[Zawgyi]

လိုပယ္တက္ဂီ Lopetegui ရဲ႕ ကံၾကမၼာကို အဆံုးအျဖတ္ေပးခဲ႔ၾကတဲ႔ ကစားသမားမ်ား

လိုပယ္တက္ဂီ Lopetegui ဟာ ရီးယဲလ္မက္ဒရစ္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ႔ရပါျပီ။ ဒါကို အားလံုးအသိပဲျဖစ္ပါတယ္။ ေဘာလံုးအသင္းတစ္သင္း က်ရံႈးရင္ တာ၀န္အရိွဆံုးသူက နည္းျပျဖစ္ေပမယ္႔ နည္းျပဘယ္ေလာက္ေကာင္းေကာင္း ကစားသမားမေကာင္းရင္လည္း အလကားပါပဲ။ လိုပယ္တက္ဂီ ဟာ ရီးယဲလ္မက္ဒရစ္အသင္းမွာ စံခ်ိန္မွတ္တမ္းဆိုးေတြကိုပိုင္ဆိုင္ခဲ႔တဲ႔ နည္းျပျဖစ္ခဲ႔သလို သူ႔လက္ထက္မွာ အသင္းရဲ႕ အဓိကကစားသမားတခ်ိဳ႕ရဲ႕ ေျခစြမ္းေတြဟာလည္း ပံုမွန္ေအာက္ကိုေရာက္ခဲ႔ပါတယ္။ ဒါေၾကာင္႔ ဒီကစားသမားေတြဟာ လိုပယ္တက္ဂီရဲ႕ ကံၾကမၼာကို အဆံုးအျဖတ္ေပးခဲ႔ၾကတဲ႔ ကစားသမားေတြလို႔ ညြန္းဆိုခ်င္ျပီး သူတို႔ေတြက ဘယ္သူေတြလဲဆိုတာ …

(၅) ဘန္ဇီမာ Benzema

Benzema

Benzema

ဘန္ဇီမာ Benzema ဟာ ရာသီအစမွာ ဟုတ္မလိုရိွခဲ႔ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ေတာ္ေတာ္ကိုစိတ္ပ်က္စရာျဖစ္ခဲ႔ရပါတယ္။ ဘန္ဇီမာ ဟာ အပိုင္ဂိုးရသင္႔တဲ႔ အခြင္႔အေရးေတြကို လြဲေခ်ာ္ခဲ႔ျပီး ဒီအခြင္႔အေရးေတြကို ဂိုးအျဖစ္သာေျပာင္းလဲႏိုင္ခဲ႔ရင္ လိုပယ္တက္ဂီ ဟာ ရီးယဲလ္နည္းျပထိုင္ခံုေပၚမွာ ဆက္ရိွေနႏိုင္ပါတယ္။

(၄) အဆန္စီယို Asensio

Asensio

Asensio

ရီးယဲလ္အသင္းရဲ႕ အထြန္းေတာက္ဆံုး လူငယ္ကစားသမားျဖစ္တဲ႔ အဆန္စီယို Asensio ဟာလည္း ဒီႏွစ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ႔ရပါတယ္။ အသင္းအခက္အခဲျဖစ္ေနခ်ိန္မွာ အဆန္စီယို ဟာ အသင္းကိုအကူအညီမေပးႏိုင္ခဲ႔ပါဘူး။

(၃) ေဘးလ္ Bale

Bale

Bale

ေဘးလ္ Bale ရဲ႕ ဒဏ္ရာျပႆနာဟာလည္း လိုပယ္တက္ဂီ ရဲ႕ အနာဂတ္ကိုအမ်ားၾကီးထိခိုက္မႈရိွခဲ႔ပါတယ္။ တိုက္စစ္ပိုင္းဟာ ေဘးလ္မပါ၀င္ခ်ိန္မွာေတာ႔ အားနည္းခ်က္ေတြမ်ားခဲ႔ျပီး တစ္ဂိုးရဖို႔ေတာင္ မလြယ္ခဲ႔သလို ေဘးလ္ျပန္လာခ်ိန္မွာလည္း အရာရာဟာ ေဆးမမီခဲ႔ဘူး ျဖစ္ခဲ႔ရပါတယ္။

(၂) တိုနီက႐ူးစ္ Toni Kroos

Toni-Kroos

Toni-Kroos

တိုနီက႐ူးစ္ Toni Kroos ဟာ လိုပယ္တက္ဂီနဲ႔ေတာင္ ျပႆနာေလးေတြ အနည္းငယ္ရိွခဲ႔သူပါ။ လိုပယ္တက္ဂီ ဟာ သူ႕ကိုခံစစ္ပိုကစားခိုင္းလို႔ ေျခစြမ္းျပသႏိုင္ျခင္းမရိွခဲ႔တာလို႔ တိုနီက႐ူးစ္ က အေၾကာင္းျပခဲ႔ပါတယ္။ ဘာပဲေျပာေျပာ လိုပယ္တက္ဂီ လက္ထက္ တိုနီက႐ူးစ္ ဟာလည္း သိပ္ျပီး အားမကိုးခဲ႔ရပါဘူး။

(၁) ရာမို႔စ္ Ramos

Ramos

Ramos

ရာမို႔စ္ Ramos ဟာ လိုပယ္တက္ဂီ ကို အၿမဲတမ္းေထာက္ခံခဲ႔ေပမယ္႔ သူ႔ရဲ႕ ကစားပံုေၾကာင္႔ အသင္းဟာ အခက္အခဲေတြၾကံဳေတြ႕ခဲ႔ရပါတယ္။ ရာမို႔စ္ ဟာ ဂိုးရယူဖို႔စိတ္ေစာေနျပီး အေရွ႕ကိုမၾကာခဏေရာက္ေနတာေၾကာင္႔ သူ႔ေနရာဟာ ေနရာလြတ္တစ္ခုလိုျဖစ္ေနသလို ကြင္းလယ္ခံစစ္ကစားသမားနဲ႔ တြဲဖက္ဗဟိုေနာက္ခံလူဟာလည္း ဒီေနရာကို ျပန္မျဖည္႔ေပးႏိုင္ခဲ႔တာေၾကာင္႔ ျပိဳင္ဘက္ကို အခြင္႔အေရးမ်ားစြာေပးမိသလို ျဖစ္ခဲ႔ရပါတယ္။

ဒီကစားသမားေတြဟာ လိုပယ္တက္ဂီ ရဲ႕ အနာဂတ္ကို အဆံုးအျဖတ္ေပးခဲ႔ၾကတဲ႔ သူေတြပဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ အျမင္နဲ႔ ကိုက္ညီမႈရိွရဲ႕လားဆိုတာကို ေျပာျပခဲ႔ပါဦး …

Ref: Sportskeeda
Photo: Real Madrid  Twitter , Goal.com , ESPN.com , Evening Standard , JOE.co.uk
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိုပယ်တက်ဂီ Lopetegui ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ ကစားသမားများ

လိုပယ်တက်ဂီ Lopetegui ဟာ ရီးယဲလ်မက်ဒရစ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါပြီ။ ဒါကို အားလုံးအသိပဲဖြစ်ပါတယ်။ ဘောလုံးအသင်းတစ်သင်း ကျရှုံးရင် တာဝန်အရှိဆုံးသူက နည်းပြဖြစ်ပေမယ့် နည်းပြဘယ်လောက်ကောင်းကောင်း ကစားသမားမကောင်းရင်လည်း အလကားပါပဲ။ လိုပယ်တက်ဂီ ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ စံချိန်မှတ်တမ်းဆိုးတွေကိုပိုင်ဆိုင်ခဲ့တဲ့ နည်းပြဖြစ်ခဲ့သလို သူ့လက်ထက်မှာ အသင်းရဲ့ အဓိကကစားသမားတချို့ရဲ့ ခြေစွမ်းတွေဟာလည်း ပုံမှန်အောက်ကိုရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမားတွေဟာ လိုပယ်တက်ဂီရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ ကစားသမားတွေလို့ ညွန်းဆိုချင်ပြီး သူတို့တွေက ဘယ်သူတွေလဲဆိုတာ …

(၅) ဘန်ဇီမာ Benzema

Benzema

Benzema

ဘန်ဇီမာ Benzema ဟာ ရာသီအစမှာ ဟုတ်မလိုရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တော်တော်ကိုစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဘန်ဇီမာ ဟာ အပိုင်ဂိုးရသင့်တဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့ပြီး ဒီအခွင့်အရေးတွေကို ဂိုးအဖြစ်သာပြောင်းလဲနိုင်ခဲ့ရင် လိုပယ်တက်ဂီ ဟာ ရီးယဲလ်နည်းပြထိုင်ခုံပေါ်မှာ ဆက်ရှိနေနိုင်ပါတယ်။

(၄) အဆန်စီယို Asensio

Asensio

Asensio

ရီးယဲလ်အသင်းရဲ့ အထွန်းတောက်ဆုံး လူငယ်ကစားသမားဖြစ်တဲ့ အဆန်စီယို Asensio ဟာလည်း ဒီနှစ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အသင်းအခက်အခဲဖြစ်နေချိန်မှာ အဆန်စီယို ဟာ အသင်းကိုအကူအညီမပေးနိုင်ခဲ့ပါဘူး။

(၃) ဘေးလ် Bale

Bale

Bale

ဘေးလ် Bale ရဲ့ ဒဏ်ရာပြဿနာဟာလည်း လိုပယ်တက်ဂီ ရဲ့ အနာဂတ်ကိုအများကြီးထိခိုက်မှုရှိခဲ့ပါတယ်။ တိုက်စစ်ပိုင်းဟာ ဘေးလ်မပါဝင်ချိန်မှာတော့ အားနည်းချက်တွေများခဲ့ပြီး တစ်ဂိုးရဖို့တောင် မလွယ်ခဲ့သလို ဘေးလ်ပြန်လာချိန်မှာလည်း အရာရာဟာ ဆေးမမီခဲ့ဘူး ဖြစ်ခဲ့ရပါတယ်။

(၂) တိုနီကရူးစ် Toni Kroos

Toni-Kroos

Toni-Kroos

တိုနီကရူးစ် Toni Kroos ဟာ လိုပယ်တက်ဂီနဲ့တောင် ပြဿနာလေးတွေ အနည်းငယ်ရှိခဲ့သူပါ။ လိုပယ်တက်ဂီ ဟာ သူ့ကိုခံစစ်ပိုကစားခိုင်းလို့ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာလို့ တိုနီကရူးစ် က အကြောင်းပြခဲ့ပါတယ်။ ဘာပဲပြောပြော လိုပယ်တက်ဂီ လက်ထက် တိုနီကရူးစ် ဟာလည်း သိပ်ပြီး အားမကိုးခဲ့ရပါဘူး။

(၁) ရာမို့စ် Ramos

Ramos

Ramos

ရာမို့စ် Ramos ဟာ လိုပယ်တက်ဂီ ကို အမြဲတမ်းထောက်ခံခဲ့ပေမယ့် သူ့ရဲ့ ကစားပုံကြောင့် အသင်းဟာ အခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။ ရာမို့စ် ဟာ ဂိုးရယူဖို့စိတ်စောနေပြီး အရှေ့ကိုမကြာခဏရောက်နေတာကြောင့် သူ့နေရာဟာ နေရာလွတ်တစ်ခုလိုဖြစ်နေသလို ကွင်းလယ်ခံစစ်ကစားသမားနဲ့ တွဲဖက်ဗဟိုနောက်ခံလူဟာလည်း ဒီနေရာကို ပြန်မဖြည့်ပေးနိုင်ခဲ့တာကြောင့် ပြိုင်ဘက်ကို အခွင့်အရေးများစွာပေးမိသလို ဖြစ်ခဲ့ရပါတယ်။

ဒီကစားသမားတွေဟာ လိုပယ်တက်ဂီ ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ သူတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အမြင်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို ပြောပြခဲ့ပါဦး …

Ref: Sportskeeda
Photo: Real Madrid  Twitter , Goal.com , ESPN.com , Evening Standard , JOE.co.uk
Ko Kyue(Akhayar)
www.akhayar.com