရပ်ပါပဲ။ Massage ပြုလုပ်တာက ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုဒဏ်ကလည်း အယ်လ်ဇိုင်းမားရောဂါဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။