[Zawgyi]

ေကာက္ထားတဲ႔ ဆံေကသာကို လုပ္မိတတ္ၾကတဲ႔ အမွားမ်ား

မိန္းကေလးေတြဟာ လွခ်င္ရက္စက္စက္ယိုၿပီး ဆံပင္ပံုစံေတြ အေျပာင္းအလဲလုပ္ကာ ေကာက္ၾကေျဖာင့္ၾကပါတယ္။ ေျဖာင့္တာက နဂိုပံုစံကို အရမ္းႀကီး မေျပာင္းလဲေစေပမယ့္ ေကာက္တာကေတာ့ ေျဖာင့္တာနဲ႔မတူဘဲ ရုပ္ေျပာင္းသြားေစပါတယ္။ အေကာက္က မ်က္ႏွာနည္းနည္းေရြးၿပီး အေကာက္နဲ႔ ေနေလ့ေနထမရွိတဲ့သူဆို စေကာက္ၿပီးခါစ နည္းနည္း ကသိကေအာင့္ျဖစ္ကာ တမ်ဳိးႀကီးျဖစ္ၿပီး မလိုက္ဘူးလို႔ ခံစားရေစပါတယ္။ အဲ႔ဒီလို ေကာက္မိၿပီး မလိုက္တာကုိ ခံစားရမိလို႔ ဆံပင္ကို အမွားေတြ အမ်ားႀကီး ျပဳလုပ္မိၾကပါတယ္။ ဒါေၾကာင့္မို႔ ေကာက္ထားတဲ႕ ဆံေကသာေလးေတြ ေကာက္သားလွလွေလးနဲ႔ ျမင္သူတကာ ေငးေမာအားက်ရတာမ်ဳိး ျဖစ္ေအာင္ မလုပ္မိသင့္တဲ႔ အခ်က္ေလးတခ်ဳိ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) အေကာက္ကို ေခါင္းၿဖီးနဲ႔ အျမဲလိုလို မၿဖီးခ်ပါနဲ႔

ဆံပင္မေကာက္ခင္တုန္းက နဂိုဆံပင္ကအေျဖာင့္ျဖစ္လုိ႔ ဆံပင္ရွင္းတာကို အက်င့္ျဖစ္ေနခဲ့ရင္ ေကာက္ၿပီးတဲ့အခါမွာ အဲ႔အက်င့္ကို စြန္႔လႊတ္လုိက္ပါ။ ေကာက္ထားတဲ႔ ဆံေကသာကို ေခါင္းၿဖီးလိုက္တဲ႔အခါ ေကာက္သားေတြကို ေျပေအာင္လုပ္လိုက္တာနဲ႔ တူပါတယ္။ လံုးဝႀကီး ေျပသြားတာမ်ဳိးမဟုတ္ဘဲ ေကာက္သားေလးေတြ ေလ်ာ့သြားတာမ်ဳိး ျဖစ္တတ္လို႔ အိပ္ရာထရင္၊ အျပင္သြားခါနီးရင္ ေခါင္းၿဖီးတာမ်ဳိးမလုပ္ပါနဲ႔။ အဲ႔ဒါဆို ဘယ္ေတာ့မွ ေခါင္းမၿဖီးရဘူးလားဆိုၿပီး ေမးစရာရွိပါလိမ့္မယ္။ လံုးဝမၿဖီးရတာမ်ဳိး မဟုတ္ဘဲ ေခါင္းေလွ်ာ္ခါနီး၊ ေခါင္းေလွ်ာ္ေနစဥ္မွာ ေခါင္းၿဖီးေလးနဲ႔ ညင္ညင္သာသာေလးၿဖီးၿပီး ဆံပင္ရွင္းေပးလို႔ ရပါတယ္။

(၂) ေခါင္းအရမ္းမေလွ်ာ္ပါနဲ႔

ဆံပင္ေကာက္တဲ႔အခါ ဓာတုပစၥည္းေတြနဲ႔ မျဖစ္မေနထိေတြ႔တာေၾကာင့္ ဆံသားဟာ ေျခာက္ေသြ႔ၿပီး ၾကြပ္ဆပ္လာတတ္တာမ်ဳိး ျဖစ္တာေၾကာင့္ ေခါင္းခဏခဏ ေလွ်ာ္တာမ်ဳိး မလုပ္သင့္ပါဘူး။ ေခါင္းကို ေန႔တိုင္းေလွ်ာ္တတ္တဲ့သူမ်ဳိးဆို ဆံပင္ကို အားျဖည္႔ေပးတဲ႔ ေခါင္းေလွ်ာ္ရည္မ်ဳိး၊ သဘာဝပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ႔ ေခါင္းေလွ်ာ္ရည္မ်ဳိး၊ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားမ်ဳိးနဲ႔သာ ေခါင္းေလွ်ာ္ေပးသင့္ပါတယ္။ ျဖစ္ႏိုင္ရင္ ခဏခဏမေလွ်ာ္ေပးတာကေတာ့ အေကာင္းဆံုးပါပဲ။ ေခါင္းေလွ်ာ္တဲ႔အခါမွာလည္း ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆးေတြကို ေသခ်ာစင္ေအာင္ ေရေလာင္းေပးသင့္ပါတယ္။ ေသခ်ာစင္ေအာင္ ေရေလာင္းေပးသင့္တာက ေကာက္ထားတဲ့ ဆံေကသာကိုမွ မဟုတ္ဘူး ဘယ္လိုဆံသားမဆို ေျပာင္စင္ေအာင္ေလာင္းသင့္ပါတယ္။ မဟုတ္ရင္ ေဗာက္ထတတ္တဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

(၃) ေကာက္သားနဲ႔ကိုက္ညီတဲ႔ အမ်ဳိးအစားေတြ ေရြးသံုးကာ ထိန္းသိမ္းေပးပါ

ေကာက္လိုက္ၿပီးဆို ဆံပင္ေျခာက္ေသြ႔သြားတာက သဘာဝပါ။ ေျခာက္ေသြ႔သြားတဲ႔ ဆံသားကုိ ေျခာက္ေသြ႔လြန္ၿပီး ပ်က္စီးသြားကာ ေျပာင္းဖူးေမႊးလိုမ်ဳိး ျဖစ္တဲ႔အထိ ပစ္မထားပါနဲ႔။ ဆံပင္အကာက္ေတြဆို ေခါင္းေလွ်ာ္ရည္ပဲ ျဖစ္ျဖစ္၊ ေပ်ာ့ေဆးပဲျဖစ္ျဖစ္ ေရဓာတ္ျဖည္႔ေပးတဲ့ အမ်ဳိးအစားေတြကို ေရြးခ်ယ္သံုးေပးကာ က်န္းမာတဲ့ ဆံေကသာ ျဖစ္ေအာင္ ထိန္းသိမ္းသင့္ပါတယ္။ ေခါင္းေလွ်ာ္ရည္တို႔၊ ေပ်ာ့ေဆးတို႔ ေရြးတဲ့အခါ ဆံေကသာကၽြမ္းက်င္ပညာရွင္ ေရြးေပးတဲ႔အရာကိုပဲ ယံုၾကည္ၿပီး သံုးတာမ်ဳိးမဟုတ္ဘဲ ကိုယ္ဆံႏြယ္ကုိ ေကာင္းက်ဳိးျဖစ္ေစတဲ႔ ပါဝင္ပစၥည္းေတြ ပါတာမ်ဳိး ေရြးသံုးေပးသင့္ပါတယ္။ ဥပမာအေနနဲ႔ဆို အုန္းဆီ၊ Shea Butter နဲ႔ ေထာပတ္ဆီေတြပါဝင္တဲ႔ အမ်ဳိးအစားေတြကို ေရြးသံုးေပးသင့္ပါတယ္။

(၄) ညွပ္ထုတ္လိုက္တာမ်ဳိးမလုပ္ပါနဲ႔

ေကာက္ၿပီးရင္ ေကာက္သားေတြနဲ႔ ေနသားမက်လို႔ မလွဘူးထင္တဲ႔အခါ အေကာက္ေတြကို ညွပ္ထုတ္ပစ္မယ္ဆိုၿပီး အဆံုးစြန္းအထိေတြးကာ ျပဳလုပ္တတ္္ၾကပါတယ္။ ပိုက္ဆံအကုန္ခံၿပီး ေကာက္ထားတာကို ညွပ္ထုတ္လိုက္ရင္ ေငြကုန္ရက်ဳိးမနပ္ပါဘူး။ အေကာက္ေတြဟာလည္း ေကာက္ၿပီးခါစမွာ ပံုမဝင္တဲ႔အတြက္ ကိုယ္ေမွ်ာ္မွန္းထားတဲ႔ ပံုစံမ်ဳိး တန္းမရပါဘူး။ အခ်ိန္ၾကာလာမွသာ အေကာက္ကို ပံုပိုက်လာတတ္တာျဖစ္တဲ့အတြက္ အေကာက္နဲ႔ လံုးဝ မေနတတ္ဘူးဆုိ ညွပ္ထုတ္လိုက္တာထက္ ဆံပင္ကိုစုၿပီးစုထံုးထားတာမ်ဳိး၊ က်စ္ဆံၿမီးက်စ္ထားတာမ်ဳိး လုပ္ၿပီး ေနလုိ႔ရပါတယ္။ ဒီလိုလုပ္ထားတာက အေကာက္ေတြလည္း မေပၚေတာ့သလို ေျဖခ်လိုက္တဲ႔အခါ ေကာက္သားကိုလည္း ပိုမိုလွပသြားေစတာကို ေတြ႔ရပါလိမ္႔မယ္။

(၅) ကာလာမထည့္ဘဲ မေနပါနဲ႔

ဆံပင္ေကာက္ၿပီးရင္ ဆံပင္အေရာင္ကို အမည္းေရာင္အတိုင္းထားတာက ေကာက္သားေတြရဲ႕ အလိပ္ေတြအေခြေတြကို ေပၚလြင္မႈ မရွိေစေအာင္ ဖံုးထားတာနဲ႔ တူပါတယ္။ ေကာက္ထားတဲ့ ဆံသားဟာ အေရာင္ေလးအနည္းငယ္ပါမွ ပိုၾကြၿပီး ပိုလွပလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေကာက္ၿပီးၿပီးခ်င္း ဆံသားပ်က္စီးမွာစိုးလို႔ အေရာင္မဆိုးခ်င္ရင္ေတာင္မွ အနည္းဆံုး သံုးလေလာက္ၾကာရင္ အေရာင္ေလးအနည္းငယ္ထည့္ၿပီး ေပါင္းတင္ေပးတာမ်ဳိး ျပဳလုပ္ေပးသင့္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကောက်ထားတဲ့ ဆံကေသာကို လုပ်မိတတ်ကြတဲ့ အမှားများ

မိန်းကလေးတွေဟာ လှချင်ရက်စက်စက်ယိုပြီး ဆံပင်ပုံစံတွေ အပြောင်းအလဲလုပ်ကာ ကောက်ကြဖြောင့်ကြပါတယ်။ ဖြောင့်တာက နဂိုပုံစံကို အရမ်းကြီး မပြောင်းလဲစေပေမယ့် ကောက်တာကတော့ ဖြောင့်တာနဲ့မတူဘဲ ရုပ်ပြောင်းသွားစေပါတယ်။ အကောက်က မျက်နှာနည်းနည်းရွေးပြီး အကောက်နဲ့ နေလေ့နေထမရှိတဲ့သူဆို စကောက်ပြီးခါစ နည်းနည်း ကသိကအောင့်ဖြစ်ကာ တမျိုးကြီးဖြစ်ပြီး မလိုက်ဘူးလို့ ခံစားရစေပါတယ်။ အဲ့ဒီလို ကောက်မိပြီး မလိုက်တာကို ခံစားရမိလို့ ဆံပင်ကို အမှားတွေ အများကြီး ပြုလုပ်မိကြပါတယ်။ ဒါကြောင့်မို့ ကောက်ထားတဲ့ ဆံကေသာလေးတွေ ကောက်သားလှလှလေးနဲ့ မြင်သူတကာ ငေးမောအားကျရတာမျိုး ဖြစ်အောင် မလုပ်မိသင့်တဲ့ အချက်လေးတချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) အကောက်ကို ခေါင်းဖြီးနဲ့ အမြဲလိုလို မဖြီးချပါနဲ့

ဆံပင်မကောက်ခင်တုန်းက နဂိုဆံပင်ကအဖြောင့်ဖြစ်လို့ ဆံပင်ရှင်းတာကို အကျင့်ဖြစ်နေခဲ့ရင် ကောက်ပြီးတဲ့အခါမှာ အဲ့အကျင့်ကို စွန့်လွှတ်လိုက်ပါ။ ကောက်ထားတဲ့ ဆံကေသာကို ခေါင်းဖြီးလိုက်တဲ့အခါ ကောက်သားတွေကို ပြေအောင်လုပ်လိုက်တာနဲ့ တူပါတယ်။ လုံးဝကြီး ပြေသွားတာမျိုးမဟုတ်ဘဲ ကောက်သားလေးတွေ လျော့သွားတာမျိုး ဖြစ်တတ်လို့ အိပ်ရာထရင်၊ အပြင်သွားခါနီးရင် ခေါင်းဖြီးတာမျိုးမလုပ်ပါနဲ့။ အဲ့ဒါဆို ဘယ်တော့မှ ခေါင်းမဖြီးရဘူးလားဆိုပြီး မေးစရာရှိပါလိမ့်မယ်။ လုံးဝမဖြီးရတာမျိုး မဟုတ်ဘဲ ခေါင်းလျှော်ခါနီး၊ ခေါင်းလျှော်နေစဉ်မှာ ခေါင်းဖြီးလေးနဲ့ ညင်ညင်သာသာလေးဖြီးပြီး ဆံပင်ရှင်းပေးလို့ ရပါတယ်။

(၂) ခေါင်းအရမ်းမလျှော်ပါနဲ့

ဆံပင်ကောက်တဲ့အခါ ဓာတုပစ္စည်းတွေနဲ့ မဖြစ်မနေထိတွေ့တာကြောင့် ဆံသားဟာ ခြောက်သွေ့ပြီး ကြွပ်ဆပ်လာတတ်တာမျိုး ဖြစ်တာကြောင့် ခေါင်းခဏခဏ လျှော်တာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းကို နေ့တိုင်းလျှော်တတ်တဲ့သူမျိုးဆို ဆံပင်ကို အားဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်မျိုး၊ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုး၊ ခေါင်းလျှော်ရည်အပျော့စားမျိုးနဲ့သာ ခေါင်းလျှော်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ခဏခဏမလျှော်ပေးတာကတော့ အကောင်းဆုံးပါပဲ။ ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေကို သေချာစင်အောင် ရေလောင်းပေးသင့်ပါတယ်။ သေချာစင်အောင် ရေလောင်းပေးသင့်တာက ကောက်ထားတဲ့ ဆံကေသာကိုမှ မဟုတ်ဘူး ဘယ်လိုဆံသားမဆို ပြောင်စင်အောင်လောင်းသင့်ပါတယ်။ မဟုတ်ရင် ဗောက်ထတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

(၃) ကောက်သားနဲ့ကိုက်ညီတဲ့ အမျိုးအစားတွေ ရွေးသုံးကာ ထိန်းသိမ်းပေးပါ

ကောက်လိုက်ပြီးဆို ဆံပင်ခြောက်သွေ့သွားတာက သဘာဝပါ။ ခြောက်သွေ့သွားတဲ့ ဆံသားကို ခြောက်သွေ့လွန်ပြီး ပျက်စီးသွားကာ ပြောင်းဖူးမွှေးလိုမျိုး ဖြစ်တဲ့အထိ ပစ်မထားပါနဲ့။ ဆံပင်အကာက်တွေဆို ခေါင်းလျှော်ရည်ပဲ ဖြစ်ဖြစ်၊ ပျော့ဆေးပဲဖြစ်ဖြစ် ရေဓာတ်ဖြည့်ပေးတဲ့ အမျိုးအစားတွေကို ရွေးချယ်သုံးပေးကာ ကျန်းမာတဲ့ ဆံကေသာ ဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ရည်တို့၊ ပျော့ဆေးတို့ ရွေးတဲ့အခါ ဆံကေသာကျွမ်းကျင်ပညာရှင် ရွေးပေးတဲ့အရာကိုပဲ ယုံကြည်ပြီး သုံးတာမျိုးမဟုတ်ဘဲ ကိုယ်ဆံနွယ်ကို ကောင်းကျိုးဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေ ပါတာမျိုး ရွေးသုံးပေးသင့်ပါတယ်။ ဥပမာအနေနဲ့ဆို အုန်းဆီ၊ Shea Butter နဲ့ ထောပတ်ဆီတွေပါဝင်တဲ့ အမျိုးအစားတွေကို ရွေးသုံးပေးသင့်ပါတယ်။

(၄) ညှပ်ထုတ်လိုက်တာမျိုးမလုပ်ပါနဲ့

ကောက်ပြီးရင် ကောက်သားတွေနဲ့ နေသားမကျလို့ မလှဘူးထင်တဲ့အခါ အကောက်တွေကို ညှပ်ထုတ်ပစ်မယ်ဆိုပြီး အဆုံးစွန်းအထိတွေးကာ ပြုလုပ်တတ်ကြပါတယ်။ ပိုက်ဆံအကုန်ခံပြီး ကောက်ထားတာကို ညှပ်ထုတ်လိုက်ရင် ငွေကုန်ရကျိုးမနပ်ပါဘူး။ အကောက်တွေဟာလည်း ကောက်ပြီးခါစမှာ ပုံမဝင်တဲ့အတွက် ကိုယ်မျှော်မှန်းထားတဲ့ ပုံစံမျိုး တန်းမရပါဘူး။ အချိန်ကြာလာမှသာ အကောက်ကို ပုံပိုကျလာတတ်တာဖြစ်တဲ့အတွက် အကောက်နဲ့ လုံးဝ မနေတတ်ဘူးဆို ညှပ်ထုတ်လိုက်တာထက် ဆံပင်ကိုစုပြီးစုထုံးထားတာမျိုး၊ ကျစ်ဆံမြီးကျစ်ထားတာမျိုး လုပ်ပြီး နေလို့ရပါတယ်။ ဒီလိုလုပ်ထားတာက အကောက်တွေလည်း မပေါ်တော့သလို ဖြေချလိုက်တဲ့အခါ ကောက်သားကိုလည်း ပိုမိုလှပသွားစေတာကို တွေ့ရပါလိမ့်မယ်။

(၅) ကာလာမထည့်ဘဲ မနေပါနဲ့

ဆံပင်ကောက်ပြီးရင် ဆံပင်အရောင်ကို အမည်းရောင်အတိုင်းထားတာက ကောက်သားတွေရဲ့ အလိပ်တွေအခွေတွေကို ပေါ်လွင်မှု မရှိစေအောင် ဖုံးထားတာနဲ့ တူပါတယ်။ ကောက်ထားတဲ့ ဆံသားဟာ အရောင်လေးအနည်းငယ်ပါမှ ပိုကြွပြီး ပိုလှပလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောက်ပြီးပြီးချင်း ဆံသားပျက်စီးမှာစိုးလို့ အရောင်မဆိုးချင်ရင်တောင်မှ အနည်းဆုံး သုံးလလောက်ကြာရင် အရောင်လေးအနည်းငယ်ထည့်ပြီး ပေါင်းတင်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com