လီဗာပူးလ်နဲ့ စပါး တို့ရဲ့ All English Final ချန်ပီယံလိဂ်ပွဲစဉ်ကတော့ သိပ်မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလည်း ဗဟုသုတရစရာတွေကို အမြဲလိုလို တင်ဆက်ပေးနေတဲ့ Akhayar Sports ရဲ့ ထုံးစံအတိုင်း လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Jamie Redknapp

ဂျေမီရက်နက်ပ် Jamie Redknapp ကတော့ စပါးလူငယ်ထွက်ကစားသမားဖြစ်ပြီး လီဗာပူးလ်အသင်းမှာ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ စပါးအသင်းမှာ ကစားတဲ့အချိန်မှာတော့ ဂျေမီရက်နက်ပ် ဟာ ပုံမှန်စွမ်းဆောင်ရည်လောက်ကိုသာ ပြသနိုင်ခဲ့ပါတယ်။ ဂျေမီရက်နက်ပ် ဟာ လီဗာပူးလ်အသင်းမှာ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ကစားခဲ့ပြီး စပါးအသင်းမှာတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိ ကစားခဲ့ပါတယ်။

Jamie Redknapp ရဲ့ လီဗာပူးလ်ကစားသမားဘ၀ အောင်မြင်မှုများ

Football League Cup: 1994–95
FA Charity Shield: 2001
UEFA Super Cup: 2001

Ziege

ဂျာမနီ wing-back ကစားသမား ဇီဂါ Ziege ကလည်း လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာတော့ ဇီဂါ ဟာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ပြီး တစ်ရာသီသာခံခဲ့သလို စပါးအသင်းမှာတော့ အတိုင်းအတာတစ်ခုထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇီဂါ ဟာ လီဗာပူးလ်အသင်းနဲ့ လိဂ်ဖလားချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

John Scales

အင်္ဂလန်နောက်ခံလူ ဂျွန်စကေးလ် John Scales ဟာ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို စပါးအသင်းမှာထက် ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျွန်စကေးလ် ဟာ လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ဆုဖလားအောင်မြင်မှုရရှိခဲ့သူဖြစ်ပါတယ်။

John Scales ရဲ့ လီဗာပူးလ် ၊ စပါး (၂)သင်းလုံးနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုများ

Liverpool

FA Cup: 1996
League Cup: 1995

Tottenham Hotspur

League Cup: 1999

Friedel

ဒီစာရင်းမှာတော့ ပရီးမီးယားလိဂ်ရဲ့ အမေရိကန်နာမည်ကျော် ဂိုးသမားကြီး ဖရီဒယ်လ် Friedel လည်း မထင်မှတ်လောက်အောင် ပါဝင်နေပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ဖရီဒယ်လ် ပါဝင်နေမယ်လို့ ထင်မှတ်ထားကြမှာမဟုတ်တာတော့ သေချာပါတယ်။ ဖရီဒယ်လ် ဟာ လီဗာပူးလ်အသင်းမှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ထိ ကစားခဲ့သလို စပါးအသင်းမှာတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ ကစားခဲ့ပြီး ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ်။

Barmby

အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဘမ်ဘီ Barmby ဟာ စပါးလူငယ်ထွက် ကစားသမားဖြစ်ပြီး စပါးအသင်းမှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ဘမ်ဘီ ဟာ ပုံမှန်လောက်သာ ကစားနိုင်ခဲ့ပေမယ့် ၂၀၀၀ – ၂၀၀၁ ဘောလုံးရာသီမှာ အသင်းနဲ့အတူ FA Cup ၊ လိဂ်ဖလား နဲ့ UEFA Cup (ယူရိုပါလိဂ်) ချန်ပီယံဆုဖလားတွေကိုတော့ ရရှိခဲ့ပါတယ်။

လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ်

အခု ပရိသတ်တွေအတွက် လီဗာပူးလ်နဲ့ စပါး (၂)သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမားများ (၂)ကို ဖော်ပြပေးခဲ့တာပါ။ အပိုင်း(၃)မှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ကစားသမားတွေပါဝင်လာမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Liverpool.com
Photo: Liverpool Echo , Goal.com , The42 , The Telegraph , Premier League , Liverpool Echo
Ko Kyue(Akhayar)
www.akhayar.com