ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်ကို ( ၄ – ၁ )နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ ဒီယူရိုပါလိဂ်ချန်ပီယံဆုဟာ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖြစ်ပြီး နည်းပြဆာရီ Sarri အတွက်တော့ သူရဲ့နည်းပြဘ၀ ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုဖြစ်ခဲ့ပါတယ်။ နည်းပြဆာရီ ရဲ့ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုအတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေရှိခဲ့ပြီး အခုဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Emerson

ဘယ်နောက်ခံလူ အီမာဆင် Emerson ကတော့ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတစ်လျှောက်မှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အီမာဆင် ဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်ခြမ်းမှာ ဟာဇက် Hazard နဲ့ အတွဲညီညီခြေစွမ်းပြကစားခဲ့ပြီး အာဆင်နယ်ခံစစ်ပိုင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။

Kante

ချယ်လ်ဆီးအသင်းရဲ့ နိုင်ပွဲမှာတော့ ကွင်းလယ်လူ ကွန်တေ Kante ဟာ အရေးပါတဲ့နေရာမှာရှိခဲ့တာပါ။ ဒဏ်ရာပြဿနာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကွန်တေ ပါဝင်လာခဲ့တာဟာ အားတက်စရာဖြစ်ခဲ့သလို ကွင်းလယ်မှာလည်း နေရာစုံလိုက်ကစားခဲ့ပြီး အသင်းအတွက် အထောက်အပံကောင်းဖြစ်စေခဲ့ပါတယ်။

Pedro

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ပတ်ဒရို Pedro ဟာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သလို သွင်းဂိုး(၁)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာတော့ ပတ်ဒရို ဟာ ကမ္ဘာ့ဖလား ၊ ယူရို ၊ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ UEFA Super Cup နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို ရရှိခဲ့ပါတယ်။

Giroud

တိုက်စစ်မှူုး ဂျရူး Giroud ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းဟောင်း အာဆင်နယ်အသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ (၄)ဂိုးမှာ ဂျရူး ဟာ (၃)ဂိုးထိ ပါဝင်ပတ်သက်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာတော့ ဂျရူး ဟာ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး သူ့ကြောင့် ပယ်နယ်တီကန်ခွင့်ပါ အသင်းက ရရှိခဲ့သလို ဟာဇက် အတွက် သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Hazard

ဟာဇက် ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဟာဇက် ဟာ လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ (၄)ဂိုးမှာ (၃)ဂိုးထိ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဟာဇက် ဟာ (၂)ဂိုးသွင်းယူခဲ့ပြီး (၁)ဂိုးဖန်တီးပေးခဲ့သလို အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်း အကောင်းဆုံး ဦးဆောင်ကစားခဲ့ပါတယ်။

Ref: Sportskeeda
Photo: The Independent , Sportskeeda , 101 Great Goals , Daily Mail
Ko Kyue(Akhayar)
www.akhayar.com