Cocktail ဆိုတာ အရက်ချည်းပဲရယ်လည်းမဟုတ်၊ ဟိုအမွှေးအကြိုင် ဒီအမွှေးအကြိုင်လည်းပါတတ်တာမို့ သောက်ရသူ ပါးစပ်ထဲမှာ နူးနူးညံ့ညံ့နဲ့ စီးဝင်သွားတတ်တယ် မဟုတ်လား။ အခုပြောပြပေးမယ့် Cocktail တွေရဲ့အရသာကလည်း တော်တော်လေး မိုက်မှာသေချာပါတယ်။ ဘယ်လိုလဲ သိချင်နေကြပြီမဟုတ်လား။ ကြည့်လိုက်ရအောင်။

1. Loloh Kakap (အင်ဒိုနီးရှား)

Loloh Kakap ရဲ့ မူလအရင်းခံကတော့ အင်ဒိုနီးရှား တိုင်းရင်းဆေးတစ်လက်က ဆင်းသက်လာတာပါ။ ချောင်းဆိုးတာတွေ၊ လည်ချောင်းနာတာတွေအပြင် ခံတွင်းဆေးရည်အဖြစ်ပါ သောက်သုံးလေ့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးတွေက ဆေးအဖြစ် သောက်သုံးရာကနေ Cocktail အနေနဲ့ ပြန်လည်ဆန်းသစ်တီထွင်လိုက်ရာမှာတော့  ဆေးထဲမှာပါဝင်တဲ့ ကွမ်းရွက်၊ အုန်းသီးနုရေ၊ နနွင်းတို့ကို Rum နဲ့ Gin တို့ရောပြီး ဖျော်စပ်ထားပါတယ်။ မူးလည်းမူး၊ ဆေးဝါးလည်းဖြစ်ဆိုတဲ့ သဘောများလား မသိနော်။

  2. Frijolito (မက္ကဆီကို)

မက္ကဆီကန်အစားအစာတွေကို Cocktail အနေနဲ့ မြည်းစမ်းကြည့်ချင်ရင်တော့ Frijolito ကိုညွှန်းချင်ပါတယ်။ မက္ကဆီကိုဟင်းလျာတွေမှာပါဝင်လေ့ရှိတဲ့ ပဲနဲ့ မန်ကျည်းသီး အပါအဝင် Tequila ကိုပါ ရောဖျော်စပ်ထားတာကြောင့် သူ့ရဲ့အနံ့၊ အရသာတို့က သောက်သုံးသူကိုကျေနပ်အားရစေမှာပါတဲ့။

3. O Phyllomantis (အေသင်)

ကာမိုမိုင်းတွေရယ်၊ ဂရိတောင်ပိုင်းကထွက်တဲ့ Loquat ဆိုတဲ့ အသီးနဲ့ ဒေသထွက် စပျစ်သီးတွေအပြင် အခြားအရက်များပါ ရောနှောပေါင်းစပ်ထားတဲ့ O Phyllomantis အရသာကတော့ အေသင်ရဲ့ ကျေးလက်ဒေသတွေဆီ သင့်ကိုခေါ်ဆောင်သွားမှာပါ။

4. The Peranakan (စင်ကာပူ)

Peranakan ဆိုတာကတော့ စင်ကာပူနိုင်ငံက မျိုးနွယ်စုတစ်စုပါ။ သူတို့ရဲ့ ဟင်းလျာတွေက မလေး၊ အိန္ဒိယဟင်းလျာတွေလိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို တော်တော်လေး ထည့်သုံးလေ့ရှိပါတယ်။ အစားအစာတွေက လူမျိုးစုတစ်စုနဲ့ ယဉ်ကျေးမှု အဆင့်အတန်းကိုဖော်ပြနေသလိုမျိုးပဲ အခု  The Peranakan ဖျော်စပ်ရာမှာလည်း ဟင်းခတ်အမွှေးအကြိုင် အရွက်တွေကို ထည့်သွင်းဖျော်စပ်ထားပါတယ်။

 5. The Chinatown (မွမ်ဘိုင်း)

မွမ်ဘိုင်းနိုင်ငံမှာရတဲ့ Cocktail ရဲ့ နာမည်က The Chinatown ဆိုတာကတော့ တစ်မျိုးကြီးပါပဲ။ ဘာကြောင့် ဒီလိုဖြစ်လာရတာပါလဲ။ ဒါကတော့ရှင်းပါတယ်။ ၁၉၂၀ ခုနှစ်တွေတုန်းက ဘုံဘေ (အခု မွမ်ဘိုင်း) မှာ Alfred Cinema ဆိုတာ ရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရုံမှာ ပြသဖူးတဲ့ Chinatown ဆိုတဲ့ ရှေးဟောင်းတရုတ်ကား ကိုမှီငြမ်းပြီး ဖျော်စပ်ထားတာလို့ ဆိုပါတယ်။

တရုတ်ရိုးရာ ရှေးဟောင်းအငွေ့အသက်တွေ ထည့်သွင်းထားတဲ့ Chinatown Cocktail မှာ ခေါင်ရမ်းပန်းပါ ပါဝင်ပြီး တခြားသော Spiece တွေကို Johnnie Walker Red Label နဲ့ ရောစပ်ထားတဲ့အတွက် အရသာကတော့ တမူထူးခြားနေမယ်ဆိုတာ အထွေအထူး ပြောနေဖို့တောင်မလိုပါဘူးနော်။

Reference & Photo Credit

NSC (Akhayar)

www.akhayar.com