[Zawgyi]

ကမာၻေပၚက တန္ဖိုးအႀကီးျမင့္ဆံုး နာမည္ႀကီးအဝတ္အစား Brand မ်ား

ကမာၻ႔ေပၚမွာ အဝတ္အစားနဲ႔ပတ္သက္ၿပီး Brand ကဲြေတြ အေျမာက္အျမားရွိၾကပါတယ္။ ဒီ Brand ကဲြ ေတြထဲမွာမွ ဝတ္ရတာအဆင္ေျပေခ်ာေမြ႔တဲ႔ Brand ေတြရွိသလို၊ ၾကည့္လိုက္တာနဲ႔ Brand မွန္းသိသာေစၿပီး ခ်ဳပ္ရုိးခ်ဳပ္သားေတြ ေကာင္းမြန္ေသသပ္တဲ့ Brand ေတြလည္းရွိကာ ေစ်းႏႈန္းအရမ္းႀကီးျမင့္ၿပီး ေစ်းေျမာက္တဲ႔ နာမည္ႀကီး Brand ေတြလည္း ရွိၾကပါတယ္။ အဲဒီနာမည္ႀကီး Brand ထဲကမွ ေစ်းအႀကီးဆံုးလို႔ သတ္မွတ္လုိ႔ရတဲ႔ နာမည္ႀကီး Brand တခ်ဳိ႕ရဲ႕ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

(၁) Gucci

ေစ်းအႀကီးဆံုးလည္းျဖစ္ၿပီး နံပါတ္ (၁) ေနရာမွာလည္းရွိေနတဲ့ Gucci Brand ကေတာ့ နာမည္ႀကီး Italian Brand ျဖစ္ပါတယ္။ ဒီ Brand မွာ အမ်ဳိးသားဝတ္၊ အမ်ဳိးသမီးဝတ္ေတြ ရရွိႏိုင္ၿပီး တျခားအမ်ဳိးအစားကဲြေတြျဖစ္တဲ႔ နက္ခ္တိုင္၊ Handbags ၊ စကပ္၊ ဖိနပ္ေတြနဲ႔ Luggage အစရွိသျဖင့္ အမ်ဳိးအစားကဲြေတြ အေျမာက္အျမားကိုလည္း ထုတ္လုပ္ေရာင္းခ်ပါတယ္။ ေစ်းႀကီးရုံသာမကဘဲ စတုိင္လ္လည္းက်သလို Luxurious လည္း အလြန္က်ပါေသးတယ္။ ဒီ Brand ဟာ ၿပိဳင္ဘက္ေတြ အေျမာက္အျမား ရွိေပမယ့္ နံပါတ္(၁) ေနရာကေန ဘယ္ေတာ့မွ က်ဆင္းသြားျခင္း မရွိေသးပါဘူး။

Gucci

Gucci

(၂) Chanel

Chanel ဟာ ေစ်းကြက္ထဲမွာ ဝယ္လိုအားမ်ားေနတဲ့ နာမည္ႀကီး အမွတ္တံဆိပ္ တစ္ခုျဖစ္ပါတယ္။ နာမည္ႀကီး ဆယ္လီေတြ၊ ေမာ္ဒယ္လ္ေတြနဲ႔ ဒိတ္ဒိတ္ၾကဲ ၾကြယ္ဝခ်မ္းသာသူေတြ လက္ကမခ်တမ္း ဝယ္ယူသံုးစဲြတဲ႔ ျပင္သစ္ Brand တစ္ခုလို႔ ေျပာရင္လည္း မမွားပါဘူး။ စတုိင္လ္က်ေသသပ္လွပၿပီး ေရြးခ်ယ္စရာ ဒီဇိုင္းအမ်ဳိးအစား အစံုအလင္ရွိျခင္းကလည္း ဒီ Brand ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။ အဝတ္အစားလိုင္းမွာဆိုရင္ တျခားစတိုင္လ္ေတြနဲ႔ အမွတ္တံဆိပ္ေတြကို ကူးယူျခင္းမရွိဘဲ ကိုယ္ပိုင္ဒီဇိုင္းေတြနဲ႔ပဲ ထုတ္လုပ္တယ္ဆိုတဲ့အခ်က္ကို ေရရွည္ထိန္းသိမ္းထားႏိုင္တဲ့ Brand တစ္ခုလို႔ ေျပာမယ္ဆိုရင္ ေျပာလုိ႔ရပါတယ္။ အဝတ္အစားေတြသာမက အရည္အေသြးေကာင္း Skin Care ပစၥည္းေတြနဲ႔ အလွအပပစၥည္းေတြ၊ ဖိနပ္ေတြ၊ လက္ကုိင္အိတ္ေတြပါ ထုတ္လုပ္ေရာင္းခ်တဲ့ နာမည္ေက်ာ္ Brand တစ္ခုလည္း ျဖစ္ပါတယ္။ ကမာၻ႔ေပၚရွိ ေစ်းအႀကီးဆံုး Brand ေတြထဲမွာ ဒုတိယေနရာမွာ ရပ္တည္ေနတဲ႔ Brand ျဖစ္သလို ငယ္ရြယ္တဲ႔ ဖက္ရွင္ခ်စ္သူေတြၾကားမွာလည္း အေတာ္ေလးကို ေရပန္းစား ေနရာယူေနတဲ႔ Brand လည္း ျဖစ္ပါတယ္။

Chanel

Chanel

(၃) Prada

ေစ်းအႀကီးဆံုး Brand ေတြထဲကမွ တတိယေနရာမွာ ရပ္တည္ေနတဲ႔ Brand ကေတာ့ Prada ပဲ ျဖစ္ပါတယ္။ ဘဝမွာ ဝတ္စားဆင္ယင္မႈနဲ႔ ပတ္သက္ၿပီး အေျပာင္းအလဲျဖစ္ခ်င္ရင္ ဒီ Brand ကို ေရြးခ်ယ္ဝတ္ဆင္ဖို႔ အၾကံျပဳခ်င္ပါတယ္။ ေခတ္ဆန္တဲ႔ Italian Brand ျဖစ္ၿပီး ငယ္ရြယ္တဲ႔ ဖက္ရွင္ခ်စ္သူေတြကို အလြန္ဆဲြေဆာင္ႏုိင္တဲ႔ Brand တစ္ခုလည္းျဖစ္ပါတယ္။ ဒီ Brand ရဲ႕ထူးျခားမႈကေတာ့ ကမာၻ႔တစ္ဝွမ္းမွာ တျခားနာမည္ႀကီး Brand ေတြထက္ ဆိုင္ခဲြေတြ အေျမာက္အျမား ဖြင့္လွစ္ထားႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ ေစ်းအႀကီးဆံုးစာရင္းေတြထဲမွာ ပါဝင္ေနရျခင္းကလည္း ရုိးရုိးရွင္းရွင္းနဲ႔ ကဲြထြက္ေနၿပီး သက္ေသာင့္သက္သာရွိတဲ႔ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေရေမြးေစ်းကြက္မွာဆိုရင္လည္း နာမည္ေကာင္းတစ္ခုပိုင္ဆိုင္ထားတဲ႔ Brand တစ္ခုလည္း ျဖစ္ပါေသးတယ္။

Prada

Prada

(၄) Dolce and Gabbana

ဒီ Brand ကေတာ့ D&G ဆိုၿပီး လူသိမ်ားၾကၿပီး သူတို႔ Brand ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈကို စကားလံုးေတြနဲ႔ ေဖာ္ျပစရာမလိုေလာက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ Brand ျဖစ္ပါတယ္။ Italian ယဥ္ေက်းမႈမွာဆို အေက်ာ္ၾကားဆံုးနဲ႔ ႏွစ္လိုဖြယ္အေကာင္းဆံုး အဝတ္စားအမွတ္တံဆိပ္ အျဖစ္ နာမည္ႀကီးပါတယ္။ ဒီ Brand ထုတ္ အမ်ဳိးသားဝတ္၊ အမ်ဳိးသမီးဝတ္ အဝတ္အစားေတြ အကုန္လံုးဟာ ႏုိင္ငံတိုင္းမွာ တန္းတူညီမွ် ေရာင္းအားေကာင္းၾကပါတယ္။ ဒါေၾကာင့္မို႔လည္း ေစ်းအႀကီးဆံုး အဝတ္အစား Brand စာရင္းေတြထဲမွာ နံပါတ္(၄) ေနရာမွာ ခ်ိိတ္ရျခင္း ျဖစ္ပါတယ္။

Dolce and Gabbana

Dolce and Gabbana

(၅) Armani

Armani ဟာ ေစ်းအႀကီးဆံုးအဝတ္အစား Brand ျဖစ္ရုံသာမက ကမာၻ႔အႏွံ လူႀကိဳက္အမ်ားဆံုး Brand လည္း ျဖစ္ပါတယ္။ ဒီ Brand က Perfume စတင္ထုတ္လုပ္ၿပီး ေနာက္ပိုင္းက်မွ အဝတ္အစားေတြပါ ထုတ္လုပ္လာတဲ႔ Brand ျဖစ္ပါတယ္။ ကမာၻ႔အႏွံမွာ ဒီ Brand ဟာ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ေရာင္းအားေကာင္းတဲ့ Brand တစ္ခုအေနနဲ႔လည္း ရပ္တည္ေနပါတယ္။ ရာသီဥတုအေျပာင္းအလဲတိုင္းမွာလည္း ဒီ Brand ထုတ္ အဝတ္အစားတုိင္းဟာ လိုက္ေလ်ာညီေထြမႈ ရွိပါတယ္။ Armani က ယခုခ်ိန္မွာေတာ့ အမ်ဳိးသား၊အမ်ဳိးသမီး ကေလးအဝတ္အစားေတြ ထုတ္လုပ္ဖို႔ အာရုံစူးစိုက္ေနပါတယ္။

Armani

Armani

အခုေဖာ္ျပထားတဲ႔ Brand ေတြကေတာ့ တန္ဖိုးအႀကီးဆံုး Brand ေတြအမ်ားႀကီးရွိတဲ႔ အထဲကမွ ဒီႏွစ္ တန္ဖိုးအႀကီးျမင့္ဆံုးလို႔႔ ေရပန္းစားေနတဲ႔ Brand တခ်ဳိ႕အေၾကာင္းကို ေကာက္ႏုတ္ေဖာ္ျပထားတာ ျဖစ္ပါတယ္။ Armani ရဲ႕ေနာက္မွာေတာ့ Marc Jacobs ၊ Dior ၊ Versace ၊ Hermes နဲ႔ Valentino တို႔လို တန္ဖိုးႀကီးျမင့္တဲ႔ နာမည္ႀကီး အဝတ္အစား Brand ေတြ ရပ္တည္ေနပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာပေါ်က တန်ဖိုးအကြီးမြင့်ဆုံး နာမည်ကြီးအဝတ်အစား Brand များ

ကမ္ဘာ့ပေါ်မှာ အဝတ်အစားနဲ့ပတ်သက်ပြီး Brand ကွဲတွေ အမြောက်အမြားရှိကြပါတယ်။ ဒီ Brand ကွဲ တွေထဲမှာမှ ဝတ်ရတာအဆင်ပြေချောမွေ့တဲ့ Brand တွေရှိသလို၊ ကြည့်လိုက်တာနဲ့ Brand မှန်းသိသာစေပြီး ချုပ်ရိုးချုပ်သားတွေ ကောင်းမွန်သေသပ်တဲ့ Brand တွေလည်းရှိကာ ဈေးနှုန်းအရမ်းကြီးမြင့်ပြီး ဈေးမြောက်တဲ့ နာမည်ကြီး Brand တွေလည်း ရှိကြပါတယ်။ အဲဒီနာမည်ကြီး Brand ထဲကမှ ဈေးအကြီးဆုံးလို့ သတ်မှတ်လို့ရတဲ့ နာမည်ကြီး Brand တချို့ရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) Gucci

ဈေးအကြီးဆုံးလည်းဖြစ်ပြီး နံပါတ် (၁) နေရာမှာလည်းရှိနေတဲ့ Gucci Brand ကတော့ နာမည်ကြီး Italian Brand ဖြစ်ပါတယ်။ ဒီ Brand မှာ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်တွေ ရရှိနိုင်ပြီး တခြားအမျိုးအစားကွဲတွေဖြစ်တဲ့ နက်ခ်တိုင်၊ Handbags ၊ စကပ်၊ ဖိနပ်တွေနဲ့ Luggage အစရှိသဖြင့် အမျိုးအစားကွဲတွေ အမြောက်အမြားကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ ဈေးကြီးရုံသာမကဘဲ စတိုင်လ်လည်းကျသလို Luxurious လည်း အလွန်ကျပါသေးတယ်။ ဒီ Brand ဟာ ပြိုင်ဘက်တွေ အမြောက်အမြား ရှိပေမယ့် နံပါတ်(၁) နေရာကနေ ဘယ်တော့မှ ကျဆင်းသွားခြင်း မရှိသေးပါဘူး။

Gucci

Gucci

(၂) Chanel

Chanel ဟာ ဈေးကွက်ထဲမှာ ဝယ်လိုအားများနေတဲ့ နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး ဆယ်လီတွေ၊ မော်ဒယ်လ်တွေနဲ့ ဒိတ်ဒိတ်ကြဲ ကြွယ်ဝချမ်းသာသူတွေ လက်ကမချတမ်း ဝယ်ယူသုံးစွဲတဲ့ ပြင်သစ် Brand တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ စတိုင်လ်ကျသေသပ်လှပပြီး ရွေးချယ်စရာ ဒီဇိုင်းအမျိုးအစား အစုံအလင်ရှိခြင်းကလည်း ဒီ Brand ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အဝတ်အစားလိုင်းမှာဆိုရင် တခြားစတိုင်လ်တွေနဲ့ အမှတ်တံဆိပ်တွေကို ကူးယူခြင်းမရှိဘဲ ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ပဲ ထုတ်လုပ်တယ်ဆိုတဲ့အချက်ကို ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ Brand တစ်ခုလို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ အဝတ်အစားတွေသာမက အရည်အသွေးကောင်း Skin Care ပစ္စည်းတွေနဲ့ အလှအပပစ္စည်းတွေ၊ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေပါ ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် Brand တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ပေါ်ရှိ ဈေးအကြီးဆုံး Brand တွေထဲမှာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Brand ဖြစ်သလို ငယ်ရွယ်တဲ့ ဖက်ရှင်ချစ်သူတွေကြားမှာလည်း အတော်လေးကို ရေပန်းစား နေရာယူနေတဲ့ Brand လည်း ဖြစ်ပါတယ်။

Chanel

Chanel

(၃) Prada

ဈေးအကြီးဆုံး Brand တွေထဲကမှ တတိယနေရာမှာ ရပ်တည်နေတဲ့ Brand ကတော့ Prada ပဲ ဖြစ်ပါတယ်။ ဘဝမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အပြောင်းအလဲဖြစ်ချင်ရင် ဒီ Brand ကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။ ခေတ်ဆန်တဲ့ Italian Brand ဖြစ်ပြီး ငယ်ရွယ်တဲ့ ဖက်ရှင်ချစ်သူတွေကို အလွန်ဆွဲဆောင်နိုင်တဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ ဒီ Brand ရဲ့ထူးခြားမှုကတော့ ကမ္ဘာ့တစ်ဝှမ်းမှာ တခြားနာမည်ကြီး Brand တွေထက် ဆိုင်ခွဲတွေ အမြောက်အမြား ဖွင့်လှစ်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဈေးအကြီးဆုံးစာရင်းတွေထဲမှာ ပါဝင်နေရခြင်းကလည်း ရိုးရိုးရှင်းရှင်းနဲ့ ကွဲထွက်နေပြီး သက်သောင့်သက်သာရှိတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေမွေးဈေးကွက်မှာဆိုရင်လည်း နာမည်ကောင်းတစ်ခုပိုင်ဆိုင်ထားတဲ့ Brand တစ်ခုလည်း ဖြစ်ပါသေးတယ်။

Prada

Prada

(၄) Dolce and Gabbana

ဒီ Brand ကတော့ D&G ဆိုပြီး လူသိများကြပြီး သူတို့ Brand ရဲ့ အောင်မြင်ကျော်ကြားမှုကို စကားလုံးတွေနဲ့ ဖော်ပြစရာမလိုလောက်အောင် အောင်မြင်ကျော်ကြားတဲ့ Brand ဖြစ်ပါတယ်။ Italian ယဉ်ကျေးမှုမှာဆို အကျော်ကြားဆုံးနဲ့ နှစ်လိုဖွယ်အကောင်းဆုံး အဝတ်စားအမှတ်တံဆိပ် အဖြစ် နာမည်ကြီးပါတယ်။ ဒီ Brand ထုတ် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အဝတ်အစားတွေ အကုန်လုံးဟာ နိုင်ငံတိုင်းမှာ တန်းတူညီမျှ ရောင်းအားကောင်းကြပါတယ်။ ဒါကြောင့်မို့လည်း ဈေးအကြီးဆုံး အဝတ်အစား Brand စာရင်းတွေထဲမှာ နံပါတ်(၄) နေရာမှာ ချိတ်ရခြင်း ဖြစ်ပါတယ်။

Dolce and Gabbana

Dolce and Gabbana

(၅) Armani

Armani ဟာ ဈေးအကြီးဆုံးအဝတ်အစား Brand ဖြစ်ရုံသာမက ကမ္ဘာ့အနှံ လူကြိုက်အများဆုံး Brand လည်း ဖြစ်ပါတယ်။ ဒီ Brand က Perfume စတင်ထုတ်လုပ်ပြီး နောက်ပိုင်းကျမှ အဝတ်အစားတွေပါ ထုတ်လုပ်လာတဲ့ Brand ဖြစ်ပါတယ်။ ကမ္ဘာ့အနှံမှာ ဒီ Brand ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောင်းအားကောင်းတဲ့ Brand တစ်ခုအနေနဲ့လည်း ရပ်တည်နေပါတယ်။ ရာသီဥတုအပြောင်းအလဲတိုင်းမှာလည်း ဒီ Brand ထုတ် အဝတ်အစားတိုင်းဟာ လိုက်လျောညီထွေမှု ရှိပါတယ်။ Armani က ယခုချိန်မှာတော့ အမျိုးသား၊အမျိုးသမီး ကလေးအဝတ်အစားတွေ ထုတ်လုပ်ဖို့ အာရုံစူးစိုက်နေပါတယ်။

Armani

Armani

အခုဖော်ပြထားတဲ့ Brand တွေကတော့ တန်ဖိုးအကြီးဆုံး Brand တွေအများကြီးရှိတဲ့ အထဲကမှ ဒီနှစ် တန်ဖိုးအကြီးမြင့်ဆုံးလို့ ရေပန်းစားနေတဲ့ Brand တချို့အကြောင်းကို ကောက်နုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ Armani ရဲ့နောက်မှာတော့ Marc Jacobs ၊ Dior ၊ Versace ၊ Hermes နဲ့ Valentino တို့လို တန်ဖိုးကြီးမြင့်တဲ့ နာမည်ကြီး အဝတ်အစား Brand တွေ ရပ်တည်နေပါတယ်။

H.H(Akhayar)

www.akhayar.com