[Zawgyi]

လုပ္ငန္းခြင္မွာ ကိုယ့္ကို ဒုကၡျဖစ္ေစမယ္႔ အဆိပ္ျပင္းတဲ႔လူအမ်ဳိးမ်ဳိးဆိုတာ

အလုပ္မွာ က်င္လည္ေနရတဲ့လူေတြအေနနဲ႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ားဟာ လုပ္ငန္းခြင္မွာ ကုန္ဆံုးရတာျဖစ္တဲ႔အတြက္ အလုပ္ခြင္ရွိ လူေတြနဲ႔ အဆင္ေျပေခ်ာေမြ႕ေနဖို႔ကလည္း အေရးႀကီးပါတယ္။ အလုပ္ခြင္က လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ အဆင္မေျပတဲ႔အခါ စိတ္ဖိစီးမႈေတြလည္း မ်ားသလုိ အလုပ္ေတြလည္းေႏွာင္႔ေႏွးကုန္ၿပီး အစစအရာရာ အဆင္ေျပ မေခ်ာေမြ႔ေတာ့ပါဘူး။ တစ္ခ်ဳိ႕ဆိုးဝါးတဲ႔ လုပ္ေဖာ္ကိုင္ဘက္ေတြၾကေတာ့လည္း အလုပ္မွာ အဆင္မေျပေအာင္ျပဳလုပ္ရုံတင္မကဘဲ ကိုယ္အလုပ္ကေန မထြက္ထြက္ေအာင္ ဆိုးဆိုးဝါးဝါးဒုကၡေပးတဲ႔ သူေတြလည္းရွိပါတယ္။ အဲဒါေၾကာင့္မို႔ ဘယ္လုိလုပ္ေဖာ္ကိုင္ဘက္ေတြက ကိုယ္ကိုအဆိပ္ျဖစ္ေစလဲ ကိုယ္ရဲ႕စြမ္းေဆာင္ရည္ေတြက်ေအာင္ ျပဳလုပ္ေနလဲဆိုတာ ေကာင္းေကာင္းခဲြျခားႏိုင္ၿပီး ေရွာင္ရွားႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေလအိုးႀကီးေတြ

အလုပ္မွာ လူေပါင္းစံုနဲ႔ေတြ႕ရတဲ႔အထဲကမွ အလိုက္ကန္းဆိုးမသိ မဆံုးနိုင္ေအာင္ ေတာ္ကီးေတြပြားေနတတ္တဲ႔သူေတြကလည္း ကိုယ္ရဲ႕အလုပ္ေတြ မၿပီးေျမာက္ေအာင္ ျပဳလုပ္တဲ႔သူေတြထဲမွာ ထိပ္ဆံုးမွာပါတဲ႔သူေတြ ျဖစ္ပါတယ္။ အဲ႔ဒီေလအိုးေတြကို အတင္းေျပာတဲ႔သူေတြလို႔လည္း ေခၚတတ္ၾကၿပီး ဒီလူမ်ဳိးေတြဟာ ကိုယ္ရဲ႕အခ်ိန္ေတြကို အမ်ားဆံုးျဖဳန္းတဲ႔ သူေတြ ျဖစ္ၾကပါတယ္။ ဒီေလအိုးေတြဟာလည္း စကားမ်ားရုံတင္သာမကဘဲ ပါးစပ္မလံုတဲ႔သူေတြလည္း ျဖစ္တဲ႔အတြက္ တတ္ႏိုင္သမွ် ေရွာင္ရွားႏိုင္ရင္ ေရွာင္ရွား မေရွာင္ရွားႏိုင္လို႔ စကားေျပာမိရင္လည္း ေလေၾကာျမန္ျမန္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားၿပီး အေရးႀကီးတဲ႔ လွ်ဳိ႕ဝွက္အေၾကာင္းအရာေတြကုိ မေျပာမိေအာင္ ဘသတိထားသင့္ပါတယ္။

(၂) အကုန္သိအကုန္တတ္ဆရာႀကီးေတြ

အကုန္သိအကုန္တတ္ဆရာႀကီးေတြနဲ႔ အလုပ္မွာ ႀကံဳေတြ႕ရၿပီးဆိုရင္ေတာ့ သူတို႔ရဲ႕အကုန္သိအကုန္တတ္တဲ႔ ပံုစံေၾကာင္႔ အျခားသူေတြမွာ သိမ္ငယ္မႈေတြ ခံစားလာရပါတယ္။ တဲြလုပ္ရတဲ႔အခါမ်ဳိးမွာလည္း ေနရာတကာမွာ ဆရာလုပ္ေနတဲ႔အတြက္ ကိုယ္ကုိယ္ကို အသံုးမက်ဘူးလို႔ ခံစားလာရၿပီး စိတ္ဓာတ္ေတြ က်ဆင္းလာတာမ်ဳိးေတြ ျဖစ္တတ္ပါတယ္။ ဒါအျပင္ သူတို႔ဟာ အကုန္သိအကုန္တတ္တဲ႔အတြက္ အျခားသူေတြကို သူတို႔ေလာက္မသိဖူးမတတ္ဖူးဆိုၿပီး မာန္တက္ကာ ႏွိမ္တတ္တဲ႔အတြက္ သူတုိ႔နဲ႔ အလုပ္အတူတဲြလုပ္ရမွာကို ေတာ္ေတာ္မ်ားမ်ား ေၾကာက္တတ္ၾကပါတယ္။

(၃) အီစီကလီလုပ္တတ္သူ

ဒီလိုလူမ်ဳိးေတြကို မိန္းကေလးဝန္းထမ္းေတြေကာ၊ ေယာက်ာၤးေလးဝန္းထမ္းေတြပါ ၾကံဳေတြ႕ႏိုင္ပါတယ္။သူတို႔ဟာ အလုပ္နဲ႔မဆိုင္တဲ႔ သီးသန္႔ Message ေတြ၊ Emails ေတြပို႕ကာ စိတ္အေႏွာင့္အယွက္ေပးတတ္တဲ႔သူေတြ ျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ ပေရာပရည္လုပ္တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ကိစၥေတြပိုႀကီးလာတဲ႔အခါ အရွက္ကဲြ အက်ဳိးနည္းစရာေတြ ျဖစ္လာႏိုင္ပါတယ္။ ရုံးတြင္းကလူျဖစ္တဲ႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္က မေတြ႕ခ်င္လည္း ေတြ႔ေနျမင္ေနရတဲ႔အခါ စိတ္အေႏွာင္႔အယွက္ေတြ၊ စိတ္ဖိစီးမႈေတြ ျဖစ္လာကာ အလုပ္ကို ထိခိုက္လာႏိုင္ပါတယ္။ ဒီလိုမ်ဳိးျဖစ္လာလို႕ ကိုင္တြယ္ေျဖရွင္းတဲ႔အခါမ်ဳိးမွာလည္း ပေရာ္ဖက္ရွင္နယ္ပီပီသသ တတ္ႏိုင္သမွ် ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားပါ။

(၄) ညည္းတြားတတ္သူ

အလုပ္ထဲမွာ အားအင္းအျပည့္နဲ႔ လုပ္တတ္တဲ႔သူ ရွိသလုိ အခ်ိန္ျပည္႔ ငါမလုပ္တတ္ဘူး၊ ငါမလုပ္ႏိုင္ပါဘူးလို႔ ညည္းတြားေနတတ္သူေတြလည္း ရွိပါတယ္။ ဒီလုိလူမ်ဳိးေတြဟာ ေန႔တိုင္း ဇာတ္လမ္းေတြအမ်ဳိးမ်ဳိး ဆင္ေနတတ္ၿပီး အလုပ္ကို ရသေလာက္ ေရသာခိုတတ္ၾကပါတယ္။ အလုပ္ကို ေရသာခိုရုံတင္မကဘဲ အခန္႔မသင္႔ရင္ သင္ကိုေတာင္ သူဇာတ္လမ္းေတြဆဲြထည္႔ကာ ဒုကၡေရာက္ေအာင္ ျပဳလုပ္ပါလိမ္႔မယ္။ သူတို႔ညည္းတြားတတ္တဲ႔အက်င့္က ေဘးနားမွာရွိတဲ့ လူေတြကို အလြယ္တကူ ကူးစက္တတ္ၿပီး ကိုယ္ပါသူတို႔လိုျဖစ္လာကာ ကိုယ္ရဲ႕စြမ္းေဆာင္ရည္ေတြပါ က်ဆင္းလာတာမ်ဳိး ျဖစ္တတ္ပါတယ္။

(၅) ကိုယ္က်ဳိးစြန္႔ကာလူစြမ္းေကာင္းေယာင္ေဆာင္ေနတတ္သူ

ဒီလိုလူမ်ဳိးေတြဟာ လုပ္ငန္းခြင္ထဲမွာလည္း ေတြ႔ရတတ္သလို ေပါင္းသင္းဆက္ဆံေရးနယ္ပယ္ေတြမွာလည္း ေတာ္ေတာ္မ်ားမ်ားေတြ႔ရတဲ့ လူစားမ်ဳိး ျဖစ္ပါတယ္။ သူတို႔ဟာ မ်ားေသာအားျဖင့္ ေကာင္းခ်င္ေယာင္ဟန္ေဆာင္ကာ ကုိယ္က်ဳိးစြန္႔ အနစ္နာခံတတ္တဲ့သူပံုစံမ်ဳိး ဖမ္းတတ္သူ ျဖစ္ပါတယ္။ သူတို႔ ဒီအလုပ္ကို ေအာင္ျမင္ဖို႔အတြက္ တကယ္မလုပ္ဘဲ တကယ္လုပ္သေယာင္ေယာင္ ပံုျပင္ဇာတ္လမ္းေတြ ဖန္တီးကာ အႀကီးႀကီးေတြေလွ်ာက္ေျပာၿပီး မ်က္ႏွာရေအာင္ ျပဳလုပ္တတ္သူျဖစ္ပါတယ္။ ဒီလိုလူမ်ဳိးေတြဟာ ၾကမ္းပိုးကို လိပ္ျဖစ္ေအာင္ ေျပာတတ္သူေတြျဖစ္တဲ႔အတြက္ အလုပ္မွာရွိရင္လည္း ေဝးေဝးေရွာင္သင္႔တဲ႔ လူစားမ်ဳိး ျဖစ္ပါတယ္။

ပရိသတ္ႀကီးေကာ လုပ္ငန္းခြင္မွာ ဘယ္လိုလူမ်ိဳးေတြနဲ႔ အမ်ားဆုံးၾကံဳရလဲဆိုတာကို ေျပာေပးခဲ႔ၾကပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

လုပ်ငန်းခွင်မှာ ကိုယ့်ကို ဒုက္ခဖြစ်စေမယ့် အဆိပ်ပြင်းတဲ့လူအမျိုးမျိုးဆိုတာ

အလုပ်မှာ ကျင်လည်နေရတဲ့လူတွေအနေနဲ့ အချိန်တော်တော်များများဟာ လုပ်ငန်းခွင်မှာ ကုန်ဆုံးရတာဖြစ်တဲ့အတွက် အလုပ်ခွင်ရှိ လူတွေနဲ့ အဆင်ပြေချောမွေ့နေဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်ခွင်က လုပ်ဖော်ကိုင်ဘက်တွေနဲ့ အဆင်မပြေတဲ့အခါ စိတ်ဖိစီးမှုတွေလည်း များသလို အလုပ်တွေလည်းနှောင့်နှေးကုန်ပြီး အစစအရာရာ အဆင်ပြေ မချောမွေ့တော့ပါဘူး။ တစ်ချို့ဆိုးဝါးတဲ့ လုပ်ဖော်ကိုင်ဘက်တွေကြတော့လည်း အလုပ်မှာ အဆင်မပြေအောင်ပြုလုပ်ရုံတင်မကဘဲ ကိုယ်အလုပ်ကနေ မထွက်ထွက်အောင် ဆိုးဆိုးဝါးဝါးဒုက္ခပေးတဲ့ သူတွေလည်းရှိပါတယ်။ အဲဒါကြောင့်မို့ ဘယ်လိုလုပ်ဖော်ကိုင်ဘက်တွေက ကိုယ်ကိုအဆိပ်ဖြစ်စေလဲ ကိုယ်ရဲ့စွမ်းဆောင်ရည်တွေကျအောင် ပြုလုပ်နေလဲဆိုတာ ကောင်းကောင်းခွဲခြားနိုင်ပြီး ရှောင်ရှားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) လေအိုးကြီးတွေ

အလုပ်မှာ လူပေါင်းစုံနဲ့တွေ့ရတဲ့အထဲကမှ အလိုက်ကန်းဆိုးမသိ မဆုံးနိုင်အောင် တော်ကီးတွေပွားနေတတ်တဲ့သူတွေကလည်း ကိုယ်ရဲ့အလုပ်တွေ မပြီးမြောက်အောင် ပြုလုပ်တဲ့သူတွေထဲမှာ ထိပ်ဆုံးမှာပါတဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီလေအိုးတွေကို အတင်းပြောတဲ့သူတွေလို့လည်း ခေါ်တတ်ကြပြီး ဒီလူမျိုးတွေဟာ ကိုယ်ရဲ့အချိန်တွေကို အများဆုံးဖြုန်းတဲ့ သူတွေ ဖြစ်ကြပါတယ်။ ဒီလေအိုးတွေဟာလည်း စကားများရုံတင်သာမကဘဲ ပါးစပ်မလုံတဲ့သူတွေလည်း ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ရှောင်ရှားနိုင်ရင် ရှောင်ရှား မရှောင်ရှားနိုင်လို့ စကားပြောမိရင်လည်း လေကြောမြန်မြန်ဖြတ်နိုင်အောင် ကြိုးစားပြီး အရေးကြီးတဲ့ လျှို့ဝှက်အကြောင်းအရာတွေကို မပြောမိအောင် ဘသတိထားသင့်ပါတယ်။

(၂) အကုန်သိအကုန်တတ်ဆရာကြီးတွေ

အကုန်သိအကုန်တတ်ဆရာကြီးတွေနဲ့ အလုပ်မှာ ကြုံတွေ့ရပြီးဆိုရင်တော့ သူတို့ရဲ့အကုန်သိအကုန်တတ်တဲ့ ပုံစံကြောင့် အခြားသူတွေမှာ သိမ်ငယ်မှုတွေ ခံစားလာရပါတယ်။ တွဲလုပ်ရတဲ့အခါမျိုးမှာလည်း နေရာတကာမှာ ဆရာလုပ်နေတဲ့အတွက် ကိုယ်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားလာရပြီး စိတ်ဓာတ်တွေ ကျဆင်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါအပြင် သူတို့ဟာ အကုန်သိအကုန်တတ်တဲ့အတွက် အခြားသူတွေကို သူတို့လောက်မသိဖူးမတတ်ဖူးဆိုပြီး မာန်တက်ကာ နှိမ်တတ်တဲ့အတွက် သူတို့နဲ့ အလုပ်အတူတွဲလုပ်ရမှာကို တော်တော်များများ ကြောက်တတ်ကြပါတယ်။

(၃) အီစီကလီလုပ်တတ်သူ

ဒီလိုလူမျိုးတွေကို မိန်းကလေးဝန်းထမ်းတွေကော၊ ယောကျာၤးလေးဝန်းထမ်းတွေပါ ကြုံတွေ့နိုင်ပါတယ်။သူတို့ဟာ အလုပ်နဲ့မဆိုင်တဲ့ သီးသန့် Message တွေ၊ Emails တွေပို့ကာ စိတ်အနှောင့်အယှက်ပေးတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ပရောပရည်လုပ်တာဖြစ်ပြီး နောက်ပိုင်းမှာ ကိစ္စတွေပိုကြီးလာတဲ့အခါ အရှက်ကွဲ အကျိုးနည်းစရာတွေ ဖြစ်လာနိုင်ပါတယ်။ ရုံးတွင်းကလူဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်က မတွေ့ချင်လည်း တွေ့နေမြင်နေရတဲ့အခါ စိတ်အနှောင့်အယှက်တွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာကာ အလုပ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာလို့ ကိုင်တွယ်ဖြေရှင်းတဲ့အခါမျိုးမှာလည်း ပရော်ဖက်ရှင်နယ်ပီပီသသ တတ်နိုင်သမျှ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။

(၄) ညည်းတွားတတ်သူ

အလုပ်ထဲမှာ အားအင်းအပြည့်နဲ့ လုပ်တတ်တဲ့သူ ရှိသလို အချိန်ပြည့် ငါမလုပ်တတ်ဘူး၊ ငါမလုပ်နိုင်ပါဘူးလို့ ညည်းတွားနေတတ်သူတွေလည်း ရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ နေ့တိုင်း ဇာတ်လမ်းတွေအမျိုးမျိုး ဆင်နေတတ်ပြီး အလုပ်ကို ရသလောက် ရေသာခိုတတ်ကြပါတယ်။ အလုပ်ကို ရေသာခိုရုံတင်မကဘဲ အခန့်မသင့်ရင် သင်ကိုတောင် သူဇာတ်လမ်းတွေဆွဲထည့်ကာ ဒုက္ခရောက်အောင် ပြုလုပ်ပါလိမ့်မယ်။ သူတို့ညည်းတွားတတ်တဲ့အကျင့်က ဘေးနားမှာရှိတဲ့ လူတွေကို အလွယ်တကူ ကူးစက်တတ်ပြီး ကိုယ်ပါသူတို့လိုဖြစ်လာကာ ကိုယ်ရဲ့စွမ်းဆောင်ရည်တွေပါ ကျဆင်းလာတာမျိုး ဖြစ်တတ်ပါတယ်။

(၅) ကိုယ်ကျိုးစွန့်ကာလူစွမ်းကောင်းယောင်ဆောင်နေတတ်သူ

ဒီလိုလူမျိုးတွေဟာ လုပ်ငန်းခွင်ထဲမှာလည်း တွေ့ရတတ်သလို ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွေမှာလည်း တော်တော်များများတွေ့ရတဲ့ လူစားမျိုး ဖြစ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် ကောင်းချင်ယောင်ဟန်ဆောင်ကာ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တဲ့သူပုံစံမျိုး ဖမ်းတတ်သူ ဖြစ်ပါတယ်။ သူတို့ ဒီအလုပ်ကို အောင်မြင်ဖို့အတွက် တကယ်မလုပ်ဘဲ တကယ်လုပ်သယောင်ယောင် ပုံပြင်ဇာတ်လမ်းတွေ ဖန်တီးကာ အကြီးကြီးတွေလျှောက်ပြောပြီး မျက်နှာရအောင် ပြုလုပ်တတ်သူဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်သူတွေဖြစ်တဲ့အတွက် အလုပ်မှာရှိရင်လည်း ဝေးဝေးရှောင်သင့်တဲ့ လူစားမျိုး ဖြစ်ပါတယ်။

ပရိသတ်ကြီးကော လုပ်ငန်းခွင်မှာ ဘယ်လိုလူမျိုးတွေနဲ့ အများဆုံးကြုံရလဲဆိုတာကို ပြောပေးခဲ့ကြပါဦးနော်။

H.H(Akhayar)

www.akhayar.com