[Zawgyi]

စေန၊ တနဂၤေႏြမွာ အသစ္က်ပ္ခၽြတ္ဖိနပ္ေလးေတြ ျဖစ္ေအာင္ တုိက္ခၽြတ္ေဆးေၾကာၾကမယ္ေဟ့

ပိတ္ရက္ေတြမွာ အိမ္ရွင္းမယ္၊ ဗီဒိုရွင္းမယ္၊ ေနာက္ဆံုး မေဆးတာၾကာတဲ့ ဖိနပ္ေလးေတြ တုိက္ခၽြတ္ေဆးေၾကာၾကမယ္ဆုိရင္ ဖိနပ္ေတြ တိုက္ခၽြတ္ေဆးေၾကာတဲ့အခါ လြယ္ကူလ်င္ျမန္တဲ့ နည္းလမ္းေလးေတြ ေျပာျပခ်င္ပါတယ္။

၁။ လယ္သာေပ်ာ့ Suede ဖိနပ္ေတြအတြက္ ခဲဖ်က္ကို သံုးပါ

အရင္ဆံုး လုပ္ရမွာက ဖိနပ္ေပၚက ဖုန္ေတြကို ႏူးည့ံတဲ့ Brush တစ္ခုနဲ႔ ပြတ္တုိက္ျပီး ခါပါ။ ျပီးရင္ေတာ့ အစြန္းအကြက္ရွိတဲ့ေနရာေတြ၊ သစ္လြင္ခ်င္တဲ့ေနရာေတြအတြက္ ခဲဖ်က္နဲ႔ ပြတ္တုိက္ျပီး ခဲဖ်က္မႈံေတြကိုေတာ့ ဘရပ္ရွ္နဲ႔ ျပန္ပြတ္တုိက္ေပးပါ။ ဒီလိုပုံစံမ်ိဳးနဲ႔ ဖိနပ္တစ္ခုလံုး သန္႔စင္သြားတဲ့အထိ လုပ္ေဆာင္လို႔ ရပါတယ္။

၂။ Sneaker ဖိနပ္ေတြရဲ႕ ေအာက္ခံရာဘာကိုေတာ့ သြားတိုက္ေဆးနဲ႔ တုိက္ေပးပါ

ဖိနပ္မွာ ရွိတဲ့ ဖုန္ေတြကိုေတာ့ အဝတ္နဲ႔ ျဖစ္ျဖစ္၊ Shoe Brush နဲ႔ ျဖစ္ျဖစ္ အရင္တုိက္ပစ္ပါ။ ျပီးရင္ေတာ့ သြားတိုက္ေဆးနည္းနည္းယူ၊ သြားပြတ္တံေပၚတင္ျပီး Sneaker ဖိနပ္ရဲ႕ Rubber Sole ေတြ တင္ျပီး ဖြဖြပြတ္တုိက္ပါ။ ဒါျပီးရင္ေတာ့ အဝတ္စုိတစ္ခုနဲ႔ ျပန္သန္႔စင္ျပီး အေျခာက္ခံေပးရင္ အေတာ္သန္႔စင္သြားပါျပီ။

၃။ Canvas Shoes ေတြကိုေတာ့ Baking Soda နဲ႔ အသံုးျပဳသန္႔စင္ေပးရပါမယ္

ပန္းကန္လံုးထဲမွာ Baking Soda စားပြဲတင္ဇြန္းတစ္ဇြန္း၊ ေရစားပြဲတင္ဇြန္းတစ္ဝက္၊ Hydrogen Peroxide ဇြန္းတစ္ဝက္ကို ေရာေမႊထားပါ။ အဲဒီအထဲကို သြားပြတ္တံႏွစ္ျပီး အဲဒီသြားပြတ္တံနဲ႔ Canvas Shoes ေတြကို ပြတ္တုိက္ရမွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ ေနပူထဲမွာ ၃နာရီကေန၊ ၄နာရီေလာက္ထားျပီး အေျခာက္ခံပါ။ အေျခာက္ခံလို႕ က်န္တဲ့ အမႈန္ေတြကိုေတာ့ Brush နဲ႔ ပြတ္ပစ္ပါ။ ပံုပါ Video အတုိင္းလုပ္ေဆာင္လုိ႔ ရပါတယ္။

၄။ Shoe Polish အတြက္ဆိုရင္ေတာ့ ငွက္ေပ်ာခြံကို သံုးပါ။

တကယ္လို႔ ကုိယ့္ရဲ႕ လယ္သာရႈးေတြက အေရာင္မွိန္ေနျပီဆုိရင္ေတာ့ ငွက္ေပ်ာခြံတစ္ခုရဲ႕ အတြင္းဘက္နဲ႔ လယ္သာရႈးကို ပြတ္တုိက္ေပးပါ။ ဖိနပ္တစ္ခုလံုးကို ၅ မိနစ္ကေန ၁၀ မိနစ္အထိ ပြတ္တိုက္ျပီးရင္ေတာ့ အဝတ္စုိနဲ႔ ျပန္သန္႔စင္ေပးပါ။ ျပီးရင္ေတာ့ အေျခာက္ခံရမွာ ျဖစ္ပါတယ္။

၅။ ေနာက္ဆံုးနဲ႔ အလြယ္ဆံုးအခ်က္ကေတာ့ အဝတ္မစိုမေျခာက္နဲ႔ သန္႔ရွင္းတာပါပဲ

ကိုယ္သန္႔ရွင္းခ်င္တဲ့ ရွဴးဖိနပ္ေတြကို Shoe Brush နဲ႔ ျဖစ္ျဖစ္၊ Toothbrush နဲ႔ ျဖစ္ျဖစ္ အရင္သန္႔စင္၊ ျပီးရင္ အဝတ္မစိုမေျခာက္နဲ႔ ေသခ်ာျပန္တုိက္၊ ျပီးရင္ အေျခာက္ခံတဲ့နည္းနဲ႔လည္း ဖိနပ္ေတြကို ေလွ်ာ္စရာမလိုဘဲ သန္႔စင္လို႔ ရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : http://www.theunstitchd.com
[Unicode]

စနေ၊ တနင်္ဂနွေမှာ အသစ်ကျပ်ချွတ်ဖိနပ်လေးတွေ ဖြစ်အောင် တိုက်ချွတ်ဆေးကြောကြမယ်ဟေ့

ပိတ်ရက်တွေမှာ အိမ်ရှင်းမယ်၊ ဗီဒိုရှင်းမယ်၊ နောက်ဆုံး မဆေးတာကြာတဲ့ ဖိနပ်လေးတွေ တိုက်ချွတ်ဆေးကြောကြမယ်ဆိုရင် ဖိနပ်တွေ တိုက်ချွတ်ဆေးကြောတဲ့အခါ လွယ်ကူလျင်မြန်တဲ့ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

၁။ လယ်သာပျော့ Suede ဖိနပ်တွေအတွက် ခဲဖျက်ကို သုံးပါ

အရင်ဆုံး လုပ်ရမှာက ဖိနပ်ပေါ်က ဖုန်တွေကို နူးညံ့တဲ့ Brush တစ်ခုနဲ့ ပွတ်တိုက်ပြီး ခါပါ။ ပြီးရင်တော့ အစွန်းအကွက်ရှိတဲ့နေရာတွေ၊ သစ်လွင်ချင်တဲ့နေရာတွေအတွက် ခဲဖျက်နဲ့ ပွတ်တိုက်ပြီး ခဲဖျက်မှုံတွေကိုတော့ ဘရပ်ရှ်နဲ့ ပြန်ပွတ်တိုက်ပေးပါ။ ဒီလိုပုံစံမျိုးနဲ့ ဖိနပ်တစ်ခုလုံး သန့်စင်သွားတဲ့အထိ လုပ်ဆောင်လို့ ရပါတယ်။

၂။ Sneaker ဖိနပ်တွေရဲ့ အောက်ခံရာဘာကိုတော့ သွားတိုက်ဆေးနဲ့ တိုက်ပေးပါ

ဖိနပ်မှာ ရှိတဲ့ ဖုန်တွေကိုတော့ အဝတ်နဲ့ ဖြစ်ဖြစ်၊ Shoe Brush နဲ့ ဖြစ်ဖြစ် အရင်တိုက်ပစ်ပါ။ ပြီးရင်တော့ သွားတိုက်ဆေးနည်းနည်းယူ၊ သွားပွတ်တံပေါ်တင်ပြီး Sneaker ဖိနပ်ရဲ့ Rubber Sole တွေ တင်ပြီး ဖွဖွပွတ်တိုက်ပါ။ ဒါပြီးရင်တော့ အဝတ်စိုတစ်ခုနဲ့ ပြန်သန့်စင်ပြီး အခြောက်ခံပေးရင် အတော်သန့်စင်သွားပါပြီ။

၃။ Canvas Shoes တွေကိုတော့ Baking Soda နဲ့ အသုံးပြုသန့်စင်ပေးရပါမယ်

ပန်းကန်လုံးထဲမှာ Baking Soda စားပွဲတင်ဇွန်းတစ်ဇွန်း၊ ရေစားပွဲတင်ဇွန်းတစ်ဝက်၊ Hydrogen Peroxide ဇွန်းတစ်ဝက်ကို ရောမွှေထားပါ။ အဲဒီအထဲကို သွားပွတ်တံနှစ်ပြီး အဲဒီသွားပွတ်တံနဲ့ Canvas Shoes တွေကို ပွတ်တိုက်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ နေပူထဲမှာ ၃နာရီကနေ၊ ၄နာရီလောက်ထားပြီး အခြောက်ခံပါ။ အခြောက်ခံလို့ ကျန်တဲ့ အမှုန်တွေကိုတော့ Brush နဲ့ ပွတ်ပစ်ပါ။ ပုံပါ Video အတိုင်းလုပ်ဆောင်လို့ ရပါတယ်။

၄။ Shoe Polish အတွက်ဆိုရင်တော့ ငှက်ပျောခွံကို သုံးပါ။

တကယ်လို့ ကိုယ့်ရဲ့ လယ်သာရှုးတွေက အရောင်မှိန်နေပြီဆိုရင်တော့ ငှက်ပျောခွံတစ်ခုရဲ့ အတွင်းဘက်နဲ့ လယ်သာရှုးကို ပွတ်တိုက်ပေးပါ။ ဖိနပ်တစ်ခုလုံးကို ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ပွတ်တိုက်ပြီးရင်တော့ အဝတ်စိုနဲ့ ပြန်သန့်စင်ပေးပါ။ ပြီးရင်တော့ အခြောက်ခံရမှာ ဖြစ်ပါတယ်။

၅။ နောက်ဆုံးနဲ့ အလွယ်ဆုံးအချက်ကတော့ အဝတ်မစိုမခြောက်နဲ့ သန့်ရှင်းတာပါပဲ

ကိုယ်သန့်ရှင်းချင်တဲ့ ရှူးဖိနပ်တွေကို Shoe Brush နဲ့ ဖြစ်ဖြစ်၊ Toothbrush နဲ့ ဖြစ်ဖြစ် အရင်သန့်စင်၊ ပြီးရင် အဝတ်မစိုမခြောက်နဲ့ သေချာပြန်တိုက်၊ ပြီးရင် အခြောက်ခံတဲ့နည်းနဲ့လည်း ဖိနပ်တွေကို လျှော်စရာမလိုဘဲ သန့်စင်လို့ ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : http://www.theunstitchd.com