[Zawgyi]

ေဘာလုံးေလာကမွာ ထင္ရွားခဲ့တဲ့ နည္းျပနဲ႔ကစားသမားအၾကား ပဋိပကၡ ျဖစ္ရပ္မ်ား

ဒီရက္ပုိင္း ၿဗိတိန္မီဒီယာေတြရဲ႕ သတင္းစာမ်က္ႏွာေတြမွာ ေနရယူထားတာက ေမာ္ရင္ဟုိ Mourinho နဲ႔ ေပါ့ဘာ Pogba တို႔ရဲ႕ ျပႆနာပဲျဖစ္ပါတယ္။ ဒီႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက လိပ္ခဲတည္းလည္းျဖစ္ေနၿပီး အႀကိတ္အခဲေတြက တျဖည္းျဖည္း ႀကီးထြားလာပါၿပီ။ ေဘာလုံးေလာကမွာ နည္းျပနဲ႔ ကစားသမားအၾကား ဒီလုိ မေျပမလည္ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေတြက ဒုနဲ႔ေဒးပါပဲ။

Mourinho-vs-Pogba

Mourinho-vs-Pogba

အဲဒီထဲကမွ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား အျဖစ္အပ်က္ေတြကုိ ျပန္လည္ေဖာ္ျပလုိက္ပါတယ္ . . .

ဒုိမီနက္ခ်္ Domenech နဲ႔ ျပင္သစ္ကစားသမားမ်ား

Raymond-Domenech-vs-Nikolas-Anelka-and-the-French-squad

Raymond-Domenech-vs-Nikolas-Anelka-and-the-French-squad

၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ နည္းျပ ဒုိမီနက္ခ်က္နဲ႔ ျပင္သစ္ကစားသမားေတြ ျပႆနာ တက္ခဲ့တဲ့ျဖစ္ရပ္ကုိ အခုအခ်ိန္အထိ ပရိသတ္ေတြ အမွတ္ရေနဆဲျဖစ္ပါလိမ့္မယ္။ သူ႔ရဲ႕ နည္းစနစ္ေတြကုိ အနယ္လ္ကာ Anelka ေ၀ဖန္ခဲ့လုိ႔ ျပႆနာ စျဖစ္တာကေန က်န္တဲ့ကစားသမားေတြလည္း ပါ၀င္လာခဲ့တယ္။ အဲဒီလို မတည္ၿငိမ္မႈေတြေၾကာင့္ပဲ ျပင္သစ္အသငး္က ၂၀၁၀ ကမၻာ႔ဖလားမွာ ႏုိင္ပဲြမရွိဘဲ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရပါတယ္။

႐ြဳိင္ကိန္း Roy Keane နဲ႔ အဲလက္စ္ဖာဂူဆန္ Alex Ferguson

Roy-Kane-VS-Alex-Ferguson

Roy-Kane-VS-Alex-Ferguson

ဒီဆရာတပည့္ႏွစ္ဦးရဲ႕ ပဋိပကၡက အဲဒီအခ်ိန္တုန္းက ဟုိးေလးတေက်ာ္ေက်ာ္ ျဖစ္ခဲ့တယ္။ MUTV နဲ႔ အင္တာဗ်ဴးမွာ ရြိဳင္ကိန္းက ဖာဂူဆန္ကုိ ေ၀ဖန္ခဲ့လုိ႔ အႀကီးအက်ယ္ ျပႆနာျဖစ္ခဲ့ၿပီး အက်ိဳးဆက္အေနနဲ႔ ၂၀၀၆ ခုႏွစ္မွာ ႐ြိဳင္ကိန္း ဆဲလ္တစ္ကုိ ေျပာင္းေရႊ႕ခဲ့ရတာပါပဲ။

မန္စီနီ Mancini နဲ႔ တီဗက္ဇ္ Tevez

Tevez-and-Mancini

Tevez-and-Mancini

ေခါင္းေၾကာမာတဲ့ တီဗက္ဇ္နဲ႔ ဆတ္ဆတ္ထိမခံတဲ့ မန္စီနီတို႔ရဲ႕ပဲြကလည္း ပရိသတ္ေတြ စိတ္၀င္စားစရာ ျဖစ္ခဲ့ဖူးတယ္။ ၂၀၁၁-၁၂ ရာသီမွာ သူတို႔ႏွစ္ဦး ဆက္ဆံေရးအဆင္ မေျပျဖစ္ခဲ့ၿပီး ဘုိင္ယန္ျမဴးနစ္နဲ႔ ကစားတဲ့ ပဲြမွာဆုိရင္ တီဗက္ဇ္ဟာ လူစား၀င္ကစားဖုိ႔ ျငင္းဆန္ခဲ့လုိ႔ အႀကိတ္အခဲက ပုိႀကီးထြားခဲ့တယ္။ ၂၀၁၃ မွာ မန္စီးတီးကစားသမားဘ၀ကုိ တီဗက္ဇ္ အဆုံးသတ္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့ပါတယ္။

အဲလက္စ္ဖာဂူဆန္ Alex Ferguson နဲ႔ ဘက္ခမ္ Beckham

David-Beckham-Vs-Alex-Ferguson

David-Beckham-Vs-Alex-Ferguson

ဒီအျဖစ္အပ်က္ကေတာ့ ေထြေထြထူးထူး ေျပာစရာလုိမယ္ မထင္ပါဘူး။ ၂၀၀၂-၀၃ ရာသီတုန္းက အာဆင္နယ္ကုိ ႐ႈံးခဲ့တဲ့ FA ဖလားပဲြအၿပီးမွွာ ေဒါသအုိးႀကီး ဖာဂူဆန္ ေပါက္ကဲြတာကေန ေဘာကန္ဖိနပ္ကုိ ကန္လုိက္တာက ဘက္ခမ္နဲ႔ ထိၿပီး မ်က္ခုံးကဲြသြားခဲ့တယ္။ အဲဒီရာသီအၿပီးမွာပဲ ဘက္ခမ္လည္း ရီးယဲလ္အသင္းဆီ ေရာက္ရွိခဲ့ပါေတာ့တယ္။

မကၠာသီ McCarthy နဲ႔ ရြိဳင္ကိန္း Roy Keane

Mick-McCarthy-vs-Roy-Keane

Mick-McCarthy-vs-Roy-Keane

၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက အုိင္ယာလန္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ နည္းျပမကၠာသီနဲ႔ ႐ြိဳင္ကိန္းတို႔ အႀကီးအက်ယ္စကားမ်ားခဲ့ၿပီး မကၠာသီက ႐ြိဳင္ကိန္းကုိ ခ်က္ခ်င္းပဲ အိမ္ျပန္ပုိခဲ့တယ္။ ဒီႏွစ္ေယာက္ၾကားက အႀကိတ္အခဲဟာ အခုအခ်ိန္အထိ မေျပလည္ေသးပါဘူး။

REF:sportskeeda
Photo:The42,Goal,Twitter,Zimbio,Evening Standard,Toronto Star
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကမှာ ထင်ရှားခဲ့တဲ့ နည်းပြနဲ့ကစားသမားအကြား ပဋိပက္ခ ဖြစ်ရပ်များ

ဒီရက်ပိုင်း ဗြိတိန်မီဒီယာတွေရဲ့ သတင်းစာမျက်နှာတွေမှာ နေရယူထားတာက မော်ရင်ဟို Mourinho နဲ့ ပေါ့ဘာ Pogba တို့ရဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက လိပ်ခဲတည်းလည်းဖြစ်နေပြီး အကြိတ်အခဲတွေက တဖြည်းဖြည်း ကြီးထွားလာပါပြီ။ ဘောလုံးလောကမှာ နည်းပြနဲ့ ကစားသမားအကြား ဒီလို မပြေမလည်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက ဒုနဲ့ဒေးပါပဲ။

Mourinho-vs-Pogba

Mourinho-vs-Pogba

အဲဒီထဲကမှ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အဖြစ်အပျက်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ် . . .

ဒိုမီနက်ချ် Domenech နဲ့ ပြင်သစ်ကစားသမားများ

Raymond-Domenech-vs-Nikolas-Anelka-and-the-French-squad

Raymond-Domenech-vs-Nikolas-Anelka-and-the-French-squad

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြ ဒိုမီနက်ချက်နဲ့ ပြင်သစ်ကစားသမားတွေ ပြဿနာ တက်ခဲ့တဲ့ဖြစ်ရပ်ကို အခုအချိန်အထိ ပရိသတ်တွေ အမှတ်ရနေဆဲဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ နည်းစနစ်တွေကို အနယ်လ်ကာ Anelka ဝေဖန်ခဲ့လို့ ပြဿနာ စဖြစ်တာကနေ ကျန်တဲ့ကစားသမားတွေလည်း ပါဝင်လာခဲ့တယ်။ အဲဒီလို မတည်ငြိမ်မှုတွေကြောင့်ပဲ ပြင်သစ်အသင်းက ၂၀၁၀ ကမ္ဘာ့ဖလားမှာ နိုင်ပွဲမရှိဘဲ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။

ရွိုင်ကိန်း Roy Keane နဲ့ အဲလက်စ်ဖာဂူဆန် Alex Ferguson

Roy-Kane-VS-Alex-Ferguson

Roy-Kane-VS-Alex-Ferguson

ဒီဆရာတပည့်နှစ်ဦးရဲ့ ပဋိပက္ခက အဲဒီအချိန်တုန်းက ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တယ်။ MUTV နဲ့ အင်တာဗျူးမှာ ရွိုင်ကိန်းက ဖာဂူဆန်ကို ဝေဖန်ခဲ့လို့ အကြီးအကျယ် ပြဿနာဖြစ်ခဲ့ပြီး အကျိုးဆက်အနေနဲ့ ၂၀၀၆ ခုနှစ်မှာ ရွိုင်ကိန်း ဆဲလ်တစ်ကို ပြောင်းရွှေ့ခဲ့ရတာပါပဲ။

မန်စီနီ Mancini နဲ့ တီဗက်ဇ် Tevez

Tevez-and-Mancini

Tevez-and-Mancini

ခေါင်းကြောမာတဲ့ တီဗက်ဇ်နဲ့ ဆတ်ဆတ်ထိမခံတဲ့ မန်စီနီတို့ရဲ့ပွဲကလည်း ပရိသတ်တွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့ဖူးတယ်။ ၂၀၁၁-၁၂ ရာသီမှာ သူတို့နှစ်ဦး ဆက်ဆံရေးအဆင် မပြေဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ကစားတဲ့ ပွဲမှာဆိုရင် တီဗက်ဇ်ဟာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့လို့ အကြိတ်အခဲက ပိုကြီးထွားခဲ့တယ်။ ၂၀၁၃ မှာ မန်စီးတီးကစားသမားဘဝကို တီဗက်ဇ် အဆုံးသတ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲလက်စ်ဖာဂူဆန် Alex Ferguson နဲ့ ဘက်ခမ် Beckham

David-Beckham-Vs-Alex-Ferguson

David-Beckham-Vs-Alex-Ferguson

ဒီအဖြစ်အပျက်ကတော့ ထွေထွေထူးထူး ပြောစရာလိုမယ် မထင်ပါဘူး။ ၂၀၀၂-၀၃ ရာသီတုန်းက အာဆင်နယ်ကို ရှုံးခဲ့တဲ့ FA ဖလားပွဲအပြီးမှာ ဒေါသအိုးကြီး ဖာဂူဆန် ပေါက်ကွဲတာကနေ ဘောကန်ဖိနပ်ကို ကန်လိုက်တာက ဘက်ခမ်နဲ့ ထိပြီး မျက်ခုံးကွဲသွားခဲ့တယ်။ အဲဒီရာသီအပြီးမှာပဲ ဘက်ခမ်လည်း ရီးယဲလ်အသင်းဆီ ရောက်ရှိခဲ့ပါတော့တယ်။

မက္ကာသီ McCarthy နဲ့ ရွိုင်ကိန်း Roy Keane

Mick-McCarthy-vs-Roy-Keane

Mick-McCarthy-vs-Roy-Keane

၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အိုင်ယာလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ နည်းပြမက္ကာသီနဲ့ ရွိုင်ကိန်းတို့ အကြီးအကျယ်စကားများခဲ့ပြီး မက္ကာသီက ရွိုင်ကိန်းကို ချက်ချင်းပဲ အိမ်ပြန်ပိုခဲ့တယ်။ ဒီနှစ်ယောက်ကြားက အကြိတ်အခဲဟာ အခုအချိန်အထိ မပြေလည်သေးပါဘူး။

REF:sportskeeda
Photo:The42,Goal,Twitter,Zimbio,Evening Standard,Toronto Star
Naing Linn(Akhayar)
www.akhayar.com