ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းရွေးချယ်ခန့်အပ်ရာမှာ တချို့တွေက တစ်ကွက်ကောင်း တစ်ကွက်မကောင်းဆိုသလို တော်တဲ့နေရာတွေရှိပေမယ့် သည်းခံလို့မရတဲ့ လျှော်တဲ့နေရာတွေလည်းရှိနေတတ်ပါတယ်။ ဒီတော့ သူတို့တွေရဲ့ ဘယ်လိုအချိုးတွေကို သည်းညည်းခံမနေဘဲ ရှင်းထုတ်သင့်လဲဆိုတာကိုတော့…

(၁) ပြဿနာငနဲတွေပါ

သူတို့လုပ်ပေးနိုင်တာထက်ပိုပြီး ပြဿနာတွေရှာလာတဲ့အခါ ၊ သူတို့ဖန်တီးပေးခဲ့တာထက် ပိုပြီး ဖျက်ဆီးကြတဲ့အခါ သူတို့ကို ထုတ်ပစ်လိုက်တာအကောင်းဆုံးပါ။ အဲလိုမှ မဟုတ်ရင် သူ့ပြဿနာတွေကို အမြဲလိုက်ရှင်းနေရပါလိမ့်မယ်။

(၂) ဖောက်သည်တွေကို ဂရုမစိုက်တဲ့သူတွေ

အရေးကြီးတာက ဖောက်သည်ဆိုတာရဖို့ခက်ခဲပြီး တစ်ခဏအတွင်းပြန်လည် ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို အမြဲတမ်း ခေါင်းထဲထည့်ထားရမှာပါ။ ဖောက်သည်တွေနဲ့ အမြဲထိတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ဖောက်သည်တွေရဖို့နဲ့ ဖောက်သည်တွေရဲ့ တန်ဖိုးကိုမသိတဲ့ နားမလည်ကြတဲ့လူတွေနဲ့  တွဲမလုပ်သင့်ပါဘူး။

(၃) အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်နိုင်တဲ့သူတွေ

တကယ်တော့ ကျွန်တော်တို့ ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတာ အလုပ်လုပ်ဖို့မဟုတ်ပါလား။ သူတို့အလုပ်က အလုပ်ကို ပြီးမြောက်အောင်လုပ်ဖို့ပဲပေါ့။ သူတို့လုပ်ရမယ့် အလုပ်ကို မလေးစားတဲ့ သူတွေ အလုပ်မပြီးတဲ့သူတွေနဲ့ တွဲမလုပ်သင့်ပါဘူး။

(၄) ငပျင်းများ

ရုံးတောင်မှန်မှန်မတက်နိုင်တဲ့ သူတွေ၊ သူတို့လိုလူမျိုးတွေကို ဘယ်လိုမှ ယုံကြည်စိတ်ချထားလို့မရတာတော့ အသေအချာပေါ့။ ဒီလိုလူတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့အချိန် မလုံလောက်ပါဘူး။

(၅) စည်းကမ်းမရှိသူများ

ကုမ္ပဏီမှာသတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းဆိုတာတွေဟာ ခိုင်ခိုင်မာမာ ရှိပါတယ်။  အဲဒီစည်းကမ်းတွေကို တစ်ခုမဟုတ်တစ်ခု  အမြဲတမ်းချိုးဖောက်နေတဲ့ သူတွေကိုလည်း လက်တွဲ မလုပ်သင့်ပါဘူး။

www.akhayar.com