[Zawgyi]

ဒီရာသီမွာ မက္ဆီ Messi အတြက္ ေစာင့္ႀကိဳေနတဲ့ စံခ်ိန္မွတ္တမ္းမ်ား

ဘာစီလုိနာ နာမည္ေက်ာ္ တိုက္စစ္မွဴး မက္ဆီ Messi ရဲ႕ ေျခစြမ္း၊ ေအာင္ျမင္မႈ၊ စံခ်ိန္မွတ္တမ္းေတြကုိ ခ်ီးက်ဴးရင္ေတာ့ ေျပာစရာစကားလုံးေတာင္ ရွာမေတြ႕ႏုိင္ေတာ့ဘူး။ (၃၁)ႏွစ္အရြယ္ ေရာက္လာၿပီျဖစ္ေပမယ့္ မက္ဆီဟာ ဆုဖလားေတြကုိ ဆာေလာင္ေနဆဲ၊ ေအာင္ျမင္မႈ လမ္းမထက္မွာ အရွိန္အဟုန္နဲ႔ ဆက္ေျပးေနဆဲ။ မၾကာေသးခင္ကပဲ ဂ်ာမန္ဂႏၳ၀င္ႀကီး ဂတ္မူလာ Gerd Muller တင္ရွိခဲ့တဲ့ ဥေရာပကစားသမားေတြထဲမွာ ကလပ္အသင္းတစ္သင္းအတြက္ ဂုိးအမ်ားဆုံး သြင္းခဲ့သူ စံခ်ိန္ကုိ ခ်ိဳးျဖတ္ခဲ့ျပန္တယ္။

Messi-Playing-Style

Messi-Playing-Style

ဘာစီလုိနာအသင္းအတြက္ (၅၆၆)ဂုိးသြင္းထားတဲ့ မက္ဆီဟာ အခုဆုိရင္ ကမၻာ႔စံခ်ိန္ရွင္ ဘရာဇီးလ္ဂႏၳ၀င္ကစားသမား ပီလီ Pele ကို ေက်ာ္တက္ဖုိ႔ မ်က္ေစာင္းထုိးေနျပန္ၿပီ။ ပီလီဟာ ဆန္းတို႔စ္အသင္းအတြက္ (၆၄၃)ဂုိး သြင္းထားၿပီး ကလပ္အသင္းတစ္သင္းတည္းအတြက္ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနေပမယ့္ ဒီစံခ်ိန္ကုိ မက္ဆီ ေက်ာ္ျဖတ္ဖုိ႔က (၇၇)ဂုိးသာ လုိေတာ့လုိ႔ အခုအခ်ိန္မွာ ပီလီလည္း မ်က္ခုံးလႈပ္ေနေလာက္ပါၿပီ။ အဲဒီစံခ်ိန္အျပင္ ဒီရာသီမွာ မက္ဆီ ခ်ိဳးျဖတ္ဖုိ႔ ဒါမွမဟုတ္ အမီလုိက္ႏုိင္ဖုိ႔ရွိေနတဲ့ စံခ်ိန္မွတ္တမ္းေတြလည္း ရွိေနပါေသးတယ္။ အဲဒါေတြက ဘာေတြလဲဆုိေတာ့ . . . .

လာလီဂါမွာ ဟက္ထရစ္အမ်ားဆုံး သြင္းယူသူ

Cristiano-Ronaldo-and-messi

Cristiano-Ronaldo-and-messi

မတ္လ ၁၉ ရက္၊ ၂၀၀၇ ခုႏွစ္ ရီးယဲလ္နဲ႔ကစားခဲ့တဲ့ပဲြမွာ မက္ဆီဟာ ကစားသမားဘ၀ ပထမဆုံး ဟက္ထရစ္ကုိ စသြင္းခဲ့တယ္။ အဲဒီအခ်ိန္ကတည္းက မက္ဆီဟာ ဟက္ထရစ္ သြင္းရတဲ့အရသာကုိ လွ်ာလည္သြားပုံပါပဲ။ သြင္းလုိက္တဲ့ ဟက္ထရစ္ေတြ။ အခုဆုိရင္ ဘာစီလုိနာကစားသမားဘ၀မွာ မက္ဆီရဲ႕ ဟက္ထရစ္သြင္းယူခဲ့တဲ့ အႀကိမ္က (၄၂)ႀကိမ္အထိ ရွိေနၿပီး လာလီဂါမွာ အႀကိမ္(၃၀)သြင္းယူခဲ့တယ္။ လာလီဂါမွာ ဟက္ထရစ္အမ်ားဆုံး သြင္းယူထားသူက သူ႔ရဲ႕ ၿပိဳင္ဘက္ေဟာင္းႀကီး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ျဖစ္ၿပီး (၃၄)ႀကိမ္သြင္းထားတယ္။ ဒါေၾကာင့္ မက္ဆီအေနနဲ႔ ဒီရာသီမွာ ဟက္ထရစ္ (၅)ႀကိမ္သြင္းခဲ့ရင္ စီေရာ္နယ္လ္ဒုိရဲ႕ စံခ်ိန္ကုိ ေက်ာ္ျဖတ္ႏုိင္မွာပါ။

လာလီဂါ သြင္းဂုိးအမ်ားဆုံး (ပီခ်ီခ်ီ)ဆုကုိ အႀကိမ္အမ်ားဆုံးရရွိသူ

Messi-Pichichi-Awards

လာလီဂါသြင္းဂုိးအမ်ားဆုံး (ပီခ်ီခ်ီ)ဆုဆုိတာ စပိန္နာမည္ႀကီး အားကစားသတင္းစာ Marca က ႏွစ္စဥ္ ခ်ီးျမွင့္ေနတာျဖစ္ၿပီး အႀကိမ္အမ်ားဆုံး ရယူခဲ့သူက ဘီလ္ဘာအုိအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴးႀကီး တယ္လ္မုိဇာရာ Telmo Zarra ပါ။ သူဟာ ၁၉၄၄-၄၅ ရာသီကေန ၁၉၅၂-၅၃ ရာသီအထိ ပီခ်ီခ်ီဆုကုိ (၆)ႀကိမ္တိုင္ ရယူႏုိင္ခဲ့တယ္။ တယ္လ္မုိဇာရာရဲ႕ေနာက္မွာ ဒီစတီဖာႏုိ Alfredo Di Stefano ၊ ကြီနီ Quini ၊ ဟူဂုိဆန္းခ်က္ဇ္ Hugo Sanchez နဲ႔ မက္ဆီ တို႔က (၅)ႀကိမ္စီနဲ႔ ရပ္တည္ေနၿပီး မက္ဆီကလဲြရင္ က်န္တဲ့သူေတြက ေဘာလုံးေလာကမွာ မရွိေတာ့ပါဘူး။ မက္ဆီသာ ဒီရာသီမွာ ဂုိးသြင္းအမ်ားဆုံးျဖစ္ခဲ့ရင္ တယ္လ္မုိဇာရာရဲ႕ စံခ်ိန္ကုိ အမီလုိက္ႏုိင္မွာျဖစ္ပါတယ္။

စပိန္ဘုရင့္ဖလား ဗုိလ္လုပဲြမွာ အႀကိမ္အမ်ားဆုံး ဂုိးသြင္းသူ

Messi

Messi

အခုေလာေလာဆယ္ မက္ဆီဟာ စပိန္ဘုရင့္ဖလား ဗုိလ္လုပဲြ (၅)ပဲြအထိ ဂုိးသြင္းခဲ့ၿပီး တယ္လ္မုိဇာရာနဲ႔ အႀကိမ္အေရအတြက္ အတူတူျဖစ္ေနပါတယ္။ တကယ္လုိ႔ ဒီရာသီမွာ ဘာစီလုိနာအသင္း စပိန္ဘုရင့္ဖလား ဗုိလ္လုပဲြတက္ႏုိင္မယ္၊ မက္ဆီလည္း ဂုိးသြင္းႏုိင္မယ္ဆုိရင္ စပိန္ဘုရင့္ဖလားဗုိလ္လုပဲြမွာ အႀကိမ္အမ်ားဆုံးး ဂုိးသြင္းသူအျဖစ္ စံခ်ိန္တင္ႏုိင္မွာျဖစ္ပါတယ္။

ကလပ္အသင္းတစ္သင္းအတြက္ ခ်န္ပီယံလိဂ္ သြင္းဂုိးအမ်ားဆုံး

C-Ronaldo-and-Messi

C-Ronaldo-and-Messi

ခ်န္ပီယံလိဂ္မွာ ကလပ္အသင္းတစ္သင္းတည္းအတြက္ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီတို႔ (၁၀၅)ဂုိးစီနဲ႔ ပူးတဲြရပ္တည္ေနတယ္။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းအတြက္ သြင္းယူခဲ့တာျဖစ္ၿပီး မက္ဆီက စပါးအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုဒုတိယပဲြမွာ ဂုိးသြင္းယူခဲ့လုိ႔ စီေရာ္နယ္လ္ဒုိနဲ႔ သြင္းဂုိးအေရအတြက္ တူညီသြားခဲ့ပါတယ္။ ဒဏ္ရာေၾကာင့္ အင္တာမီလန္နဲ႔(၂)ပဲြစလုံးကုိ လဲြေခ်ာ္ခဲ့လုိ႔သာ စံခ်ိန္သစ္ မတင္ႏုိင္ေသးတာပါ။ ႏုိ၀င္ဘာလ (၂၉)ရက္မွာ PSV နဲ႔ အေ၀းကြင္း ကစားမယ့္ပဲြက်ရင္ မက္ဆီ ဂုိးသြင္းႏုိင္မယ္ဆုိရင္ေတာ့ စံခ်ိန္သစ္တင္ႏုိင္ပါၿပီ။

လာလီဂါမွာ သြင္းဂုိး(၄၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးကစားသမား

Messi-Laliga-Top-Goal-Scorer

Messi-Laliga-Top-Goal-Scorer

မက္ဆီဟာ လာလီဂါမွာ လုံး၀ၿပိဳင္ဘက္ကင္းတဲ့ ကစားသမားျဖစ္သြားပါၿပီ။ သူ႔ကုိ အနီးကပ္ဆုံး ယွဥ္ၿပိဳင္ႏုိင္မယ့္ စီေရာ္နယ္လ္ဒုိကလည္း လာလီဂါမွာ မရွိေတာ့ပါဘူး။ မက္ဆီအေနနဲ႔ လာလီဂါမွာ (၃၉၂)ဂုိးအထိ သြင္းထားၿပီး သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္လည္း ရပ္တည္ေနတယ္။ လာမယ့္ပဲြစဥ္ေတြမွာ ဂုိးေတြဆက္သြင္းၿပီး ဂုိး(၄၀၀)ျပည့္ခဲ့ရင္ေတာ့ သမုိင္းတစ္ေလွ်ာက္လုံးမွာ လာလီဂါသြင္းဂုိး (၄၀၀)သြင္းယူခဲ့တဲ့ ပထမဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ၿပီျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ . . မက္ဆီအတြက္ စံခ်ိန္မွတ္တမ္းသစ္ေတြကေတာ့ ေရွ႕မွာ အသင့္ေစာင့္ေနပါၿပီ။ ဒီထဲက ဘယ္စံခ်ိန္ကုိ ခ်ိဳးျဖတ္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား . .

REF:sportskeeda
Photo:Business Insider,Barca Blaugranes,Twitter,Goal,The Independent
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီမှာ မက်ဆီ Messi အတွက် စောင့်ကြိုနေတဲ့ စံချိန်မှတ်တမ်းများ

ဘာစီလိုနာ နာမည်ကျော် တိုက်စစ်မှူး မက်ဆီ Messi ရဲ့ ခြေစွမ်း၊ အောင်မြင်မှု၊ စံချိန်မှတ်တမ်းတွေကို ချီးကျူးရင်တော့ ပြောစရာစကားလုံးတောင် ရှာမတွေ့နိုင်တော့ဘူး။ (၃၁)နှစ်အရွယ် ရောက်လာပြီဖြစ်ပေမယ့် မက်ဆီဟာ ဆုဖလားတွေကို ဆာလောင်နေဆဲ၊ အောင်မြင်မှု လမ်းမထက်မှာ အရှိန်အဟုန်နဲ့ ဆက်ပြေးနေဆဲ။ မကြာသေးခင်ကပဲ ဂျာမန်ဂန္ထဝင်ကြီး ဂတ်မူလာ Gerd Muller တင်ရှိခဲ့တဲ့ ဥရောပကစားသမားတွေထဲမှာ ကလပ်အသင်းတစ်သင်းအတွက် ဂိုးအများဆုံး သွင်းခဲ့သူ စံချိန်ကို ချိုးဖြတ်ခဲ့ပြန်တယ်။

Messi-Playing-Style

Messi-Playing-Style

ဘာစီလိုနာအသင်းအတွက် (၅၆၆)ဂိုးသွင်းထားတဲ့ မက်ဆီဟာ အခုဆိုရင် ကမ္ဘာ့စံချိန်ရှင် ဘရာဇီးလ်ဂန္ထဝင်ကစားသမား ပီလီ Pele ကို ကျော်တက်ဖို့ မျက်စောင်းထိုးနေပြန်ပြီ။ ပီလီဟာ ဆန်းတို့စ်အသင်းအတွက် (၆၄၃)ဂိုး သွင်းထားပြီး ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပေမယ့် ဒီစံချိန်ကို မက်ဆီ ကျော်ဖြတ်ဖို့က (၇၇)ဂိုးသာ လိုတော့လို့ အခုအချိန်မှာ ပီလီလည်း မျက်ခုံးလှုပ်နေလောက်ပါပြီ။ အဲဒီစံချိန်အပြင် ဒီရာသီမှာ မက်ဆီ ချိုးဖြတ်ဖို့ ဒါမှမဟုတ် အမီလိုက်နိုင်ဖို့ရှိနေတဲ့ စံချိန်မှတ်တမ်းတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ . . . .

လာလီဂါမှာ ဟက်ထရစ်အများဆုံး သွင်းယူသူ

Cristiano-Ronaldo-and-messi

Cristiano-Ronaldo-and-messi

မတ်လ ၁၉ ရက်၊ ၂၀၀၇ ခုနှစ် ရီးယဲလ်နဲ့ကစားခဲ့တဲ့ပွဲမှာ မက်ဆီဟာ ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်ကို စသွင်းခဲ့တယ်။ အဲဒီအချိန်ကတည်းက မက်ဆီဟာ ဟက်ထရစ် သွင်းရတဲ့အရသာကို လျှာလည်သွားပုံပါပဲ။ သွင်းလိုက်တဲ့ ဟက်ထရစ်တွေ။ အခုဆိုရင် ဘာစီလိုနာကစားသမားဘဝမှာ မက်ဆီရဲ့ ဟက်ထရစ်သွင်းယူခဲ့တဲ့ အကြိမ်က (၄၂)ကြိမ်အထိ ရှိနေပြီး လာလီဂါမှာ အကြိမ်(၃၀)သွင်းယူခဲ့တယ်။ လာလီဂါမှာ ဟက်ထရစ်အများဆုံး သွင်းယူထားသူက သူ့ရဲ့ ပြိုင်ဘက်ဟောင်းကြီး စီရော်နယ်လ်ဒို Cristiano Ronaldo ဖြစ်ပြီး (၃၄)ကြိမ်သွင်းထားတယ်။ ဒါကြောင့် မက်ဆီအနေနဲ့ ဒီရာသီမှာ ဟက်ထရစ် (၅)ကြိမ်သွင်းခဲ့ရင် စီရော်နယ်လ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မှာပါ။

လာလီဂါ သွင်းဂိုးအများဆုံး (ပီချီချီ)ဆုကို အကြိမ်အများဆုံးရရှိသူ

Messi-Pichichi-Awards

လာလီဂါသွင်းဂိုးအများဆုံး (ပီချီချီ)ဆုဆိုတာ စပိန်နာမည်ကြီး အားကစားသတင်းစာ Marca က နှစ်စဉ် ချီးမြှင့်နေတာဖြစ်ပြီး အကြိမ်အများဆုံး ရယူခဲ့သူက ဘီလ်ဘာအိုအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး တယ်လ်မိုဇာရာ Telmo Zarra ပါ။ သူဟာ ၁၉၄၄-၄၅ ရာသီကနေ ၁၉၅၂-၅၃ ရာသီအထိ ပီချီချီဆုကို (၆)ကြိမ်တိုင် ရယူနိုင်ခဲ့တယ်။ တယ်လ်မိုဇာရာရဲ့နောက်မှာ ဒီစတီဖာနို Alfredo Di Stefano ၊ ကွီနီ Quini ၊ ဟူဂိုဆန်းချက်ဇ် Hugo Sanchez နဲ့ မက်ဆီ တို့က (၅)ကြိမ်စီနဲ့ ရပ်တည်နေပြီး မက်ဆီကလွဲရင် ကျန်တဲ့သူတွေက ဘောလုံးလောကမှာ မရှိတော့ပါဘူး။ မက်ဆီသာ ဒီရာသီမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ရင် တယ်လ်မိုဇာရာရဲ့ စံချိန်ကို အမီလိုက်နိုင်မှာဖြစ်ပါတယ်။

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ အကြိမ်အများဆုံး ဂိုးသွင်းသူ

Messi

Messi

အခုလောလောဆယ် မက်ဆီဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ (၅)ပွဲအထိ ဂိုးသွင်းခဲ့ပြီး တယ်လ်မိုဇာရာနဲ့ အကြိမ်အရေအတွက် အတူတူဖြစ်နေပါတယ်။ တကယ်လို့ ဒီရာသီမှာ ဘာစီလိုနာအသင်း စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက်နိုင်မယ်၊ မက်ဆီလည်း ဂိုးသွင်းနိုင်မယ်ဆိုရင် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ အကြိမ်အများဆုံးး ဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

ကလပ်အသင်းတစ်သင်းအတွက် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး

C-Ronaldo-and-Messi

C-Ronaldo-and-Messi

ချန်ပီယံလိဂ်မှာ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ (၁၀၅)ဂိုးစီနဲ့ ပူးတွဲရပ်တည်နေတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းအတွက် သွင်းယူခဲ့တာဖြစ်ပြီး မက်ဆီက စပါးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲမှာ ဂိုးသွင်းယူခဲ့လို့ စီရော်နယ်လ်ဒိုနဲ့ သွင်းဂိုးအရေအတွက် တူညီသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် အင်တာမီလန်နဲ့(၂)ပွဲစလုံးကို လွဲချော်ခဲ့လို့သာ စံချိန်သစ် မတင်နိုင်သေးတာပါ။ နိုဝင်ဘာလ (၂၉)ရက်မှာ PSV နဲ့ အဝေးကွင်း ကစားမယ့်ပွဲကျရင် မက်ဆီ ဂိုးသွင်းနိုင်မယ်ဆိုရင်တော့ စံချိန်သစ်တင်နိုင်ပါပြီ။

လာလီဂါမှာ သွင်းဂိုး(၄၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမား

Messi-Laliga-Top-Goal-Scorer

Messi-Laliga-Top-Goal-Scorer

မက်ဆီဟာ လာလီဂါမှာ လုံးဝပြိုင်ဘက်ကင်းတဲ့ ကစားသမားဖြစ်သွားပါပြီ။ သူ့ကို အနီးကပ်ဆုံး ယှဉ်ပြိုင်နိုင်မယ့် စီရော်နယ်လ်ဒိုကလည်း လာလီဂါမှာ မရှိတော့ပါဘူး။ မက်ဆီအနေနဲ့ လာလီဂါမှာ (၃၉၂)ဂိုးအထိ သွင်းထားပြီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေတယ်။ လာမယ့်ပွဲစဉ်တွေမှာ ဂိုးတွေဆက်သွင်းပြီး ဂိုး(၄၀၀)ပြည့်ခဲ့ရင်တော့ သမိုင်းတစ်လျှောက်လုံးမှာ လာလီဂါသွင်းဂိုး (၄၀၀)သွင်းယူခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ပြီဖြစ်ပါတယ်။

ပရိသတ်ကြီးရေ . . မက်ဆီအတွက် စံချိန်မှတ်တမ်းသစ်တွေကတော့ ရှေ့မှာ အသင့်စောင့်နေပါပြီ။ ဒီထဲက ဘယ်စံချိန်ကို ချိုးဖြတ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .

REF:sportskeeda
Photo:Business Insider,Barca Blaugranes,Twitter,Goal,The Independent
Naing Linn(Akhayar)
www.akhayar.com