ဘာစီလိုနာအသင်းဟာ လက်ရှိပြိုင်ပွဲစုံမှာ ပုံစံကောင်းနဲ့ ရှေ့ဆက်နေပေမယ့် အသင်းရဲ့ ကစားသမားတချို့ကတော့ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်း ခက်ခဲနေကြပါတယ်။ ဒီကစားသမားတွေရဲ့ အနာဂတ်ဟာ လက်ရှိမှာေ၀၀ါးနေပြီး ဒီအထဲမှာ နာမည်ကျော်ကစားသမားတွေလည်း ပါဝင်နေပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဒီကစားသမားတွေဟာ လာမယ့်နွေမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့များနေတာကြောင့် အခု Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Vermaelen

ဗာမယ်လန် Vermaelen ကတော့ ဘာစီလိုနာအသင်းကို စရောက်ကတည်းက အရန်ကစားသမားအဖြစ်နဲ့သာ ဖြတ်သန်းနေရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗာမယ်လန်ဟာ အသက်အရွယ်ကြီးလာပြီဖြစ်သလို ဒီနှစ်ဘောလုံးရာသီကုန်မှာလည်း ဘာစီလိုနာအသင်းနဲ့ စာချူပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Rakitic

ဘာစီလိုနာအသင်းဟာ အေဂျက်စ် လူငယ်ကွင်းလယ်လူ ဒီယွန်း Frankie De Jong ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဒီအခြေအနေက ရာကီတစ် Rakitic အတွက် အခက်အခဲတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီယွန်း ကြောင့် ရာကီတစ် ဟာ ဘာစီလိုနာအသင်းမှာ ကစားခွင့်လျော့ကျလာဖို့ရှိနေလို့ပါပဲ။ လက်ရှိမှာတော့ ရာကီတစ် ဟာ မန်ယူ ၊ အင်တာမီလန်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

Malcolm

မဲလ်ကွန် Malcolm ဟာ အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘာစီလိုနာအသင်းမှာတော့ ရုန်းကန်နေရပါတယ်။ ဘာစီလိုနာအသင်းဟာ မဲလ်ကွန် ကို ပွဲကစားခွင့် လုံလုံလောက်လောက်မပေးနိုင်တာကြောင့်လည်း သူ့အနေဲ့ အခုလို ရုန်းကန်နေရတယ်လို့ ယူဆရမှာပါ။ လက်ရှိမှာတော့ မဲလ်ကွန် ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၁၅)ပွဲကစား (၃)ဂိုးသွင်းယူထားပါတယ်။

Rafinha

ရာဖင်ဟာ Rafinha ကတော့ ဒီရာသီမှာ ပွဲကစားခွင့်လျော့နည်းနေပြီး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဘာစီလိုနာအသင်းနဲ့ ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာကြောင့်လည်း ရာဖင်ဟာ ရဲ့ အနာဂတ်က ဘာစီလိုနာအသင်းမှာ မရှိတော့ဖို့ကများနေပါပြီ။

Coutinho

ကော်တင်ဟို Coutinho ကတော့ ဒီရာသီ ဘာစီလိုနာအသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူဖြစ်ပါတယ်။ ကော်တင်ဟို ရဲ့လက်ရှိခြေစွမ်းဟာ အတိုင်းအတာတစ်ခုထိကောင်းမွန်နေပေမယ့် နည်းပြ ဗယ်လ်ဗာဒီ Valverde ကတော့ သိပ်ပြီး အကြိုက်မတွေ့တဲ့ ပုံစံမှာရှိနေပါတယ်။ ဒီအနေအထားတွေကြောင့် ကော်တင်ဟို ပရီးမီးယားလိဂ်ကို ပြန်ရောက်လာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီး မန်ယူအသင်းနဲ့တော့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။

Ref: Sportskeeda
Photo: Playing for 90 , Evening Standard , Culemanía , Everything Barca , Barca Blaugranes
Ko Kyue(Akhayar)
www.akhayar.com