[ZawGyi]

၅ မိနစ္အတြင္း လန္းလြန္းမကလန္းသြားေစမယ္႔ဖက္ရွင္မ်ား

ဖက္ရွင္အျမင္ရွိသူေတြဆုိတာက ဖက္ရွင္အတြက္အခ်ိန္အမ်ားၾကီးေပးစရာမလို၊ ခြန္အားေတြသိပ္စိုက္ထုတ္စရာမလုိဘဲ အခ်ိန္တုိအတြင္းဘယ္လုိဝတ္ရင္စတုိင္လ္က်မလဲဆုိတာေရြးခ်ယ္ဆံုးျဖတ္ႏိုင္သူေတြျဖစ္ပါတယ္။ တစ္ခါတေလအဝတ္အစားကိုအခ်ိန္ေပးမေရြးခ်ယ္အားတဲ႔အခါမ်ိဳးမွာ ထသြားထလာဒီဇိုင္းေလးေတြကိုပဲ အလန္းဆံုးျဖစ္ေအာင္ေရြးခ်ယ္တြဲဖက္ႏိုင္ေစဖို႔ အျမဲဖက္ရွင္က်ေနသူေတြမွ်ေဝတဲ႔  5 minute fashion tips ေလးေတြကို ေဖာ္ျပေပးလုိက္တယ္ေနာ္။

Floral Dress နဲ႔ Boots

Floral-Design

Floral-Design

သက္ေသာင္႔သက္သာရွိျပီး ၅ မိနစ္အတြင္း ဒီဇိုင္းလည္းမိုက္ေနဖုိ႔ဆုိရင္ Floral Dress ေလးေကာက္ဝတ္ျပီး Boots ေလးသာ စီးပါ။ Floral Theme ေလးေတြကို အက်ီ၊ စကတ္ေရြးခ်ယ္ႏိုင္သလို Floral ဒီဇိုင္းအက်ီေလးေတြနဲ႔ ဂ်င္းစကတ္တိုကို တြဲဝတ္ျပီးေတာ႔ Boots ဖိနပ္ေလးစီးလုိက္ရင္လည္း အရမ္းကိုမိုက္သြားမွာေသခ်ာပါတယ္။ ဖက္ရွင္အတြက္အခ်ိန္လည္းမကုန္ေတာ႔ပါဘူး။

Vintage Shirt နဲ႔ Denim

Vintage-shirt-and-jeans

Vintage-shirt-and-jeans

ပူတဲ႔ရာသီနဲ႔ မိုးဖြဲဖြဲေလးထဲ သြားလာမယ္ဆုိရင္ေတာ႔ကြက္တိပါပဲ။ Vintage Shirt နဲ႔ Denim  တြဲဖက္မႈက ဝတ္ဆင္သူတုိင္းကို အထာက်ေနေစတာကေတာ႔ အေသအခ်ာပါ။ Sneaker ေလးစီးျပီး ၅ မိနစ္အတြင္းေပါ႔ပါးသြက္လက္တဲ႔ စတုိင္လ္ေလးကို ဖန္တီးယူလုိ႔ရပါတယ္။

အျဖဴေရာင္အက်ီပြပြေလးနဲ႔ဂ်င္းအေရာင္ႏုႏု

white-and-jeans

white-and-jeans

အျဖဴေရာင္ အက်ီပြပြေလးနဲ႔ ဂ်င္းေဘာင္းဘီအေရာင္ႏုႏု၊ Ripped Jeans ေလးေတြတြဲဖက္ဝတ္ဆင္တာကလည္း ခဏအတြင္းသင္႔ကိုရွင္းသန္႔သြားေစပါတယ္။ ဖက္ရွင္ပိုမိုက္ခ်င္ရင္ Heels အေရာင္လွလွေလးေတြ၊ Sneakers ေလးေတြစီးပါ။ ေနာက္တစ္ခုက အိတ္ပါ။ အိတ္ကို ဒီဇိုင္းဆန္းဆန္းေရြးသင္႔ျပီး ခပ္ေသးေသးနဲ႔ၾကိဳးရွည္ရွည္ေလးေတြ ျပီးေတာ႔ Cross Bag ေလးေတြ ေရြးရပါမယ္။

Plain Tee နဲ႔ Fancy Skirt

fancy-skirt

fancy-skirt

တီရွပ္ေျဗာင္ေလးေတြနဲ႔ စကတ္ဒီဇိုင္းမိုက္မုိက္ Print မိုက္မိုက္ေလးေတြသာ ေကာက္ဝတ္သြားမယ္ဆုိရင္ ဘယ္ေတာ႔မွပံုတုံးၾကီးဆုိတဲ႔ စကားသံကိုမၾကားရေစဖုိ႔အာမခံပါတယ္။

Sweatshirt နဲ႔ Glam Skirt

Sweat-shirt

Sweat-shirt

Sweatshirt ေတြက တြဲဖက္ဝတ္ဆင္တတ္မယ္ဆိုရင္ ေပါ႔ေပါ႔ပါးပါးနဲ႔အမိုက္စား အသြင္အျပင္ကိုရပါတယ္။ Sweatshirt ကိုေဘာင္းဘီတုိေလးေတြနဲ႔ပဲမတြဲဖက္ဘဲ ေတာက္ေတာက္ပပ ျပိဳးျပိဳးျပက္ျပက္စကတ္တုိေလးေတြနဲ႔ တြဲဝတ္ၾကည္႔ပါ။ Boots ပဲစီးစီး၊ Shoes ေလးေတြပဲစီးစီး အဆင္ေျပပါတယ္။

Jumpsuit နဲ႔ ေနကာမ်က္မွန္

jumpsuit

jumpsuit

ေထြေထြထူးထူးဖက္ရွင္ေတြ ဟိုတစ္စဒီတစ္စအေရာင္တြဲစပ္မႈေတြ မလုပ္ခ်င္ဘူးဆုိရင္ Jumpsuit ကိုေရြးခ်ယ္ပါ။ တစ္ထည္တည္းနဲ႔စတိုင္လ္မိုက္သြားျပီး ကိုယ္နဲ႔အလိုက္ဖက္ဆံုးေနကာမ်က္မွန္ေလးေကာက္တပ္လုိက္ရံုပါပဲ။ အျမန္ဆံုးနဲ႔ အလန္းဆံုးစတိုင္လ္ကိုပိုင္ဆုိင္ႏိုုင္မွာပါ။

Crop Top နဲ႔ Sweatpants

crop top-and-sweat-pants

crop top-and-sweat-pants

အျပင္မွာကဲဖုိ႔ ေဘာ္ဒါေတြကလည္း ေစာင္႔ေနျပီ ဘာမွလည္းအဆင္သင္႔မျဖစ္ေသးဘူးဆုိရင္ ဘာမွစဥ္းစားေနစရာမလုိပါဘူး။ Crop Top နဲ႔ Sweatpants ကိုသာ အေရာင္အတြဲအစပ္လုိက္ဖက္ေအာင္ေရြးခ်ယ္လုိက္ပါ။ ဒီ ဒီဇိုင္းမ်ိဳးက ဝတ္ဆင္ထားသူကိုလည္း သက္ေသာင္႔သက္သာရွိေစသလို လူငယ္ဆန္ဆန္သြက္လက္ေပါ႔ပါးေနေစပါတယ္။

ဘယ္ေလာက္ပဲအခ်ိန္မရွိဘူးေျပာေျပာ ဒီဖက္ရွင္ေလးေတြသာ ေကာက္ဝတ္လုိက္ရင္ ဘယ္ေတာ႔မွပံုတံုးၾကီးလုိ႔ ေျပာခံရမွာမဟုတ္ေတာ႔ပါဘူး။

www.akhayar.com

[Unicode]

၅ မိနစ်အတွင်း လန်းလွန်းမကလန်းသွားစေမယ့်ဖက်ရှင်များ

ဖက်ရှင်အမြင်ရှိသူတွေဆိုတာက ဖက်ရှင်အတွက်အချိန်အများကြီးပေးစရာမလို၊ ခွန်အားတွေသိပ်စိုက်ထုတ်စရာမလိုဘဲ အချိန်တိုအတွင်းဘယ်လိုဝတ်ရင်စတိုင်လ်ကျမလဲဆိုတာရွေးချယ်ဆုံးဖြတ်နိုင်သူတွေဖြစ်ပါတယ်။ တစ်ခါတလေအဝတ်အစားကိုအချိန်ပေးမရွေးချယ်အားတဲ့အခါမျိုးမှာ ထသွားထလာဒီဇိုင်းလေးတွေကိုပဲ အလန်းဆုံးဖြစ်အောင်ရွေးချယ်တွဲဖက်နိုင်စေဖို့ အမြဲဖက်ရှင်ကျနေသူတွေမျှဝေတဲ့  5 minute fashion tips လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

Floral Dress နဲ့ Boots

Floral-Design

Floral-Design

သက်သောင့်သက်သာရှိပြီး ၅ မိနစ်အတွင်း ဒီဇိုင်းလည်းမိုက်နေဖို့ဆိုရင် Floral Dress လေးကောက်ဝတ်ပြီး Boots လေးသာ စီးပါ။ Floral Theme လေးတွေကို အကျီ၊ စကတ်ရွေးချယ်နိုင်သလို Floral ဒီဇိုင်းအကျီလေးတွေနဲ့ ဂျင်းစကတ်တိုကို တွဲဝတ်ပြီးတော့ Boots ဖိနပ်လေးစီးလိုက်ရင်လည်း အရမ်းကိုမိုက်သွားမှာသေချာပါတယ်။ ဖက်ရှင်အတွက်အချိန်လည်းမကုန်တော့ပါဘူး။

Vintage Shirt နဲ့ Denim

Vintage-shirt-and-jeans

Vintage-shirt-and-jeans

ပူတဲ့ရာသီနဲ့ မိုးဖွဲဖွဲလေးထဲ သွားလာမယ်ဆိုရင်တော့ကွက်တိပါပဲ။ Vintage Shirt နဲ့ Denim တွဲဖက်မှုက ဝတ်ဆင်သူတိုင်းကို အထာကျနေစေတာကတော့ အသေအချာပါ။ Sneaker လေးစီးပြီး ၅ မိနစ်အတွင်းပေါ့ပါးသွက်လက်တဲ့ စတိုင်လ်လေးကို ဖန်တီးယူလို့ရပါတယ်။

အဖြူရောင်အကျီပွပွလေးနဲ့ဂျင်းအရောင်နုနု

white-and-jeans

white-and-jeans

အဖြူရောင် အကျီပွပွလေးနဲ့ ဂျင်းဘောင်းဘီအရောင်နုနု၊ Ripped Jeans လေးတွေတွဲဖက်ဝတ်ဆင်တာကလည်း ခဏအတွင်းသင့်ကိုရှင်းသန့်သွားစေပါတယ်။ ဖက်ရှင်ပိုမိုက်ချင်ရင် Heels အရောင်လှလှလေးတွေ၊ Sneakers လေးတွေစီးပါ။ နောက်တစ်ခုက အိတ်ပါ။ အိတ်ကို ဒီဇိုင်းဆန်းဆန်းရွေးသင့်ပြီး ခပ်သေးသေးနဲ့ကြိုးရှည်ရှည်လေးတွေ ပြီးတော့ Cross Bag လေးတွေ ရွေးရပါမယ်။

Plain Tee နဲ့ Fancy Skirt

fancy-skirt

fancy-skirt

တီရှပ်ဗြောင်လေးတွေနဲ့ စကတ်ဒီဇိုင်းမိုက်မိုက် Print မိုက်မိုက်လေးတွေသာ ကောက်ဝတ်သွားမယ်ဆိုရင် ဘယ်တော့မှပုံတုံးကြီးဆိုတဲ့ စကားသံကိုမကြားရစေဖို့အာမခံပါတယ်။

Sweatshirt နဲ့ Glam Skirt

Sweat-shirt

Sweat-shirt

Sweatshirt တွေက တွဲဖက်ဝတ်ဆင်တတ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့အမိုက်စား အသွင်အပြင်ကိုရပါတယ်။ Sweatshirt ကိုဘောင်းဘီတိုလေးတွေနဲ့ပဲမတွဲဖက်ဘဲ တောက်တောက်ပပ ပြိုးပြိုးပြက်ပြက်စကတ်တိုလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ Boots ပဲစီးစီး၊ Shoes လေးတွေပဲစီးစီး အဆင်ပြေပါတယ်။

Jumpsuit နဲ့ နေကာမျက်မှန်

jumpsuit

jumpsuit

ထွေထွေထူးထူးဖက်ရှင်တွေ ဟိုတစ်စဒီတစ်စအရောင်တွဲစပ်မှုတွေ မလုပ်ချင်ဘူးဆိုရင် Jumpsuit ကိုရွေးချယ်ပါ။ တစ်ထည်တည်းနဲ့စတိုင်လ်မိုက်သွားပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံးနေကာမျက်မှန်လေးကောက်တပ်လိုက်ရုံပါပဲ။ အမြန်ဆုံးနဲ့ အလန်းဆုံးစတိုင်လ်ကိုပိုင်ဆိုင်နိုုင်မှာပါ။

Crop Top နဲ့ Sweatpants

crop top-and-sweat-pants

crop top-and-sweat-pants

အပြင်မှာကဲဖို့ ဘော်ဒါတွေကလည်း စောင့်နေပြီ ဘာမှလည်းအဆင်သင့်မဖြစ်သေးဘူးဆိုရင် ဘာမှစဉ်းစားနေစရာမလိုပါဘူး။ Crop Top နဲ့ Sweatpants ကိုသာ အရောင်အတွဲအစပ်လိုက်ဖက်အောင်ရွေးချယ်လိုက်ပါ။ ဒီ ဒီဇိုင်းမျိုးက ဝတ်ဆင်ထားသူကိုလည်း သက်သောင့်သက်သာရှိစေသလို လူငယ်ဆန်ဆန်သွက်လက်ပေါ့ပါးနေစေပါတယ်။

ဘယ်လောက်ပဲအချိန်မရှိဘူးပြောပြော ဒီဖက်ရှင်လေးတွေသာ ကောက်ဝတ်လိုက်ရင် ဘယ်တော့မှပုံတုံးကြီးလို့ ပြောခံရမှာမဟုတ်တော့ပါဘူး။

www.akhayar.com