[Zawgyi]

၂ဝ၁၈ခုႏွစ္မွာ ကမၻာ့စစ္အင္အားအႀကီးဆုံး (၅) ႏုိင္ငံ

ကမၻာ့ႏုိင္ငံေတြရဲ႕စစ္အင္အားကုိ တြက္ခ်က္တဲ့အခါမွာ စစ္သားပမာဏကုိပဲ ပုံေသထားလုိ႔ မရပါဘူး။ စစ္သားပမာဏထက္ တျခားအေရးႀကီးတဲ့အရာေတြလည္း ရွိပါေသးတယ္။ စစ္အင္အားတြက္ခ်က္တဲ့အခါ စစ္သားပမာဏ၊ တင့္ကားပမာဏ၊ တုိက္ေလယာဥ္ပမာဏ၊ စစ္ေလယာဥ္ပမာဏ၊ စစ္သေဘၤာပမာဏ၊ ေရငုတ္သေဘၤာပမာဏနဲ႔ စစ္သုံးစရိတ္စတဲ့ အခ်က္အလက္ေတြကုိ ထည့္သြင္းစဥ္းစားရပါတယ္။ ကမၻာ့ႏုိင္ငံေတြရဲ႕ စစ္အင္အားကုိ တြက္ခ်က္ေပးတဲ့ Global Firepower အဖြဲ႕ အစည္းဟာ (၁၃၆) ႏုိင္ငံရဲ႕ အခ်က္အလက္ေတြကုိ တြက္ခ်က္ၿပီး ၂ဝ၁၈ခုႏွစ္မွာ ကမၻာ့စစ္အင္အားအႀကီးဆုံး (၅) ႏုိင္ငံကုိ စာရင္းထုတ္ျပန္ႏုိင္ပါတယ္။

(၅) ျပင္သစ္ႏုိင္ငံ

လူဦးေရ – ၆၇,၁ဝ၆,၁၆၁

စစ္အင္အား – ၃၈၈,၆၃၅

စစ္ေလယာဥ္ – ၁,၂၆၂

တုိက္ေလယာဥ္ – ၂၉၉

တင့္ကား – ၄ဝ၆

စစ္သေဘၤာ – ၁၁၈ (ေလယာဥ္တင္သေဘၤာ၄စီး အပါအဝင္)

စစ္အသုံးစရိတ္ – ေဒၚလာ (၄ဝ) ဘီလီယံ

(၄) အိႏၵိယႏုိင္ငံ

လူဦးေရ – ၁,၂၈၁,၉၃၅,၉၁၁

စစ္အင္အား – ၄,၂ဝ၇,၂၅ဝ

စစ္ေလယာဥ္ – ၂,၁၈၅

တုိက္ေလယာဥ္ – ၅၉ဝ

တင့္ကား – ၄,၄၂၆

စစ္သေဘၤာ – ၂၉၅ (ေလယာဥ္တင္သေဘၤာ၁စီး အပါအဝင္)

စစ္အသုံးစရိတ္ – ေဒၚလာ (၄၇) ဘီလီယံ

(၃) တရုတ္ႏုိင္ငံ

လူဦးေရ – ၁,၃၇၉,၃ဝ၂,၇၇၁

စစ္အင္အား – ၂,၆၉၃,ဝဝဝ

စစ္ေလယာဥ္ – ၃,ဝ၃၅

တုိက္ေလယာဥ္ – ၁,၁၂၅

တင့္ကား – ၇,၇၁၆

စစ္သေဘၤာ – ၇၁၄ (ေလယာဥ္တင္သေဘၤာ၁စီး အပါအဝင္)

စစ္အသုံးစရိတ္ – ေဒၚလာ (၁၅၁) ဘီလီယံ

(၂) ရုရွားႏုိင္ငံ

လူဦးေရ – ၁၄၂,၂၅၇,၅၁၉

စစ္အင္အား – ၃,၅၈၆,၁၂၈

စစ္ေလယာဥ္ – ၃,၉၁၄

တုိက္ေလယာဥ္ – ၈၁၈

တင့္ကား – ၂ဝ,၃ဝဝ

စစ္သေဘၤာ – ၃၅၂ (ေလယာဥ္တင္သေဘၤာ၁စီး အပါအဝင္)

စစ္အသုံးစရိတ္ – ေဒၚလာ (၄၇) ဘီလီယံ

(၁) အေမရိကန္ႏုိင္ငံ

လူဦးေရ – ၃၂၆,၆၂၅,၇၉၁

စစ္အင္အား – ၂,ဝ၈၃,၁ဝဝ

စစ္ေလယာဥ္ – ၁၃,၃၆၂

တုိက္ေလယာဥ္ – ၁,၉၆၂

တင့္ကား – ၅,၈၈၄

စစ္သေဘၤာ – ၄၁၅ (ေလယာဥ္တင္သေဘၤာ၂ဝစီး အပါအဝင္)

စစ္အသုံးစရိတ္ – ေဒၚလာ (၆၄၇) ဘီလီယံ

လက္ရွိအခ်ိ္န္မွာ စစ္အင္အားအႀကီးဆုံးႏုိင္ငံကုိ ေျပာပါဆုိရင္ေတာ့ အေမရိကန္ႏုိင္ငံကုိပဲ လက္ညွိဳးထုိးရမွာပါ။ ဒီစာရင္းမွာ ႏ်ဴးကလီးယားလက္နက္ကုိ ထည့္သြင္းမထားေပမယ့္ စဥ္းစားစရာ အေျခအေနတစ္ခုေတာ့ ရွိပါတယ္။

ကမၻာေပၚမွာ ႏ်ဴးကလီးယားလက္နက္ (၁၄,၅ဝဝ) ရွိတယ္လုိ႔ တြက္ခ်က္ထားၿပီး ရုရွားႏုိင္ငံ (၆,၈ဝဝ) ၊ အေမရိကန္ႏုိင္ငံ (၆,၅ဝဝ) ၊ ျပင္သစ္ႏုိင္ငံ (၃ဝဝ) ၊ တရုတ္ႏုိင္ငံ (၂၇ဝ) ၊ ၿဗိတိန္ႏုိင္ငံ (၂၁၅) ၊ ပါကစၥတန္ႏုိင္ငံ (၁၃ဝ – ၁၄ဝ) ၊ အိႏိၵယႏုိင္ငံ (၁၂ဝ – ၁၃ဝ) ၊ အစၥေရးႏုိင္ငံ (၈ဝ) နဲ႔ ေျမာက္ကုိရီးယားႏုိင္ငံ (၁ဝ – ၂ဝ) ရွိတယ္လုိ႔ သိရပါတယ္။ ေျမာက္ကုိရီးယားႏုိင္ငံရဲ႕  ႏ်ဴးကလီးယားလက္နက္ဟာ (၁ဝ) နဲ႔ (၂ဝ) ၾကားသာရွိေပမယ့္ မၾကာခဏစမ္္းသပ္မႈေတြေၾကာင့္ အထိတ္တလန္႔ျဖစ္ေစရတဲ့ ႏုိင္ငံစာရင္းမွာ ပါဝင္ပါတယ္။

Global Firepower က တြက္ခ်က္ထားတဲ့ (၁၃၆) ႏုိင္ငံစာရင္းမွာေတာ့ ျမန္မာႏုိင္ငံဟာ အဆင့္ (၃၅) မွာ ရပ္တည္ေနပါတယ္။ လူဦးေရ (၅၅) သန္းမွာ စစ္မွဴထမ္းေပါင္း (၄) သိန္းေက်ာ္ရွိတယ္လုိ႔ ေဖာ္ျပထားၿပီး မေလးရွားႏုိင္ငံ၊ ကေမၻာဒီးယားႏုိင္ငံ၊ ဖိလစ္ပုိင္ႏုိင္ငံ၊ စကၤာပူႏုိင္ငံနဲ႔ လာအုိႏုိင္ငံေတြထက္ေတာင္ စစ္အင္အားႀကီးတယ္လုိ႔ သတ္မွတ္ထားပါတယ္။

ကုိးကား – Business Insider

ဓာတ္ပုံ – Business Insider ၊ Time

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်မှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး (၅) နိုင်ငံ

ကမ္ဘာ့နိုင်ငံတွေရဲ့စစ်အင်အားကို တွက်ချက်တဲ့အခါမှာ စစ်သားပမာဏကိုပဲ ပုံသေထားလို့ မရပါဘူး။ စစ်သားပမာဏထက် တခြားအရေးကြီးတဲ့အရာတွေလည်း ရှိပါသေးတယ်။ စစ်အင်အားတွက်ချက်တဲ့အခါ စစ်သားပမာဏ၊ တင့်ကားပမာဏ၊ တိုက်လေယာဉ်ပမာဏ၊ စစ်လေယာဉ်ပမာဏ၊ စစ်သင်္ဘောပမာဏ၊ ရေငုတ်သင်္ဘောပမာဏနဲ့ စစ်သုံးစရိတ်စတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားကို တွက်ချက်ပေးတဲ့ Global Firepower အဖွဲ့ အစည်းဟာ (၁၃၆) နိုင်ငံရဲ့ အချက်အလက်တွေကို တွက်ချက်ပြီး ၂ဝ၁၈ခုနှစ်မှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး (၅) နိုင်ငံကို စာရင်းထုတ်ပြန်နိုင်ပါတယ်။

(၅) ပြင်သစ်နိုင်ငံ

လူဦးရေ – ၆၇,၁ဝ၆,၁၆၁

စစ်အင်အား – ၃၈၈,၆၃၅

စစ်လေယာဉ် – ၁,၂၆၂

တိုက်လေယာဉ် – ၂၉၉

တင့်ကား – ၄ဝ၆

စစ်သင်္ဘော – ၁၁၈ (လေယာဉ်တင်သင်္ဘော၄စီး အပါအဝင်)

စစ်အသုံးစရိတ် – ဒေါ်လာ (၄ဝ) ဘီလီယံ

(၄) အိန္ဒိယနိုင်ငံ

လူဦးရေ – ၁,၂၈၁,၉၃၅,၉၁၁

စစ်အင်အား – ၄,၂ဝ၇,၂၅ဝ

စစ်လေယာဉ် – ၂,၁၈၅

တိုက်လေယာဉ် – ၅၉ဝ

တင့်ကား – ၄,၄၂၆

စစ်သင်္ဘော – ၂၉၅ (လေယာဉ်တင်သင်္ဘော၁စီး အပါအဝင်)

စစ်အသုံးစရိတ် – ဒေါ်လာ (၄၇) ဘီလီယံ

(၃) တရုတ်နိုင်ငံ

လူဦးရေ – ၁,၃၇၉,၃ဝ၂,၇၇၁

စစ်အင်အား – ၂,၆၉၃,ဝဝဝ

စစ်လေယာဉ် – ၃,ဝ၃၅

တိုက်လေယာဉ် – ၁,၁၂၅

တင့်ကား – ၇,၇၁၆

စစ်သင်္ဘော – ၇၁၄ (လေယာဉ်တင်သင်္ဘော၁စီး အပါအဝင်)

စစ်အသုံးစရိတ် – ဒေါ်လာ (၁၅၁) ဘီလီယံ

(၂) ရုရှားနိုင်ငံ

လူဦးရေ – ၁၄၂,၂၅၇,၅၁၉

စစ်အင်အား – ၃,၅၈၆,၁၂၈

စစ်လေယာဉ် – ၃,၉၁၄

တိုက်လေယာဉ် – ၈၁၈

တင့်ကား – ၂ဝ,၃ဝဝ

စစ်သင်္ဘော – ၃၅၂ (လေယာဉ်တင်သင်္ဘော၁စီး အပါအဝင်)

စစ်အသုံးစရိတ် – ဒေါ်လာ (၄၇) ဘီလီယံ

(၁) အမေရိကန်နိုင်ငံ

လူဦးရေ – ၃၂၆,၆၂၅,၇၉၁

စစ်အင်အား – ၂,ဝ၈၃,၁ဝဝ

စစ်လေယာဉ် – ၁၃,၃၆၂

တိုက်လေယာဉ် – ၁,၉၆၂

တင့်ကား – ၅,၈၈၄

စစ်သင်္ဘော – ၄၁၅ (လေယာဉ်တင်သင်္ဘော၂ဝစီး အပါအဝင်)

စစ်အသုံးစရိတ် – ဒေါ်လာ (၆၄၇) ဘီလီယံ

လက်ရှိအချိန်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံကို ပြောပါဆိုရင်တော့ အမေရိကန်နိုင်ငံကိုပဲ လက်ညှိုးထိုးရမှာပါ။ ဒီစာရင်းမှာ နျူးကလီးယားလက်နက်ကို ထည့်သွင်းမထားပေမယ့် စဉ်းစားစရာ အခြေအနေတစ်ခုတော့ ရှိပါတယ်။

ကမ္ဘာပေါ်မှာ နျူးကလီးယားလက်နက် (၁၄,၅ဝဝ) ရှိတယ်လို့ တွက်ချက်ထားပြီး ရုရှားနိုင်ငံ (၆,၈ဝဝ) ၊ အမေရိကန်နိုင်ငံ (၆,၅ဝဝ) ၊ ပြင်သစ်နိုင်ငံ (၃ဝဝ) ၊ တရုတ်နိုင်ငံ (၂၇ဝ) ၊ ဗြိတိန်နိုင်ငံ (၂၁၅) ၊ ပါကစ္စတန်နိုင်ငံ (၁၃ဝ – ၁၄ဝ) ၊ အိန္ဒိယနိုင်ငံ (၁၂ဝ – ၁၃ဝ) ၊ အစ္စရေးနိုင်ငံ (၈ဝ) နဲ့ မြောက်ကိုရီးယားနိုင်ငံ (၁ဝ – ၂ဝ) ရှိတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့  နျူးကလီးယားလက်နက်ဟာ (၁ဝ) နဲ့ (၂ဝ) ကြားသာရှိပေမယ့် မကြာခဏစမ်းသပ်မှုတွေကြောင့် အထိတ်တလန့်ဖြစ်စေရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။

Global Firepower က တွက်ချက်ထားတဲ့ (၁၃၆) နိုင်ငံစာရင်းမှာတော့ မြန်မာနိုင်ငံဟာ အဆင့် (၃၅) မှာ ရပ်တည်နေပါတယ်။ လူဦးရေ (၅၅) သန်းမှာ စစ်မှူထမ်းပေါင်း (၄) သိန်းကျော်ရှိတယ်လို့ ဖော်ပြထားပြီး မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ လာအိုနိုင်ငံတွေထက်တောင် စစ်အင်အားကြီးတယ်လို့ သတ်မှတ်ထားပါတယ်။

ကိုးကား – Business Insider

ဓာတ်ပုံ – Business Insider ၊ Time

ကျော်စိုးအောင် (အခရာ)

www.akhayar.com