ဒီနေ့ (မြန်မာစံတော်ချိန် ကြာသပတေး မနက် ၁း၃၀ နာရီ)မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်ယူ နဲ့ မန်စီးတီး တို့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံအိမ်မက်ကို ရှေ့ဆက်မယ့် မန်စီးတီးနဲ့ ထိပ်သီး(၄)သင်းဝင်ခွင့် မျှော်လင့်ချက်ကို ပုံဖော်မယ့် မန်ယူအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါ။ အခု ဒီ Article မှာတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရင်ခုန်စရာကောင်းခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Manchester United 4-3 Manchester City (2009)

အာရပ်သူဌေးတွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့အတူ အင်အားကြီးထွားလာတဲ့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ပါ။ ဒီပွဲမှာတော့ မန်စီးတီးတိုက်စစ်ကို မန်ယူတိုက်စစ်ကစားသမားဟောင်း တီဗက်ဇ် Tevez က ဦးဆောင်လာခဲ့ပြီး ဒီနှစ်သင်းရဲ့ ထုံးစံအတိုင်း ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ရင်ခုန်စရာကောင်းခဲ့ပြီး မိုက်ကယ်အိုဝင် Owen ရဲ့ ထပ်ဆောင်းအချိန်ပို အနိုင်ဂိုးနဲ့ မန်စီးတီး အသည်းခွဲခံခဲ့ရပါတယ်။ မန်စီးတီးနည်းပြ မာဟုခ်ျ့ Mark Hughes ကတော့ မနယူအသင်းဂိုးရခဲ့တဲ့ အချိန်ဟာ ထပ်ဆောင်းအချိန်ပိုရဲ့ အချိန်ကို ကျော်လွန်သွားခဲ့ပြီလို့ စောဒကတက်ခဲ့ပြီး ပေါက်ကွဲခဲ့ပါတယ်။

Manchester United 1-6 Manchester City (2011)

အိုးထရက်ဖို့ဒ်မှာ မန်ယူကို မန်စီးတီးအသင်း အပြတ်အသတ်ကို ချေမှုန်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဖာဂူဆန် Ferguson ရဲ့ မန်ယူအသင်း မန်စီးတီး ပြုသမျှနုခဲ့ရပြီး ဂိုးသမား ဒီဂီယာ De Gea အတွက်လည်း စိတ်ပျက်စရာနေ့ရက်တစ်ရက် ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဆိုးရွားတဲ့ ရှုံးပွဲဖြစ်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ဂုဏ်ယူစရာနိုင်ပွဲဖြစ်ခဲ့သလို ဘာလိုတယ်လီ Balotelli ရဲ့ Why Always Me ? စာသားဟာလည်း နာမည်ကြီးခဲ့ပါတယ်။

Manchester United 2-1 Manchester City (2011)

နှစ်သင်းလုံး အကောင်းဆုံးကြိုးစားကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ရွန်နီ Rooney ရဲ့ နောက်ပြန်ကန်ချက်အနိုင်ဂိုးနဲ့ မန်ယူအသင်း အနိုင်ရရှိခဲ့ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်ရဲ့ အကောင်းဆုံးသွင်းဂိုး တစ်ဂိုးလည်းဖြစ်ခဲ့ပြီး ဘယ်တော့မှမေ့လို့မရမယ့် ဂိုးလည်းဖြစ်ခဲ့ပါတယ်။

Manchester City 2-3 Manchester United (2012)

အီတီဟတ်မှာ ရွန်နီ ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်ပေးခဲ့ရတာကြောင့် ဘယ်အသင်းက အနိုင်ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ပွဲပြီးခါနီး (၉၂)မိနစ်မှာတော့ ဗန်ပါစီ Van Persie သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးနဲ့ မန်ယူအသင်း အနိုင်ရရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Manchester City 2-3 Manchester United (2018)

မန်စီးတီးအသင်းရဲ့ ဦးဆောင်ဂိုးတွေကြောင့် မန်ယူအသင်း ရှုံးနိမ့်ခဲ့ပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ဒုတိယပိုင်းမှာတော့ မန်ယူအသင်းရဲ့ ပြန်လာနိုင်စွမ်းကို မြင်တွေ့ခဲ့ရပြီး ပေါ့ဘာ Pogba ၊ စမောလင်း Smalling တို့ရဲ့ ဂိုးတွေနဲ့ အီတီဟတ်မှာ မန်ယူအသင်းအနိုင်ရရှိခဲ့ပါတယ်။

Ref: Sportskeeda
Photo: The Independent , FanSided , Premier League , The Independent , The Busby Babe
Ko Kyue(Akhayar)
www.akhayar.com