[Zawgyi] 

Google ရဲ႕ Developer ေတြ႕ဆံုပြဲျဖစ္တဲ့ I/O 2018 မွာ Google မိတ္ဆက္သြားတဲ့ နည္းပညာအသစ္ေတြ အမ်ားႀကီးပါ။ အဲဒီအထဲကမွာ အဓိက စိတ္ဝင္စားစရာေကာင္းတာကေတာ့ Android Version အသစ္ျဖစ္တဲ့ Android P ပါ။ 

Android P

၁။ Android P

Android P က Android သမိုင္းတစ္ေလွ်ာက္လံုးမွာ သိသာတဲ့ေျပာင္းလဲမႈေတြကို ယူလာတဲ့အျပင္ အရင္အတိုင္းပဲ Android အရသာမပ်က္ဘဲ ပိုလွလာတဲ့ UI အသစ္ေတြကို ေတြ႕ရပါတယ္။ အသိသာဆံုးေျပာင္းလဲမႈအေနနဲ႔ Android မွာပါေနက် Back ၊ Home ၊ Menu ခလုတ္ေတြကို Gesture ေတြနဲ႔အစားထုိးေပးလိုက္ပါၿပီ။ လြယ္လြယ္ေျပာရရင္ေတာ့ iPhone X ရဲ႕ Gesture ေတြလိုပါပဲ။ ဒါေပမယ့္ အမ်ားႀကီးပိုေကာင္းလာပါတယ္။ လက္ရွိမွာေတာ့ Google Pixel ဖုန္းေတြနဲ႔အတူ အျခား Flagship Android ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ Android P Beta ကို စမ္းသပ္သံုးစြဲလို႔ ရေနပါၿပီ။

၂။ Google Assistant

Siri ရဲ႕ၿပိဳင္ဖက္ျဖစ္တဲ့ Google Assistant ကအရင္ကထက္ အမ်ားႀကိးပိုေကာင္းလာပါၿပီ။ Google Assistant ကအခုဆိုရင္ သင့္အတြက္ ဟိုတယ္ကိုဖုန္းဆက္ျပီး အခန္း Booking လုပ္ေပးႏိုင္လာပါၿပီ။ တစ္ဖက္ကလူကေတာ့ ဖုန္းေျပာေနတာ လူလား၊ Google Assistant လားဆိုတာ သိမွာေတာင္မဟုတ္ပါဘူး။ Google Assistant က လူေတြစကားေျပာဟန္နဲ႔ ထပ္တူနီးပါးေျပာႏိုင္လာတာေၾကာင့္ပါ။  Google ရဲ႕ AI နဲ႔ Deep Learning အပိုင္းေတြမွာပိုတိုးတက္လာတာေၾကာင့္ Google Assistant ကို အရင္ကထက္ပိုေကာင္းလာေစတာပါ။ Assistant ရဲ႕တြဲဖက္ျဖစ္တဲ့ Google Lens ကိုလည္းပိုေကာင္းတဲ့ Feature အသစ္ေတြထည့္ေပးလာပါၿပီ။ Lens နဲ႔ Poster ေတြကိုခ်ိန္ၿပီး ပြဲဲနဲ႔ပတ္သက္တဲ့ Video ေတြကို ၾကည့္လို႔ရတဲ့ Feature မ်ိဳးေတြ အသစ္ပါလာပါတယ္။

၃။ Google Maps

Google Maps ကိုအသံုျပဳတဲ့သူ ျပည္တြင္းမွာလည္း ေတာ္ေတာ္မ်ားပါတယ္။ Google Maps ကို ေနာက္ထပ္အဆင့္ႁမွင့္တင္မႈအေနနဲ႔ လမ္းေလ ွ်ာက္တဲ့အပိုင္းမွာ AR အသံုးျပဳလို႔ရမယ့္ Feature အသစ္ကိုမိ္တ္ဆက္ေပးလိုက္ပါၿပီ။ AR နဲ႔ဆိုေတာ့ လမ္းေလွ်ာက္ရင္း အနီးနားက စားေသာက္ဆိုေတြ၊ အထင္ကရေနရာေတြကို AR နဲ႔ျမင္ရၿပီဆိုေတာ့ သြားရလာရတာ ပိုလြယ္လာမွာပါ။ AR Feature ကိုေတာ့ မၾကာခင္မွာအသံုးျပဳလို႔ရႏိုင္မွာပါ။ သင္ႏွစ္သက္မယ့္ စားေသာက္ဆိုင္မ်ိဳးေတြကိုလည္း သြားစားၾကည့္ဖို႔ အႀကံျပဳတာမ်ိဳးေတြက Google Maps မွာပါလာေတာ့မွာပါ။ 

Google Lens

Google Lens

၄။ Googel Photos 

Google က Pixel 2 ဖုန္းမွာ AI သံုးၿပီး Camera တစ္လံုးတည္းနဲ႔ Portrait  Mode ကုိရအာင္လုပ္ေပးခဲ့တာ အားလံုးမွတ္မိမွာပါ။ အခုေတာ့ Google Photo မွာပါ AI သံုးေပးလာၿပီး Feature အသစ္ေတြထည့္ေပးလာပါၿပီ။ အလင္းနည္းေနတဲ့ ဓာတ္ပံုကို AI က ရွာေတြ႕တာနဲ႔ ပံုကို One Click နဲ႔ အလင္းနည္းေနတာကို ျပန္ျပင္လို႔ရလာပါတယ္။ စာရြက္စာတမ္းေတြကို ဓာတ္ပံု႐ိုက္သိမ္းထားရင္လည္း စာရြက္ကို AI က ျပန္ Scan ၿပီး Save ေပးႏိုင္ပါေသးတယ္။ 

Googel Photos 

Googel Photos

၅။ Google News 

သတင္းနဲ႔ပတ္သက္လာရင္ Google ရဲ႕ဝန္ေဆာင္မႈအသစ္က အေကာင္းဆံုးလို႔ေတာင္ေျပာလို႔ရပါတယ္။ ယံုၾကည္စိတ္ခ်ရဆံုး သတင္းဌာနေတြရဲ႕ အေကာင္းဆံုး သတင္းေတြကို AI ကေသခ်ာဖတ္ၿပီး ေရြးေပးမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google ကသူတို႔ရဲ႕ Deep Learning နဲ႔ AI အပိုင္းကို ဂ႐ုတစိုုက္ျပဳလုပ္ေပးထားတာေၾကာင့္ သတင္းေတြကို တစ္စုတစ္စည္းတည္းေဖာ္ျပေပးႏိုင္ဦးမွာပါ အေရးႀကီးသတင္းတစ္ခုေတြ႕တယ္ဆိုရင္ ဖတ္တဲ့အခါ ဆက္စပ္အေၾကာင္းအရာေတြကို  အစအနလိုက္ရွာရတာ အခ်ိန္ကုန္ၿပီး ခက္ခဲပါတယ္။ အခုေတာ့ Google ရဲ႕ AI ေၾကာင့္ သတင္းတစ္ခုကို လြယ္လြယ္ကူကူနဲ႔ အစအဆံုးေကာင္းေကာင္းနားလည္ႏိုင္ေတာ့မွာပါ။ 

Ref: Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Google I/O 2018 ပွဲမှာ Android P နဲ့ပတ်သက်လို့ Google ကြေငြာခဲ့တာတွေ

Google ရဲ့ Developer တွေ့ဆုံပွဲဖြစ်တဲ့ I/O 2018 မှာ Google မိတ်ဆက်သွားတဲ့ နည်းပညာအသစ်တွေ အများကြီးပါ။ အဲဒီအထဲကမှာ အဓိက စိတ်ဝင်စားစရာကောင်းတာကတော့ Android Version အသစ်ဖြစ်တဲ့ Android P ပါ။ 

Android P

၁။ Android P

Android P က Android သမိုင်းတစ်လျှောက်လုံးမှာ သိသာတဲ့ပြောင်းလဲမှုတွေကို ယူလာတဲ့အပြင် အရင်အတိုင်းပဲ Android အရသာမပျက်ဘဲ ပိုလှလာတဲ့ UI အသစ်တွေကို တွေ့ရပါတယ်။ အသိသာဆုံးပြောင်းလဲမှုအနေနဲ့ Android မှာပါနေကျ Back ၊ Home ၊ Menu ခလုတ်တွေကို Gesture တွေနဲ့အစားထိုးပေးလိုက်ပါပြီ။ လွယ်လွယ်ပြောရရင်တော့ iPhone X ရဲ့ Gesture တွေလိုပါပဲ။ ဒါပေမယ့် အများကြီးပိုကောင်းလာပါတယ်။ လက်ရှိမှာတော့ Google Pixel ဖုန်းတွေနဲ့အတူ အခြား Flagship Android ဖုန်းတော်တော်များများမှာ Android P Beta ကို စမ်းသပ်သုံးစွဲလို့ ရနေပါပြီ။

၂။ Google Assistant

Siri ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Google Assistant ကအရင်ကထက် အများကြိးပိုကောင်းလာပါပြီ။ Google Assistant ကအခုဆိုရင် သင့်အတွက် ဟိုတယ်ကိုဖုန်းဆက်ပြီး အခန်း Booking လုပ်ပေးနိုင်လာပါပြီ။ တစ်ဖက်ကလူကတော့ ဖုန်းပြောနေတာ လူလား၊ Google Assistant လားဆိုတာ သိမှာတောင်မဟုတ်ပါဘူး။ Google Assistant က လူတွေစကားပြောဟန်နဲ့ ထပ်တူနီးပါးပြောနိုင်လာတာကြောင့်ပါ။  Google ရဲ့ AI နဲ့ Deep Learning အပိုင်းတွေမှာပိုတိုးတက်လာတာကြောင့် Google Assistant ကို အရင်ကထက်ပိုကောင်းလာစေတာပါ။ Assistant ရဲ့တွဲဖက်ဖြစ်တဲ့ Google Lens ကိုလည်းပိုကောင်းတဲ့ Feature အသစ်တွေထည့်ပေးလာပါပြီ။ Lens နဲ့ Poster တွေကိုချိန်ပြီး ပွဲနဲ့ပတ်သက်တဲ့ Video တွေကို ကြည့်လို့ရတဲ့ Feature မျိုးတွေ အသစ်ပါလာပါတယ်။

၃။ Google Maps

Google Maps ကိုအသုံပြုတဲ့သူ ပြည်တွင်းမှာလည်း တော်တော်များပါတယ်။ Google Maps ကို နောက်ထပ်အဆင့်မြှင့်တင်မှုအနေနဲ့ လမ်းလေ ျှာက်တဲ့အပိုင်းမှာ AR အသုံးပြုလို့ရမယ့် Feature အသစ်ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ AR နဲ့ဆိုတော့ လမ်းလျှောက်ရင်း အနီးနားက စားသောက်ဆိုတွေ၊ အထင်ကရနေရာတွေကို AR နဲ့မြင်ရပြီဆိုတော့ သွားရလာရတာ ပိုလွယ်လာမှာပါ။ AR Feature ကိုတော့ မကြာခင်မှာအသုံးပြုလို့ရနိုင်မှာပါ။ သင်နှစ်သက်မယ့် စားသောက်ဆိုင်မျိုးတွေကိုလည်း သွားစားကြည့်ဖို့ အကြံပြုတာမျိုးတွေက Google Maps မှာပါလာတော့မှာပါ။ 

Google Lens

Google Lens

၄။ Googel Photos 

Google က Pixel 2 ဖုန်းမှာ AI သုံးပြီး Camera တစ်လုံးတည်းနဲ့ Portrait  Mode ကိုရအာင်လုပ်ပေးခဲ့တာ အားလုံးမှတ်မိမှာပါ။ အခုတော့ Google Photo မှာပါ AI သုံးပေးလာပြီး Feature အသစ်တွေထည့်ပေးလာပါပြီ။ အလင်းနည်းနေတဲ့ ဓာတ်ပုံကို AI က ရှာတွေ့တာနဲ့ ပုံကို One Click နဲ့ အလင်းနည်းနေတာကို ပြန်ပြင်လို့ရလာပါတယ်။ စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်သိမ်းထားရင်လည်း စာရွက်ကို AI က ပြန် Scan ပြီး Save ပေးနိုင်ပါသေးတယ်။ 

Googel Photos 

Googel Photos

၅။ Google News 

သတင်းနဲ့ပတ်သက်လာရင် Google ရဲ့ဝန်ဆောင်မှုအသစ်က အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ယုံကြည်စိတ်ချရဆုံး သတင်းဌာနတွေရဲ့ အကောင်းဆုံး သတင်းတွေကို AI ကသေချာဖတ်ပြီး ရွေးပေးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ကသူတို့ရဲ့ Deep Learning နဲ့ AI အပိုင်းကို ဂရုတစိုုက်ပြုလုပ်ပေးထားတာကြောင့် သတင်းတွေကို တစ်စုတစ်စည်းတည်းဖော်ပြပေးနိုင်ဦးမှာပါ အရေးကြီးသတင်းတစ်ခုတွေ့တယ်ဆိုရင် ဖတ်တဲ့အခါ ဆက်စပ်အကြောင်းအရာတွေကို  အစအနလိုက်ရှာရတာ အချိန်ကုန်ပြီး ခက်ခဲပါတယ်။ အခုတော့ Google ရဲ့ AI ကြောင့် သတင်းတစ်ခုကို လွယ်လွယ်ကူကူနဲ့ အစအဆုံးကောင်းကောင်းနားလည်နိုင်တော့မှာပါ။ 

Ref: Google

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။