[Zawgyi]

ဘဝမွာ ေအာင္ျမင္ေပ်ာ္ရႊင္ခ်င္ရင္ ဒါေလးေတြ လက္ကိုင္ထားပါ

ေခတ္မီ တိုးတက္တဲ႔ ဒီေန႔အခ်ိန္ခါမွာ လုိက္ပါစီးေမ်ာတဲ့အခါ သူမ်ားထက္ ေခတ္ေနာက္က် မက်န္ခဲ႔ရေလေအာင္ ႀကိဳးစားရုန္းကန္ရတဲ႔အခါ စိတ္ဖိစီးမႈေတြမ်ားစြာနဲ႔ ရင္ဆိုင္ႀကံဳေတြရပါတယ္။ စိတ္ဖိစီးမႈဆိုတဲ႔အမ်ဳိးကလည္း မတြန္းလွန္ႏိုင္ရင္ ေရာက္ရွိေနတဲ႔ေနရာကေန သုညဘဝေရာက္ေအာင္ ဆဲြခ်သြားႏိုင္တာမ်ဳိးပါ။ အဲဒီလုိမျဖစ္သြားေစဖို႔အတြက္ဆို စိတ္ဖိစီးမႈကို တြန္းလွန္ပံုတြန္းလွန္နည္းက အလြန္အေရးႀကီးပါတယ္။ ေအာင္ျမင္မႈရေအာင္ ႀကိဳးစားတည္ေဆာက္ရတာ လြယ္ကူတဲ႔အရာ မဟုတ္တဲ႔အတြက္ စိတ္ဖိစီးမႈဒဏ္မခံႏိုင္လို႔ ေအာင္ျမင္မႈပ်က္စီးရတာမ်ဳိး မျဖစ္ရေအာင္ ေပ်ာ္ရႊင္တဲ႔လူသားေတြက်င္႔သံုးတဲ႔ နည္းလမ္းေကာင္းေတြကို လိုက္နာမွတ္သား ေလ့လာၾကည့္ၾကရေအာင္။

(၁) တရားထုိင္ပါ

ေရွးလူႀကီးေတြနဲ႔ ေအာင္ျမင္ေပ်ာ္ရႊင္သူေတြ အျမဲမွ်ေဝေပးခဲ႔တဲ႔ နည္းလမ္းေတြထဲမွာ တရားထိုင္ပါလို႔ တိုက္တြန္းထားတာကို ေတြ႔ဖူးၾကမွာပါ။ တရားထိုင္ပါလို႔ တိုက္တြန္းထားတာကို ေတြ႔ဖူးျမင္ဖူးေပမယ္႔လည္း တရားထုိင္ျခင္းက တကယ္ပဲ အက်ဳိးရွိေစလားဆိုတာကို ယံုမွားသံသယဝင္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တရားထိုင္ျခင္းကို အခုမွအစပ်ဳိးၿပီး လုပ္တဲ႔သူေတြအတြက္ဆို စိတ္စုစည္းဖို႔ အင္မတန္ခက္ခဲၿပီး အေတြးေတြ ပိုမ်ားလာေစတဲ႔ အတြက္ေၾကာင့္ပါ။ အေတြးေတြပိုေတြးမိရင္ စိတ္ဖိစီးမႈေတြ ပိုျဖစ္လာေစလုိ႔ အလုပ္ျဖစ္ရဲ႕လားလို႔ ေတြးေတာၾကတာလည္း မဆန္းပါဘူး။ ဒါေပမယ့္ တရားထိုင္တာကို ေသခ်ာေလး ပံုမွန္လုပ္ၾကည္႔လိုက္ရင္ စိတ္ဖိစီးမႈေတြ ေလ်ာ့ပါးေစရုံသာမက က်န္းမာေရးအတြက္ပါ အက်ဳိးထူးေစတယ္ဆိုတာကို ေတြ႕ရွိလာႏိုင္တဲ့အျပင္ ကိုယ္ကဘယ္သူလဲ ကိုယ္ဘာလိုခ်င္လဲဆိုတာကို ေသေသခ်ာခ်ာေလး သိျမင္လာႏိုင္ၿပီး မွန္ကန္တဲ႔ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္လာႏိုင္မွာပါ။ စစခ်င္းမွာေတာ့ ခက္ခဲႏိုင္တဲ႔အတြက္ မိနစ္အနည္းငယ္ေလာက္ရေအာင္ စထိုင္ၾကည္႔ၿပီး ေနာက္မွ မိနစ္ေလးေတြ တိုးတိုးၿပီး ထုိင္ၾကည့္ပါ။

Mediation

Mediation

(၂) လက္ရွိအခ်ိန္ကုိပဲေတြးေတာပါ

မျဖစ္ေသးတဲ႔ အနာဂတ္ကအေၾကာင္းအရာေတြကို ေတြးေတာၿပီး စိတ္ပူပန္ေနမယ္႔အစား လက္ရွိလုပ္ေနတဲ႔အလုပ္ကို ပိုၿပီးအာရုံစူးစိုက္လုပ္တာက ေအာင္ျမင္မႈလည္းရရွိေစသလို စိတ္ဖိစီးမႈေတြကိုလည္းေလ်ာ့ပါးေစပါတယ္။ ေပ်ာ္ရႊင္ေအာင္ျမင္ေနတဲ့ လူေတြကလည္း တတ္ႏိုင္သမွ် လက္ရွိအခ်ိန္ကိုသာ အာရုံစိုက္ၿပီး လုပ္ေဆာင္ေလ့ရွိတဲ႔အတြက္ ေအာင္ျမင္မႈေကာ ေပ်ာ္ရႊင္မႈကိုပါ ပိုင္ဆိုင္ႏိုင္ေအာင္ ျပဳလုပ္ႏိုင္ျခင္း ျဖစ္ပါတယ္။ ဒီရုိးရွင္းလြယ္ကူတဲ႔ ေနထိုင္မႈနည္းလမ္းကို နားလည္သေဘာေပါက္သြားရင္ ဘဝမွာ စိတ္ဖိစီးမႈေတြ အေတာ္အတန္ေလ်ာ့ပါးသြားေစၿပီး ေအာင္ျမင္မႈလမ္းစေပၚကို ေရာက္ရွိသြားေစႏိုင္ပါတယ္။

Thinking

(၃) ကိုယ္ရဲ႕စိတ္ခံစားခ်က္ကို သတိျပဳမိေအာင္ႀကိဳးစားပါ

ကိုယ္ရဲ႕စိတ္ခံစားခ်က္ကို နားလည္သေဘာေပါက္ၿပီး သတိျပဳမိေအာင္ႀကိဳးစားျခင္းကလည္း စိတ္ဖိစီးမႈကိုေလ်ာ့ပါးေစတဲ့ နည္းလမ္းေကာင္းေတြထဲက အလုပ္ျဖစ္ေစတဲ့ နည္းလမ္းေကာင္းတစ္ခုပါ။ ကိုယ္ခံစားခ်က္ကို နားလည္ၿပီး ခံစားခ်က္အတိုင္း တစိုက္မတ္မတ္လုပ္ေဆာင္ျခင္းက ေအာင္ျမင္မႈကို ပိုမိုရရွိေစသလို ဘာျဖစ္ေနလဲဆိုတာ ေသခ်ာသိရွိထားတဲ႔အတြက္ ေျဖရွင္းရတာလည္း ပိုမိုလြယ္ကူေစပါတယ္။ အရမ္းမြန္းၾကပ္မႈေတြ ျဖစ္လာရင္ ခဏေလာက္တိတ္တိတ္ဆိတ္ဆိတ္ေလးေနၿပီး ကိုယ့္ကိုယ္ကို ျပန္ျမင္ေအာင္ ၾကည္႔ၾကည္႔ပါ။

(၄) ေန႔စဥ္မွတ္တမ္းေရးပါ

ေန႔စဥ္မွတ္တမ္းေရးျခင္းက ဘဝမွာ ျဖစ္ပ်က္ခဲ႔တဲ႔အရာေတြနဲ႔ ဘယ္လိုခံစားခဲ႔ရလဲဆိုတာကို သတိထားမိေစဖို႔ ကူညီေပးပါတယ္။ ေန႔စဥ္မွတ္တမ္းခ်ေရးလိုက္ျခင္းျဖင္႔ စိတ္လက္ေပါ့ပါးသြားေစသလို စိတ္ဖိစီးမႈေတြ ႀကံဳေတြ႔လို႔ ျပန္ၾကည္႔တဲ႔အခါမွာလည္း အတိတ္က အခက္အခဲေတြကို ဘယ္လိုေက်ာ္ျဖတ္ခဲ႔တယ္ဆိုတာ ျပန္ေတြးမိၿပီး စိတ္ဓာတ္တက္ၾကြဖို႔ ခြန္အားေတြ ယူႏိုင္ပါတယ္။ ဒါေၾကာင္႔မို႔ စိတ္ဖိစီးလာရင္ ေန႔စဥ္မွတ္တမ္းေရးၿပီး ေလ်ာ့ခ်ၾကည့္ပါ။

Keep a journal

(၅) Social Media အသံုးျပဳမႈေတြကို ေလ်ာ့႔သံုးပါ

Social Media ကသံုးတတ္ရင္ေဆးျဖစ္ေစေသာ္လည္း မသံုးတတ္ရင္အဆိပ္အေတာက္ ျဖစ္ေစပါတယ္။ Social Media ေပၚက ဖန္တီးထားတဲ႔ အတုအေယာင္ေပ်ာ္ရႊင္မႈေတြကို ၾကည္႔ၿ႔ပီး အခ်ိန္ကုန္ခံေနမယ္႔အစား အက်ဳိးရွိမယ္႔အရာတစ္္ခုခုကို သင္ယူေလ့လာတာက စိတ္ညစ္ညဴးမႈကို ပိုမိုေလ်ာ့နည္းေစမွာပါ။ ေပ်ာ္ရႊင္တက္ၾကြတဲ႔လူူေတြဟာ Social Media ကို အခ်ိန္အတုိင္းအတာတစ္ခုအထိေလာက္ပဲ သံုးၿပီး တရားထိုင္ျခင္း၊ မိသားစုကိုအခ်ိန္ေပးၿပီး ေပ်ာ္ရႊင္စရာေတြ ဖန္တီးျခင္း၊ စိတ္ေပ်ာ္ရႊင္ေစမယ္႔ထလိုထင္တဲ႔အရာေတြကို ျပဳလုပ္ျခင္းျဖင့္ စိတ္လက္ေပါ့ပါးေအာင္ ေနထုိင္ၾကပါတယ္။

Using Social Media

Using Social Media

ဘဝမွာ ျဖတ္သန္းရတဲ႔ ေန႔ရက္တိုင္းက အခက္အခဲမရွိ လြယ္ကူေပ်ာ္ရႊင္ေနတာမ်ဳိးေတာ့ မဟုတ္တဲ႔အတြက္ ခက္ခဲပင္ပန္းမႈေတြနဲ႔ ႀကံဳေတြ႔လို႔ စိတ္အရမ္းညစ္ၿပီး ေပ်ာ္ရႊင္မႈေတြ ေပ်ာက္ဆံုးလာတဲ႔အခါမ်ဳိးမွာ အထက္ကနည္းလမ္းေတြ က်င္႔သံုးၿပီး ေပ်ာ္ရႊင္မႈရေအာင္ ျပန္လည္တည္ေဆာက္ကာ ဘဝႀကီးကို ႀကံႀကံခုိင္ခိုင္ ေက်ာ္ျဖတ္ၿပီး ေအာင္ျမင္ေပ်ာ္ရႊင္တဲ႔သူေတြ ျဖစ္လာႏိုင္ပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

ဘဝမှာ အောင်မြင်ပျော်ရွှင်ချင်ရင် ဒါလေးတွေ လက်ကိုင်ထားပါ

ခေတ်မီ တိုးတက်တဲ့ ဒီနေ့အချိန်ခါမှာ လိုက်ပါစီးမျောတဲ့အခါ သူများထက် ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင် ကြိုးစားရုန်းကန်ရတဲ့အခါ စိတ်ဖိစီးမှုတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေရပါတယ်။ စိတ်ဖိစီးမှုဆိုတဲ့အမျိုးကလည်း မတွန်းလှန်နိုင်ရင် ရောက်ရှိနေတဲ့နေရာကနေ သုညဘဝရောက်အောင် ဆွဲချသွားနိုင်တာမျိုးပါ။ အဲဒီလိုမဖြစ်သွားစေဖို့အတွက်ဆို စိတ်ဖိစီးမှုကို တွန်းလှန်ပုံတွန်းလှန်နည်းက အလွန်အရေးကြီးပါတယ်။ အောင်မြင်မှုရအောင် ကြိုးစားတည်ဆောက်ရတာ လွယ်ကူတဲ့အရာ မဟုတ်တဲ့အတွက် စိတ်ဖိစီးမှုဒဏ်မခံနိုင်လို့ အောင်မြင်မှုပျက်စီးရတာမျိုး မဖြစ်ရအောင် ပျော်ရွှင်တဲ့လူသားတွေကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေကို လိုက်နာမှတ်သား လေ့လာကြည့်ကြရအောင်။

(၁) တရားထိုင်ပါ

ရှေးလူကြီးတွေနဲ့ အောင်မြင်ပျော်ရွှင်သူတွေ အမြဲမျှဝေပေးခဲ့တဲ့ နည်းလမ်းတွေထဲမှာ တရားထိုင်ပါလို့ တိုက်တွန်းထားတာကို တွေ့ဖူးကြမှာပါ။ တရားထိုင်ပါလို့ တိုက်တွန်းထားတာကို တွေ့ဖူးမြင်ဖူးပေမယ့်လည်း တရားထိုင်ခြင်းက တကယ်ပဲ အကျိုးရှိစေလားဆိုတာကို ယုံမှားသံသယဝင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားထိုင်ခြင်းကို အခုမှအစပျိုးပြီး လုပ်တဲ့သူတွေအတွက်ဆို စိတ်စုစည်းဖို့ အင်မတန်ခက်ခဲပြီး အတွေးတွေ ပိုများလာစေတဲ့ အတွက်ကြောင့်ပါ။ အတွေးတွေပိုတွေးမိရင် စိတ်ဖိစီးမှုတွေ ပိုဖြစ်လာစေလို့ အလုပ်ဖြစ်ရဲ့လားလို့ တွေးတောကြတာလည်း မဆန်းပါဘူး။ ဒါပေမယ့် တရားထိုင်တာကို သေချာလေး ပုံမှန်လုပ်ကြည့်လိုက်ရင် စိတ်ဖိစီးမှုတွေ လျော့ပါးစေရုံသာမက ကျန်းမာရေးအတွက်ပါ အကျိုးထူးစေတယ်ဆိုတာကို တွေ့ရှိလာနိုင်တဲ့အပြင် ကိုယ်ကဘယ်သူလဲ ကိုယ်ဘာလိုချင်လဲဆိုတာကို သေသေချာချာလေး သိမြင်လာနိုင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လာနိုင်မှာပါ။ စစချင်းမှာတော့ ခက်ခဲနိုင်တဲ့အတွက် မိနစ်အနည်းငယ်လောက်ရအောင် စထိုင်ကြည့်ပြီး နောက်မှ မိနစ်လေးတွေ တိုးတိုးပြီး ထိုင်ကြည့်ပါ။

Mediation

Mediation

(၂) လက်ရှိအချိန်ကိုပဲတွေးတောပါ

မဖြစ်သေးတဲ့ အနာဂတ်ကအကြောင်းအရာတွေကို တွေးတောပြီး စိတ်ပူပန်နေမယ့်အစား လက်ရှိလုပ်နေတဲ့အလုပ်ကို ပိုပြီးအာရုံစူးစိုက်လုပ်တာက အောင်မြင်မှုလည်းရရှိစေသလို စိတ်ဖိစီးမှုတွေကိုလည်းလျော့ပါးစေပါတယ်။ ပျော်ရွှင်အောင်မြင်နေတဲ့ လူတွေကလည်း တတ်နိုင်သမျှ လက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်လေ့ရှိတဲ့အတွက် အောင်မြင်မှုကော ပျော်ရွှင်မှုကိုပါ ပိုင်ဆိုင်နိုင်အောင် ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီရိုးရှင်းလွယ်ကူတဲ့ နေထိုင်မှုနည်းလမ်းကို နားလည်သဘောပေါက်သွားရင် ဘဝမှာ စိတ်ဖိစီးမှုတွေ အတော်အတန်လျော့ပါးသွားစေပြီး အောင်မြင်မှုလမ်းစပေါ်ကို ရောက်ရှိသွားစေနိုင်ပါတယ်။

Thinking

(၃) ကိုယ်ရဲ့စိတ်ခံစားချက်ကို သတိပြုမိအောင်ကြိုးစားပါ

ကိုယ်ရဲ့စိတ်ခံစားချက်ကို နားလည်သဘောပေါက်ပြီး သတိပြုမိအောင်ကြိုးစားခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့ပါးစေတဲ့ နည်းလမ်းကောင်းတွေထဲက အလုပ်ဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ကိုယ်ခံစားချက်ကို နားလည်ပြီး ခံစားချက်အတိုင်း တစိုက်မတ်မတ်လုပ်ဆောင်ခြင်းက အောင်မြင်မှုကို ပိုမိုရရှိစေသလို ဘာဖြစ်နေလဲဆိုတာ သေချာသိရှိထားတဲ့အတွက် ဖြေရှင်းရတာလည်း ပိုမိုလွယ်ကူစေပါတယ်။ အရမ်းမွန်းကြပ်မှုတွေ ဖြစ်လာရင် ခဏလောက်တိတ်တိတ်ဆိတ်ဆိတ်လေးနေပြီး ကိုယ့်ကိုယ်ကို ပြန်မြင်အောင် ကြည့်ကြည့်ပါ။

(၄) နေ့စဉ်မှတ်တမ်းရေးပါ

နေ့စဉ်မှတ်တမ်းရေးခြင်းက ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ ဘယ်လိုခံစားခဲ့ရလဲဆိုတာကို သတိထားမိစေဖို့ ကူညီပေးပါတယ်။ နေ့စဉ်မှတ်တမ်းချရေးလိုက်ခြင်းဖြင့် စိတ်လက်ပေါ့ပါးသွားစေသလို စိတ်ဖိစီးမှုတွေ ကြုံတွေ့လို့ ပြန်ကြည့်တဲ့အခါမှာလည်း အတိတ်က အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာ ပြန်တွေးမိပြီး စိတ်ဓာတ်တက်ကြွဖို့ ခွန်အားတွေ ယူနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ဖိစီးလာရင် နေ့စဉ်မှတ်တမ်းရေးပြီး လျော့ချကြည့်ပါ။

Keep a journal

(၅) Social Media အသုံးပြုမှုတွေကို လျော့သုံးပါ

Social Media ကသုံးတတ်ရင်ဆေးဖြစ်စေသော်လည်း မသုံးတတ်ရင်အဆိပ်အတောက် ဖြစ်စေပါတယ်။ Social Media ပေါ်က ဖန်တီးထားတဲ့ အတုအယောင်ပျော်ရွှင်မှုတွေကို ကြည့်ြ့ပီး အချိန်ကုန်ခံနေမယ့်အစား အကျိုးရှိမယ့်အရာတစ်ခုခုကို သင်ယူလေ့လာတာက စိတ်ညစ်ညူးမှုကို ပိုမိုလျော့နည်းစေမှာပါ။ ပျော်ရွှင်တက်ကြွတဲ့လူူတွေဟာ Social Media ကို အချိန်အတိုင်းအတာတစ်ခုအထိလောက်ပဲ သုံးပြီး တရားထိုင်ခြင်း၊ မိသားစုကိုအချိန်ပေးပြီး ပျော်ရွှင်စရာတွေ ဖန်တီးခြင်း၊ စိတ်ပျော်ရွှင်စေမယ့်ထလိုထင်တဲ့အရာတွေကို ပြုလုပ်ခြင်းဖြင့် စိတ်လက်ပေါ့ပါးအောင် နေထိုင်ကြပါတယ်။

Using Social Media

Using Social Media

ဘဝမှာ ဖြတ်သန်းရတဲ့ နေ့ရက်တိုင်းက အခက်အခဲမရှိ လွယ်ကူပျော်ရွှင်နေတာမျိုးတော့ မဟုတ်တဲ့အတွက် ခက်ခဲပင်ပန်းမှုတွေနဲ့ ကြုံတွေ့လို့ စိတ်အရမ်းညစ်ပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာတဲ့အခါမျိုးမှာ အထက်ကနည်းလမ်းတွေ ကျင့်သုံးပြီး ပျော်ရွှင်မှုရအောင် ပြန်လည်တည်ဆောက်ကာ ဘဝကြီးကို ကြံကြံခိုင်ခိုင် ကျော်ဖြတ်ပြီး အောင်မြင်ပျော်ရွှင်တဲ့သူတွေ ဖြစ်လာနိုင်ပါစေ။

H.H(Akhayar)

www.akhayar.com