[Zawgyi]

ကမၻာ့ေစ်းအႀကီးဆုံး နာရီ (၅) လုံး (ဒုတိယပုိင္း)

စမတ္ဖုန္းတုိင္းမွာ နာရီပါလာေပမယ့္ စီးပြားေရးလုပ္ငန္းရွင္ေတြက နာရီကုိ အဆင့္အတန္းတစ္ခုအေနနဲ႔ ပတ္ေနၾကဆဲပါ။ ဘယ္လုိပဲနည္းပညာေတြ ဖြံ႕ၿဖိဳးလာပါေစ နာရီဝါသနာအုိးေတြက ျမတ္ျမတ္ႏုိးႏုိး ဝတ္ဆင္ဆဲပါပဲ။ ကမၻာ့ေစ်းအႀကီးဆုံးနာရီ (၅) လုံးကုိ အပုုိင္း (၂) အေနနဲ႔ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၅) Patek Philippe Henry Graves Supercomplication

နာရီရဲ႕နာမည္ကုိက ရွည္လြန္းတာ တစ္မ်ိဳးမထင္နဲ႔ဗ်။ ၁၉၃၃ခုႏွစ္မွာ ‘Patek Philippe’ ဆုိတဲ့ကုမၸဏီက ဘဏ္လုပ္ငန္းရွင္ႀကီး ‘Henry Graves Jr’ အတြက္ အထူးထုတ္ေပးတဲ့အိတ္ေဆာင္နာရီျဖစ္ပါတယ္။ သူကလည္း ကားထုတ္လုပ္ေရးပုိင္ရွင္ႀကီး ‘James Ward Packard’ ကုိ ဂုဏ္တုဂုဏ္ၿပိဳင္လုပ္ခ်င္လုိ႔ သီးသန္႔မွာလုိက္တာပါ။ သူ ကြယ္လြန္တဲ့အခ်ိန္မွာ ေလလံတင္ေရာင္းခ်ေတာ့ အိတ္ေဆာင္နာရီရဲ႕ေစ်းႏႈန္း ေဒၚလာ ၂၄သန္းဗ်။

Patek Philippe Henry Graves Supercomplication

Patek Philippe Henry Graves Supercomplication

(၄) Chopard 201-Carat Watch

‘Chopard’ ဆုိတာက လက္ဝတ္ရတနာနဲ႔ နာရီေတြကုိ ထုတ္လုပ္တဲ့ ကုမၸဏီႀကီးဗ်။ ဆုိေတာ့ ဒီနာရီမွာ စိန္ (၂ဝ၁) ကာရက္ကုိ ထည္သြင္းထာလုိ႔ ‘Chopard 201-Carat Watch’ လုိ႔ နာမည္ေပးထားတာပါ။ ပန္းေရာင္စိန္ (၁၅) ကာရက္၊ အျပာေရာင္စိန္ (၁၂) ကာရက္၊ အျဖဴေရာင္စိန္ (၁၁) ကာရက္နဲ႔ ျဖဴဝါေရာင္ (၁၆၃) ကာရက္တုိ႔ ေပါင္းစပ္ထားတဲ့အတြက္ ၂၅ သန္းအထိ ေစ်းျမင့္သြားတာျဖစ္ပါတယ္။

Chopard 201-Carat Watch

Chopard 201-Carat Watch

(၃) Breguet Marie-Antoinette Grande Complication

ဒီနာရီဟာ ျပင္သစ္ဘုရင္မႀကီး ‘Marie Antoinette’ အတြက္ ‘Abraham-Louis Breguet’ က ၁၇၈၂ခုႏွစ္မွာ ျပဳလုပ္ေပးတဲ့ အိပ္ေဆာင္နာရီေလးပါ။ အိပ္ေဆာင္နာရီဆုိေပမယ့္ နာရီျပဳလုပ္ခ်ိန္ဟာ ႏွစ္ေပါင္း (၄ဝ) ၾကာျမင့္ခဲ့ၿပီး မၿပီးေသးခင္မွာ ဘုရင္မႀကီး နတ္ရြာစံခဲ့ပါတယ္။ ‘Abraham-Louis Breguet’ ဟာ ၁၈၂၃ခုႏွစ္မွာပဲ ကြယ္လြန္ခဲ့ၿပီး သူ႕သားက ဆက္လက္ျပဳလုပ္ခဲ့ရာ ၁၈၂၄ခုႏွစ္မွာ ၿပီးဆုံးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ နာရီရဲ႕ေစ်းႏႈန္းက ေဒၚလာ သန္း ၃ဝ ပါ။

Breguet Marie-Antoinette Grande Complication

Breguet Marie-Antoinette Grande Complication

(၂) Graff Diamonds The Fascination

‘Graff Diamonds The Fascination’ နာရီကုိ ၁၅၂.၉၆ ကာရက္ရွိတဲ့ စိန္ျဖဴေတြ ဝန္းရံထားၿပီး အလယ္မွာေတာ့ ၃၈.၁၃ ကာရက္ရွိတဲ့ သစ္ေတာ္သီးပုံစံစိန္ပြင့္ေတြ ထည့္ထားပါတယ္။ နာရီဟာ အလြန္ေသးငယ္ၿပီး လက္စြပ္ပုံစံ ထုတ္လုပ္ထားပါတယ္။ ေစ်းႏႈန္းက ေဒၚလာ သန္း ၄ဝ ပါ။

Graff Diamonds The Fascination

Graff Diamonds The Fascination

(၁) Graff Diamonds Hallucination

ဒီနာရီကုိေတာ့ လန္ဒန္အေျခစုိက္ ‘Graff Diamonds’ ရတနာကုမၸဏီက ထုတ္လုပ္လုိက္တာပါ။ ၁၁ဝ ကာရက္ရွိတဲ့ အေရာင္အေသြးမ်ိဳးစုံ စိန္ပြင့္ေတြကုိ ပလက္တီနမ္ကြင္းေပၚမွာ ဆင္ထားတဲ့ နာရီပဲျဖစ္ပါတယ္။ ကမၻာ့သမုိင္းမွာ ေစ်းအႀကီးဆုံးနာရီလုိ႔ ဆုိႏုိင္ၿပီး ေဒၚလာ ၅၅ သန္းတန္ပါတယ္။

 Graff Diamonds Hallucination

Graff Diamonds Hallucination

ကဲ . . . . လက္ဝတ္တန္ဆာဆုိတာ ‘ရွိရင္ တန္ဆာ၊ မရွိရင္ ဝမ္းစာ’ ပါပဲ။ နာရီရဲ႕အဓိက လုပ္ေဆာင္ခ်က္ဟာ အခ်ိန္မွန္ဖုိ႔ပါ။ သန္းေက်ာ္တန္နာရီေတြကုိ ဝတ္ထားၿပီး အခ်ိန္ကုိ အက်ိဳးရွိရွိ မသုံးဘူးဆုိရင္ အလကားပါပဲ။ အခ်ိန္ကုိ အက်ိဳးရွိရွိအသုံးခ်ႏုိင္တဲ့ လူေတာ္လူေကာင္းေတြ ျဖစ္ႏုိင္ၾကပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာ့ဈေးအကြီးဆုံး နာရီ (၅) လုံး (ဒုတိယပိုင်း)

စမတ်ဖုန်းတိုင်းမှာ နာရီပါလာပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေက နာရီကို အဆင့်အတန်းတစ်ခုအနေနဲ့ ပတ်နေကြဆဲပါ။ ဘယ်လိုပဲနည်းပညာတွေ ဖွံ့ဖြိုးလာပါစေ နာရီဝါသနာအိုးတွေက မြတ်မြတ်နိုးနိုး ဝတ်ဆင်ဆဲပါပဲ။ ကမ္ဘာ့ဈေးအကြီးဆုံးနာရီ (၅) လုံးကို အပိုုင်း (၂) အနေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၅) Patek Philippe Henry Graves Supercomplication

နာရီရဲ့နာမည်ကိုက ရှည်လွန်းတာ တစ်မျိုးမထင်နဲ့ဗျ။ ၁၉၃၃ခုနှစ်မှာ ‘Patek Philippe’ ဆိုတဲ့ကုမ္ပဏီက ဘဏ်လုပ်ငန်းရှင်ကြီး ‘Henry Graves Jr’ အတွက် အထူးထုတ်ပေးတဲ့အိတ်ဆောင်နာရီဖြစ်ပါတယ်။ သူကလည်း ကားထုတ်လုပ်ရေးပိုင်ရှင်ကြီး ‘James Ward Packard’ ကို ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်လို့ သီးသန့်မှာလိုက်တာပါ။ သူ ကွယ်လွန်တဲ့အချိန်မှာ လေလံတင်ရောင်းချတော့ အိတ်ဆောင်နာရီရဲ့ဈေးနှုန်း ဒေါ်လာ ၂၄သန်းဗျ။

Patek Philippe Henry Graves Supercomplication

Patek Philippe Henry Graves Supercomplication

(၄) Chopard 201-Carat Watch

‘Chopard’ ဆိုတာက လက်ဝတ်ရတနာနဲ့ နာရီတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဗျ။ ဆိုတော့ ဒီနာရီမှာ စိန် (၂ဝ၁) ကာရက်ကို ထည်သွင်းထာလို့ ‘Chopard 201-Carat Watch’ လို့ နာမည်ပေးထားတာပါ။ ပန်းရောင်စိန် (၁၅) ကာရက်၊ အပြာရောင်စိန် (၁၂) ကာရက်၊ အဖြူရောင်စိန် (၁၁) ကာရက်နဲ့ ဖြူဝါရောင် (၁၆၃) ကာရက်တို့ ပေါင်းစပ်ထားတဲ့အတွက် ၂၅ သန်းအထိ ဈေးမြင့်သွားတာဖြစ်ပါတယ်။

Chopard 201-Carat Watch

Chopard 201-Carat Watch

(၃) Breguet Marie-Antoinette Grande Complication

ဒီနာရီဟာ ပြင်သစ်ဘုရင်မကြီး ‘Marie Antoinette’ အတွက် ‘Abraham-Louis Breguet’ က ၁၇၈၂ခုနှစ်မှာ ပြုလုပ်ပေးတဲ့ အိပ်ဆောင်နာရီလေးပါ။ အိပ်ဆောင်နာရီဆိုပေမယ့် နာရီပြုလုပ်ချိန်ဟာ နှစ်ပေါင်း (၄ဝ) ကြာမြင့်ခဲ့ပြီး မပြီးသေးခင်မှာ ဘုရင်မကြီး နတ်ရွာစံခဲ့ပါတယ်။ ‘Abraham-Louis Breguet’ ဟာ ၁၈၂၃ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပြီး သူ့သားက ဆက်လက်ပြုလုပ်ခဲ့ရာ ၁၈၂၄ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အခုချိန်မှာတော့ နာရီရဲ့ဈေးနှုန်းက ဒေါ်လာ သန်း ၃ဝ ပါ။

Breguet Marie-Antoinette Grande Complication

Breguet Marie-Antoinette Grande Complication

(၂) Graff Diamonds The Fascination

‘Graff Diamonds The Fascination’ နာရီကို ၁၅၂.၉၆ ကာရက်ရှိတဲ့ စိန်ဖြူတွေ ဝန်းရံထားပြီး အလယ်မှာတော့ ၃၈.၁၃ ကာရက်ရှိတဲ့ သစ်တော်သီးပုံစံစိန်ပွင့်တွေ ထည့်ထားပါတယ်။ နာရီဟာ အလွန်သေးငယ်ပြီး လက်စွပ်ပုံစံ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ဒေါ်လာ သန်း ၄ဝ ပါ။

Graff Diamonds The Fascination

Graff Diamonds The Fascination

(၁) Graff Diamonds Hallucination

ဒီနာရီကိုတော့ လန်ဒန်အခြေစိုက် ‘Graff Diamonds’ ရတနာကုမ္ပဏီက ထုတ်လုပ်လိုက်တာပါ။ ၁၁ဝ ကာရက်ရှိတဲ့ အရောင်အသွေးမျိုးစုံ စိန်ပွင့်တွေကို ပလက်တီနမ်ကွင်းပေါ်မှာ ဆင်ထားတဲ့ နာရီပဲဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဈေးအကြီးဆုံးနာရီလို့ ဆိုနိုင်ပြီး ဒေါ်လာ ၅၅ သန်းတန်ပါတယ်။

 Graff Diamonds Hallucination

Graff Diamonds Hallucination

ကဲ . . . . လက်ဝတ်တန်ဆာဆိုတာ ‘ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းစာ’ ပါပဲ။ နာရီရဲ့အဓိက လုပ်ဆောင်ချက်ဟာ အချိန်မှန်ဖို့ပါ။ သန်းကျော်တန်နာရီတွေကို ဝတ်ထားပြီး အချိန်ကို အကျိုးရှိရှိ မသုံးဘူးဆိုရင် အလကားပါပဲ။ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်နိုင်ကြပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com