[Zawgyi]

တစ္ရာသီအတြင္း ဆုဖလား(၃)ခု ရယူခဲ့တဲ့ နာမည္ႀကီးနည္းျပမ်ား

နည္းျပတစ္ဦးအတြက္ တစ္ရာသီအတြင္း ဆုဖလား(၃)ခုရယူဖုိ႔ဆုိတာက အရမ္းခက္ခဲလြန္းပါတယ္။ ဒီလုိမွတ္တမ္းေကာင္း ရယူႏုိင္ခဲ့တဲ့ နည္းျပဆုိတာလည္း ေဘာလုံးသမုိင္းမွာ လက္ခ်ိဳးေရလုိ႔ေတာင္ ရတဲ့အေနအထားပါ။ ဒါေၾကာင့္ ဒီလုိရွားရွားပါးပါး ေအာင္ျမင္မႈရယူခဲ့ၾကတဲ့ နာမည္ေက်ာ္ နည္းျပေတြကုိ Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . .

၅. ဖာဂူဆန္ Alex Ferguson (မန္ယူ)

Ferguson

Ferguson

တစ္ရာသီအတြင္း ဖလား(၃)လုံး ရယူခဲ့တဲ့ ရွားရွားပါးပါးနည္းျပေတြထဲမွာ မန္ယူဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္လည္း တစ္ဦးအပါအ၀င္ပါပဲ။ မန္ယူအသင္းကုိ (၂၆)ႏွစ္ၾကာ ကုိင္တြယ္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလားကုိ စံခ်ိန္တင္အျဖစ္ (၁၃)ႀကိမ္ရေအာင္ စြမ္းေဆာင္ခဲ့သလုိ၊ ခ်န္ပီယံလိဂ္အပါအ၀င္ ဆုဖလား(၃၈)ခုအထိ ရယူႏုိင္ခဲ့တယ္။ ဖာဂူဆန္ရဲ႕ နည္းျပဘ၀မွာ ေအာင္ျမင္မႈအမ်ားဆုံးက ၁၉၉၈-၉၉ ရာသီလုိ႔ ဆုိရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္၊ FA ဖလား၊ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့သလုိ ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ပထမဆုံးဖလား(၃)လုံး ရရွိခဲ့တဲ့အသင္းအျဖစ္ မွတ္တမ္း၀င္ေစခဲ့ပါတယ္။

၄.ေမာ္ရင္ဟုိ Jose Mourinho (အင္တာမီလန္)

Mourinho

Mourinho

အင္တာမီလန္အသင္းမွာ ေမာ္ရင္ဟုိရဲ႕ ေအာင္ျမင္မႈက ခမ္းနားလြန္းခဲ့တယ္။ ၂၀၀၉-၁၀ ရာသီမွာ စီးရီးေအ၊ ကုိပါအီတာလီယာ၊ ခ်န္ပီယံလိဂ္ဖလားေတြ ဆြတ္ခူးခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဖလား(၃)လုံးရဖူးတဲ့ အရသာကုိ ျမည္းစမ္းခြင့္ရေအာင္ စြမ္းေဆာင္ခဲ့တယ္။ ေမာ္ရင္ဟုိရဲ႕ နည္းျပဘ၀မွာ တစ္ရာသီအတြင္း ဖလား(၃)လုံးရတာက ၂၀၀၉-၁၀ ရာသီဟာ ပထမဆုံးမဟုတ္ပါဘူး။ ေပၚတုိနည္းျပဘ၀ ၂၀၀၂-၀၃ ရာသီက အမွတ္ေပးဖလား၊ ေပၚတူဂီဖလား၊ UEFA ဖလားတို႔ကုိ ရရွိခဲ့ေပမယ့္ UEFA ဖလားက ခ်န္ပီယံလိဂ္လုိ အဆင့္မဟုတ္လုိ႔ ဖလား(၃)လုံးအျဖစ္ မသတ္မွတ္ခံခဲ့ရပါဘူး။

၃.လူး၀စ္အင္းနရစ္ Luis Enrique (ဘာစီလုိနာ)

Luis-Enrique

Luis-Enrique

ဘာစီလုိနာအသင္းရဲ႕ ဂႏၳ၀င္နည္းျပေတြထဲမွာ လူး၀စ္အင္းနရစ္ကုိလည္း ထည့္သြင္းရမယ္။ ဘာစီလုိနာကုိ ကုိင္တြယ္ခဲ့တဲ့ (၃)ႏွစ္တာကာလအတြင္း ဆုဖလား(၉)ခုအထိ ရယူခဲ့ၿပီး ၂၀၁၄-၁၅ ရာသီမွာ ဖလား(၃)လုံး ရယူခဲ့တယ္။ ဘာစီလုိနာအသင္း သမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း ဖလား(၃)လုံးရယူခဲ့တဲ့ နည္းျပဆုိလုိ႔ ဂြါဒီယုိလာ Guardiola နဲ႔ လူး၀စ္အင္းနရစ္တို႔ ႏွစ္ဦးပဲရွိပါတယ္။

၂.ဂြါဒီယုိလာ Pep Guardiola (ဘာစီလုိနာ)

Guardiola

Guardiola

ဘာစီလုိနာအသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံး နည္းျပလုိ႔ ေျပာရမွာပါ။ ၂၀၀၈-၀၉ ရာသီတုန္းက ဘာစီလုိနာအသင္းနဲ႔အတူ ဖလား(၃)လုံးရရွိခဲ့ၿပီး ၂၀၀၉ တစ္ႏွစ္တည္းမွာ ဖလား(၆)လုံးအထိ ရယူခဲ့တဲ့စြမး္ေဆာင္ရည္မ်ိဳး ဘယ္နည္းျပမွ မလုပ္ျပႏုိင္ခဲ့ဘူး။

၁. ေဟးနက္စ္ Jupp Heynckes (ဘုိင္ယန္ျမဴးနစ္)

Jupp-Heynckes

Jupp-Heynckesေဟးနက္စ္ဟာ နည္းျပေလာကမွာ ေအာင္ျမင္မႈရခဲ့တယ္ဆုိေပမယ့္ တစ္ရာသီထဲ ဖလား(၃)လုံးကုိ ၂၀၁၂-၁၃ ရာသီမွ ရယူႏုိင္ခဲ့တယ္။ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလား၊ ခ်န္ပီယံလိဂ္ဖလားတို႔ကုိ ဆြတ္ခူးခဲ့ၿပီး ဒါဟာ ဘုိင္ယန္ျမဴးနစ္အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဖလား(၃)လုံးရခဲ့တာပါ။

ေမာ္ဒန္ေဘာလုံးေလာကမွာ နည္းျပတစ္ဦးအတြက္ ေစာင့္ႀကိဳေနတဲ့ ဖိအားေတြက အမ်ားႀကီးပါပဲ။ အခုေရတြင္းတူး၊ အခုေရၾကည္ေသာက္ခ်င္တဲ့ အသင္းပုိင္ရွင္ေတြေၾကာင့္ အသင္းတစ္သငး္ကုိ ႏွစ္ေပါင္းမ်ားစြာ ကုိင္တြယ္တဲ့ နည္းျပဆုိတာ ရွားပါးလာခဲ့တယ္။ ဒါေၾကာင့္ အခုေဖာ္ျပခဲ့တဲ့နည္းျပေတြမ်ိဳး ေအာင္ျမင္မႈရယူႏုိင္မယ့္ နည္းျပေတြ ထပ္ေပၚထြက္လာဦးမလားဆုိတာ . .

REF:sportskeeda
Photo:Irving20012,sportskeeda
Naing Linn(Akhayar)
www.akhayar.com

[Unicode]

တစ်ရာသီအတွင်း ဆုဖလား(၃)ခု ရယူခဲ့တဲ့ နာမည်ကြီးနည်းပြများ

နည်းပြတစ်ဦးအတွက် တစ်ရာသီအတွင်း ဆုဖလား(၃)ခုရယူဖို့ဆိုတာက အရမ်းခက်ခဲလွန်းပါတယ်။ ဒီလိုမှတ်တမ်းကောင်း ရယူနိုင်ခဲ့တဲ့ နည်းပြဆိုတာလည်း ဘောလုံးသမိုင်းမှာ လက်ချိုးရေလို့တောင် ရတဲ့အနေအထားပါ။ ဒါကြောင့် ဒီလိုရှားရှားပါးပါး အောင်မြင်မှုရယူခဲ့ကြတဲ့ နာမည်ကျော် နည်းပြတွေကို Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် . .

၅. ဖာဂူဆန် Alex Ferguson (မန်ယူ)

Ferguson

Ferguson

တစ်ရာသီအတွင်း ဖလား(၃)လုံး ရယူခဲ့တဲ့ ရှားရှားပါးပါးနည်းပြတွေထဲမှာ မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လည်း တစ်ဦးအပါအဝင်ပါပဲ။ မန်ယူအသင်းကို (၂၆)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်အဖြစ် (၁၃)ကြိမ်ရအောင် စွမ်းဆောင်ခဲ့သလို၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား(၃၈)ခုအထိ ရယူနိုင်ခဲ့တယ်။ ဖာဂူဆန်ရဲ့ နည်းပြဘဝမှာ အောင်မြင်မှုအများဆုံးက ၁၉၉၈-၉၉ ရာသီလို့ ဆိုရမှာဖြစ်ပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ပထမဆုံးဖလား(၃)လုံး ရရှိခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

၄.မော်ရင်ဟို Jose Mourinho (အင်တာမီလန်)

Mourinho

Mourinho

အင်တာမီလန်အသင်းမှာ မော်ရင်ဟိုရဲ့ အောင်မြင်မှုက ခမ်းနားလွန်းခဲ့တယ်။ ၂၀၀၉-၁၀ ရာသီမှာ စီးရီးအေ၊ ကိုပါအီတာလီယာ၊ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖလား(၃)လုံးရဖူးတဲ့ အရသာကို မြည်းစမ်းခွင့်ရအောင် စွမ်းဆောင်ခဲ့တယ်။ မော်ရင်ဟိုရဲ့ နည်းပြဘဝမှာ တစ်ရာသီအတွင်း ဖလား(၃)လုံးရတာက ၂၀၀၉-၁၀ ရာသီဟာ ပထမဆုံးမဟုတ်ပါဘူး။ ပေါ်တိုနည်းပြဘ၀ ၂၀၀၂-၀၃ ရာသီက အမှတ်ပေးဖလား၊ ပေါ်တူဂီဖလား၊ UEFA ဖလားတို့ကို ရရှိခဲ့ပေမယ့် UEFA ဖလားက ချန်ပီယံလိဂ်လို အဆင့်မဟုတ်လို့ ဖလား(၃)လုံးအဖြစ် မသတ်မှတ်ခံခဲ့ရပါဘူး။

၃.လူးဝစ်အင်းနရစ် Luis Enrique (ဘာစီလိုနာ)

Luis-Enrique

Luis-Enrique

ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်နည်းပြတွေထဲမှာ လူးဝစ်အင်းနရစ်ကိုလည်း ထည့်သွင်းရမယ်။ ဘာစီလိုနာကို ကိုင်တွယ်ခဲ့တဲ့ (၃)နှစ်တာကာလအတွင်း ဆုဖလား(၉)ခုအထိ ရယူခဲ့ပြီး ၂၀၁၄-၁၅ ရာသီမှာ ဖလား(၃)လုံး ရယူခဲ့တယ်။ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဖလား(၃)လုံးရယူခဲ့တဲ့ နည်းပြဆိုလို့ ဂွါဒီယိုလာ Guardiola နဲ့ လူးဝစ်အင်းနရစ်တို့ နှစ်ဦးပဲရှိပါတယ်။

၂.ဂွါဒီယိုလာ Pep Guardiola (ဘာစီလိုနာ)

Guardiola

Guardiola

ဘာစီလိုနာအသင်းရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံး နည်းပြလို့ ပြောရမှာပါ။ ၂၀၀၈-၀၉ ရာသီတုန်းက ဘာစီလိုနာအသင်းနဲ့အတူ ဖလား(၃)လုံးရရှိခဲ့ပြီး ၂၀၀၉ တစ်နှစ်တည်းမှာ ဖလား(၆)လုံးအထိ ရယူခဲ့တဲ့စွမ်းဆောင်ရည်မျိုး ဘယ်နည်းပြမှ မလုပ်ပြနိုင်ခဲ့ဘူး။

၁. ဟေးနက်စ် Jupp Heynckes (ဘိုင်ယန်မြူးနစ်)

Jupp-Heynckes

Jupp-Heynckesဟေးနက်စ်ဟာ နည်းပြလောကမှာ အောင်မြင်မှုရခဲ့တယ်ဆိုပေမယ့် တစ်ရာသီထဲ ဖလား(၃)လုံးကို ၂၀၁၂-၁၃ ရာသီမှ ရယူနိုင်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပြီး ဒါဟာ ဘိုင်ယန်မြူးနစ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖလား(၃)လုံးရခဲ့တာပါ။

မော်ဒန်ဘောလုံးလောကမှာ နည်းပြတစ်ဦးအတွက် စောင့်ကြိုနေတဲ့ ဖိအားတွေက အများကြီးပါပဲ။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တဲ့ အသင်းပိုင်ရှင်တွေကြောင့် အသင်းတစ်သင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်တဲ့ နည်းပြဆိုတာ ရှားပါးလာခဲ့တယ်။ ဒါကြောင့် အခုဖော်ပြခဲ့တဲ့နည်းပြတွေမျိုး အောင်မြင်မှုရယူနိုင်မယ့် နည်းပြတွေ ထပ်ပေါ်ထွက်လာဦးမလားဆိုတာ . .

REF:sportskeeda
Photo:Irving20012,sportskeeda
Naing Linn(Akhayar)
www.akhayar.com