lipstick
[Zawgyi]
၁။ Glossy Lips
၂။ Tinted Lips
၃။ Cupid’s Bow
HUAWEI Nova 2i
HUAWEI Nova 2i
၎။ Red Hot Lips
၅။ Peach Please
Redrose (အခရာ)
www.akhayar.com
[Unicode]
၂၀၁၈ မှာ ပျိုမေတို့အတွက် ရေပန်းစားလာမယ့် နှုတ်ခမ်းနီအရောင် ၅မျိုး
ခေတ်ရေစီးကြောင်းတွေက တစ်နှစ်နဲ့တစ်နှစ်မတူညီကြဘူး။ ခေတ်ရေစီးကြောင်းကွဲပြားတာနဲ့အမျှ ဖက်ရှင်တွေ၊ မိတ်ကပ်တွေနဲ့လူနေမှုပုံစံတွေကလည်းကွဲပြားလာကြတယ်။ ဒါပေမယ့်ဒီ ၂၀၁၈ခုနှစ်မှာတော့ ပျိုမေတို့ကြားထဲမှာ ရေပန်းစားလာမယ့် နှုတ်ခမ်းနီ၅မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ Glossy Lips
၂၀၁၇မှာတော့ Matte Lipstick Trend က ပျိုမေတွေအပေါ်မှာ စိုးမိုးခဲ့ပါတယ်။ ၂၀၁၈ပြောင်းလာတဲ့အချိန်မှာတော့ Rihanna ရဲ့ Fenty Makeup Products ကို တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေအားလုံးကို ချပြလိုက်တဲ့အတွက် Glass Lip လို့ခေါ်တဲ့ Gloss ပုံစံလေးတွေတစ်ပြန်ခတ်စားလာမှာဖြစ်ပါတယ်။
၂။ Tinted Lips
ပျိုမေလေးတွေ နှုတ်ခမ်းနီကိုပိုပြီးတာရှည်ခံစေချင်လာကြတဲ့အတွက် Tinted Lip က၂၀၁၈မှာ ပိုပြီးတပ်မက်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ၂၀၁၆နောက်ပိုင်း ထုတ်လာတဲ့ Tint Lipstick တွေမှာ နှုတ်ခမ်းသားကိုမပျက်စီးစေပဲ နှုတ်ခမ်းလေးကို စိုစိုလေးဖြစ်စေအောင် အာဟာရဖြည့်ပေးအောင်ထုတ်လုပ်လာပါတယ်။ အဲဒီအတွက် မနက်ကဆိုးထားရင်တောင် ညဘက်အထိမပျက်ပဲရှိနေတဲ့အထိ Long Lasting ပေးပါတယ်။
၃။ Cupid’s Bow
Cupid’s Bow ဆိုတာကတော့ Fashion Runway Makeup ကနေ ဆင်းသက်ပြီး စိုးမိုးလာမယ့် နှုတ်ခမ်းနီဆိုးနည်းလေးဖြစ်ပါတယ်။ အရင်ဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီအပြည့်ရပါတယ်။ ပြီးတာနဲ့ နှုတ်ခမ်းဖူး ထိပ်နားကို Glitter Liner နဲ့ ကွပ်ရနဲ့ နှုတ်ခမ်းနီဆိုးနည်းလေးဖြစ်ပါတယ်။ Coachella Festival မှာလည်း ဒီနှုတ်ခမ်းနီဆိုးနည်းကိုတွေ့ရှိလာရမှာဖြစ်ပါတယ်။
HUAWEI Nova 2i
HUAWEI Nova 2i
HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်
၄။ Red Hot Lips
နှုတ်ခမ်းနီမှာ အနီရောင်နှုတ်ခမ်းနီကတော့ Queen ပါ။ ဒါပေမယ့်နှုတ်ခမ်းနီ အနီရောင်ကို ဆိုးတဲ့အခါမှာတော့ Cat Eye ပုံစံ (သို့) Smokey Eye ပုံစံ မျက်လုံးပုံစံခြယ်သပြီးမှ ဆိုးကြပါတယ်။ ဒါပေမယ့် ၂၀၁၈ မှာတော့ မျက်လုံးမိတ်ကပ်မပါပဲ နှုတ်ခမ်းနီ အနီရောင်ကိုပဲအသားပေးပြီး ဆိုးလာတာကိုတွေ့ရမှဖြစ်ပါတယ်။
၅။ Peach Please
၂၀၁၇အကုန်မှာတော့ နှုတ်ခမ်းနီအရောင်တွေထဲမှာ အသားရောင်နဲ့ အညိုရောင်တွေခေတ်စားခဲ့ပါတယ်။ ၂၀၁၈မှာတော့ မက်မွန်သီးအရောင် နှုတ်ခမ်းနီက ပျိုမေတို့ကြားမှာ စိုးမိုးလာမှာဖြစ်ပါတယ်။ မက်မွန်သီးအရောင် နှုတ်ခမ်းနီလေးတွေက အကျႌပုံစံလဲမရွေးတဲ့အပြင် နေရာဒေသလည်းမရွေးတဲ့အတွက် အိတ်ဆောင်နှုတ်ခမ်းနီအနေနဲ့ထည့်ထားသင့်ပါတယ်။
နှုတ်ခမ်းနီက မိန်းကလေးတွေအတွက် အသက်ဖြစ်ပါတယ်။ နှုတ်ခမ်းလေးဖူးနေပြီး ဆိုးထားတဲ့ နှုတ်ခမ်းနီလေးက လှနေရင် မြင်သူတိုင်းကသဘောကျနေကြမှာအမှန်ပါ။ ၂၀၁၈မှာ ဘယ်လိုအရောင်လေးတွေ ပျိုမေတို့အပေါ်စိုးမိုးနိုင်တယ်ဆိုတာပြောပြပေးပြီးပြီဆိုတော့ အမြန်သာပြေးဝယ်ပြီးဆောင်ထားလိုက်တော့နော်။
Redrose (အခရာ)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။