[Zawgyi]

ခ်န္ပီယံလိဂ္သမိုင္း တစ္ေလွ်ာက္ အေကာင္းဆံုး တိုက္စစ္မႈး(၅)ဦး

ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ အေကာင္းဆံုးစြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ႔တဲ႔ တိုက္စစ္မႈးေတြ အမ်ားၾကီးရိွပါတယ္။ ဒါေပမဲ႔ ခ်န္ပီယံလိဂ္ရာသီတိုင္းလိုလို ပံုမွန္ေျခစြမ္းကို ထိန္းထားျပီး ဂိုးေတြသြင္းယူေနဖို႔ကေတာ႔ သိပ္ျပီးမလြယ္တဲ႔ အရာတစ္ခုပါ။ ၁၉၉၂ – ၁၉၉၃ ေဘာလံုးရာသီကစျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲလို႔ နာမည္ေျပာင္းလိုက္တဲ႔ အခ်ိန္မွာ ဒီလိုစြမ္းေဆာင္ရည္ကို ျပႏိုင္တဲ႔ ကစားသမားေတြရိွခဲ႔ပါတယ္။ ဒီကစားသမားေတြထဲကမွ ေဘာလံုးေလာကကေန အနားယူျပီးျဖစ္ၾကတဲ႔ ပရိသတ္နဲ႔ ရင္းႏီွးျပီးသား ခ်န္ပီယံလိဂ္အေကာင္းဆံုး တိုက္စစ္မႈး(၅)ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၅) အင္ဇာဂီ Inzaghi

Inzaghi

Inzaghi

ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အင္ဇာဂီ Inzaghi ကို ေအစီမီလန္အသင္းနဲ႔ စတင္ရင္းႏီွးခဲ႔ၾကေပမယ္႔ အင္ဇာဂီဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားတဲ႔အခ်ိန္တည္းက အေကာင္းဆံုးေျခစြမ္းေတြကို ျပသေနသူပါ။ အင္ဇာဂီဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ဂ်ဴဗင္တပ္စ္ ၊ ေအစီမီလန္အသင္းေတြနဲ႔ ၀င္ေရာက္ယွဥ္ျပိဳင္ကစားခဲ႔ျပီး ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ပြဲ (၈၅)ပြဲကစားခဲ႔ျပီး ခ်န္ပီယံလိဂ္သြင္းဂိုး(၅၀)သြင္းယူခဲ႔ပါတယ္။ အင္ဇာဂီဟာ ေအစီမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို (၂)ၾကိမ္ဆြတ္ခူးခဲ႔ပါတယ္။

(၄) နစၥတယ္႐ိြဳင္း Nistelrooy

Nistelrooy

Nistelrooy

ခ်န္ပီယံလိဂ္ရဲ႕ ဂိုးသြင္းမုဆိုးတစ္ဦးျဖစ္ခဲ႔တဲ႔ နစၥတယ္႐ိြဳင္း Nistelrooy အေနနဲ႔ ဒီစာရင္းမွာပါလာတာ သိပ္ျပီးထူးဆန္းတဲ႔ အရာေတာ႔မဟုတ္ပါဖူး။ နစၥတယ္႐ိြဳင္းဟာ PSV ၊ မန္ယူ ၊ ရီးယဲလ္အသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ေျခစြမ္းျပ ဂိုးေတြသြင္းယူခဲ႔သူပဲျဖစ္ပါတယ္။ ကစားသမားဘ၀တစ္ေလွ်ာက္ နစၥတယ္႐ိြဳင္းဟာ ခ်န္ပီယံလိဂ္ပြဲ (၈၁)ပြဲကစားခဲ႔ျပီး ခ်န္ပီယံလိဂ္သြင္းဂိုး(၆၀)သြင္းယူခဲ႔ပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ႔ေပမယ္႔ ခ်န္ပီယံလိဂ္ဖလားကို ရရိွခဲ႔ျခင္းမရိွတာကေတာ႔ နစၥတယ္႐ိြဳင္းအတြက္ ကံဆိုးမႈတစ္ခုလို႔ပဲ ေျပာရပါလိမ္႔မယ္။

(၃) ရွက္ဗ္ခ်င္ကို Shevchenko

Shevchenko

Shevchenko

ေအစီမီလန္အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပကစားႏိုင္ခဲ႔တဲ႔ ရွက္ဗ္ခ်င္ကို Shevchenko ဟာ သူ႔ေခတ္သူ႔အခါက ခ်န္ပီယံလိဂ္မွာ ဂိုးျမဴးတဲ႔တိုက္စစ္မႈးပါ။ ရွက္ဗ္ခ်င္ကိုဟာ ဒိုင္နမိုကိဗ္ ၊ ေအစီမီလန္ ၊ ခ်ယ္လ္ဆီးအသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ကစားခဲ႔ျပီး ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ပြဲ (၁၁၆)ပြဲကစားခဲ႔သလို ခ်န္ပီယံလိဂ္သြင္းဂိုး(၅၉)သြင္းယူခဲ႔ပါတယ္။ ရွက္ဗ္ခ်င္ကိုဟာ ေအစီမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို (၁)ၾကိမ္ဆြတ္ခူးခဲ႔ပါတယ္။

(၂) အြန္နရီ Henry

Henry

Henry

မိုနာကို ၊ အာဆင္နယ္ ၊ ဘာစီလိုနာအသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ အြန္နရီ Henry ဟာကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ပြဲ (၁၁၅)ပြဲကစားခဲ႔သလို ခ်န္ပီယံလိဂ္သြင္းဂိုး(၅၁)ဂိုးသြင္းယူခဲ႔ပါတယ္။ အြန္နရီဟာ အာဆင္နယ္အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ ဒုတိယဆုရရိွခဲ႔ျပီး ဘာစီလိုနာအသင္းနဲ႔ေတာ႔ ခ်န္ပီယံလိဂ္ဖလားကို (၁)ၾကိမ္ဆြတ္ခူးခဲ႔ပါတယ္။

(၁) ရာအူးလ္ Raúl

Raul

Raul

ရီးယဲလ္အသင္းရဲ႕ ေတာ္၀င္မင္းသား ရာအူးလ္ Raúl ဟာဒီစာရင္းရဲ႕ ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။ ရာအူးလ္ဟာ ရီးယဲလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာ သမိုင္းတစ္ခုစိုက္ထူခဲ႔သူျဖစ္ျပီး ခ်န္ပီယံလိဂ္ဆုဖလားကို (၃)ၾကိမ္ထိ ရရိွခဲ႔သူျဖစ္ပါတယ္။ ရီးယဲလ္ ၊ ေရွာ္လ္ေကးအသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ျပိဳင္ကစားခဲ႔တဲ႔ ရာအူးလ္ဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ပြဲ (၁၄၄)ပြဲကစားခဲ႔သလို ခ်န္ပီယံလိဂ္သြင္းဂိုး(၇၁)သြင္းယူခဲ႔ပါတယ္။

Ref: Sportskeeda
Photo: stmed.net , Goal.com , Barca Blaugranes , Pinterest , The18
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်သမိုင်း တစ်လျှောက် အကောင်းဆုံး တိုက်စစ်မှုး(၅)ဦး

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ တိုက်စစ်မှုးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းကို ထိန်းထားပြီး ဂိုးတွေသွင်းယူနေဖို့ကတော့ သိပ်ပြီးမလွယ်တဲ့ အရာတစ်ခုပါ။ ၁၉၉၂ – ၁၉၉၃ ဘောလုံးရာသီကစပြီး ချန်ပီယံလိဂ်ပြိုင်ပွဲလို့ နာမည်ပြောင်းလိုက်တဲ့ အချိန်မှာ ဒီလိုစွမ်းဆောင်ရည်ကို ပြနိုင်တဲ့ ကစားသမားတွေရှိခဲ့ပါတယ်။ ဒီကစားသမားတွေထဲကမှ ဘောလုံးလောကကနေ အနားယူပြီးဖြစ်ကြတဲ့ ပရိသတ်နဲ့ ရင်းနှီးပြီးသား ချန်ပီယံလိဂ် အကောင်းဆုံး တိုက်စစ်မှုး(၅)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

(၅) အင်ဇာဂီ Inzaghi

Inzaghi

Inzaghi

ပရိသတ်တော်တော်များများက အင်ဇာဂီ Inzaghi ကို အေစီမီလန်အသင်းနဲ့ စတင်ရင်းနှီးခဲ့ကြပေမယ့် အင်ဇာဂီဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားတဲ့အချိန်တည်းက အကောင်းဆုံးခြေစွမ်းတွေကို ပြသနေသူပါ။ အင်ဇာဂီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဂျူဗင်တပ်စ် ၊ အေစီမီလန်အသင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲ (၈၅)ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုး(၅၀)သွင်းယူခဲ့ပါတယ်။ အင်ဇာဂီဟာ အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၂)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

(၄) နစ္စတယ်ရွိုင်း Nistelrooy

Nistelrooy

Nistelrooy

ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းမုဆိုးတစ်ဦးဖြစ်ခဲ့တဲ့ နစ္စတယ်ရွိုင်း Nistelrooy အနေနဲ့ ဒီစာရင်းမှာပါလာတာ သိပ်ပြီးထူးဆန်းတဲ့ အရာတော့မဟုတ်ပါဖူး။ နစ္စတယ်ရွိုင်းဟာ PSV ၊ မန်ယူ ၊ ရီးယဲလ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့သူပဲဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ်ပွဲ (၈၁)ပွဲကစားခဲ့ပြီး ချန်ပီယံလိဂ်သွင်းဂိုး(၆၀)သွင်းယူခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ခြင်းမရှိတာကတော့ နစ္စတယ်ရွိုင်းအတွက် ကံဆိုးမှုတစ်ခုလို့ပဲ ပြောရပါလိမ့်မယ်။

(၃) ရှက်ဗ်ချင်ကို Shevchenko

Shevchenko

Shevchenko

အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ရှက်ဗ်ချင်ကို Shevchenko ဟာ သူ့ခေတ်သူ့အခါက ချန်ပီယံလိဂ်မှာ ဂိုးမြူးတဲ့တိုက်စစ်မှုးပါ။ ရှက်ဗ်ချင်ကိုဟာ ဒိုင်နမိုကိဗ် ၊ အေစီမီလန် ၊ ချယ်လ်ဆီးအသင်းတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲ (၁၁၆)ပွဲကစားခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုး(၅၉)သွင်းယူခဲ့ပါတယ်။ ရှက်ဗ်ချင်ကိုဟာ အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၁)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

(၂) အွန်နရီ Henry

Henry

Henry

မိုနာကို ၊ အာဆင်နယ် ၊ ဘာစီလိုနာအသင်းတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ အွန်နရီ Henry ဟာကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲ (၁၁၅)ပွဲကစားခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုး(၅၁)ဂိုးသွင်းယူခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်မှာ ဒုတိယဆုရရှိခဲ့ပြီး ဘာစီလိုနာအသင်းနဲ့တော့ ချန်ပီယံလိဂ်ဖလားကို (၁)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။

(၁) ရာအူးလ် Raúl

Raul

Raul

ရီးယဲလ်အသင်းရဲ့ တော်ဝင်မင်းသား ရာအူးလ် Raúl ဟာဒီစာရင်းရဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ရာအူးလ်ဟာ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်မှာ သမိုင်းတစ်ခုစိုက်ထူခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို (၃)ကြိမ်ထိ ရရှိခဲ့သူဖြစ်ပါတယ်။ ရီးယဲလ် ၊ ရှော်လ်ကေးအသင်းတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာအူးလ်ဟာ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲ (၁၄၄)ပွဲကစားခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုး(၇၁)သွင်းယူခဲ့ပါတယ်။

Ref: Sportskeeda
Photo: stmed.net , Goal.com , Barca Blaugranes , Pinterest , The18
Ko Kyue(Akhayar)
www.akhayar.com