[Zawgyi]

၂ဝ၁၈ခုႏွစ္အတြင္း ဝင္ေငြအေကာင္းဆုံးေဘာလုံးသမား (၅) ဦး

ေဘာလုံးဟာ လူႀကိဳက္အမ်ားဆုံးအားကစားျဖစ္ၿပီး နာမည္ေက်ာ္ေဘာလုံးသမားေတြ ဝင္ေငြေကာင္းတာ မဆန္းေတာ့ပါဘူး။ လစာဝင္ေငြေကာင္းၾကသလုိ ေၾကာ္ျငာခေတြလည္း အမ်ားႀကီးရၾကတဲ့အတြက္ သန္းၾကြယ္သူေဌးေတြေတာင္ ျဖစ္ေနၾကပါၿပီ။

ကမၻာေက်ာ္စီးပြားေရးမဂၢဇင္း Forbes ဟာ ၂ဝ၁၇ခုႏွစ္ ဇြန္လ (၁) ရက္ကေန ၂ဝ၁၈ခုႏွစ္ ဇြန္လ (၁) ရက္အတြင္း ေဘာလုံးသမားေတြရဲ႕ ဝင္ေငြကုိ တြက္ခ်က္ၿပီး ၂ဝ၁၈ခုႏွစ္အတြင္း ဝင္ေငြအေကာင္းဆုံး ေဘာလုံးသမားစာရင္းကုိ ေဖာ္ျပခဲ့ပါတယ္။ ဘယ္သူေတြျဖစ္မလဲ ၾကည့္ရေအာင္။

(၅) Paul Pogba

ျပင္သစ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္သမား Paul Pogba ဟာ ၂ဝ၁၈ခုႏွစ္မွာ ပဥၥမေျမာက္ဝင္ေငြအေကာင္းဆုံး ေဘာလုံးသမားပါ။ စုစုေပါင္းဝင္ေငြဟာ ေဒၚလာ (၂၉.၅) သန္းရွိပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ရရွိေနတဲ့ တစ္ႏွစ္ဝင္ေငြနဲ႔ ဆုေၾကးဟာ ေဒၚလာ (၂၅) သန္းရွိၿပီး ေၾကာ္ျငာခက ေဒၚလာ (၄.၅) သန္းရရွိခဲ့ပါတယ္။ ဝင္ေငြလည္း ေကာင္းရုံမက ျပင္သစ္အသင္းနဲ႔ ကမၻာ့ဖလားခ်န္ပီယံဆုကုိပါ ဆြတ္ခူးႏုိင္ခဲ့တာဆုိေတာ့ သားေရႊအုိးထမ္းသလုိပါပဲ။

(၄) Gareth Bale

ေဝးလ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္ေတာင္ပံသမား Gareth Bale ဟာ တစ္ႏွစ္ဝင္ေငြ ေဒၚလာ (၃၄.၆) သန္းျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းမွာ လစာနဲ႔ဆုေၾကးဟာ ေဒၚလာ (၂၈.၆) သန္းအထိရရွိၿပီး ေၾကာ္ျငာခက (၆) သန္းအထိရပါတယ္။ Gareth Bale ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ပါေသးတယ္။

(၃) Neymar

ဘရာဇီးအသင္းနဲ႔ PSG တုိက္စစ္မွဴး Neymar ဟာ ဝင္ေငြစုစုေပါင္း ေဒၚလာ သန္း(၉ဝ) အထိရွိသူပါ။ PSG အသင္းမွာ ရရွိေနတဲ့ လစာနဲ႔ ဆုေၾကးပမာဏဟာ ေဒၚလာ (၇၃) သန္းအထိရွိၿပီး ေၾကာ္ျငာခက ေဒၚလာ (၁၇) သန္းအထိ ရရွိထားပါတယ္။ PSG အသင္းနဲ႔အတူ ျပည္တြင္းဖလားေတြကုိ သိမ္းပုိက္ထားႏုိင္တဲ့ Neymar ဟာ ျပင္သစ္လီဂူးရဲ႕အေကာင္းဆုံးေဘာလုံးသမားဆုရွင္လည္း ျဖစ္ပါတယ္။

(၂) Cristiano Ronaldo

၂ဝဝ၆ခုႏွစ္မွာ ဝင္ေငြ (၈၈) သန္းအျပင္ ၂ဝ၁၇ခုႏွစ္မွာ ဝင္ေငြ (၉၃) သန္းနဲ႔ ဝင္ေငြအေကာင္းဆုံးေဘာလုံးသမားျဖစ္ခဲ့တဲ့ Cristiano Ronaldo ဟာ ၂ဝ၁၈ခုႏွစ္မွာ ေဒၚလာ (၁ဝ၈) သန္းအထိ တုိးလာခဲ့ေပမယ့္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းမွာ လစာနဲ႔ ဆုေၾကးေငြဟာ ေဒၚလာ (၆၁) သန္းအထိရရွိခဲ့ၿပီး ေၾကာ္ျငာခက (၄၇) သန္းအထိ ရရွိခဲ့ပါတယ္။ (အခုစာရင္း တြက္ခ်က္တဲ့အခ်ိန္မွာ Cristiano Ronaldo ဟာ ဂ်ဴဗင္တပ္အသင္းကုိ မေရာက္ေသးပါဘူး။)

လူမႈကြန္ရက္ေတြမွာ ပရိသတ္သန္းခ်ီရွိတဲ့ Cristiano Ronaldo ဟာ တျခားၿပိဳင္ဘက္ေတြနဲ႔ယွဥ္ရင္ ေၾကာ္ျငာခပုိမ်ားေပမယ့္ လစာနဲ႔ ဆုေၾကးဟာ အဓိကၿပိဳင္ဘက္ Lionel Messi ထက္နည္းတာေၾကာင့္ ဒုတိယေနရာနဲ႔ ေက်နပ္ရတာျဖစ္ပါတယ္။

(၁) Lionel Messi

အာဂ်င္တီးနားအသင္းနဲ႔ ဘာစီလုိနာတုိက္စစ္မွဴး Lionel Messi ဟာ ဝင္ေငြ (၁၁၁) သန္းအထိရွိခဲ့ၿပီး ၂ဝ၁၈ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးေဘာလုံးသမားျဖစ္ခဲ့ပါတယ္။ ဘာစီလုိနာအသင္းမွာ လစာနဲ႔ ဆုေၾကးေငြေပါင္းလုိက္ရင္ ေဒၚလာ (၈၄) သန္းအထိရရိွသူျဖစ္ၿပီး ေၾကျငာခက (၂၇) သန္းအထိရရွိတယ္လုိ႔ သိရပါတယ္။

ဝင္ေငြအရႏႈိင္းယွဥ္ရမယ္ဆုိရင္ ၂ဝ၁၈ခုႏွစ္မွာ Lionel Messi က အဓိကၿပိဳင္ဘက္ Cristiano Ronaldo ထက္ပုိမ်ားတယ္လုိ႔ သုံးသပ္ႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမား (၅) ဦး

ဘောလုံးဟာ လူကြိုက်အများဆုံးအားကစားဖြစ်ပြီး နာမည်ကျော်ဘောလုံးသမားတွေ ဝင်ငွေကောင်းတာ မဆန်းတော့ပါဘူး။ လစာဝင်ငွေကောင်းကြသလို ကြော်ငြာခတွေလည်း အများကြီးရကြတဲ့အတွက် သန်းကြွယ်သူဌေးတွေတောင် ဖြစ်နေကြပါပြီ။

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ဟာ ၂ဝ၁၇ခုနှစ် ဇွန်လ (၁) ရက်ကနေ ၂ဝ၁၈ခုနှစ် ဇွန်လ (၁) ရက်အတွင်း ဘောလုံးသမားတွေရဲ့ ဝင်ငွေကို တွက်ချက်ပြီး ၂ဝ၁၈ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းကို ဖော်ပြခဲ့ပါတယ်။ ဘယ်သူတွေဖြစ်မလဲ ကြည့်ရအောင်။

(၅) Paul Pogba

ပြင်သစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်သမား Paul Pogba ဟာ ၂ဝ၁၈ခုနှစ်မှာ ပဉ္စမမြောက်ဝင်ငွေအကောင်းဆုံး ဘောလုံးသမားပါ။ စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ (၂၉.၅) သန်းရှိပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ တစ်နှစ်ဝင်ငွေနဲ့ ဆုကြေးဟာ ဒေါ်လာ (၂၅) သန်းရှိပြီး ကြော်ငြာခက ဒေါ်လာ (၄.၅) သန်းရရှိခဲ့ပါတယ်။ ဝင်ငွေလည်း ကောင်းရုံမက ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာဆိုတော့ သားရွှေအိုးထမ်းသလိုပါပဲ။

(၄) Gareth Bale

ဝေးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံသမား Gareth Bale ဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ (၃၄.၆) သန်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ လစာနဲ့ဆုကြေးဟာ ဒေါ်လာ (၂၈.၆) သန်းအထိရရှိပြီး ကြော်ငြာခက (၆) သန်းအထိရပါတယ်။ Gareth Bale ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါသေးတယ်။

(၃) Neymar

ဘရာဇီးအသင်းနဲ့ PSG တိုက်စစ်မှူး Neymar ဟာ ဝင်ငွေစုစုပေါင်း ဒေါ်လာ သန်း(၉ဝ) အထိရှိသူပါ။ PSG အသင်းမှာ ရရှိနေတဲ့ လစာနဲ့ ဆုကြေးပမာဏဟာ ဒေါ်လာ (၇၃) သန်းအထိရှိပြီး ကြော်ငြာခက ဒေါ်လာ (၁၇) သန်းအထိ ရရှိထားပါတယ်။ PSG အသင်းနဲ့အတူ ပြည်တွင်းဖလားတွေကို သိမ်းပိုက်ထားနိုင်တဲ့ Neymar ဟာ ပြင်သစ်လီဂူးရဲ့အကောင်းဆုံးဘောလုံးသမားဆုရှင်လည်း ဖြစ်ပါတယ်။

(၂) Cristiano Ronaldo

၂ဝဝ၆ခုနှစ်မှာ ဝင်ငွေ (၈၈) သန်းအပြင် ၂ဝ၁၇ခုနှစ်မှာ ဝင်ငွေ (၉၃) သန်းနဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့တဲ့ Cristiano Ronaldo ဟာ ၂ဝ၁၈ခုနှစ်မှာ ဒေါ်လာ (၁ဝ၈) သန်းအထိ တိုးလာခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ လစာနဲ့ ဆုကြေးငွေဟာ ဒေါ်လာ (၆၁) သန်းအထိရရှိခဲ့ပြီး ကြော်ငြာခက (၄၇) သန်းအထိ ရရှိခဲ့ပါတယ်။ (အခုစာရင်း တွက်ချက်တဲ့အချိန်မှာ Cristiano Ronaldo ဟာ ဂျူဗင်တပ်အသင်းကို မရောက်သေးပါဘူး။)

လူမှုကွန်ရက်တွေမှာ ပရိသတ်သန်းချီရှိတဲ့ Cristiano Ronaldo ဟာ တခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင် ကြော်ငြာခပိုများပေမယ့် လစာနဲ့ ဆုကြေးဟာ အဓိကပြိုင်ဘက် Lionel Messi ထက်နည်းတာကြောင့် ဒုတိယနေရာနဲ့ ကျေနပ်ရတာဖြစ်ပါတယ်။

(၁) Lionel Messi

အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာတိုက်စစ်မှူး Lionel Messi ဟာ ဝင်ငွေ (၁၁၁) သန်းအထိရှိခဲ့ပြီး ၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ လစာနဲ့ ဆုကြေးငွေပေါင်းလိုက်ရင် ဒေါ်လာ (၈၄) သန်းအထိရရှိသူဖြစ်ပြီး ကြေငြာခက (၂၇) သန်းအထိရရှိတယ်လို့ သိရပါတယ်။

ဝင်ငွေအရနှိုင်းယှဉ်ရမယ်ဆိုရင် ၂ဝ၁၈ခုနှစ်မှာ Lionel Messi က အဓိကပြိုင်ဘက် Cristiano Ronaldo ထက်ပိုများတယ်လို့ သုံးသပ်နိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com