လီဗာပူးလ်နဲ့ စပါး တို့ရဲ့ All English Final ချန်ပီယံလိဂ်ပွဲစဉ်ကတော့ သိပ်မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလည်း ဗဟုသုတရစရာတွေကို အမြဲလိုလို တင်ဆက်ပေးနေတဲ့ Akhayar Sports ရဲ့ ထုံးစံအတိုင်း လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Ray Clemence

အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ Ray Clemence ရေးကလီမန့်စ် ဟာ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့သူဖြစ်ပါတယ်။ ရေးကလီမန့်စ် ဟာ လီဗာပူးလ်အသင်းမှာ ၁၉၆၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ထိကစားခဲ့ပြီး စပါးအသင်းမှာတော့ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ရေးကလီမန့်စ် ဟာ ပွဲပေါင်း(၆၆၅)ပွဲကစားခဲ့ပြီး စပါးအသင်းအတွက် ပွဲပေါင်း(၃၃၀)ပွဲ ကစားခဲ့သလို (၂)သင်းလုံးနဲ့ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။

Ray Clemence ရဲ့ လီဗာပူးလ် ၊ စပါး (၂)သင်းလုံးနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုများ

Liverpool

Football League First Division (5): 1972–73, 1975–76, 1976–77, 1978–79, 1979–80
FA Cup (1): 1973–74
League Cup (1): 1980–81
FA Charity Shield (5): 1974, 1976, 1977 (shared), 1979, 1980
European Cup (3): 1976–77, 1977–78, 1980–81
UEFA Cup (2): 1972–73, 1975–76
UEFA Super Cup (1): 1977

Tottenham Hotspur

FA Cup (1): 1981–82
FA Charity Shield (1): 1981
UEFA Cup (1): 1983–84

Neil Ruddock

နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ နေးလ်ရော့ဒတ် Neil Ruddock ဟာလည်း ဒီစာရင်းမှာ အပါအ၀င်ပဲဖြစ်ပါတယ်။ နေးလ်ရော့ဒတ် ဟာ (၂)သင်းလုံးမှာ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြကစားခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ လီဗာပူးလ်အသင်းနဲ့ လိဂ်ဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

Graeme Souness

လီဗာပူးလ်အသင်းရဲ့ ဂန္ထ၀င်ကွင်းလယ်လူ ဂရေမီဆောင်းနက်စ် Graeme Souness ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးသူတစ်ဦးပဲဖြစ်ပါတယ်။ ဂရေမီဆောင်းနက်စ် ဟာ စပါးအသင်းအတွက် ပွဲစဉ်(၁)ပွဲသာ ကစားပေးခဲ့သူဖြစ်ပြီး ဒီအနေအထားကြောင့်ပဲ အခုစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာတော့ ဂရေမီဆောင်းနက်စ် ဟာ ၁၉၇၈ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်ထိ ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။

Graeme Souness ရဲ့ လီဗာပူးလ်ကစားသမားဘ၀ အောင်မြင်မှုများ

Football League First Division: 1978–79, 1979–80, 1981–82, 1982–83, 1983–84
Football League Cup: 1981–82, 1982–83, 1983–84
FA Charity Shield: 1979, 1980, 1982
European Cup: 1977–78, 1980–81, 1983–84

Paul Walsh

တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ပေါလ်ဝေါ့ရှ် Paul Walsh ဟာလည်း လီဗာပူးလ် ၊ စပါး (၂)သင်းလုံးနဲ့ ဆုဖလားအောင်မြင်မှုရရှိခဲ့တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ပေါလ်ဝေါ့ရှ် ဟာ လီဗာပူးလ်အသင်းအတွက် သွင်းဂိုး(၃၇)ဂိုး ၊ စပါးအသင်းအတွက် သွင်းဂိုး(၁၉)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Paul Walsh ရဲ့ လီဗာပူးလ် ၊ စပါး (၂)သင်းလုံးနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုများ

Liverpool

Football League First Division champion: 1985–86
Football League Super Cup winner: 1986

Tottenham Hotspur

FA Cup winner: 1991

Rosenthal

တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရိုဆန်သယ် Rosenthal ဟာ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့သူပါ။ ဒါပေမဲ့ (၂)သင်းလုံးနဲ့ ဘာဆုဖလားအောင်မြင်မှုမှမရရှိခဲ့ပါဘူး။

အခု ပရိသတ်တွေအတွက် လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Liverpool.com
Photo: Pandit Football , Mirror , Goal.com , Wikipedia , Dream Team
Ko Kyue(Akhayar)
www.akhayar.com