[Zawgyi]

ခ်စ္သူေတြၾကား တဂ်ိန္းဂ်ိန္းရန္ျဖစ္ေနမယ့္အစား ဒါေလးေတြ လုပ္ၾကည့္ပါလား

လူေတြဆိုတာ အရြယ္ေလးေရာက္တာနဲ႔ အျမီးေလးေပါက္ခ်င္ၾကတာ သဘာဝပါပဲ။ အခ်စ္ဆိုတာ မီးလိုပဲ၊ ပူတတ္ေလာင္တတ္တယ္လို႔ ဘယ္ေလာက္ပဲ ဖြဲ႔ဖြဲ႔ အဲဒီမီးေလးကိုမွ ဘယ္ေလာက္ ပူလွခ်ည္ရဲ့လို႔ သြားကုိင္ခ်င္ၾကတဲ့ သူေတြခ်ည္းပဲ။ အပူေတြ ရွာျပီးမွ တကယ့္အပူနဲ႔ နဖူးေတြ႔ ဒူးေတြ႔ ျဖစ္ေတာ့ “အို..ဘယ္လိုေတြ ခံစားရတာ၊ ဘယ္လိုေတြ အသည္းကြဲရတာ၊ သူက မေကာင္းဘူးဟာ၊ ကၽြန္ေတာ့္ေကာင္မေလးက ဘယ္လိုဗ်ာ” နဲ႔ အရူးမီးဝုိင္းျဖစ္ၾကေရာ။ တကယ္ေတာ့ ခ်စ္တယ္ဆိုတာ ေျပာရုံက အရမ္းလြယ္ပါတယ္၊ သူခ်စ္ ကိုယ္ခ်စ္ ျဖစ္လို႔ ရည္းစားျဖစ္သြားၾကတဲ့ အခါ နားလည္မႈတည္ေဆာက္ရတာသာ ခက္တာပါ။ သတိခ်ပ္ရမွာက ခ်စ္သူဆိုတာ “ဆုိင္ပဲဆုိင္၊ မပိုင္တဲ့ ပန္း”ဆုိတာပါပဲ။ သူ႔စည္းကုိယ္စည္းေလး ထားျပီး ခ်စ္တတ္ရင္ သာယာတဲ့ ခ်စ္သူဘဝေလးရရွိမွာ အမွန္ပါပဲ။ ခ်စ္တတ္ျခင္းအႏုပညာေပါ့ဗ်ာ။ ငါတုိ႔ေတြ အဆင္မေျပဘူးဟယ္လို႔ ေဘးလူေတြကုိ ညည္းေနမယ့္အစား လက္ေတြ႔က်က် ခ်စ္သူတစ္ေယာက္နဲ႔ တစ္ေယာက္ၾကား ထားသင့္တဲ့ ခုလို အရာေလးေတြကို လိုက္နာၾကည့္မယ္ဆိုရင္ ပိုျပီး စိတ္ခ်မ္းသာရမွာပါ။

၁။ “မရခင္ ဖ်ာလိုလိပ္ ထိပ္ေပၚတင္၊ ရေတာ့ ဖ်ာလိုခင္းျပီး နင္းေခ်”ဆိုတဲ့ အကြက္ေတြ မလုပ္ပါနဲ႔။

ဒါကေတာ့ ရွင္းပါတယ္။ လူတုိင္း ခ်စ္စ၊ ခင္စ၊ ၾကင္နာစမွာ Love Birds ေလးေတြလို ပလူးပလဲ သရဲအမဲသားေကၽြးမိသလို ခ်စ္ျပ ခင္ျပ ၾကင္နာျပၾကပါတယ္။ အခ်ိန္တစ္ခုၾကာလာတဲ့ အခါမွာေတာ့ ၾကာရွည္မပလူးႏုိင္ေတာ့တဲ့ အခါမွာ “နင္က င့ါကို အရင္လို ဂရုမစိုက္ေတာ့ဘူး၊ မင္းက အရင္လို မဟုတ္ေတာ့ဘူးေနာ္”နဲ႔ ျပစ္တင္ျငိဳျငင္ အက္ေၾကာင္းေတြ ထလာတတ္ၾကပါတယ္။ ဒါမ်ိဳး မျဖစ္ရေအာင္ စၾကိဳက္တည္းက ဒီေကာင္မေလးရရင္ျပီးေရာ အလြန္အကၽြံ အုိဗာတင္းေတြ ေဖ်ာ္ျပီး ဂရုစိုက္မျပပါနဲ႔။ ခ်စ္တာ ခ်စ္ေပမယ့္ ကိုယ့္အရွိအတုိင္း၊ ကုိယ့္ပံုစံေလးအတုိင္းပဲ သြားပါ။ ဂရုေတြ အလြန္အကၽြံစုိက္၊ ၾကင္နာျပီးမွ ေရရွည္မလုပ္ႏုိင္တဲ့ အခါ ျပႆနာေတြ တက္လာႏိုင္ပါတယ္။ မုန္႔ဝယ္ေကၽြးေနက် ကေလးကို မေကၽြးေတာ့တဲ့ အခါ ငိုၾကသလိုမ်ိဳးေပါ့ဗ်ာ။

၂။ ရည္းစားေတြ ျပႆနာျဖစ္ရတဲ့ အေၾကာင္းရင္းေတြထဲက တစ္ခုက အလိုက္မသိတာေၾကာင့္ပါ။

အလုိက္မသိတာ၊ အရိပ္သံုးပါးနားမလည္တာေတာ့ ဘယ္လူမႈဆက္ဆံေရးမွာမွ မေကာင္းပါဘူး။ ကုိယ့္ေကာင္ေလး၊ ကုိယ့္ေကာင္မေလးအေပၚဆိုရင္ေတာ့ ပိုဆိုးတာေပ့ါဗ်ာ။ အလိုက္မသိတဲ့အထဲ အမ်ားၾကီးပါပါတယ္၊ ပိုက္ဆံမရွိပါဘူးဆိုမွ မုန္႔ဝယ္ေကၽြးခုိင္းတာ၊ ခုိခုိ ဟုိဟာေလး ဝယ္ေပးေနာ္ ဒီဟာေလး ဝယ္ေပးေနာ္ ပူဆာတာ 😛 ၊ ဒါမ်ိဳးဟာ လက္ထဲ ေရလွ်ံေနတတ္တဲ့ အခ်ိန္ေတာ့ ခ်စ္ေလးသေဘာလုပ္တတ္ေပမယ့္ မရွိတဲ့ အခ်ိန္က်ရင္ေတာ့ ျငိဳျငင္စရာျဖစ္လာတတ္ပါတယ္။ အိမ္က ထြက္လို႔ မရပါဘူးဆိုတဲ့ ေကာင္မေလးကို Night Out ထြက္ဖို႔ခ်ည္း လွိမ့္ေခၚတာမ်ိဳးလည္း ရွိပါေသးတယ္၊ ဒါဟာ သူ႔အတြက္လည္း စိတ္ရွုပ္ရသလုိ ခင္ဗ်ားလည္း အျငင္းခံရပါမ်ားရင္ တင္းလာပါလိမ့္မယ္၊ ဒီလိုမ်ိဳးအေျခအေနနဲ႔ ၾကံဳလာျပီဆိုရင္ေတာ့ အလိုက္မသိ ေခၚမေနဘဲ ကိုယ့္ဘာသာကိုယ္သာ လြတ္လြတ္လပ္လပ္ေလး သြားကဲပါေလ ကိုယ့္လူတို႔။ ဒီေတာ့ အလုိက္သိပါ၊ၾကင္နာပါ၊ ခ်က္ဆို နားခြက္ မီးေတာက္ၾကပါ။ ဒါဆို ရည္းစားသနာကိစၥမွ မဟုတ္ အျခားေပါင္းသင္းဆက္ဆံေရးေတြမွာလည္း အုိေကမွာ စိုေျပလာပါလိမ့္မယ္။

၃။ ပတ္ဝန္းက်င္ကို သိပ္ထည့္တြက္တတ္တာေတြ၊ ေဘးစကားေတြကုိ နားေယာင္တတ္တာေတြ စြန္႔လႊတ္ၾကည့္ပါ။

လူႏွစ္ေယာက္ရည္းစားျဖစ္ျပီဆို ကိုယ့္ကိုယ္ကို မင္းသားနဲ႔ မင္းသမီးလို႔ ျမင္ေယာင္ၾကည့္ပါ။ ကိုယ့္သူငယ္ခ်င္းေကာင္းေတြ၊ ကိုယ္ေတြကုိ ေလွာ္ေပးတဲ့ သူေတြက ဇာတ္ပို႔ ဇာတ္ရံေတြဆုိရင္ မပါမျဖစ္ ဗီလိန္ေတြ၊ လူၾကမ္းေတြ အျဖစ္ စႏွုိက္ေၾကာ္ေတြ၊ၾကာကူလီေတြ၊ အဖ်က္သမားေတြလည္း တစ္ခန္းတစ္က႑ပါလာၾကမယ္ဆိုတာ ေမ့မထားၾကပါနဲ႔။ နင့္ဘဲက ဘယ္လိုေလ၊ မင္းေစာ္က ဘယ္ညာေျပာလာရင္ အဲ့ဒါေတြ လိုက္ဖီးလ္ျပီး ငုတ္တုတ္ခံမေနပါနဲ႔။ ကုိယ့္ခ်စ္သူရည္းစားကို ပြင့္ပြင့္လင္းလင္းသာ ဒဲ့ေမးပါ။ ဒီလိုေျပာလို႔ ေဘးလူေတြ ေျပာတာ နားႏွစ္ဘက္ပိတ္ တြင္တြင္ျငင္းျပီး ကိုယ့္ခ်စ္သူေျပာသမွ် မ်က္စိစံုကန္းျပီး ယံုခိုင္းေနတာ မဟုတ္ရဘူးရယ္။ လူတစ္ေယာက္ကို ခ်စ္သြားရင္ သူမဟုတ္တာ လုပ္ေနလား၊ မလုပ္ေနဘူးလားဆိုတဲ့ အာရုံသိေလး ရလာတတ္ပါတယ္။ အဲဒီလို ကုိယ့္အာရုံသိေလးရယ္၊ ကိုယ့္ခ်စ္သူ ႏွုတ္ထြက္စကားရယ္၊ ေျမျပင္အေျခအေနေလးရယ္ ေပါင္းျပီး ခ်င့္ခ်ိန္ယံုၾက၊ ဆံုးျဖတ္ၾကဖုိ႔ပါ။ သို႔မဟုတ္ဘဲ ေဘးလူက ဘာေလးေျပာလိုက္ ေျပာလိုက္ သူ႔သြားသြားျပီးရစ္ ေနာင္ဂ်ိန္ခ်ေနၾကမယ္ဆိုရင္ေတာ့ ဘယ္လိုမွ ေပ်ာ္စရာေကာင္းတဲ့ Relationship တစ္ခု ျဖစ္လာမွာ မဟုတ္ပါဘူး။

၄။ ရည္းစားေဟာင္းေတြကိစၥ ေသခ်ာကိုင္တြယ္ပါ။ (ေသခ်ာေနာ္..ေသခ်ာ)

ရည္းစားအေတာ္မ်ားမ်ားဟာ မၾကိဳက္ခင္ ရည္းစားေဟာင္းအေၾကာင္းတုိင္ပင္ရင္း ေျပာရင္း ၾကိဳက္သြားၾကတာမ်ားပါတယ္။ ဒါဟာ ေနာက္တစ္ခ်ိန္မွာ Shock ရွိလာတတ္ပါတယ္။ ကုိယ္ၾကိဳက္ေနတဲ့ ေကာင္မေလးက သဝန္တိုတတ္သူဆိုရင္ ကိုယ္ရင္ဖြင့္ေကာင္းေကာင္းနဲ႔ ရင္ဖြင့္ထားတာေတြဟာ ေထာက္ကြက္ေတြ ျဖစ္လာတတ္ပါတယ္။ 😛

မၾကိဳက္ခင္တည္းကလည္း ကိုယ္ဟာ သူ႔ရည္းစားေဟာင္းေနရာမွာ အစားထိုးခံရတဲ့သူလား သိေအာင္လုပ္ပါ။ အစားထိုးခံရတယ္ဆိုရင္ေတာ့ ဒီလို ျပႆနာေတြ ျဖစ္လာမွာ မဆန္းပါဘူး၊ ဒါဆိုရင္ေတာ့ ဘာဆက္လုပ္မလဲဆိုတာ ခင္ဗ်ားအေပၚမွာပဲ မူတည္ပါေတာ့

အဲဒီလို မဟုတ္ဘဲ တကယ္ခ်စ္လို႔ တြဲၾကျပီဆုိရင္ေတာ့ ရည္းစားေဟာင္းကိစၥကို ေသခ်ာရွင္းထားပါ။ ကိုယ့္ခ်စ္သူက ရည္းစားေဟာင္းေတြနဲ႔လည္း ျပန္ခင္ခင္မင္မင္ရွိတတ္တဲ့ သူမ်ိဳးဆိုရင္ေတာ့ ဘယ္အတုိင္းအတာထိေတာ့ ကုိယ္လက္ခံႏုိင္တယ္၊ ဘယ္အရာကေတာ့ ေဘာင္မဝင္ဘူးဆိုတာ ေသခ်ာေျပာျပထားပါ။ မၾကိဳက္ခင္တည္းက ညွိႏုိင္ရင္ ပိုေကာင္းပါတယ္၊ မီးကို မေလာင္ခင္က တားတာက ေလာင္ေနတုန္း ျငိမ္းသတ္ရတာထက္ ပိုလြယ္တယ္မလား။

၅။ ကိုယ္ပုိင္ေနရာေလး (Personal Space) တစ္ခု ထားေပးပါ။

လူေတြဟာ ခ်စ္လာျပီ၊ ခ်စ္သူျဖစ္သြားၾကျပီဆိုရင္ ဘယ္ေလာက္ပဲ စိတ္ကို ခၽြန္းအုပ္အုပ္ ကိုယ့္ခ်စ္သူကို ကုိယ္ပုိင္ပစၥည္းၾကီးလို သေဘာထားမိလာၾကေတာ့တာပါပဲ။ ဒီေတာ့ အျမဲမျပတ္ႏွလံုးသြင္းေပးရမွာက သူဟာ လူသားတစ္ေယာက္ျဖစ္ေၾကာင္း၊ ကုိယ္ႏွင့္ဆုိင္သာ ဆိုင္တာ ျဖစ္ျပီး ကုိယ္ပိုင္တဲ့ အရာ မဟုတ္ရေၾကာင္းေပါ။ ဒီလို ေခါင္းထဲ ထည့္ထားတာဟာ တစ္ခုခုျဖစ္လာရင္ ခင္ဗ်ားအတြက္လည္း သက္သာေစပါတယ္။

Personal Space ေပးရာမွာ ျဖစ္ႏုိင္ရင္ သူ႔ရဲ့ ဖုန္းေတြ ယူၾကည့္တာ၊ သူ႔ရဲ့ Social Media Account ေတြ ဝင္ၾကည့္တာမ်ိဳး မလုပ္ပါနဲ႔။ စိတ္မခ်တာေတာ့ စိတ္မခ်ဘူးေပါ့ေလ။ ဒီလိုဝင္ၾကည့္လိုက္လို႔ မဟုတ္တာ လုပ္ထားတာ တစ္ခုခုေတြ႔ျပီး ရန္ျဖစ္ၾက၊ သူ႔ကို တားလိုက္ႏုိင္တယ္ဆိုေပမယ့္ တကယ္လုပ္ခ်င္တဲ့ သူက Social Media မကလို႔ ဘာၾကီးကုိ လုိက္ပိတ္ပိတ္ ထင္ရာစုိင္းမွာပါပဲ။အဲဒီလို လုပ္ေနတဲ့ သူမဟုတ္ဘဲ တကယ့္ကုိယ္အေပၚေကာင္းမြန္တဲ့ သူဆိုရင္ ဒါမ်ိဳးေတြ လုပ္ျခင္းဟာ စိတ္ပ်က္စရာေတြ ျဖစ္လာပါလိမ့္မယ္။

ဒါ့အျပင္ ရန္ျဖစ္ရင္လည္း သူ႔ဘက္က တစ္ေယာက္တည္း ေနခ်င္တယ္ေျပာတဲ့အခါ ဖုန္းကို တစ္သိန္းနဲ႔ ၁၈ခါေခၚေနတာမ်ိဳး၊ အတင္းလိုက္ရွာျပီး ေတြ႔တာမ်ိဳးထက္ ခဏျငိမ္ေနေပးလိုက္တာ ေကာင္းပါတယ္။ လူဟာ တကယ္ပဲ တစ္ခါတေလမွာ ဘာမွ မလုပ္၊ ဘယ္သူနဲ႔မွ မေတြ႔ဘဲ တစ္ကိုယ္ရည္ေနခ်င္တဲ့ အခ်ိန္မ်ိဳးေတြ ရွိတယ္ဆိုတာ အမွန္ပါပဲ။ အခ်ိန္တန္ရင္ သူ႔ဘာသာသူ ျပန္ေကာင္းသြားပါလိမ့္မယ္ဆုိတာသာ မွတ္ျပီး ခဏလႊတ္ထားေပးလိုက္ပါဦးေပါ့။

 

ကဲ! အခရာပရိသတ္ Love Birds ေလးေတြကေန Angry Birds ေတြျဖစ္ျပီး ရန္မေစာင္ရေလေအာင္ အေပၚက အခ်က္ေလးေတြနဲ႔ ကိုယ့္ခ်စ္သူရည္းစားေလးေတြကို နားလည္မႈေပးျပီး တူႏွစ္ကုိယ္ေျဖာင့္ျဖဴးတဲ့ ခ်စ္ခရီးလမ္းကို ေလွ်ာက္ႏုိင္ပါေစေၾကာင္း ဆႏၵျပဳလိုက္ပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

ချစ်သူတွေကြား တဂျိန်းဂျိန်းရန်ဖြစ်နေမယ့်အစား ဒါလေးတွေ လုပ်ကြည့်ပါလား

လူတွေဆိုတာ အရွယ်လေးရောက်တာနဲ့ အမြီးလေးပေါက်ချင်ကြတာ သဘာဝပါပဲ။ အချစ်ဆိုတာ မီးလိုပဲ၊ ပူတတ်လောင်တတ်တယ်လို့ ဘယ်လောက်ပဲ ဖွဲ့ဖွဲ့ အဲဒီမီးလေးကိုမှ ဘယ်လောက် ပူလှချည်ရဲ့လို့ သွားကိုင်ချင်ကြတဲ့ သူတွေချည်းပဲ။ အပူတွေ ရှာပြီးမှ တကယ့်အပူနဲ့ နဖူးတွေ့ ဒူးတွေ့ ဖြစ်တော့ “အို..ဘယ်လိုတွေ ခံစားရတာ၊ ဘယ်လိုတွေ အသည်းကွဲရတာ၊ သူက မကောင်းဘူးဟာ၊ ကျွန်တော့်ကောင်မလေးက ဘယ်လိုဗျာ” နဲ့ အရူးမီးဝိုင်းဖြစ်ကြရော။ တကယ်တော့ ချစ်တယ်ဆိုတာ ပြောရုံက အရမ်းလွယ်ပါတယ်၊ သူချစ် ကိုယ်ချစ် ဖြစ်လို့ ရည်းစားဖြစ်သွားကြတဲ့ အခါ နားလည်မှုတည်ဆောက်ရတာသာ ခက်တာပါ။ သတိချပ်ရမှာက ချစ်သူဆိုတာ “ဆိုင်ပဲဆိုင်၊ မပိုင်တဲ့ ပန်း”ဆိုတာပါပဲ။ သူ့စည်းကိုယ်စည်းလေး ထားပြီး ချစ်တတ်ရင် သာယာတဲ့ ချစ်သူဘဝလေးရရှိမှာ အမှန်ပါပဲ။ ချစ်တတ်ခြင်းအနုပညာပေါ့ဗျာ။ ငါတို့တွေ အဆင်မပြေဘူးဟယ်လို့ ဘေးလူတွေကို ညည်းနေမယ့်အစား လက်တွေ့ကျကျ ချစ်သူတစ်ယောက်နဲ့ တစ်ယောက်ကြား ထားသင့်တဲ့ ခုလို အရာလေးတွေကို လိုက်နာကြည့်မယ်ဆိုရင် ပိုပြီး စိတ်ချမ်းသာရမှာပါ။

၁။ “မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရတော့ ဖျာလိုခင်းပြီး နင်းချေ”ဆိုတဲ့ အကွက်တွေ မလုပ်ပါနဲ့။

ဒါကတော့ ရှင်းပါတယ်။ လူတိုင်း ချစ်စ၊ ခင်စ၊ ကြင်နာစမှာ Love Birds လေးတွေလို ပလူးပလဲ သရဲအမဲသားကျွေးမိသလို ချစ်ပြ ခင်ပြ ကြင်နာပြကြပါတယ်။ အချိန်တစ်ခုကြာလာတဲ့ အခါမှာတော့ ကြာရှည်မပလူးနိုင်တော့တဲ့ အခါမှာ “နင်က င့ါကို အရင်လို ဂရုမစိုက်တော့ဘူး၊ မင်းက အရင်လို မဟုတ်တော့ဘူးနော်”နဲ့ ပြစ်တင်ငြိုငြင် အက်ကြောင်းတွေ ထလာတတ်ကြပါတယ်။ ဒါမျိုး မဖြစ်ရအောင် စကြိုက်တည်းက ဒီကောင်မလေးရရင်ပြီးရော အလွန်အကျွံ အိုဗာတင်းတွေ ဖျော်ပြီး ဂရုစိုက်မပြပါနဲ့။ ချစ်တာ ချစ်ပေမယ့် ကိုယ့်အရှိအတိုင်း၊ ကိုယ့်ပုံစံလေးအတိုင်းပဲ သွားပါ။ ဂရုတွေ အလွန်အကျွံစိုက်၊ ကြင်နာပြီးမှ ရေရှည်မလုပ်နိုင်တဲ့ အခါ ပြဿနာတွေ တက်လာနိုင်ပါတယ်။ မုန့်ဝယ်ကျွေးနေကျ ကလေးကို မကျွေးတော့တဲ့ အခါ ငိုကြသလိုမျိုးပေါ့ဗျာ။

၂။ ရည်းစားတွေ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက အလိုက်မသိတာကြောင့်ပါ။

အလိုက်မသိတာ၊ အရိပ်သုံးပါးနားမလည်တာတော့ ဘယ်လူမှုဆက်ဆံရေးမှာမှ မကောင်းပါဘူး။ ကိုယ့်ကောင်လေး၊ ကိုယ့်ကောင်မလေးအပေါ်ဆိုရင်တော့ ပိုဆိုးတာပေ့ါဗျာ။ အလိုက်မသိတဲ့အထဲ အများကြီးပါပါတယ်၊ ပိုက်ဆံမရှိပါဘူးဆိုမှ မုန့်ဝယ်ကျွေးခိုင်းတာ၊ ခိုခို ဟိုဟာလေး ဝယ်ပေးနော် ဒီဟာလေး ဝယ်ပေးနော် ပူဆာတာ 😛 ၊ ဒါမျိုးဟာ လက်ထဲ ရေလျှံနေတတ်တဲ့ အချိန်တော့ ချစ်လေးသဘောလုပ်တတ်ပေမယ့် မရှိတဲ့ အချိန်ကျရင်တော့ ငြိုငြင်စရာဖြစ်လာတတ်ပါတယ်။ အိမ်က ထွက်လို့ မရပါဘူးဆိုတဲ့ ကောင်မလေးကို Night Out ထွက်ဖို့ချည်း လှိမ့်ခေါ်တာမျိုးလည်း ရှိပါသေးတယ်၊ ဒါဟာ သူ့အတွက်လည်း စိတ်ရှုပ်ရသလို ခင်ဗျားလည်း အငြင်းခံရပါများရင် တင်းလာပါလိမ့်မယ်၊ ဒီလိုမျိုးအခြေအနေနဲ့ ကြုံလာပြီဆိုရင်တော့ အလိုက်မသိ ခေါ်မနေဘဲ ကိုယ့်ဘာသာကိုယ်သာ လွတ်လွတ်လပ်လပ်လေး သွားကဲပါလေ ကိုယ့်လူတို့။ ဒီတော့ အလိုက်သိပါ၊ကြင်နာပါ၊ ချက်ဆို နားခွက် မီးတောက်ကြပါ။ ဒါဆို ရည်းစားသနာကိစ္စမှ မဟုတ် အခြားပေါင်းသင်းဆက်ဆံရေးတွေမှာလည်း အိုကေမှာ စိုပြေလာပါလိမ့်မယ်။

၃။ ပတ်ဝန်းကျင်ကို သိပ်ထည့်တွက်တတ်တာတွေ၊ ဘေးစကားတွေကို နားယောင်တတ်တာတွေ စွန့်လွှတ်ကြည့်ပါ။

လူနှစ်ယောက်ရည်းစားဖြစ်ပြီဆို ကိုယ့်ကိုယ်ကို မင်းသားနဲ့ မင်းသမီးလို့ မြင်ယောင်ကြည့်ပါ။ ကိုယ့်သူငယ်ချင်းကောင်းတွေ၊ ကိုယ်တွေကို လှော်ပေးတဲ့ သူတွေက ဇာတ်ပို့ ဇာတ်ရံတွေဆိုရင် မပါမဖြစ် ဗီလိန်တွေ၊ လူကြမ်းတွေ အဖြစ် စနှိုက်ကြော်တွေ၊ကြာကူလီတွေ၊ အဖျက်သမားတွေလည်း တစ်ခန်းတစ်ကဏ္ဍပါလာကြမယ်ဆိုတာ မေ့မထားကြပါနဲ့။ နင့်ဘဲက ဘယ်လိုလေ၊ မင်းစော်က ဘယ်ညာပြောလာရင် အဲ့ဒါတွေ လိုက်ဖီးလ်ပြီး ငုတ်တုတ်ခံမနေပါနဲ့။ ကိုယ့်ချစ်သူရည်းစားကို ပွင့်ပွင့်လင်းလင်းသာ ဒဲ့မေးပါ။ ဒီလိုပြောလို့ ဘေးလူတွေ ပြောတာ နားနှစ်ဘက်ပိတ် တွင်တွင်ငြင်းပြီး ကိုယ့်ချစ်သူပြောသမျှ မျက်စိစုံကန်းပြီး ယုံခိုင်းနေတာ မဟုတ်ရဘူးရယ်။ လူတစ်ယောက်ကို ချစ်သွားရင် သူမဟုတ်တာ လုပ်နေလား၊ မလုပ်နေဘူးလားဆိုတဲ့ အာရုံသိလေး ရလာတတ်ပါတယ်။ အဲဒီလို ကိုယ့်အာရုံသိလေးရယ်၊ ကိုယ့်ချစ်သူ နှုတ်ထွက်စကားရယ်၊ မြေပြင်အခြေအနေလေးရယ် ပေါင်းပြီး ချင့်ချိန်ယုံကြ၊ ဆုံးဖြတ်ကြဖို့ပါ။ သို့မဟုတ်ဘဲ ဘေးလူက ဘာလေးပြောလိုက် ပြောလိုက် သူ့သွားသွားပြီးရစ် နောင်ဂျိန်ချနေကြမယ်ဆိုရင်တော့ ဘယ်လိုမှ ပျော်စရာကောင်းတဲ့ Relationship တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။

၄။ ရည်းစားဟောင်းတွေကိစ္စ သေချာကိုင်တွယ်ပါ။ (သေချာနော်..သေချာ)

ရည်းစားအတော်များများဟာ မကြိုက်ခင် ရည်းစားဟောင်းအကြောင်းတိုင်ပင်ရင်း ပြောရင်း ကြိုက်သွားကြတာများပါတယ်။ ဒါဟာ နောက်တစ်ချိန်မှာ Shock ရှိလာတတ်ပါတယ်။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးက သဝန်တိုတတ်သူဆိုရင် ကိုယ်ရင်ဖွင့်ကောင်းကောင်းနဲ့ ရင်ဖွင့်ထားတာတွေဟာ ထောက်ကွက်တွေ ဖြစ်လာတတ်ပါတယ်။ 😛

မကြိုက်ခင်တည်းကလည်း ကိုယ်ဟာ သူ့ရည်းစားဟောင်းနေရာမှာ အစားထိုးခံရတဲ့သူလား သိအောင်လုပ်ပါ။ အစားထိုးခံရတယ်ဆိုရင်တော့ ဒီလို ပြဿနာတွေ ဖြစ်လာမှာ မဆန်းပါဘူး၊ ဒါဆိုရင်တော့ ဘာဆက်လုပ်မလဲဆိုတာ ခင်ဗျားအပေါ်မှာပဲ မူတည်ပါတော့

အဲဒီလို မဟုတ်ဘဲ တကယ်ချစ်လို့ တွဲကြပြီဆိုရင်တော့ ရည်းစားဟောင်းကိစ္စကို သေချာရှင်းထားပါ။ ကိုယ့်ချစ်သူက ရည်းစားဟောင်းတွေနဲ့လည်း ပြန်ခင်ခင်မင်မင်ရှိတတ်တဲ့ သူမျိုးဆိုရင်တော့ ဘယ်အတိုင်းအတာထိတော့ ကိုယ်လက်ခံနိုင်တယ်၊ ဘယ်အရာကတော့ ဘောင်မဝင်ဘူးဆိုတာ သေချာပြောပြထားပါ။ မကြိုက်ခင်တည်းက ညှိနိုင်ရင် ပိုကောင်းပါတယ်၊ မီးကို မလောင်ခင်က တားတာက လောင်နေတုန်း ငြိမ်းသတ်ရတာထက် ပိုလွယ်တယ်မလား။

၅။ ကိုယ်ပိုင်နေရာလေး (Personal Space) တစ်ခု ထားပေးပါ။

လူတွေဟာ ချစ်လာပြီ၊ ချစ်သူဖြစ်သွားကြပြီဆိုရင် ဘယ်လောက်ပဲ စိတ်ကို ချွန်းအုပ်အုပ် ကိုယ့်ချစ်သူကို ကိုယ်ပိုင်ပစ္စည်းကြီးလို သဘောထားမိလာကြတော့တာပါပဲ။ ဒီတော့ အမြဲမပြတ်နှလုံးသွင်းပေးရမှာက သူဟာ လူသားတစ်ယောက်ဖြစ်ကြောင်း၊ ကိုယ်နှင့်ဆိုင်သာ ဆိုင်တာ ဖြစ်ပြီး ကိုယ်ပိုင်တဲ့ အရာ မဟုတ်ရကြောင်းပေါ။ ဒီလို ခေါင်းထဲ ထည့်ထားတာဟာ တစ်ခုခုဖြစ်လာရင် ခင်ဗျားအတွက်လည်း သက်သာစေပါတယ်။

Personal Space ပေးရာမှာ ဖြစ်နိုင်ရင် သူ့ရဲ့ ဖုန်းတွေ ယူကြည့်တာ၊ သူ့ရဲ့ Social Media Account တွေ ဝင်ကြည့်တာမျိုး မလုပ်ပါနဲ့။ စိတ်မချတာတော့ စိတ်မချဘူးပေါ့လေ။ ဒီလိုဝင်ကြည့်လိုက်လို့ မဟုတ်တာ လုပ်ထားတာ တစ်ခုခုတွေ့ပြီး ရန်ဖြစ်ကြ၊ သူ့ကို တားလိုက်နိုင်တယ်ဆိုပေမယ့် တကယ်လုပ်ချင်တဲ့ သူက Social Media မကလို့ ဘာကြီးကို လိုက်ပိတ်ပိတ် ထင်ရာစိုင်းမှာပါပဲ။အဲဒီလို လုပ်နေတဲ့ သူမဟုတ်ဘဲ တကယ့်ကိုယ်အပေါ်ကောင်းမွန်တဲ့ သူဆိုရင် ဒါမျိုးတွေ လုပ်ခြင်းဟာ စိတ်ပျက်စရာတွေ ဖြစ်လာပါလိမ့်မယ်။

ဒါ့အပြင် ရန်ဖြစ်ရင်လည်း သူ့ဘက်က တစ်ယောက်တည်း နေချင်တယ်ပြောတဲ့အခါ ဖုန်းကို တစ်သိန်းနဲ့ ၁၈ခါခေါ်နေတာမျိုး၊ အတင်းလိုက်ရှာပြီး တွေ့တာမျိုးထက် ခဏငြိမ်နေပေးလိုက်တာ ကောင်းပါတယ်။ လူဟာ တကယ်ပဲ တစ်ခါတလေမှာ ဘာမှ မလုပ်၊ ဘယ်သူနဲ့မှ မတွေ့ဘဲ တစ်ကိုယ်ရည်နေချင်တဲ့ အချိန်မျိုးတွေ ရှိတယ်ဆိုတာ အမှန်ပါပဲ။ အချိန်တန်ရင် သူ့ဘာသာသူ ပြန်ကောင်းသွားပါလိမ့်မယ်ဆိုတာသာ မှတ်ပြီး ခဏလွှတ်ထားပေးလိုက်ပါဦးပေါ့။

 

ကဲ! အခရာပရိသတ် Love Birds လေးတွေကနေ Angry Birds တွေဖြစ်ပြီး ရန်မစောင်ရလေအောင် အပေါ်က အချက်လေးတွေနဲ့ ကိုယ့်ချစ်သူရည်းစားလေးတွေကို နားလည်မှုပေးပြီး တူနှစ်ကိုယ်ဖြောင့်ဖြူးတဲ့ ချစ်ခရီးလမ်းကို လျှောက်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ရိုးလူ (အခရာ)

www.akhayar.com