လီဗာပူးလ်နဲ့ စပါး တို့ရဲ့ All English Final ချန်ပီယံလိဂ်ပွဲစဉ်ကတော့ သိပ်မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလည်း ဗဟုသုတရစရာတွေကို အမြဲလိုလို တင်ဆက်ပေးနေတဲ့ Akhayar Sports ရဲ့ ထုံးစံအတိုင်း လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Peter Crouch

ဒီစာရင်းမှာ ပီတာခရော့ခ်ျ Peter Crouch ပါနေမယ်ဆိုတာကိုတော့ ပရိသတ်တွေ အနေနဲ့ မပြောလည်း သိနေမယ်လို့ ထင်ပါတယ်။ စပါးလူငယ်ထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ပီတာခရော့ခ်ျ ဟာ လီဗာပူးလ်အသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ ကစားခဲ့ပြီး စပါးအသင်းမှာတော့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိကစားခဲ့ပါတယ်။ ပီတာခရော့ခ်ျ ဟာ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ FA Cup ၊ ကွန်မြူနတီဒိုင်းတွေကို (၁)ကြိမ်စီရရှိခဲ့ပါတယ်။

Robbie Keane

ရော်ဘီကိန်း Robbie Keane က တော့ စပါးအသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ အမှားကတော့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တာလို့ပဲ ပြောရမှာပါ။ စပါးအသင်းအတွက် ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းပြနေတဲ့ ရော်ဘီကိန်း ဟာ ၂၀၀၈ ခုနှစ်မှာ လီဗာပူးလ်ကို ပြောင်းရွှေ့ကစားခဲ့ပေမယ့် ရာသီဝက်သာခံခဲ့ပြီး အသင်းဟောင်း စပါးကို ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။ ရော်ဘီကိန်း ဟာ စပါးအသင်းနဲ့ လိဂ်ဖလားချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

Murphy

လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့တဲ့ ကွင်းလယ်လူ မာဖီ Murphy ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ မာဖီ ဟာ စပါးအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိ ကစားခဲ့ပြီး ပုံမှန်လောက်သာကစားနိုင်ခဲ့ပါတယ်။

Murphy ရဲ့ လီဗာပူးလ် ကစားသမားဘ၀ အောင်မြင်မှုများ

FA Cup: 2000–01
Football League Cup: 2000–01, 2002–03
FA Community Shield: 2001
UEFA Cup: 2000–01
UEFA Super Cup: 2001

Konchesky

ကွန်ချက်စကီး Konchesky ကတော့ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ တစ်ရာသီသာ ကစားခဲ့တာပါ။ ကွန်ချက်စကီး ဟာ စပါးအသင်းမှာ ၂၀၀၃ – ၂၀၀၄ ဘောလုံးရာသီက အငှားနဲ့ ကစားခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းမှာတော့ ၂၀၁၀ – ၂၀၁၁ ဘောလုံးရာသီက ကစားခဲ့တာဖြစ်ပါတယ်။

Caulker

နောက်ခံလူ ကော်လ်ကာ Caulker ဟာ စပါးလူငယ်ထွက်ကစားသမား တစ်ဦးဖြစ်သလို ပရိသတ်တွေ အနေနဲ့လည်း စပါးအသင်းနဲ့ တွဲပြီးသိကြမှာသေချာပါတယ်။ ဒါပေမဲ့ ကော်လ်ကာ ဟာ လီဗာပူးလ်အသင်းမှာလည်း ကစားခဲ့ဖူးပြီး ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီက အငှားနဲ့ ကစားခဲ့တာဖြစ်သလို (၄)ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားများ အပိုင်း(၂)ဖတ်ရန်လင်ခ့်

Ref: Liverpool.com
Photo: Scooper , Football Counter , Bwin , The Transfer Tavern , Evening Telegraph
Ko Kyue(Akhayar)
www.akhayar.com