[Zawgyi]

ကစားသမားဘ၀ တစ္ေလွ်ာက္လုံး ေျပာင္းေရႊ႕ေၾကးမေပးရဘဲ အသင္းေျပာင္းေရႊ႕ခဲ့တဲ့ နာမည္ႀကီးေဘာလုံးသမားမ်ား

ေဘာလုံးေလာကမွာ ကစားသမားတစ္ဦးရဲ႕ ေျပာင္းေရႊ႕ေၾကးက ဒီေရအလား တစ္ေန႔ထက္တစ္ေန႔ ျမႇင့္တက္လာေနတယ္။ နာမည္ေက်ာ္ ကစားသမားတစ္ဦးကုိ ေခၚမယ္ဆုိရင္ ကလပ္အသင္းေတြအေနနဲ႔ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး သုံးကုိသုံးရမွာပါ။ ဒါေပမဲ့ ကစားသမားဘ၀တစ္ေလွ်ာက္လုံး ေျပာင္းေရႊ႕ေၾကး တစ္ျပားတစ္ခ်ပ္မွ မကုန္ဘဲ အသင္းေျပာင္းခဲ့တဲ့သူေတြလည္း ရွိပါေသးတယ္။ သူတို႔က သာမန္မထင္မရွား ေဘာလုံးသမားေတြလားဆုိေတာ့ မဟုတ္ျပန္ဘူး။ တကယ့္ကုိ ဒိတ္ဒိတ္ႀကဲ၊ ဂႏၳ၀င္ေတြလုိ႔ သတ္မွတ္ရမယ့္သူေတြ။ ဒီေလာက္ဆုိ ပရိသတ္ေတြလည္း သိခ်င္ေနေရာေပါ့။ အဲဒီကစားသမားေတြက ဘယ္သူေတြလဲဆုိေတာ့ . .

ဆုိးလ္ကမ္းဘဲလ္ Sol Campbell

Sol-Campbell

Sol-Campbell

အာဆင္နယ္နဲ႔ အဂၤလန္ဂႏၳ၀င္ေနာက္ခံလူ ဆုိးလ္ကမ္းဘဲလ္ဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ (၁၈)ႏွစ္တာကာလအတြင္း ကလပ္(၅)သင္းကုိ ေျပာင္းေရႊ႕ကစားခဲ့ပါတယ္။ ဒါေပမဲ့ ဆုိးလ္ကမ္းဘဲလ္ကုိ ေခၚယူခဲ့တဲ့ အသငး္ေတြအကုန္လုံး သူ႔အတြက္ ေျပာင္းေရႊ႕ေၾကးတစ္ျပားမွ မသုံးခဲ့ရဘူး။ စပါးအသင္း အကယ္ဒမီက ထြက္ေပၚခဲ့တဲ့ ကမ္းဘဲလ္ဟာ ၂၀၀၁ ခုႏွစ္မွာ အာဆင္နယ္အသင္းကုိ အလြတ္နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး အဲဒီေနာက္ ပုိ႔စ္ေမာက္၊ ေနာ႔စ္ေကာင္တီ၊ အာဆင္နယ္၊ နယူးကာဆယ္တို႔ကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ သူကုိ ေခၚယူခဲ့တဲ့အသင္းေတြက အလြတ္နဲ႔ပဲ ေခၚယူခဲ့တာပါ။

ကမ္ဘီယာဆုိ Esteban Cambiasso

Zenetti-and-Cambiasso

Zenetti-and-Cambiasso

ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အရည္အေသြးျမင့္ ကြင္းလယ္လူေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ ကစားဘ၀ အစပုိင္းကာလေတြမွာ ရီးယဲလ္လူငယ္အသင္းကေန အင္ဒီပန္ဒီယန္ေတး၊ ေရးဗားပလိတ္အသင္းေတြကုိ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ရီးယဲလ္စီနီယာအသင္းမွာ ၂၀၀၂ ကေန ၂၀၀၄ ခုႏွစ္အထိ ကစားခဲ့တယ္။ အဲဒီေနာက္ အင္တာမီလန္အသင္းကုိ အလြတ္နဲ႔ေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၀၉-၁၀ ရာသီမွာ သမုိင္း၀င္မွတ္တမ္းျဖစ္တဲ့ တစ္ရာသီအတြင္း ဖလား(၃)လုံးခ်န္ပီယံမွတ္တမး္ကုိ ရယူႏုိင္ခ့ဲသူပါ။ ေနာက္ပုိင္းမွာ လက္စတာ၊ အုိလံပီယာေကာ့စ္အသင္းေတြကုိ အလြတ္နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၁၇ မွာေတာ့ ေဘာလုံးသမားဘ၀ကေန အနားယူခဲ့ပါတယ္။

မက္မန္နာမန္ Steve McManaman

Steve-McManaman-and-Zidane

Steve-McManaman-and-Zidane

ဒီစာရင္းထဲမွာ လီဗာပူးလ္နဲ႔ ရီးယဲလ္ဂႏၳ၀င္ မက္မန္နာမန္လည္း ပါ၀င္ခဲ့တာက တကယ့္ကုိ အံ့အားသင့္စရာပါပဲ။ ကစားသမားဘ၀စတင္ရာ လီဗာပူးလ္အသင္းမွာ ၁၉၉၀ ကေန ၁၉၉၉ ခုႏွစ္အထိ ကစားခဲ့ၿပီး ရီးယဲလ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တယ္။ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးက ဘယ္ေလာက္လဲလုိ႔ မေမးပါနဲ႔။ လီဗာပူးလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ခဲ့တဲ့ မက္မန္နာမန္ကုိ ရီးယဲလ္က အလကား ရလုိက္တာပါ။ ရီးယဲလ္အသငး္မွာ ၂၀၀၃ ခုႏွစ္အထိ ကစားခဲ့ၿပီးေနာက္မွာ မန္စီးတီးအသင္းကုိ ေျပာင္းေရႊ႕ခဲ့ေတာ့လည္း အလြတ္နဲ႔ပါပဲ။ မန္စီးတီးအသငး္မွာ (၂)ရာသီၾကာျဖတ္သန္းခဲ့ၿပီး ေဘာလုံးသမားဘ၀ကေန အနားယူခဲ့တယ္။

ဖလာမီနီ Mathieu Flamini

Mathieu-Flamini

Mathieu-Flamini

အာဆင္နယ္ကြင္းလယ္လူေဟာင္း ဖလာမီနီဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀မွာ မာေဆးလ္၊ အာဆင္နယ္၊ ေအစီမီလန္၊ ခရစၥတယ္ပဲေလ့စ္၊ ဂီတာေဖးစတဲ့ အသင္းေတြမွာ ကစားခဲ့ဖူးတဲ့ ၀ါရင့္ကစားသမားတစ္ဦးပါ။ သူ႔ကုိ ေခၚခဲ့တဲ့အသင္းေတြကေတာ့ ေတာ္ေတာ္တန္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႔အတြက္ ေျပာင္းေရႊ႕ေၾကးတစ္ျပားတစ္ခ်ပ္မွ မေပးရလုိ႔ပါပဲ။ အသက္(၃၄)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဖလာမီနီဟာ ဂီတာေဖးအသင္းမွာ ေနာက္ဆုံးကစားခဲ့ၿပီး အခုေလာေလာဆယ္ေတာ့ အသင္းလက္မဲ့ျဖစ္ေနပါတယ္။

ရာအူးလ္ Raul

Raul

Raul

ပရိသတ္ေတြ စာမွားဖတ္တာ မဟုတ္ပါဘူး။ ေရးထားတာ ရီးယဲလ္နဲ႔ စပိန္ဂႏၳ၀င္တိုက္စစ္မွဴး ရာအူးလ္ရဲ႕အမည္ပါ။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မတိုင္ခင္က ရီးယဲလ္အသင္းရဲ႕ သြင္းဂုိးအမ်ားဆုံး၊ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ သြင္းဂုိးအမ်ားဆုံးစတဲ့ ဂုဏ္ပုဒ္ပုိင္ရွင္ ရာအူးလ္ဟာ ကစားသမားဘ၀တစ္ေလွ်ာက္လုံး ေျပာင္းေရႊ႕ေၾကး မေပးရဘဲ အသင္းေျပာင္းေရႊ႕ခဲ့သူျဖစ္ခဲ့တာကေတာ့ တကယ့္ကုိ ႏွေျမာစရာပါပဲ။ သူ႔လုိ ကစားသမားမ်ိဳးဟာ ဒီေန႔ဒီအခ်ိန္ဆုိ ေပါင္သန္း(၅၀)နဲ႔အထက္ တန္ဖုိးရွိေနမွာပါ။ ရာအူးလ္ဟာ ရီးယဲလ္၊ ေရွာ္လ္ေကး၊ အယ္လ္ဆက္ဒ္၊ နယူးေယာ့ခ္ေကာ့စ္မုိ႔စ္အသင္းေတြမွာ ကစားခဲ့ၿပီး ခ်န္ပီယံလိဂ္အပါအ၀င္ ဆုဖလားအမ်ားႀကီး ရယူႏုိင္ခဲ့ပါတယ္။

REF:dreamteamfc
Photo:Twitter,The Independent,dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘ၀ တစ်လျှောက်လုံး ပြောင်းရွှေ့ကြေးမပေးရဘဲ အသင်းပြောင်းရွှေ့ခဲ့တဲ့ နာမည်ကြီးဘောလုံးသမားများ

ဘောလုံးလောကမှာ ကစားသမားတစ်ဦးရဲ့ ပြောင်းရွှေ့ကြေးက ဒီရေအလား တစ်နေ့ထက်တစ်နေ့ မြှင့်တက်လာနေတယ်။ နာမည်ကျော် ကစားသမားတစ်ဦးကို ခေါ်မယ်ဆိုရင် ကလပ်အသင်းတွေအနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သုံးကိုသုံးရမှာပါ။ ဒါပေမဲ့ ကစားသမားဘဝတစ်လျှောက်လုံး ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မကုန်ဘဲ အသင်းပြောင်းခဲ့တဲ့သူတွေလည်း ရှိပါသေးတယ်။ သူတို့က သာမန်မထင်မရှား ဘောလုံးသမားတွေလားဆိုတော့ မဟုတ်ပြန်ဘူး။ တကယ့်ကို ဒိတ်ဒိတ်ကြဲ၊ ဂန္ထဝင်တွေလို့ သတ်မှတ်ရမယ့်သူတွေ။ ဒီလောက်ဆို ပရိသတ်တွေလည်း သိချင်နေရောပေါ့။ အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတော့ . .

ဆိုးလ်ကမ်းဘဲလ် Sol Campbell

Sol-Campbell

Sol-Campbell

အာဆင်နယ်နဲ့ အင်္ဂလန်ဂန္ထဝင်နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၁၈)နှစ်တာကာလအတွင်း ကလပ်(၅)သင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးလ်ကမ်းဘဲလ်ကို ခေါ်ယူခဲ့တဲ့ အသင်းတွေအကုန်လုံး သူ့အတွက် ပြောင်းရွှေ့ကြေးတစ်ပြားမှ မသုံးခဲ့ရဘူး။ စပါးအသင်း အကယ်ဒမီက ထွက်ပေါ်ခဲ့တဲ့ ကမ်းဘဲလ်ဟာ ၂၀၀၁ ခုနှစ်မှာ အာဆင်နယ်အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက် ပို့စ်မောက်၊ နော့စ်ကောင်တီ၊ အာဆင်နယ်၊ နယူးကာဆယ်တို့ကို ပြောင်းရွှေ့ခဲ့ပေမယ့် သူကို ခေါ်ယူခဲ့တဲ့အသင်းတွေက အလွတ်နဲ့ပဲ ခေါ်ယူခဲ့တာပါ။

ကမ်ဘီယာဆို Esteban Cambiasso

Zenetti-and-Cambiasso

Zenetti-and-Cambiasso

ဘောလုံးသမိုင်းတစ်လျှောက် အရည်အသွေးမြင့် ကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ကစားဘ၀ အစပိုင်းကာလတွေမှာ ရီးယဲလ်လူငယ်အသင်းကနေ အင်ဒီပန်ဒီယန်တေး၊ ရေးဗားပလိတ်အသင်းတွေကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ရီးယဲလ်စီနီယာအသင်းမှာ ၂၀၀၂ ကနေ ၂၀၀၄ ခုနှစ်အထိ ကစားခဲ့တယ်။ အဲဒီနောက် အင်တာမီလန်အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၉-၁၀ ရာသီမှာ သမိုင်းဝင်မှတ်တမ်းဖြစ်တဲ့ တစ်ရာသီအတွင်း ဖလား(၃)လုံးချန်ပီယံမှတ်တမ်းကို ရယူနိုင်ခဲ့သူပါ။ နောက်ပိုင်းမှာ လက်စတာ၊ အိုလံပီယာကော့စ်အသင်းတွေကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၇ မှာတော့ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါတယ်။

မက်မန်နာမန် Steve McManaman

Steve-McManaman-and-Zidane

Steve-McManaman-and-Zidane

ဒီစာရင်းထဲမှာ လီဗာပူးလ်နဲ့ ရီးယဲလ်ဂန္ထဝင် မက်မန်နာမန်လည်း ပါဝင်ခဲ့တာက တကယ့်ကို အံ့အားသင့်စရာပါပဲ။ ကစားသမားဘဝစတင်ရာ လီဗာပူးလ်အသင်းမှာ ၁၉၉၀ ကနေ ၁၉၉၉ ခုနှစ်အထိ ကစားခဲ့ပြီး ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲလို့ မမေးပါနဲ့။ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ခဲ့တဲ့ မက်မန်နာမန်ကို ရီးယဲလ်က အလကား ရလိုက်တာပါ။ ရီးယဲလ်အသင်းမှာ ၂၀၀၃ ခုနှစ်အထိ ကစားခဲ့ပြီးနောက်မှာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တော့လည်း အလွတ်နဲ့ပါပဲ။ မန်စီးတီးအသင်းမှာ (၂)ရာသီကြာဖြတ်သန်းခဲ့ပြီး ဘောလုံးသမားဘဝကနေ အနားယူခဲ့တယ်။

ဖလာမီနီ Mathieu Flamini

Mathieu-Flamini

Mathieu-Flamini

အာဆင်နယ်ကွင်းလယ်လူဟောင်း ဖလာမီနီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ မာဆေးလ်၊ အာဆင်နယ်၊ အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဂီတာဖေးစတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားတစ်ဦးပါ။ သူ့ကို ခေါ်ခဲ့တဲ့အသင်းတွေကတော့ တော်တော်တန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ မပေးရလို့ပါပဲ။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလာမီနီဟာ ဂီတာဖေးအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး အခုလောလောဆယ်တော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။

ရာအူးလ် Raul

Raul

Raul

ပရိသတ်တွေ စာမှားဖတ်တာ မဟုတ်ပါဘူး။ ရေးထားတာ ရီးယဲလ်နဲ့ စပိန်ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်ရဲ့အမည်ပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo မတိုင်ခင်က ရီးယဲလ်အသင်းရဲ့ သွင်းဂိုးအများဆုံး၊ ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးစတဲ့ ဂုဏ်ပုဒ်ပိုင်ရှင် ရာအူးလ်ဟာ ကစားသမားဘဝတစ်လျှောက်လုံး ပြောင်းရွှေ့ကြေး မပေးရဘဲ အသင်းပြောင်းရွှေ့ခဲ့သူဖြစ်ခဲ့တာကတော့ တကယ့်ကို နှမြောစရာပါပဲ။ သူ့လို ကစားသမားမျိုးဟာ ဒီနေ့ဒီအချိန်ဆို ပေါင်သန်း(၅၀)နဲ့အထက် တန်ဖိုးရှိနေမှာပါ။ ရာအူးလ်ဟာ ရီးယဲလ်၊ ရှော်လ်ကေး၊ အယ်လ်ဆက်ဒ်၊ နယူးယော့ခ်ကော့စ်မို့စ်အသင်းတွေမှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ဆုဖလားအများကြီး ရယူနိုင်ခဲ့ပါတယ်။

REF:dreamteamfc
Photo:Twitter,The Independent,dreamteamfc
Naing Linn(Akhayar)
www.akhayar.com