[Zawgyi]

လက္ရိွ ေဘာလံုးေလာကမွာ လစာေငြအမ်ားဆံုးရရိွေနတဲ႔ နာမည္ေက်ာ္ကစားသမားမ်ား

ေဘာလံုးဟာ တျဖည္းျဖည္းနဲ႔ စီးပြားေရးဆန္လာခဲ႔ပါတယ္။ ေဘာလံုးအားကစားရဲ႕ ေနာက္ကြယ္မွာ ေငြေၾကးပိုင္းဆိုင္ရာ လႊမ္းမိုးမႈၾကီးထြားလာခဲ႔တာပါ။ ကစားသမားေတြရဲ႕ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ကစားသမားေတြရဲ႕ လုပ္ခလစာေငြေတြ ဟာလည္း အဆမတန္ျမင္႔တက္လာခဲ႔ပါတယ္။ ထိပ္တန္းကစားမားေတြဟာ သူတို႔ရဲ႕ေျခစြမ္းနဲ႔ထိုက္တန္တဲ႔ လုပ္ခလစာေငြေတြကို ရရိွၾကျပီး လက္ရိွ ေဘာလံုးေလာကမွာ လစာေငြအမ်ားဆံုးရရိွေနတဲ႔ နာမည္ေက်ာ္ကစားသမားမ်ားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၃) ေအာ္စကာ Oscar နဲ႔ ဆန္းခ်က္ဇ္ Sanchez (တစ္ပတ္လစာ ေပါင္ ၄ သိန္း)

Oscar

Oscar

ေအာ္စကာ Oscar ဟာ ၂၀၁၇ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းကေန တ႐ုတ္စူပါလိဂ္ကလပ္ Shanghai SIPG အသင္းကို ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၆၀)နဲ႔ အံအားသင္႔ဖြယ္ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ေအာ္စကာ Oscar ကိုေငြမက္သူလို႔ ေ၀ဖန္မႈေတြရိွေပမယ္႔ ေအာ္စကာ Oscar ဟာ ဒီအရာေတြကို ဂ႐ုမစိုက္ပဲ ေရွ႕ဆက္ခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ ေအာ္စကာ Oscar ဟာ Shanghai SIPG အသင္းရဲ႕ကြင္းလယ္ကို ဦးေဆာင္ကစားေနျပီး အသင္းအတြက္သြင္းဂိုး(၁၇)ဂိုးသြင္းယူေပးထားပါတယ္။

Sanchez

Sanchez

ဆန္းခ်က္ဇ္ Sanchez ဟာ ျပီးခဲ႔တဲ႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ မန္ယူအသင္းကိုေျပာင္းေရႊ႕လာခဲ႔သူပါ။ ဆန္းခ်က္ဇ္ Sanchez ကို မန္ခ်က္စတာျမိဳ႕ခံအသင္းေတြျဖစ္တဲ႔ မန္ယူနဲ႔မန္စီးတီးအသင္းေတြက အျပိဳင္ၾကိဳးပမ္းခဲ႔ၾကတာျဖစ္ျပီး ဆန္းခ်က္ဇ္ Sanchez ဟာ မန္ယူအသင္းကို ေရြးခ်ယ္ခဲ႔တာပါ။ ဆန္းခ်က္ဇ္ Sanchez ဟာ မန္ယူအသင္းမွာ ေျခစြမ္းပိုင္းမတည္ျငိမ္မႈကို ၾကံဳေတြ႕ေနရျပီး လက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ သြင္းဂိုး(၃)ဂိုးသြင္းယူထားပါတယ္။

(၂) ေနမာ Neymar ( တစ္ပတ္လစာ ေပါင္ ၄၅၃၀၀၀ သိန္း)

Neymar

Neymar

ေနမာ Neymar ဟာ ၂၀၁၇ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ဘာစီလိုနာအသင္းကေန PSG အသင္းကို ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၂၀၀)နဲ႔ေျပာင္းေရႊ႕ခဲ႔သူပါ။ ဘာစီလိုနာအသင္းမွာ ေနမာ Neymar ဟာ ေအာင္ျမင္တဲ႔ကစားသမားဘ၀ကို ပိုင္ဆိုင္ခဲ႔ေပမယ္႔ မက္ဆီ Messi ရဲ႕ေလာင္းရိပ္ေအာက္ကေန ႐ုန္းထြက္ခ်င္တာေၾကာင္႔ PSG အသင္းကို ေျပာင္းေရႊ႕ခဲ႔တာပဲျဖစ္ပါတယ္။ ေနမာ Neymar ဟာ PSG အသင္းမွာ ေျခစြမ္းျပကစားေနျပီး လက္ရိွအခ်ိန္ထိအသင္းအတြက္ သြင္းဂိုး(၃၁)ဂိုးသြင္းယူထားပါတယ္။

(၁) စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi (တစ္ပတ္လစာ ေပါင္ ၅ သိန္း)

Cristiano-Ronaldo

Cristiano-Ronaldo

ရီးယဲလ္အသင္းကေန ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ အနည္းငယ္ခက္ခဲမႈေတြ ၾကံဳေတြ႕ေနရေပမယ္႔ လစာေငြကေတာ႔ မ်ားျပားေနဆဲပဲျဖစ္ပါတယ္။ လက္ရိွအခ်ိန္မွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo အတြက္လိုအပ္ေနတာ ေငြေၾကးမဟုတ္ဘဲ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ သြင္းဂိုးေတြလို႔ ဆိုရပါလိမ္႔မယ္။

Messi

Messi

စီေရာ္နယ္လ္ဒို Cristiano Ronaldo ျပီးရင္ ဒီေနရာမွာမက္ဆီ Messi ရိွေနမယ္ဆိုတာ အားလံုးသိတဲ႔အရာတစ္ခုပါ။ ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီ Messi ဟာသူနဲ႔ ထိုက္တန္တဲ႔ လစာေငြကို ရရိွေနသူပဲျဖစ္ပါတယ္။

အခု စာရင္းဟာ Sillyseason အားကစား၀က္ဘ္ဆိုက္က ေဖာ္ျပေပးခဲ့ကုိ ပရိသတ္ေတြ ဗဟုသုတ ရရွိႏုိင္ေအာင္ ျပန္လည္ေဖာ္ျပေပးခဲ့တာပါ။ ဒီေဆာင္းပါးတိုကို ဖတ္ရႈျပီးပရိသတ္ေတြလည္း ကိုယ္အားေပးတဲ႔ ကစားသမားေတြလစာ ဘယ္ေလာက္ရလဲ ဆိုတာ တျခားပရိသတ္ေတြကို ၾကြားလို႔ရပါျပီ …

Ref: sportskeeda , Sillyseason
Photo: Goal.com , The Pride of London , Evening Standard , Ghanasoccernet.com , eDigital Agency , Financial Tribune
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လက်ရှိ ဘောလုံးလောကမှာ လစာငွေအများဆုံးရရှိနေတဲ့ နာမည်ကျော်ကစားသမားများ

ဘောလုံးဟာ တဖြည်းဖြည်းနဲ့ စီးပွားရေးဆန်လာခဲ့ပါတယ်။ ဘောလုံးအားကစားရဲ့ နောက်ကွယ်မှာ ငွေကြေးပိုင်းဆိုင်ရာ လွှမ်းမိုးမှုကြီးထွားလာခဲ့တာပါ။ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာငွေတွေ ဟာလည်း အဆမတန်မြင့်တက်လာခဲ့ပါတယ်။ ထိပ်တန်းကစားမားတွေဟာ သူတို့ရဲ့ခြေစွမ်းနဲ့ထိုက်တန်တဲ့ လုပ်ခလစာငွေတွေကို ရရှိကြပြီး လက်ရှိ ဘောလုံးလောကမှာ လစာငွေအများဆုံးရရှိနေတဲ့ နာမည်ကျော်ကစားသမားများတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၃) အော်စကာ Oscar နဲ့ ဆန်းချက်ဇ် Sanchez (တစ်ပတ်လစာ ပေါင် ၄ သိန်း)

Oscar

Oscar

အော်စကာ Oscar ဟာ ၂၀၁၇ ခုနှစ်က ချယ်လ်ဆီးအသင်းကနေ တရုတ်စူပါလိဂ်ကလပ် Shanghai SIPG အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)နဲ့ အံအားသင့်ဖွယ်ပြောင်းရွှေ့ခဲ့ပါတယ်။ အော်စကာ Oscar ကိုငွေမက်သူလို့ ဝေဖန်မှုတွေရှိပေမယ့် အော်စကာ Oscar ဟာ ဒီအရာတွေကို ဂရုမစိုက်ပဲ ရှေ့ဆက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အော်စကာ Oscar ဟာ Shanghai SIPG အသင်းရဲ့ကွင်းလယ်ကို ဦးဆောင်ကစားနေပြီး အသင်းအတွက်သွင်းဂိုး(၁၇)ဂိုးသွင်းယူပေးထားပါတယ်။

Sanchez

Sanchez

ဆန်းချက်ဇ် Sanchez ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းကိုပြောင်းရွှေ့လာခဲ့သူပါ။ ဆန်းချက်ဇ် Sanchez ကို မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့ မန်ယူနဲ့မန်စီးတီးအသင်းတွေက အပြိုင်ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ဆန်းချက်ဇ် Sanchez ဟာ မန်ယူအသင်းကို ရွေးချယ်ခဲ့တာပါ။ ဆန်းချက်ဇ် Sanchez ဟာ မန်ယူအသင်းမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုကို ကြုံတွေ့နေရပြီး လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် သွင်းဂိုး(၃)ဂိုးသွင်းယူထားပါတယ်။

(၂) နေမာ Neymar ( တစ်ပတ်လစာ ပေါင် ၄၅၃၀၀၀ သိန်း)

Neymar

Neymar

နေမာ Neymar ဟာ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀၀)နဲ့ပြောင်းရွှေ့ခဲ့သူပါ။ ဘာစီလိုနာအသင်းမှာ နေမာ Neymar ဟာ အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့် မက်ဆီ Messi ရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်တာကြောင့် PSG အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ နေမာ Neymar ဟာ PSG အသင်းမှာ ခြေစွမ်းပြကစားနေပြီး လက်ရှိအချိန်ထိအသင်းအတွက် သွင်းဂိုး(၃၁)ဂိုးသွင်းယူထားပါတယ်။

(၁) စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi (တစ်ပတ်လစာ ပေါင် ၅ သိန်း)

Cristiano-Ronaldo

Cristiano-Ronaldo

ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဂျူဗင်တပ်စ်အသင်းမှာ အနည်းငယ်ခက်ခဲမှုတွေ ကြုံတွေ့နေရပေမယ့် လစာငွေကတော့ များပြားနေဆဲပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo အတွက်လိုအပ်နေတာ ငွေကြေးမဟုတ်ဘဲ ဂျူဗင်တပ်စ်ကစားသမားဘ၀ သွင်းဂိုးတွေလို့ ဆိုရပါလိမ့်မယ်။

Messi

Messi

စီရော်နယ်လ်ဒို Cristiano Ronaldo ပြီးရင် ဒီနေရာမှာမက်ဆီ Messi ရှိနေမယ်ဆိုတာ အားလုံးသိတဲ့အရာတစ်ခုပါ။ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီ Messi ဟာသူနဲ့ ထိုက်တန်တဲ့ လစာငွေကို ရရှိနေသူပဲဖြစ်ပါတယ်။

အခု စာရင်းဟာ Sillyseason အားကစားဝက်ဘ်ဆိုက်က ဖော်ပြပေးခဲ့ကို ပရိသတ်တွေ ဗဟုသုတ ရရှိနိုင်အောင် ပြန်လည်ဖော်ပြပေးခဲ့တာပါ။  ဒီဆောင်းပါးတိုကို ဖတ်ရှုပြီးပရိသတ်တွေလည်း ကိုယ်အားပေးတဲ့ ကစားသမားတွေလစာ ဘယ်လောက်ရလဲ ဆိုတာ တခြားပရိသတ်တွေကို ကြွားလို့ရပါပြီ …

Ref: sportskeeda , Sillyseason
Photo: Goal.com , The Pride of London , Evening Standard , Ghanasoccernet.com , eDigital Agency , Financial Tribune
Ko Kyue(Akhayar)
www.akhayar.com