• Brexit ဆိုတာ ဘာလဲ။

ဥရောပသမဂ္ဂ (EU) အဖွဲ့ကနေ ဗြိတိန် (UK) နိုင်ငံထွက်ခွာလာခြင်းကို ရည်ညွှန်းပါတယ်။ Britain နဲ့ Exit ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းပြီး Brexit လို့ ခေါ်ခြင်း ဖြစ်ပါတယ်။ ဇွန်လ ၂၃ ရက် ၂၀၁၆ ခုနှစ် ကြာသပတေးနေ့မှာ ဗြိတိန် ပြည်သူလူထုဟာ သမိုင်းဝင်ဆန္ဒခံယူပွဲကြီး ပြုလုပ်ပြီး Brexit (ဗြိတိန်နိုင်ငံအနေနဲ့ EU ကနေ ထွက်ခွာဖို့) ကို မဲပေးခဲ့ကြပါတယ်။

 

  • ဘာကြောင့် ဗြိတိန်လူထုက EU ကနေ ထွက်ခွာဖို့ မဲပေးခဲ့ကြတာလဲ။

ဗြိတိန်လူထုဟာ သူတိုရဲ့ အမျိုးသားရေး အချုပ်အခြာအာဏာနဲ့ ပက်သက်ပြီး နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းက EU က ထွက်ခွာဖို့ လှုံ့ဆော်မှု ဖြစ်စေခဲ့ပါတယ်။

 

  • ဗြိတိန်ဟာ EU က နှုတ်ထွက်သွားတဲ့ အတွက် ဘာတွေ ရလိုက်သလဲ။

အချက်တစ်ချက်အနေနဲ့ Eu နဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်ခြင်းအားဖြင့် ဗြိတိန်အနေနဲ့ ဈေးသက်သာတဲ့ သကြားချောင်းတွေနဲ့ Malt Vinegar တွေကို ကမ္ဘာအနှံ့ တင်ပို့ရာမှာ ပိုပြီး လွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

 

You May Also Like : ” ကမ္ဘာ့ငွေကြေး ထက်ဝက်ကိုပိုင်ဆိုင်ထားတဲ့ လူသားရှစ်ဦး

 

  • အခုရော ဗြိတိန်လူထုက EU က ထွက်ခွာလာခြင်းကို လိုလားပါသေးလား။

လိုလားခြင်း၊လိုလားခြင်းဟာ အရေးမကြီးတော့ပါဘူး။ စပြီး မဲပေးကတည်းက ဗြိတိန်ကို EU မှာ ဆက်ရှိစေချင်သူနဲ့ ထွက်ခွာစေချင်သူတွေရဲ့ မဲကွာခြားချက်က ၃.၈ ရာခိုင်နှုန်းပဲ ကွာခြားခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Article 50 အရ EU နဲ့ ဗြိတိန်ဟာ ထွက်ခွာရေး သဘောတူညီချက်အရ ကြားကာလ ၂ နှစ်ထားရှိတာ ဖြစ်လို့ ၂၀၁၉ မတ်လကုန်လောက်မှာတော့ နှုတ်ထွက်ရေး လုပ်ငန်းစဉ် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

 

  • တခြားတိုင်းပြည်တွေမှာ ဖြစ်ပွားနေသလိုမျိုး တိုင်းတပါးက လာရောက်ပြောင်းရွှေနေထိုင်သူတွေအပေါ် အမျိုးသားရေးဝါဒီတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာဖို့ အခြေအနေတွေများ ရှိနေပါသလား။

ဒီလိုမျိုး ဖြစ်ပေါ်ဖို့ အခြေအနေတော့ ရှိမနေပါဘူး။

 

ရိုးလူ (အခရာ)
www.akhayar.com

Ref : www.theonion.com, www.bbc.com, www.independent.co.uk