[Zawgyi]

ႀကိဳးစားေနတုန္းမွာ ဒါေတြမလုပ္မိေစနဲ႔

ေအာင္ျမင္ဖုိ႔ ႀကိဳးစားေနတာက ဘာနဲ႔တူသလဲဆုိရင္ ေရဆန္ကုိ ေလွာ္ရသလုိပါပဲ။ ပင္ပန္းတယ္လုိ႔ ခံစားရေပမယ့္ ရည္မွန္းခ်က္ပန္းတုိင္ကုိ ေရာက္ရွိသြားရင္ ပီတိအရသာက ဘာနဲ႔မွ မလဲႏုိင္ပါဘူး။ ပန္းတုိင္ေရာက္ဖုိ႔ ေလွာ္ခတ္ေနတဲ့အခ်ိန္မွာ ေရလုိက္လြဲသြားရင္ေတာ့ ေရႊျပည္ေတာ္ ေမွ်ာ္တုိင္းေဝး ျဖစ္သြားပါၿပီ။ အဲဒီေတာ့ ႀကိဳးစားေနခ်ိန္မွာ ဘာေတြကုိ ေရွာင္ၾကဥ္သင့္လဲဆုိတာ ေဖာ္ျပလုိက္ပါတယ္။

၁။ မပ်င္းနဲ႔။

ေအာင္ျမင္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ပ်င္းရိတဲ့စိတ္ကုိ ေမာင္းထုတ္လုိက္ပါ။ “ပ” နဲ႕ “ဖ” က နီးနီးေလးပဲ။ ပ်င္းရင္ ဖ်င္းသြားမယ္။ စီမံခ်က္ခ်တုန္းက “ဆင္ဖမ္းမယ္္ က်ားဖမ္းမယ္” နဲ႔ တကယ္လုပ္တဲ့အခ်ိန္မွာ ယင္တစ္ေကာင္ေတာင္ မဖမ္းႏုိင္ရင္ မဟုတ္ေသးဘူး။ အေျပာ ေရႊမန္း ကေတာ့ ခ်ိဳမုိင္မုိင္ မျဖစ္ေစဖုိ႔ လုံ႔လထၾကြပါေစ။ သူမ်ားထက္ ႏွစ္ဆမေတာ္ရင္ ႏွစ္ဆပုိၿပီးႀကိဳးစား။

၂။ အခ်စ္စိတ္မမႊန္နဲ႔။

အားမာန္အျပည့္နဲ႔ ႀကိဳးစားေနတုန္းမွာ အခ်စ္စိတ္မႊန္သြားရင္ တင္းတိမ္ေရာင့္ရဲစိတ္ေတြ ဝင္လာတတ္တယ္။ Romantic အရမ္းဆန္သြားရင္ ပန္းတုိင္ကုိ အလြယ္တကူ မေရာက္ႏုိင္ေတာ့ဘူး။ အားေပးေဖာ္ေလးရွိတာ ေကာင္းေပမယ့္ ကုိယ့္အတြက္ ဝန္ထုတ္ဝန္ပုိးျဖစ္လာရင္ ကုိယ့္က်ိဳးနည္းပါၿပီ။ အဲဒီေတာ့ ေအာင္ျမင္ခ်င္ရင္ စိတ္ခံစားမႈေနာက္ မလုိက္ပါနဲ႔။

၃။ အေပ်ာ္အပါးမမက္ေလန႔ဲ။

လူဆုိတာကေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ေနခ်င္ၾကတာ။ ဒါေပမယ့္လည္း ကုိယ့္အတြက္ တန္ဖုိးရွိတဲ့အခ်ိန္ေတြကို အေပ်ာ္အပါးအတြက္ပဲ ကုန္ေနတယ္ဆုိရင္ အဆင္မေျပေတာ့ဘူး။ စိတ္ထြက္ေပါက္ျဖစ္သြားေအာင္ ေသာက္ေသာက္စားစားလုပ္တာက ယာယီပဲ ေကာင္းေပမယ့္ ေရရွည္မွာ ဆုိးက်ိဳးေတြပဲ တနင့္တပုိးခံစားရမွာ။

၄။ အားငယ္စိတ္ကုိ ေဖ်ာက္ပစ္။

လူတစ္ေယာက္က အားငယ္တဲ့စိတ္ဝင္သြားရင္ ေအာင္ျမင္ဖုိ႔ မလြယ္ေတာ့ဘူး။ “မျဖစ္ႏုိင္ပါဘူးကြာ” ဆုိၿပီး အရႈံးေပးခ်င္တ့ဲစိတ္ဝင္လာတာနဲ႔ တကယ္တမ္းလည္း မျဖစ္ေတာ့ဘူး။ ကုိယ့္မွာ အားနည္းခ်က္ေတြရွိေနလုိ႔လည္း အားငယ္စိတ္ဝင္စရာ အေၾကာင္းမရွိဘူးေလ။ အဲဒီအားနည္းခ်က္ေတြကပဲ ကိုယ့္ဘဝတစ္ခုလုံး လွပသြားေအာင္ ဖာေထးေပးတာပဲေလ။

၅။ မေၾကာက္နဲ႔။

တစ္ခါတေလမွာ “ဒါကုိ လုပ္လုိက္ရင္ အထက္လူႀကီးက ဆူမွာပဲ” ဆုိၿပီး ေတြးေၾကာက္ေနတတ္တယ္။ Risk ျဖစ္မွာကုိ ေတြးေၾကာက္ေနရင္ တီထြင္သူဆုိတာ ေပၚလာစရာအေၾကာင္းကုိ မရွိဘူး။ လုပ္စရာရွိတာသာ ရဲရဲတင္းတင္းလုပ္။ ဘာကုိမွ ေတြးမေၾကာက္နဲ႔ ရဲေဘာ္။ ဖုိက္တင္း။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကြိုးစားနေတုန်းမှာ ဒါတွေမလုပ်မိစေနဲ့

အောင်မြင်ဖို့ ကြိုးစားနေတာက ဘာနဲ့တူသလဲဆိုရင် ရေဆန်ကို လှော်ရသလိုပါပဲ။ ပင်ပန်းတယ်လို့ ခံစားရပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိသွားရင် ပီတိအရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ပန်းတိုင်ရောက်ဖို့ လှော်ခတ်နေတဲ့အချိန်မှာ ရေလိုက်လွဲသွားရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်သွားပါပြီ။ အဲဒီတော့ ကြိုးစားနေချိန်မှာ ဘာတွေကို ရှောင်ကြဉ်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ မပျင်းနဲ့။

အောင်မြင်ဖို့ ကြိုးစားနေချိန်မှာ ပျင်းရိတဲ့စိတ်ကို မောင်းထုတ်လိုက်ပါ။ “ပ” နဲ့ “ဖ” က နီးနီးလေးပဲ။ ပျင်းရင် ဖျင်းသွားမယ်။ စီမံချက်ချတုန်းက “ဆင်ဖမ်းမယ် ကျားဖမ်းမယ်” နဲ့ တကယ်လုပ်တဲ့အချိန်မှာ ယင်တစ်ကောင်တောင် မဖမ်းနိုင်ရင် မဟုတ်သေးဘူး။ အပြော ရွှေမန်း ကတော့ ချိုမိုင်မိုင် မဖြစ်စေဖို့ လုံ့လထကြွပါစေ။ သူများထက် နှစ်ဆမတော်ရင် နှစ်ဆပိုပြီးကြိုးစား။

၂။ အချစ်စိတ်မမွှန်နဲ့။

အားမာန်အပြည့်နဲ့ ကြိုးစားနေတုန်းမှာ အချစ်စိတ်မွှန်သွားရင် တင်းတိမ်ရောင့်ရဲစိတ်တွေ ဝင်လာတတ်တယ်။ Romantic အရမ်းဆန်သွားရင် ပန်းတိုင်ကို အလွယ်တကူ မရောက်နိုင်တော့ဘူး။ အားပေးဖော်လေးရှိတာ ကောင်းပေမယ့် ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာရင် ကိုယ့်ကျိုးနည်းပါပြီ။ အဲဒီတော့ အောင်မြင်ချင်ရင် စိတ်ခံစားမှုနောက် မလိုက်ပါနဲ့။

၃။ အပျော်အပါးမမက်လေနဲ့။

လူဆိုတာကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ကြတာ။ ဒါပေမယ့်လည်း ကိုယ့်အတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အပျော်အပါးအတွက်ပဲ ကုန်နေတယ်ဆိုရင် အဆင်မပြေတော့ဘူး။ စိတ်ထွက်ပေါက်ဖြစ်သွားအောင် သောက်သောက်စားစားလုပ်တာက ယာယီပဲ ကောင်းပေမယ့် ရေရှည်မှာ ဆိုးကျိုးတွေပဲ တနင့်တပိုးခံစားရမှာ။

၄။ အားငယ်စိတ်ကို ဖျောက်ပစ်။

လူတစ်ယောက်က အားငယ်တဲ့စိတ်ဝင်သွားရင် အောင်မြင်ဖို့ မလွယ်တော့ဘူး။ “မဖြစ်နိုင်ပါဘူးကွာ” ဆိုပြီး အရှုံးပေးချင်တဲ့စိတ်ဝင်လာတာနဲ့ တကယ်တမ်းလည်း မဖြစ်တော့ဘူး။ ကိုယ့်မှာ အားနည်းချက်တွေရှိနေလို့လည်း အားငယ်စိတ်ဝင်စရာ အကြောင်းမရှိဘူးလေ။ အဲဒီအားနည်းချက်တွေကပဲ ကိုယ့်ဘဝတစ်ခုလုံး လှပသွားအောင် ဖာထေးပေးတာပဲလေ။

၅။ မကြောက်နဲ့။

တစ်ခါတလေမှာ “ဒါကို လုပ်လိုက်ရင် အထက်လူကြီးက ဆူမှာပဲ” ဆိုပြီး တွေးကြောက်နေတတ်တယ်။ Risk ဖြစ်မှာကို တွေးကြောက်နေရင် တီထွင်သူဆိုတာ ပေါ်လာစရာအကြောင်းကို မရှိဘူး။ လုပ်စရာရှိတာသာ ရဲရဲတင်းတင်းလုပ်။ ဘာကိုမှ တွေးမကြောက်နဲ့ ရဲဘော်။ ဖိုက်တင်း။

ကျော်စိုးအောင် (အခရာ)

www.akhayar.com