[Zawgyi]

ကမာ႔ၻေပၚရွိ အၾကြယ္ဝအခ်မ္းသာဆံုး Rich Kid ငါးဦးက ဘယ္သူေတြမ်ားပါလိမ္႔

ပိုက္ဆံက အရာရာကို ဝယ္ယူလို႔မရဘူးလို႔ ေျပာၾကေပမယ္႔လည္း ပိုက္ဆံရွိလာတဲ႔အခါမွာ ဘဝဟာ အသက္ရွင္ရတာ ပိုမိုလြယ္ကူေခ်ာေမြ႔လာၿပီး ေပ်ာ္ရႊင္ခ်မ္းေျမ့လာၾကတာကေတာ့ မျငင္းႏိုင္တဲ႔ အမွန္တရားပါပဲ။ အဲဒီလိုေပ်ာ္ရႊင္ခ်မ္းေျမ႕မႈကို ခံစားခြင့္ရတဲ့ လူေတြထဲမွာမွ Rich Kid လို႔ ေခၚတဲ႔ ငယ္ငယ္ရြယ္ရြယ္နဲ႔ ၾကြယ္ဝခ်မ္းသာတဲ့ ကေလးေတြလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ တခ်ဳိ႕ေသာ Rich Kid ေတြကေတာ့ လူေတြရူးသြားရေလာက္ေအာင္ ႀကီးမားတဲ႔ Bank Account ေတြ ပိုင္ဆိုင္ၾကသလို၊ တခ်ဳိ႕ကေတာ့ အနာဂတ္မွာ မိဘေတြဆီကို အေမြရႏုိင္ေျခရွိလို႔ Rich Kid ျဖစ္ေနတာမ်ဳိးနဲ႔ တခ်ဳိ႕ အနည္းစုကေတာ့ ငယ္ငယ္ရြယ္ရြယ္ထဲက ႀကိဳးစားရွာေဖြၿပီး Rich Kid ျဖစ္လာတဲ႔သူေတြလည္း ရွိပါတယ္။ ဘယ္ Rich Kid ေတြက ဘယ္ေလာက္ထိၾကြယ္ဝခ်မ္းသာၿပီး ေပ်ာ္ရႊင္ခ်မ္းေျမ႕မႈေတြ ပိုင္ဆိုင္ေနၾကသလဲဆိုတာကေတာ့ ေအာက္မွာတစ္ခ်က္ၾကည္႔ၾကည္႔လိုက္ရေအာင္။

(၁) Prince George Alexander Louis နဲ႔ Princess Charlotte

ေတာ္ဝင္ထီးေမြ နန္းေမြဆက္ခံဖို႔ တတိယေျမာက္ေနရာမွာရွိေနတဲ႔ Prince George Alexander ကေတာ့ ယခုအခ်ိန္မွာ အသက္ (၅) ႏွစ္သာရွိေနေသးေပမယ္႔လည္း ေဒၚလာငါးဘီလီယံတန္ဖိုးရွိ အိမ္ျခံေျမ ပိုင္ဆိုင္မႈရွိၿပီး ႏွစ္စဥ္ ေဒၚလာသန္းေပါင္း ၅၀၀ နီးပါးလက္ခံရရွိေနသူ ျဖစ္ပါတယ္။ ထီးနန္းဆက္ခံဖုိ႔ နံပါတ္ (၄) ေနရာမွာရွိေနတဲ႔ Princess Charlotte ကေတာ့ အသက္ (၃) ႏွစ္အရြယ္သာရွိေနေသးေပမယ္႔ ေဒၚလာတစ္ဘီလီယံ အေမြဆက္ခံရဖြယ္ရွိတယ္လို႔ ခန္႔မွန္းခ်က္ေတြအရ သိရပါတယ္။ သူတို႔ႏွစ္ေယာက္ စုစုေပါင္းၾကြယ္ဝခ်မ္းသာမႈကေတာ့ ေဒၚလာရွစ္ဘီလီယံနီးပါးရွိေနေပမယ္႔ တတိယေျမာက္ရင္ေသြးေလးဖြားျမင္ထားတဲ႔အတြက္ ပိုင္ဆိုင္မႈက အေျပာင္းအလဲ အနည္းငယ္ရွိႏုိင္ပါတယ္။

Prince-George-and-Princess-Charlotte

Prince George and Princess Charlotte

(၂) Jaden Smith

ေဟာလီးဝုဒ္ A List စာရင္းဝင္သူ Will Smith ရဲ႕သား Jaden ကေတာ့ ရုပ္ရွင္ေတြထဲမွာ ပါဝင္သရုပ္ျခင္းျဖင့္ သူအေဖရဲ႕ေျခရာကုိနင္းေနပါၿပီ။ Jaden ရဲ႕ ပဲြဦးထြက္ဇာတ္ကားကေတာ့ သူအေဖနဲ႔ အတူရုိက္ကူးခဲ႔တဲ့ The Pursuit of Happyness ျဖစ္ၿပီး ေနာက္ပိုင္းမွာ ရုပ္ရွင္ဇာတ္ကားေတြ ေျမာက္ျမားစြာမွာ ပါဝင္သရုပ္ေဆာင္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာ Justin Bieber နဲ႔အတူ သီခ်င္းေတြလည္း တဲြဖက္သီဆိုခဲ့ပါတယ္။ အသက္(၁၉) ႏွစ္အရြယ္သာရွိေသးတဲ႔ Jaden Smith ရဲ႕ ကိုယ္ပိုင္ၾကြယ္ဝခ်မ္းသာမႈကေတာ့ ေဒၚလာ ရွစ္သန္းနီးပါးရွိပါတယ္။ သူရဲ႕ၾကြယ္ဝခ်မ္းသာမႈမွာ မိဘေတြဆီကေန အေမြဆက္ခံရရွိမယ္႔ ေဒၚလာသန္း (၂၂၀) ကုိေတာင္ ထည့္တြက္ထားျခင္း မရွိေသးပါဘူး။

Jaden Smith

Jaden Smith

(၃) Suri Cruise

Tom Cruise နဲ႔ Katie Holmes တို႔ရဲ႕သမီးေခ်ာျဖစ္သူ Suri Cruise ဟာလည္း Rich Kid ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။ Celebrity Net Worth ေတြအရ Tom Cruise ရဲ႕အသားတင္ၾကြယ္ဝခ်မ္းသာမႈက ေဒၚလာသန္း (၅၇၀) ရွိၿပီး Katie Holmes ရဲ႕ အသားတင္ၾကြယ္ဝခ်မ္းသာမႈက ေဒၚလာ (၂၅) သန္းနီးပါးရွိတဲ႔အတြက္ သူတို႔ရဲ႕သမီးေလး Rich Kid စာရင္းထဲမွာ ပါဝင္တာမဆန္းပါဘူး။ Star Magazine ရဲ႕အဆုိအရဆို Suri ဆီမွာ ေစ်းႀကီးတဲ့ ဒီဇိုင္နာခ်ဳပ္အက်ီၤေတြနဲ႔ ဖိနပ္ေတြကို စုေဆာင္းထားတဲ႔ ဗီရုိႀကီးတစ္ခုရွိတယ္လို႔ သိရပါတယ္။ ဒီဗီရုိႀကီးထဲရွိ စုစုေပါင္းတန္ဖိုးက ေဒၚလာ သန္း ၁၅၀,၀၀၀ နီးပါး ရွိပါတယ္။ ယခုခ်ိိန္မွာ Suri ဟာ ဆယ္ေက်ာ္သက္အရြယ္ေရာက္ရွိေနၿပီးျဖစ္တဲ႔အတြက္ သူ႔မရဲ႕အေမ Katie က သူမသမီးနဲ႔လိုက္ဖက္တဲ့ အဝတ္အစားေတြကို နာမည္ႀကီးဒီဇိုင္နာေတြဆီကေန ဝယ္ယူၿပီး ထည္႔ေပးထားတယ္လို႔ Marie Claire U.K ရဲ႕ တင္ျပခ်က္ေတြအရ သိရပါတယ္။ Suri ဟာလည္း ဒီဇုိင္နာခ်ဳပ္အက်ီၤေတြကို စတုိင္လ္က်က်ဝတ္ဆင္ရတာကို ႏွစ္သက္ခံုမင္သူ ျဖစ္ပါတယ္။

Suri Cruise

Suri Cruise

(၄) Jaylen Bledsoe

Programming Skills ကို အသံုးခ်ၿပီး တိုးတက္ေအာင္ျမင္ေအာင္ႀကိဳးစားခဲ႔သူကေတာ့ Jaylen Bledsoe ျဖစ္ပါတယ္။ အသက္ (၁၂) ႏွစ္အရြယ္မွာ Jaylen ဟာ နည္းပညာကုမၸဏီကို တည္္ေထာင္ခဲ႔ၿပီး Programmer နဲ႔ Designer ေပါင္း (၁၀၀) ေက်ာ္ နဲ႔ Bledsoe Technologies ကို တိုးတက္ေအာင္ျမင္ေအာင္ ေဆာင္ရြက္ခဲ့သူျဖစ္ပါတယ္။ နည္းပညာပိုင္းမွ အရြယ္နဲ႔မလိုက္ေအာင္ သူမတူ ကၽြမ္းက်င္သူျဖစ္ရုံသာမက Motivational Speaker လည္းျဖစ္ၿပီး အခုခ်ိန္မွာ အသက္ (၁၉) ႏွစ္အရြယ္ရွိေနပါၿပီ။ မိဘကလည္း နဂိုၾကြယ္ဝခ်မ္္းသာတဲ႔အျပင္ သူကလည္း ငယ္ရြယ္စဥ္ကတည္းက ကိုယ္ပိုင္အရည္အခ်င္းေတြနဲ႔ ကုိယ့္ကိုယ္ကိုယ္ တိုးတက္ေအာင္ အဆက္မျပတ္ႀကိဳးစားတဲ႔အတြက္ ငယ္ငယ္ရြယ္ရြယ္နဲ႔ မီလ်ံနာအျဖစ္ကို ရရွိပိုင္ဆုိင္ထားတာျဖစ္ပါတယ္။

Jaylen Bledsoe

Jaylen Bledsoe

(၅) Nick D’ Alosio

Nick ဟာ အသက္ (၁၇) ႏွစ္အရြယ္တုန္းက ေဒၚလာသန္း (၃၀) တန္ Phone App တစ္ခုျဖစ္တဲ႔ Summly ကို တီထြင္ခဲ့ၿပီး Yahoo ကို ေရာင္းခ်ခဲ႔ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Computer Science ကို Oxford University ကေန ေလ့လာခဲ႔ၿပီး Yahoo မွာ 2015 ခုနစ္အထိ အလုပ္လုပ္ခဲ႔ပါတယ္။ မၾကာေသးမီကမွ တျခား App တစ္ခုမွာ ကၽြမ္းက်င္သူအျဖစ္နဲ႔ ကူညီလုပ္ေဆာင္ေပးဖို႔ လက္ခံခဲ႔တာကို ေတြ႔ရပါတယ္။ မိဘကၾကြယ္ဝခ်မ္းသာေသာ္လည္း စြန္႔ဦးတီထြင္သူျဖစ္ခ်င္ခဲ႔တဲ႔ သူဟာ ငယ္စဥ္ကတည္းက ေအာင္ျမင္မႈရရွိေအာင္ တစိုက္မတ္မတ္ ႀကိဳးစားခဲ႔သူျဖစ္ပါတယ္။

Nick D'Aloisio

Nick D’Aloisio

H.H(Akhayar)

www.akhayar.com

[Unicode]

ကမာ့္ဘပေါ်ရှိ အကြွယ်ဝအချမ်းသာဆုံး Rich Kid ငါးဦးက ဘယ်သူတွေများပါလိမ့်

ပိုက်ဆံက အရာရာကို ဝယ်ယူလို့မရဘူးလို့ ပြောကြပေမယ့်လည်း ပိုက်ဆံရှိလာတဲ့အခါမှာ ဘဝဟာ အသက်ရှင်ရတာ ပိုမိုလွယ်ကူချောမွေ့လာပြီး ပျော်ရွှင်ချမ်းမြေ့လာကြတာကတော့ မငြင်းနိုင်တဲ့ အမှန်တရားပါပဲ။ အဲဒီလိုပျော်ရွှင်ချမ်းမြေ့မှုကို ခံစားခွင့်ရတဲ့ လူတွေထဲမှာမှ Rich Kid လို့ ခေါ်တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွယ်ဝချမ်းသာတဲ့ ကလေးတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ တချို့သော Rich Kid တွေကတော့ လူတွေရူးသွားရလောက်အောင် ကြီးမားတဲ့ Bank Account တွေ ပိုင်ဆိုင်ကြသလို၊ တချို့ကတော့ အနာဂတ်မှာ မိဘတွေဆီကို အမွေရနိုင်ခြေရှိလို့ Rich Kid ဖြစ်နေတာမျိုးနဲ့ တချို့ အနည်းစုကတော့ ငယ်ငယ်ရွယ်ရွယ်ထဲက ကြိုးစားရှာဖွေပြီး Rich Kid ဖြစ်လာတဲ့သူတွေလည်း ရှိပါတယ်။ ဘယ် Rich Kid တွေက ဘယ်လောက်ထိကြွယ်ဝချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့မှုတွေ ပိုင်ဆိုင်နေကြသလဲဆိုတာကတော့ အောက်မှာတစ်ချက်ကြည့်ကြည့်လိုက်ရအောင်။

(၁) Prince George Alexander Louis နဲ့ Princess Charlotte

တော်ဝင်ထီးမွေ နန်းမွေဆက်ခံဖို့ တတိယမြောက်နေရာမှာရှိနေတဲ့ Prince George Alexander ကတော့ ယခုအချိန်မှာ အသက် (၅) နှစ်သာရှိနေသေးပေမယ့်လည်း ဒေါ်လာငါးဘီလီယံတန်ဖိုးရှိ အိမ်ခြံမြေ ပိုင်ဆိုင်မှုရှိပြီး နှစ်စဉ် ဒေါ်လာသန်းပေါင်း ၅၀၀ နီးပါးလက်ခံရရှိနေသူ ဖြစ်ပါတယ်။ ထီးနန်းဆက်ခံဖို့ နံပါတ် (၄) နေရာမှာရှိနေတဲ့ Princess Charlotte ကတော့ အသက် (၃) နှစ်အရွယ်သာရှိနေသေးပေမယ့် ဒေါ်လာတစ်ဘီလီယံ အမွေဆက်ခံရဖွယ်ရှိတယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။ သူတို့နှစ်ယောက် စုစုပေါင်းကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာရှစ်ဘီလီယံနီးပါးရှိနေပေမယ့် တတိယမြောက်ရင်သွေးလေးဖွားမြင်ထားတဲ့အတွက် ပိုင်ဆိုင်မှုက အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။

Prince-George-and-Princess-Charlotte

Prince George and Princess Charlotte

(၂) Jaden Smith

ဟောလီးဝုဒ် A List စာရင်းဝင်သူ Will Smith ရဲ့သား Jaden ကတော့ ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ခြင်းဖြင့် သူအဖေရဲ့ခြေရာကိုနင်းနေပါပြီ။ Jaden ရဲ့ ပွဲဦးထွက်ဇာတ်ကားကတော့ သူအဖေနဲ့ အတူရိုက်ကူးခဲ့တဲ့ The Pursuit of Happyness ဖြစ်ပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ မြောက်မြားစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Justin Bieber နဲ့အတူ သီချင်းတွေလည်း တွဲဖက်သီဆိုခဲ့ပါတယ်။ အသက်(၁၉) နှစ်အရွယ်သာရှိသေးတဲ့ Jaden Smith ရဲ့ ကိုယ်ပိုင်ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ ရှစ်သန်းနီးပါးရှိပါတယ်။ သူရဲ့ကြွယ်ဝချမ်းသာမှုမှာ မိဘတွေဆီကနေ အမွေဆက်ခံရရှိမယ့် ဒေါ်လာသန်း (၂၂၀) ကိုတောင် ထည့်တွက်ထားခြင်း မရှိသေးပါဘူး။

Jaden Smith

Jaden Smith

(၃) Suri Cruise

Tom Cruise နဲ့ Katie Holmes တို့ရဲ့သမီးချောဖြစ်သူ Suri Cruise ဟာလည်း Rich Kid တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ Celebrity Net Worth တွေအရ Tom Cruise ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုက ဒေါ်လာသန်း (၅၇၀) ရှိပြီး Katie Holmes ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက ဒေါ်လာ (၂၅) သန်းနီးပါးရှိတဲ့အတွက် သူတို့ရဲ့သမီးလေး Rich Kid စာရင်းထဲမှာ ပါဝင်တာမဆန်းပါဘူး။ Star Magazine ရဲ့အဆိုအရဆို Suri ဆီမှာ ဈေးကြီးတဲ့ ဒီဇိုင်နာချုပ်အကျီၤတွေနဲ့ ဖိနပ်တွေကို စုဆောင်းထားတဲ့ ဗီရိုကြီးတစ်ခုရှိတယ်လို့ သိရပါတယ်။ ဒီဗီရိုကြီးထဲရှိ စုစုပေါင်းတန်ဖိုးက ဒေါ်လာ သန်း ၁၅၀,၀၀၀ နီးပါး ရှိပါတယ်။ ယခုချိန်မှာ Suri ဟာ ဆယ်ကျော်သက်အရွယ်ရောက်ရှိနေပြီးဖြစ်တဲ့အတွက် သူ့မရဲ့အမေ Katie က သူမသမီးနဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို နာမည်ကြီးဒီဇိုင်နာတွေဆီကနေ ဝယ်ယူပြီး ထည့်ပေးထားတယ်လို့ Marie Claire U.K ရဲ့ တင်ပြချက်တွေအရ သိရပါတယ်။ Suri ဟာလည်း ဒီဇိုင်နာချုပ်အကျီၤတွေကို စတိုင်လ်ကျကျဝတ်ဆင်ရတာကို နှစ်သက်ခုံမင်သူ ဖြစ်ပါတယ်။

Suri Cruise

Suri Cruise

(၄) Jaylen Bledsoe

Programming Skills ကို အသုံးချပြီး တိုးတက်အောင်မြင်အောင်ကြိုးစားခဲ့သူကတော့ Jaylen Bledsoe ဖြစ်ပါတယ်။ အသက် (၁၂) နှစ်အရွယ်မှာ Jaylen ဟာ နည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့ပြီး Programmer နဲ့ Designer ပေါင်း (၁၀၀) ကျော် နဲ့ Bledsoe Technologies ကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ နည်းပညာပိုင်းမှ အရွယ်နဲ့မလိုက်အောင် သူမတူ ကျွမ်းကျင်သူဖြစ်ရုံသာမက Motivational Speaker လည်းဖြစ်ပြီး အခုချိန်မှာ အသက် (၁၉) နှစ်အရွယ်ရှိနေပါပြီ။ မိဘကလည်း နဂိုကြွယ်ဝချမ်းသာတဲ့အပြင် သူကလည်း ငယ်ရွယ်စဉ်ကတည်းက ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အဆက်မပြတ်ကြိုးစားတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာအဖြစ်ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Jaylen Bledsoe

Jaylen Bledsoe

(၅) Nick D’ Alosio

Nick ဟာ အသက် (၁၇) နှစ်အရွယ်တုန်းက ဒေါ်လာသန်း (၃၀) တန် Phone App တစ်ခုဖြစ်တဲ့ Summly ကို တီထွင်ခဲ့ပြီး Yahoo ကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Computer Science ကို Oxford University ကနေ လေ့လာခဲ့ပြီး Yahoo မှာ 2015 ခုနစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ မကြာသေးမီကမှ တခြား App တစ်ခုမှာ ကျွမ်းကျင်သူအဖြစ်နဲ့ ကူညီလုပ်ဆောင်ပေးဖို့ လက်ခံခဲ့တာကို တွေ့ရပါတယ်။ မိဘကကြွယ်ဝချမ်းသာသော်လည်း စွန့်ဦးတီထွင်သူဖြစ်ချင်ခဲ့တဲ့ သူဟာ ငယ်စဉ်ကတည်းက အောင်မြင်မှုရရှိအောင် တစိုက်မတ်မတ် ကြိုးစားခဲ့သူဖြစ်ပါတယ်။

Nick D'Aloisio

Nick D’Aloisio

H.H(Akhayar)

www.akhayar.com