[Zawgyi]

ကမၻာ့အခ်မ္းသာဆုံး လူသား (၅) ဦးက ဘယ္သူေတြလဲ

လက္ရွိအခ်ိန္မွာ ကမၻာ့လူဦးေရ ၇.၆ ဘီလီယံ (၇,၆ဝဝ သန္း) ေက်ာ္ရွိေပမယ့္ မီလ်ံနာဦးေရက ၁၅သန္းေက်ာ္သာ ရွိပါတယ္။ ကမၻာေပၚမွာ ဘီလ်ံနာေပါင္း (၂,၂ဝ၈) ရွိတယ္လုိ႔ Forbes မဂၢဇင္းရဲ႕အဆုိအရ သိရပါေသးတယ္။ ဒါ့ေၾကာင့္ လူတစ္ေယာက္ဟာ ဘီလ်ံနာျဖစ္ဖုိ႔ မဆုိထားနဲ႔ မီလ်ံနာ (သန္းၾကြယ္သူေဌး) ျဖစ္ဖုိ႔ေတာင္ မလြယ္ပါဘူး။ အခုေဖာ္ျပမွာကေတာ့ ကမၻာ့အခ်မ္းသာဆုံး လူသား (၅) ဦးရဲ႕အေၾကာင္းပါ။ ထိပ္ဆုံး (၅) ဦးမွာ ထိပ္ဆုံး (၂) ဦးက နည္းပညာသမားေတြျဖစ္တာေၾကာင့္ နည္းပညာလုပ္ငန္းဟာ ကမၻာကုိ လႊမ္းမုိးေနတဲ့သေဘာပါ။

(၅) Amancio Ortega

စပိန္သူေဌးႀကီး Amancio Ortega ဟာ ‘Zara’ ဖက္ရွင္ကုမၸဏီကုိ ပုိင္ဆုိင္ထားရုံမက လန္ဒန္၊ နယူးေယာက္နဲ႔ မက္ဒရစ္ၿမိဳ႕ေတြမွာ အိမ္ေပါင္းမ်ားစြာ ပုိင္ဆုိင္ထားသူပါ။ အထက္တန္းမေအာင္ေပမယ့္ ႀကိဳးႀကိဳးစားစားရုန္းကန္ခဲ့သူျဖစ္ၿပီး သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ေဒၚလာ ၆၂.၇ ဘီလီယံအထိ ရွိပါတယ္။ (၈၂) ႏွစ္ရွိၿပီျဖစ္တဲ့ Amancio Ortega ဟာ ျပင္သစ္သူေဌးႀကီး Bernard Arnault ၿပီးရင္ ဥေရာပတုိက္မွာ ဒုတိယေျမာက္အၾကြယ္ဝဆုံးျဖစ္ပါတယ္။

(၄) Bernard Arnault

ျပင္သစ္သူေဌးႀကီး Bernard Arnault ဟာ ဇိမ္ခံပစၥည္းကုမၸဏီ ‘LVMH’ ရဲ႕ CEO အျဖစ္ တာဝန္ယူထားပါတယ္။ သူ႕ရဲ႕ၾကြယ္ဝမႈဟာ ေဒၚလာ ၇ဝ.၂ ဘီလီယံအထိ ပုိင္ဆုိင္တယ္။ ပါရီၿမိဳ႕ မွာ အေျခခ်ေနထုိင္ၿပီး ၂၁ရာစုရဲ႕ ဖက္ရွင္ေလာကမွာ အၾကြယ္ဝဆုံးပုဂၢိဳလ္ျဖစ္ရုံမက ဥေရာပတုိက္ရဲ႕ အၾကြယ္ဝဆုံးပုဂၢိဳလ္ျဖစ္ပါတယ္။

(၃) Warren Buffett

Berkshire Hathaway လုပ္ငန္းစုရဲ႕ CEO ျဖစ္တဲ့ Warren Buffett ရဲ႕ အသားတင္ၾကြယ္ဝမႈဟာ ေဒၚလာ ၈၄.၆ ဘီလီယံအထိရွိပါတယ္။ ေစ်းကြက္ကေဝႀကီးျဖစ္တဲ့ Warren Buffett ဟာ ၂ဝ၁၂ခုႏွစ္တုန္းက ၄၆ဘီလီယံသာ ၾကြယ္ဝခဲ့ရာမွ ေျခာက္ႏွစ္အတြင္းမွာ ၾကြယ္ဝမႈဟာ ၃၈ဘီလီယံေက်ာ္ တုိးလာတဲ့သေဘာပါ။ Warren Buffett ဟာ ပုိင္ဆုိင္မႈ (၉၉) ရာခုိင္ႏႈန္းကုိ ပရဟိတအဖြဲ႕အစည္းမွာပဲ လွဴဒါန္းပစ္ဖုိ႔ ၂ဝဝ၆ခုႏွစ္တည္းက ကတိျပဳထားခဲ့ၿပီး Bill Gates နဲ႔အတူ The Giving Pledge ကုိလည္း ထူေထာင္ခဲ့ပါေသးတယ္။

(၂) Bill Gates

Bill Gates ဟာ ကမၻာ့အခ်မ္းသာဆုံးပုဂၢိဳလ္ဟုတ္ေတာ့ေပမယ့္ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ေဒၚလာ ၉၅.၇ ဘီလီယံရွိပါတယ္။ ‘Microsoft’ ကုမၸဏီကုိ ၁၉၇၅ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ကုမၸဏီအၾကံေပးေနရာ ယူထားပါတယ္။ ဇနီးသည္ Melinda Gates နဲ႔အတူ Bill & Melinda Gates Foundation ကုိ ၂ဝဝဝခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ပရဟိတလုပ္ငန္းမွာပဲ ကုန္ဆုံးခဲ့သူပါ။

(၁) Jeff Bezos

Amazon ရဲ႕ CEO ျဖစ္တဲ့ Jeff Bezos ဟာ ကမၻာ့အခ်မ္းသာဆုံးဘြဲ႕ထူးကုိ Bill Gates ဆီက ၂ဝ၁၇ခုႏွစ္ ဇူလုိင္လ (၂၇) ရက္ေန႔မွာ လႊဲေျပာင္းယူထားသူပါ။ Amazon ကုမၸဏီရဲ႕ ၁၆.၉ ရာခုိင္ႏႈန္းကုိ ပုိင္ဆုိင္ထားၿပီး အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၁၄၅.၁ ဘီလီယံရွိပါတယ္။

ဇူလုိင္လတုန္းက သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ၁၅ဝ ဘီလီယံေက်ာ္သြားခဲ့ၿပီး မ်က္ေမွာက္ေခတ္ရဲ႕ အခ်မ္းသာဆုံးပုဂၢိဳလ္အျဖစ္ သမုိင္းဝင္သြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့အချမ်းသာဆုံး လူသား (၅) ဦးက ဘယ်သူတွေလဲ

လက်ရှိအချိန်မှာ ကမ္ဘာ့လူဦးရေ ၇.၆ ဘီလီယံ (၇,၆ဝဝ သန်း) ကျော်ရှိပေမယ့် မီလျံနာဦးရေက ၁၅သန်းကျော်သာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း (၂,၂ဝ၈) ရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့အဆိုအရ သိရပါသေးတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ဘီလျံနာဖြစ်ဖို့ မဆိုထားနဲ့ မီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်ဖို့တောင် မလွယ်ပါဘူး။ အခုဖော်ပြမှာကတော့ ကမ္ဘာ့အချမ်းသာဆုံး လူသား (၅) ဦးရဲ့အကြောင်းပါ။ ထိပ်ဆုံး (၅) ဦးမှာ ထိပ်ဆုံး (၂) ဦးက နည်းပညာသမားတွေဖြစ်တာကြောင့် နည်းပညာလုပ်ငန်းဟာ ကမ္ဘာကို လွှမ်းမိုးနေတဲ့သဘောပါ။

(၅) Amancio Ortega

စပိန်သူဌေးကြီး Amancio Ortega ဟာ ‘Zara’ ဖက်ရှင်ကုမ္ပဏီကို ပိုင်ဆိုင်ထားရုံမက လန်ဒန်၊ နယူးယောက်နဲ့ မက်ဒရစ်မြို့တွေမှာ အိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူပါ။ အထက်တန်းမအောင်ပေမယ့် ကြိုးကြိုးစားစားရုန်းကန်ခဲ့သူဖြစ်ပြီး သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၆၂.၇ ဘီလီယံအထိ ရှိပါတယ်။ (၈၂) နှစ်ရှိပြီဖြစ်တဲ့ Amancio Ortega ဟာ ပြင်သစ်သူဌေးကြီး Bernard Arnault ပြီးရင် ဥရောပတိုက်မှာ ဒုတိယမြောက်အကြွယ်ဝဆုံးဖြစ်ပါတယ်။

(၄) Bernard Arnault

ပြင်သစ်သူဌေးကြီး Bernard Arnault ဟာ ဇိမ်ခံပစ္စည်းကုမ္ပဏီ ‘LVMH’ ရဲ့ CEO အဖြစ် တာဝန်ယူထားပါတယ်။ သူ့ရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၇ဝ.၂ ဘီလီယံအထိ ပိုင်ဆိုင်တယ်။ ပါရီမြို့ မှာ အခြေချနေထိုင်ပြီး ၂၁ရာစုရဲ့ ဖက်ရှင်လောကမှာ အကြွယ်ဝဆုံးပုဂ္ဂိုလ်ဖြစ်ရုံမက ဥရောပတိုက်ရဲ့ အကြွယ်ဝဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

(၃) Warren Buffett

Berkshire Hathaway လုပ်ငန်းစုရဲ့ CEO ဖြစ်တဲ့ Warren Buffett ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၈၄.၆ ဘီလီယံအထိရှိပါတယ်။ ဈေးကွက်ကဝေကြီးဖြစ်တဲ့ Warren Buffett ဟာ ၂ဝ၁၂ခုနှစ်တုန်းက ၄၆ဘီလီယံသာ ကြွယ်ဝခဲ့ရာမှ ခြောက်နှစ်အတွင်းမှာ ကြွယ်ဝမှုဟာ ၃၈ဘီလီယံကျော် တိုးလာတဲ့သဘောပါ။ Warren Buffett ဟာ ပိုင်ဆိုင်မှု (၉၉) ရာခိုင်နှုန်းကို ပရဟိတအဖွဲ့အစည်းမှာပဲ လှူဒါန်းပစ်ဖို့ ၂ဝဝ၆ခုနှစ်တည်းက ကတိပြုထားခဲ့ပြီး Bill Gates နဲ့အတူ The Giving Pledge ကိုလည်း ထူထောင်ခဲ့ပါသေးတယ်။

(၂) Bill Gates

Bill Gates ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟုတ်တော့ပေမယ့် သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၉၅.၇ ဘီလီယံရှိပါတယ်။ ‘Microsoft’ ကုမ္ပဏီကို ၁၉၇၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ ကုမ္ပဏီအကြံပေးနေရာ ယူထားပါတယ်။ ဇနီးသည် Melinda Gates နဲ့အတူ Bill & Melinda Gates Foundation ကို ၂ဝဝဝခုနှစ်မှာ တည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းမှာပဲ ကုန်ဆုံးခဲ့သူပါ။

(၁) Jeff Bezos

Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos ဟာ ကမ္ဘာ့အချမ်းသာဆုံးဘွဲ့ထူးကို Bill Gates ဆီက ၂ဝ၁၇ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့မှာ လွှဲပြောင်းယူထားသူပါ။ Amazon ကုမ္ပဏီရဲ့ ၁၆.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁၄၅.၁ ဘီလီယံရှိပါတယ်။

ဇူလိုင်လတုန်းက သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ၁၅ဝ ဘီလီယံကျော်သွားခဲ့ပြီး မျက်မှောက်ခေတ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းဝင်သွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com