[Zawgyi]

ဆြာရက္ဇ္ Suarez ေနရာ အစား၀င္ဖို႔ရိွေနတဲ႔ တိုက္စစ္မွဴးမ်ား

ဘာစီလိုနာအသင္းတိုက္စစ္မွဴး ဆြာရက္ဇ္ Suarez ဟာ အသက္အရြယ္အပိုင္းအျခား တစ္ခုကိုေရာက္လာျပီး ေျခစြမ္းပိုင္းက်ဆင္းမႈ အနညး္ငယ္ရိွလာခဲ႔ပါတယ္။ ဒီလိုအေနအထားေတြေၾကာင္႔ ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴးရွာေဖြေနတာကိုလည္း အားလံုးအသိပဲျဖစ္မွာပါ။ ဒါေၾကာင္႔ ပရိသတ္ေတြအတြက္ ဆြာရက္ဇ္ Suarez ေနရာ အစား၀င္ဖို႔ရိွေနတဲ႔ တိုက္စစ္မွဴးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဂိုးမက္ဇ္ Gómez

Gomez

Gomez

ဆယ္လ္တာဗီဂိုအသင္း လူငယ္တိုက္စစ္မွဴး ဂိုးမက္ဇ္ Gómez ဟာ ေျခစြမ္းေျခစရိွတဲ႔ တိုက္စစ္မွဴးျဖစ္တာေၾကာင္႔ ဒီစာရင္းထဲမွာပါ၀င္ေနပါတယ္။ ဒါေပမဲ႔ ဘာစီလိုနာတိုက္စစ္မွဴးျဖစ္လာဖို႔ကေတာ႔ လိုအပ္ခ်က္ေတြရိွေနပါေသးတယ္။

(၄) ၀ါနာ Werner

Werner

Werner

လိုက္ပစ္ဇ္အသင္းရဲ႕ ဂ်ာမနီလက္ေရြးစင္ တိုက္စစ္မွဴး ၀ါနာ Werner ဟာ ငယ္ရြယ္ျပီး အလားအလာေကာင္းေတြပိုင္ဆိုင္ထားသူျဖစ္တာေၾကာင္႔ ဘာစီလိုနာကစားသမား ျဖစ္မလာမလားဆိုတာ စိတ္၀င္စားစရာပါ။ ဒါေပမဲ႔ ၀ါနာအေနနဲ႔ ဘာစီလိုနာအဆင္႔ရိွတဲ႔ ကစားသမားျဖစ္လာဖို႔ကေတာ႔ အခ်ိန္တစ္ခုလိုပါေသးတယ္။

(၃) ပီယာတက္ Piątek

Piątek

Piątek

လက္ရိွမွာ ေျခစြမ္းေကာင္းေတြျပသေနတဲ႔ ဂ်ီႏိုအာတိုက္စစ္မွဴး ပီယာတက္ Piątek အေနနဲ႔ ဒီစာရင္းမွာ ပါ၀င္ေနတာဟာ သိပ္ျပီးထူးဆန္းတဲ႔ အရာေတာ႔မဟုတ္ပါဘူး။ ပီယာတက္ဟာ ထိပ္တန္းအဆင္႔ရိွတဲ႔ ကစားသမားလား ၊ ဟုန္းခနဲထေတာက္တဲ႔ ေကာက္႐ုိးမီးလားဆိုတာကိုေတာ႔ ေစာင္႔ၾကည္႕ၾကရဦးမွာပါ။

(၂) အီကာဒီ Icardi

Icardi

Icardi

အင္တာမီလန္တိုက္စစ္မွဴး အီကာဒီ Icardi ဟာ ဒီစာရင္းမွာ ပါကိုပါရမယ္႔ ကစားသမားပါ။ အီကာဒီဟာ ထိပ္တန္းတိုက္စစ္မွဴးျဖစ္ေပမယ္႔ ဘာစီလိုနာရဲ႕ ကစားကြက္နဲ႔ အံ၀င္ပါ႔မလားဆိုတာ စဥ္းစားခ်င္စရာပါ။ အေထာင္တိုက္စစ္မွဴး စစ္စစ္ေတြဟာ ဘာစီလိုနာအသင္းမွာ ႐ုန္းကန္ရတဲ႔ အစဥ္အလာဆိုးရိွေနလို႔ ပဲျဖစ္ပါတယ္။ အီကာဒီရဲ႕ ကစားဟန္ဟာ ဘာစီလိုနာထက္ ရီးယဲလ္အသင္းနဲ႔ ပိုအဆင္ေျပဖို႔ ရိွပါတယ္။

(၁) ေဖမီႏို Firmino

Firmino

Firmino

ဘာစီလိုနာအသင္းဟာ လီဗာပူးလ္တိုက္စစ္မွဴး Firmino ကိုေခၚယူဖို႔ စိတ္၀င္စားေနတယ္ဆိုတာ အားလံုးအသိပါပဲ။ တကယ္လည္း ေဖမီႏိုရဲ႕ ကစားဟန္ဟာ ဘာစီလိုနာအသင္းရဲ႕ ပံုစံနဲ႔ကိုက္ညီမႈရိွေနပါတယ္။ ေဖမီႏိုဟာ တိုက္စစ္မွာ ေနရာစံုေရြ႕လ်ားကစားသူျဖစ္တာေၾကာင္႔ ဘာစီလိုနာတိုက္စစ္မွာ အဆင္ေျပဖို႔ရိွေနပါတယ္။

Ref: Sportskeeda
Photo: Marca , Goal.com , Bundesliga , Sport Archyves , Sporting News 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဆွာရက်ဇ် Suarez နေရာ အစားဝင်ဖို့ရှိနေတဲ့ တိုက်စစ်မှူးများ

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာ အသက်အရွယ်အပိုင်းအခြား တစ်ခုကိုရောက်လာပြီး ခြေစွမ်းပိုင်းကျဆင်းမှု အနည်းငယ်ရှိလာခဲ့ပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးရှာဖွေနေတာကိုလည်း အားလုံးအသိပဲဖြစ်မှာပါ။ ဒါကြောင့် ပရိသတ်တွေအတွက် ဆွာရက်ဇ် Suarez နေရာ အစားဝင်ဖို့ရှိနေတဲ့ တိုက်စစ်မှူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၅) ဂိုးမက်ဇ် Gómez

Gomez

Gomez

ဆယ်လ်တာဗီဂိုအသင်း လူငယ်တိုက်စစ်မှူး ဂိုးမက်ဇ် Gómez ဟာ ခြေစွမ်းခြေစရှိတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ဒီစာရင်းထဲမှာပါဝင်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာတိုက်စစ်မှူးဖြစ်လာဖို့ကတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။

(၄) ဝါနာ Werner

Werner

Werner

လိုက်ပစ်ဇ်အသင်းရဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး ဝါနာ Werner ဟာ ငယ်ရွယ်ပြီး အလားအလာကောင်းတွေပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ဘာစီလိုနာကစားသမားဖြစ်မလာမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ ဝါနာအနေနဲ့ ဘာစီလိုနာအဆင့်ရှိတဲ့ ကစားသမားဖြစ်လာဖို့ကတော့ အချိန်တစ်ခုလိုပါသေးတယ်။

(၃) ပီယာတက် Piątek

Piątek

Piątek

လက်ရှိမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဂျီနိုအာတိုက်စစ်မှူး ပီယာတက် Piątek အနေနဲ့ ဒီစာရင်းမှာ ပါဝင်နေတာဟာ သိပ်ပြီးထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ပီယာတက်ဟာ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားလား ၊ ဟုန်းခနဲထတောက်တဲ့ ကောက်ရိုးမီးလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။

(၂) အီကာဒီ Icardi

Icardi

Icardi

အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Icardi ဟာ ဒီစာရင်းမှာ ပါကိုပါရမယ့် ကစားသမားပါ။ အီကာဒီဟာ ထိပ်တန်းတိုက်စစ်မှူးဖြစ်ပေမယ့် ဘာစီလိုနာရဲ့ ကစားကွက်နဲ့ အံဝင်ပါ့မလားဆိုတာ စဉ်းစားချင်စရာပါ။ အထောင်တိုက်စစ်မှူး စစ်စစ်တွေဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်ရတဲ့ အစဉ်အလာဆိုးရှိနေလို့ ပဲဖြစ်ပါတယ်။ အီကာဒီရဲ့ ကစားဟန်ဟာ ဘာစီလိုနာထက် ရီးယဲလ်အသင်းနဲ့ ပိုအဆင်ပြေဖို့ ရှိပါတယ်။

(၁) ဖေမီနို Firmino

Firmino

Firmino

ဘာစီလိုနာအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး Firmino ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ အားလုံးအသိပါပဲ။ တကယ်လည်း ဖေမီနိုရဲ့ ကစားဟန်ဟာ ဘာစီလိုနာအသင်းရဲ့ ပုံစံနဲ့ကိုက်ညီမှုရှိနေပါတယ်။ ဖေမီနိုဟာ တိုက်စစ်မှာ နေရာစုံရွေ့လျားကစားသူဖြစ်တာကြောင့် ဘာစီလိုနာတိုက်စစ်မှာ အဆင်ပြေဖို့ရှိနေပါတယ်။

Ref: Sportskeeda
Photo: Marca , Goal.com , Bundesliga , Sport Archyves , Sporting News 
Ko Kyue(Akhayar)
www.akhayar.com