[ZawGyi]

လူအမ်ားေရွ႕ေျပာရဲဆုိရဲရွိေစဖို႔

လူအမ်ားေရွ႕ေျပာရဲဆိုရဲရွိဖို႔ ကိုယ္ေျပာေနတာကိုစိတ္ဝင္တစားရွိျပီးေနာက္ဆံုးမွာ လက္ခုပ္သံတေျဖာင္းေျဖာင္းၾကားရဖုိ႔ဆုိတာ အေတာ္ေလးခက္ခဲတဲ႔အရာေနာ္။ ေတာ္ရံုစင္ေပၚတက္ေျပာဆုိေနက် ဆရာၾကီးေတြေတာင္တစ္ခါတေလ ေျခတုန္လက္တုန္ျဖစ္တတ္ၾကေသးတာ။ ကိုယ္က အဖြဲ႔အစည္းအတြက္ပဲျဖစ္ျဖစ္ ကုမၸဏီအတြက္ပဲျဖစ္ျဖစ္ အေၾကာင္းတိုက္ဆိုင္လာလုိ႔ပဲျဖစ္ျဖစ္ စင္ေပၚတက္ရတဲ႔အခါ ဘယ္လိုလွလွပပ သပ္သပ္ရပ္ရပ္ေလးစကားေျပာမလဲ၊ ဘယ္အခ်ိန္စင္ေပၚတက္တက္အဆင္ေျပေနေအာင္ ဘယ္လိုေလ႔က်င္႔ထားသင္႔လဲဆိုတာ အေရးၾကီးတာမို႔ ေလ႔လာၾကည္႔ရေအာင္ေနာ္။

စိတ္လႈပ္ရွားမိတာ သဘာဝပါ

စင္ေပၚတက္စကားေျပာရမယ္႔အခ်ိန္မွာ လူတုိင္းစိတ္လႈပ္ရွားပါတယ္။ ကိုယ္တစ္ေယာက္တည္းပဲထင္ျပီး စိတ္မညစ္ပါနဲ႔။ ဒီလိုစိတ္လႈပ္ရွားပူပန္မႈကိုဘယ္လုိျဖတ္ေက်ာ္မလဲဆုိရင္ တစ္နည္းပဲရွိပါတယ္။ စင္ေပၚမွာ ေျပာဖုိ႔ဆုိဖုိ႔ပါရမီပါလာျပီးသူဆိုရင္ေတာင္ ဒီအခ်ိန္ကိုျဖတ္ေက်ာ္ခဲ႔ရတာခ်ည္းပါပဲ။ အဲဒီနည္းက မ်ားမ်ားေလ႔က်င္႔ဖုိ႔ပါ။ တစ္ၾကိမ္ျပီတစ္ၾကိမ္ ျပင္ဆင္ေလ႔က်င္႔ပါ။ ဒီလိုနဲ႔ ေနာက္ဆိုကိုယ္ေတာင္ သတိမထားမိေတာ႔ပဲ အေျပာအဆုိအေတာ္ေခ်ာျပီး Skill ကၽြမ္းသူျဖစ္လာပါလိမ္႔မယ္။

ကိုယ္ေျပာခ်င္တာမေျပာနဲ႔

ကိုယ္က စင္ေပၚမွာေရာက္ေနေပမယ္႔ ကိုယ္႔အေၾကာင္းကိုယ္ေျပာလုိ႔မရပါဘူး။ ပရိသတ္အတြက္ ေျပာရမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ ပရိသတ္ေနရာကေနျပီး ပရိသတ္တစ္ေယာက္ရဲ႕ခံစားမႈနဲ႔ သူမ်ားေဟာေျပာသမ်ွေတြကိုအမ်ားၾကီး နားေထာင္ၾကည္႔ပါဦး။
ဒီလိုမ်ားမ်ားနားေထာင္ေပးရင္ ကိုယ္႔အလွည္႔မွာ ဘာေတြေရွာင္မလဲ ဘာေတြကိုေတာ႔ယူရမလဲဆုိတာ ေသေသခ်ာခ်ာသိသြားမွာျဖစ္ပါတယ္။ ဒါေၾကာင္႔ကိုယ္ကမၾကာခဏစင္ေပၚတက္ရဖို႔အေနအထားရွိတယ္ဆုိရင္ TED Talk မ်ားမ်ားၾကည္႔ထားပါ။ သူတုိ႔ ၃ မိနစ္၊ ၅ မိနစ္နဲ႔ ဘယ္လုိတင္ဆက္သြားသလဲဆုိတာ သိရမွာပါ။

ကုိယ္႔ဟန္ေလးေတြထည္႔ပါ

ဘယ္လိုအေၾကာင္းအရာပဲေျပာေျပာ ကိုယ္႔ရဲ႕ပင္ကိုဟန္ပန္ေတြပါပါေစ။ ကိုယ္အျပံဳး၊ ကိုယ္႔အသံဝဲဝဲ၊ ကိုယ္႔ရဲ႕ယိမ္းႏြဲ႕ဟန္စသျဖင္႔ အားလံုးကိုသဘာဝအတုိင္းသာ သြားပါေစ။ စင္ေပၚမွာ ျငိမ္ျငိမ္ရပ္ေနမွ လမ္းေလွ်ာက္ေနမွဆုိတာမ်ိဳး မဟုတ္ပါဘူး။ ကိုယ္႔ရဲ႕ဟန္ပန္ ေျပာတတ္တဲ႔စတုိင္လ္ေလးတစ္ခုကို တည္ေဆာက္ထားႏိုင္ရင္ပိုေကာင္းပါတယ္။

ဟာသေလးေတြ၊ ပံုျပင္ေလးေတြ၊ ဥပမာေလးေတြ

ဒါေလးေတြကပိုအေရးၾကီးပါတယ္။ အရႊန္းေဖာက္တတ္ရင္ လူေတြကမပ်င္းေတာ႔ဘူး။ ရယ္ေမာလိုက္ရတဲ႔အတြက္ Relax လည္းျဖစ္သြားတယ္။ ဒါေၾကာင္႔ ကိုယ္ေျပာေနတဲ႔အေၾကာင္းအရာနဲ႔ဆက္စပ္တဲ႔ ဟာသေလးေတြ၊ ပံုျပင္ေလးေတြ၊ ဥပမာ ဥပေမယ်ေတြအျမဲစဥ္းစားထားပါ။ တစ္ခုသတိထားရမွာကကိုယ္က ဒီအလုပ္ကိုပရိုတစ္ေယာက္အျဖစ္လုပ္ေနတာဆုိရင္ တစ္ပြဲကေန ႏွစ္ပြဲ ေျပာတဲ႔အေၾကာင္းအရာ၊ ဥပမာေတြ မတူသင္႔ဘူးေနာ္။ အျမဲအသစ္အသစ္ေတြ ေပးႏိုင္ေအာင္လုပ္သင္႔ပါတယ္။

ကိုယ္ခံပညာတစ္ခုခုသင္ပါ

အာခီဒို၊ တိုက္ကြမ္ဒို၊ ထိုက္က်ိလုိမ်ိဳး ကိုယ္ခံပညာတစ္ခုခုသင္တာက ကိုယ္႔ကိုယ္ကိုယံုၾကည္မႈရွိေစမယ္႔အခ်က္ ၅ ခ်က္ကိုတည္ေဆာက္ေပးပါတယ္။ အဲဒါေတြက ကိုယ္ဟန္အေနအထားကိုအဆင္ေျပလာေစတယ္၊ မ်က္လံုးခ်င္းဆံုဖုိ႔မေၾကာက္ေတာ႔ဘူး၊ ခြန္အားေတြျပည္႔ေနေစတယ္၊ ေျပာဆိုဆက္သြယ္မႈေကာင္းလာေစတယ္၊ ဥာဏ္ပြင္႔ေစတယ္ စတဲ႔အခ်က္ေတြျဖစ္ပါတယ္။

ဒီအခ်က္ေတြကိုျပင္ဆင္ထားေပးတယ္ဆိုရင္ေတာ႔ စင္ေပၚတက္ရမွာသိပ္မေၾကာက္ဘဲ ယံုၾကည္မႈရွိရွိနဲ႔စကားေျပာေကာင္းသူျဖစ္လာမွာပါ။

www.akhayar.com

[Unicode]

လူအများရှေ့ပြောရဲဆိုရဲရှိစေဖို့

လူအများရှေ့ပြောရဲဆိုရဲရှိဖို့ ကိုယ်ပြောနေတာကိုစိတ်ဝင်တစားရှိပြီးနောက်ဆုံးမှာ လက်ခုပ်သံတဖြောင်းဖြောင်းကြားရဖို့ဆိုတာ အတော်လေးခက်ခဲတဲ့အရာနော်။ တော်ရုံစင်ပေါ်တက်ပြောဆိုနေကျ ဆရာကြီးတွေတောင်တစ်ခါတလေ ခြေတုန်လက်တုန်ဖြစ်တတ်ကြသေးတာ။ ကိုယ်က အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ် ကုမ္ပဏီအတွက်ပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်လာလို့ပဲဖြစ်ဖြစ် စင်ပေါ်တက်ရတဲ့အခါ ဘယ်လိုလှလှပပ သပ်သပ်ရပ်ရပ်လေးစကားပြောမလဲ၊ ဘယ်အချိန်စင်ပေါ်တက်တက်အဆင်ပြေနေအောင် ဘယ်လိုလေ့ကျင့်ထားသင့်လဲဆိုတာ အရေးကြီးတာမို့ လေ့လာကြည့်ရအောင်နော်။

စိတ်လှုပ်ရှားမိတာ သဘာဝပါ

စင်ပေါ်တက်စကားပြောရမယ့်အချိန်မှာ လူတိုင်းစိတ်လှုပ်ရှားပါတယ်။ ကိုယ်တစ်ယောက်တည်းပဲထင်ပြီး စိတ်မညစ်ပါနဲ့။ ဒီလိုစိတ်လှုပ်ရှားပူပန်မှုကိုဘယ်လိုဖြတ်ကျော်မလဲဆိုရင် တစ်နည်းပဲရှိပါတယ်။ စင်ပေါ်မှာ ပြောဖို့ဆိုဖို့ပါရမီပါလာပြီးသူဆိုရင်တောင် ဒီအချိန်ကိုဖြတ်ကျော်ခဲ့ရတာချည်းပါပဲ။ အဲဒီနည်းက များများလေ့ကျင့်ဖို့ပါ။ တစ်ကြိမ်ပြီတစ်ကြိမ် ပြင်ဆင်လေ့ကျင့်ပါ။ ဒီလိုနဲ့ နောက်ဆိုကိုယ်တောင် သတိမထားမိတော့ပဲ အပြောအဆိုအတော်ချောပြီး Skill ကျွမ်းသူဖြစ်လာပါလိမ့်မယ်။

ကိုယ်ပြောချင်တာမပြောနဲ့

ကိုယ်က စင်ပေါ်မှာရောက်နေပေမယ့် ကိုယ့်အကြောင်းကိုယ်ပြောလို့မရပါဘူး။ ပရိသတ်အတွက် ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်နေရာကနေပြီး ပရိသတ်တစ်ယောက်ရဲ့ခံစားမှုနဲ့ သူများဟောပြောသမျှတွေကိုအများကြီး နားထောင်ကြည့်ပါဦး။
ဒီလိုများများနားထောင်ပေးရင် ကိုယ့်အလှည့်မှာ ဘာတွေရှောင်မလဲ ဘာတွေကိုတော့ယူရမလဲဆိုတာ သေသေချာချာသိသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ကမကြာခဏစင်ပေါ်တက်ရဖို့အနေအထားရှိတယ်ဆိုရင် TED Talk များများကြည့်ထားပါ။ သူတို့ ၃ မိနစ်၊ ၅ မိနစ်နဲ့ ဘယ်လိုတင်ဆက်သွားသလဲဆိုတာ သိရမှာပါ။

ကိုယ့်ဟန်လေးတွေထည့်ပါ

ဘယ်လိုအကြောင်းအရာပဲပြောပြော ကိုယ့်ရဲ့ပင်ကိုဟန်ပန်တွေပါပါစေ။ ကိုယ်အပြုံး၊ ကိုယ့်အသံဝဲဝဲ၊ ကိုယ့်ရဲ့ယိမ်းနွဲ့ဟန်စသဖြင့် အားလုံးကိုသဘာဝအတိုင်းသာ သွားပါစေ။ စင်ပေါ်မှာ ငြိမ်ငြိမ်ရပ်နေမှ လမ်းလျှောက်နေမှဆိုတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဟန်ပန် ပြောတတ်တဲ့စတိုင်လ်လေးတစ်ခုကို တည်ဆောက်ထားနိုင်ရင်ပိုကောင်းပါတယ်။

ဟာသလေးတွေ၊ ပုံပြင်လေးတွေ၊ ဥပမာလေးတွေ

ဒါလေးတွေကပိုအရေးကြီးပါတယ်။ အရွှန်းဖောက်တတ်ရင် လူတွေကမပျင်းတော့ဘူး။ ရယ်မောလိုက်ရတဲ့အတွက် Relax လည်းဖြစ်သွားတယ်။ ဒါကြောင့် ကိုယ်ပြောနေတဲ့အကြောင်းအရာနဲ့ဆက်စပ်တဲ့ ဟာသလေးတွေ၊ ပုံပြင်လေးတွေ၊ ဥပမာ ဥပမေယျတွေအမြဲစဉ်းစားထားပါ။ တစ်ခုသတိထားရမှာကကိုယ်က ဒီအလုပ်ကိုပရိုတစ်ယောက်အဖြစ်လုပ်နေတာဆိုရင် တစ်ပွဲကနေ နှစ်ပွဲ ပြောတဲ့အကြောင်းအရာ၊ ဥပမာတွေ မတူသင့်ဘူးနော်။ အမြဲအသစ်အသစ်တွေ ပေးနိုင်အောင်လုပ်သင့်ပါတယ်။

ကိုယ်ခံပညာတစ်ခုခုသင်ပါ

အာခီဒို၊ တိုက်ကွမ်ဒို၊ ထိုက်ကျိလိုမျိုး ကိုယ်ခံပညာတစ်ခုခုသင်တာက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေမယ့်အချက် ၅ ချက်ကိုတည်ဆောက်ပေးပါတယ်။ အဲဒါတွေက ကိုယ်ဟန်အနေအထားကိုအဆင်ပြေလာစေတယ်၊ မျက်လုံးချင်းဆုံဖို့မကြောက်တော့ဘူး၊ ခွန်အားတွေပြည့်နေစေတယ်၊ ပြောဆိုဆက်သွယ်မှုကောင်းလာစေတယ်၊ ဉာဏ်ပွင့်စေတယ် စတဲ့အချက်တွေဖြစ်ပါတယ်။

ဒီအချက်တွေကိုပြင်ဆင်ထားပေးတယ်ဆိုရင်တော့ စင်ပေါ်တက်ရမှာသိပ်မကြောက်ဘဲ ယုံကြည်မှုရှိရှိနဲ့စကားပြောကောင်းသူဖြစ်လာမှာပါ။

www.akhayar.com