ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဟာ ၂၀၁၉ Ballon d’Or ဆုအတွက် ရေပန်းအစားဆုံးကစားသမားအဖြစ်ရှိနေသူပါ။ ဒီနှစ်ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆု ရရှိခဲ့သလို ပီချီချီနဲ့ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတွေကိုလည်း ရရှိထားသလို ပြိုင်ပွဲစုံသွင်းဂိုး(၅၁)ဂိုးထိ သွင်းယူထားပါတယ်။ ဒါပေမဲ့ ၂၀၁၉ Ballon d’Or ဆုအတွက် မက်ဆီ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေလည်း ရှိနေပါတယ်။ အခု ဒီ Article မှာတော့ ဒီကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Mbappe

PSG လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe ကတော့ ဥရောပဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုအတွက် မက်ဆီ ကို နောက်ကနေ ဖိအားလိုက်ပေးခဲ့သူပါ။ ဘာပေ ဟာ ဒီရာသီမှာ PSG အသင်းနဲ့ လီဂူးချန်ပီယံဆုကို ရရှိခဲ့ပြီး လီဂူး Young Player of the Year ဆု ၊ Player of the Year ဆု နဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုတွေကို ရရှိခဲ့သလို ပြိုင်ပွဲစုံသွင်းဂိုး(၃၉)ဂိုးသွင်းယူခဲ့ပါတယ်။

Mane

မာနေး Mane ကတော့ ဒီရာသီ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိကကျတဲ့သူအဖြစ်ရှိနေသူပါ။ ဒီရာသီမှာ မာနေး ဟာ လက်ရှိအချိန်ထိ လီဗာပူးလ်အသင်းအတွက် သွင်းဂိုး(၂၆)ဂိုးသွင်းယူထားပေမယ့် မက်ဆီ ရဲ့ သွင်းဂိုးအရေအတွက်နဲ့ ယှဉ်ကြည့်ရင်တော့ ကွာခြားချက်ကကြီးမားလွန်းပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရရှိထားတဲ့ မာနေး အနေနဲ့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရရှိခဲ့ရင်တော့ Ballon d’Or ဆုအတွက် မက်ဆီ ကို စိန်ခေါ်နိုင်မှာသေချာပါတယ်။

Cristiano Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ ဒီရာသီမှာ စီးရီးအေ ချန်ပီယံဆု နဲ့ အီတလီစူပါဖလားတွေကို ရရှိခဲ့ပါတယ်။ ဒီရာသီမှာ စီရော်နယ်လ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုး(၂၈)ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုး(၃၀)မကျော်ခဲ့တဲ့ ရာသီလည်းဖြစ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ဒီရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးအရေအတွက်မှာတော့ မက်ဆီ နဲ့ ကွာခြားချက်ရှိနေပါတယ်။

Sterling

မန်စီးတီးအသင်းရဲ့ ဒီရာသီ ပြည်တွင်းဆုဖလားအောင်မြင်မှုတွေမှာ စတာလင် Sterling ရဲ့ စွမ်းဆောင်ရည်တွေဟာ အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။ စတာလင် ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး(၂၆)ဂိုးသွင်းယူခဲ့ပြီး PFA Young Player of the Year ဆု နဲ့ FWA Footballer of the Year ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ မက်ဆီ ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆုသာရရှိခဲ့တာကြောင့် မန်စီးတီးနဲ့ ပြည်တွင်းဆုဖလားအားလုံးရရှိခဲ့တဲ့ စတာလင် က မက်ဆီ ကို Ballon d’Or ဆုအတွက် အပြည့်အ၀ယှဉ်နိုင်စွမ်းရှိနေပါတယ်။

Van Dijk

ဗန်ဒိုက် Van Dijk ရဲ့ ခြေစွမ်းကတော့ အများကြီးပြောစရာမလိုပါဘူး။ ဒီရာသီမှာ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားသူဖြစ်ပြီး PFA Players’ Player of the Year ဆုနဲ့ Premier League Player of the Season ဆုတွေကို ရရှိထားသူပါ။ ဒါပေမဲ့ ဗန်ဒိုက် အနေနဲ့ Ballon d’Or ဆုကို ရယူချင်ရင်တော့ ဒီရာသီမှာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့လိုအပ်နေပါတယ်။

ချန်ပီယံလိဂ်ဆုဖလားကို ရရှိတဲ့ ကစားသမားတွေဟာ Ballon d’Or ဆုကို ရရှိလေ့ရှိတာကြောင့် ၂၀၁၉ Ballon d’Or ဆုကိုတော့ ချန်ပီယံလိဂ်ချန်ပီယံအသင်းက ကစားသမားပဲ ရသွားမလား ၊ ချန်ပီယံလိဂ်ဖလားကို မရရှိတဲ့ အသင်းက ကစားသမားကပဲ ရယူသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ …

Ref: Sporskeeda
Photo: Daily Mail , Bleacher Report , Read Liverpool , SPORTbible
Ko Kyue(Akhayar)
www.akhayar.com