[Zawgyi]

၂ဝ၁၈ခုႏွစ္အတြင္းမွာ ဝင္ေငြအေကာင္းဆုံး ရုပ္ရွင္ (၅) ကား

၂ဝ၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ရုပ္ရွင္ကားေတြဟာ တျခားႏွစ္ေတြထက္စာရင္ အရည္အေသြးအရေရာ ဝင္ေငြအရပါ ေကာင္းခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ၂ဝ၁၇ခုႏွစ္နဲ႔ ႏႈိင္းစာရင္ လက္မွတ္ေရာင္းအားဟာ ၈ရာခုိင္ႏႈန္းအထိ တက္လာခဲ့တာပါ။ ဒီအခ်က္ဟာ Superhero ဇာတ္ကားေတြနဲ႔ Deadpool 2 (2018) ၊ Incredibles 2 (2018) နဲ႔ Jurassic World: Fallen Kingdom (2018) တုိ႔လုိ ေနာက္ဆက္တြဲဇာတ္ကား (Sequel) ေတြဟာ ပရိသတ္ေတြကုိ ဖမ္းစားႏုိင္ခဲ့လုိ႔ပါ။

Black Panther (2018) ၊ Quiet Place (2018) ၊ I Can Only Imagine (2018) နဲ႔ Deadpool 2 (2018) ဇာတ္ကားေတြဟာ ေဝဖန္ေရးဆရာေတြ ခ်ီးက်ဴးစကားဆုိရုံမက ဝင္ေငြအရလည္း ေအာင္ပြဲခံခဲ့ၾကပါတယ္။ ေျမာက္အေမရိကတုိက္မွာ ထုတ္လုပ္တဲ့ ရုပ္ရွင္ေတြအတြက္ အေမရိကန္နဲ႔ ကေနဒါႏုိင္ငံမွာ ရရွိတဲ့ ဝင္ေငြကုိ ျပည္တြင္းဝင္ေငြလုိ႔ သတ္မွတ္ၿပီး တျခားႏုိင္ငံေတြမွာ ရရွိတဲ့ဝင္ေငြကုိ ျပည္ပဝင္ေငြလုိ႔ ဆုိၾကပါတယ္။ ဒီတစ္ပတ္မွာေတာ့ ၂ဝ၁၈ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးရုပ္ရွင္ (၅) ကားကုိ တင္ျပလုိက္ရပါတယ္။

(၅) Deadpool 2 (2018)

Marvel Comics ရဲ႕ Deadpool 2 (2018) ဟာ သန္း (၁၁ဝ) သာ သုံးထားေပမယ့္ ျပည္တြင္းဝင္ေငြ (၃၁၇.၇၁) နဲ႔ ျပည္ပဝင္ေငြ (၄၁၆.၆၃) သန္းအထိ ရွိခဲ့ပါတယ္။ စုစုေပါင္းဝင္ေငြ (၇၃၄.၃၄) သန္းအထိရွိခဲ့ၿပီး 20th Century Fox အတြက္ လက္ဖ်ားေငြသီးခဲ့ပါတယ္။

(၄) Incredibles 2 (2018)

Superhero ရုပ္ရွင္ကားျဖစ္တဲ့ Incredibles 2 (2018) ဟာ ရုံတင္တဲ့ပထမအပတ္မွာပဲ ၁၈၂.၇သန္းရခဲ့ၿပီး တာထြက္အေကာင္းဆုံးကာတြန္းကားျဖစ္ခဲ့ပါတယ္။ ျပည္တြင္းဝင္ေငြ (၅၇၄.ဝ၂) နဲ႔ ျပည္ပဝင္ေငြ (၄၂၆.၃၇) သန္းအထိ ရွိခဲ့ပါတယ္။ စုစုေပါင္းဝင္ေငြ (၁ဝဝဝ.၄) သန္းအထိ ရရွိခဲ့ၿပီး ရုပ္ရွင္သမုိင္းတစ္ေလ်ွာက္သတၱမေျမာက္ဝင္ေငြအေကာင္းဆုံးကာတြန္းကားျဖစ္ခဲ့ပါတယ္။

(၃) Jurassic World: Fallen Kingdom (2018)

ေဒၚလာသန္း (၁၇ဝ) ကုိသာ သုံးထားေပမယ့္ စုစုေပါင္းဝင္ေငြ (၁၂၃၈.၆) သန္းအထိရွိခဲ့ပါတယ္။ ျပည္တြင္းဝင္ေငြ (၃၉၈.၄) သန္းရခဲ့ၿပီး ျပည္ပဝင္ေငြ (၈၄ဝ.၂) သန္းအထိ ရခဲ့တာပါ။ ရုပ္ရွင္ရဲ႕အရည္အေသြးကုိ ေဝဖန္ေရးဆရာေတြက အေကာင္းအဆုိးေဝဖန္ခဲ့ၾကေပမယ့္ ဝင္ေငြကုိေတာ့ သိသိသာသာ မထိခုိက္ခဲ့ပါဘူး။

Jurassic World: Fallen Kingdom (2018)

(၂) Black Panther (2018)

Marvel Cinematic Universe (MCU) ရဲ႕  (၁၈) ကားေျမာက္ရုပ္ရွင္ျဖစ္တဲ့ Black Panther (2018) ဟာ စုစုေပါင္းဝင္ေငြ (၁၃၄၆.၆) သန္းအထိ ရရွိခဲ့တာပါ။ ဇာတ္လမ္း၊ ဇာတ္ညႊန္းပုိင္းမွာ ေဝဖန္ေရးဆရာေတြ အႀကိဳက္ေတြ႕ခဲ့ၿပီး ျပည္တြင္းဝင္ေငြ (၆၉၉.၉) သန္းနဲ႔ ျပည္ပဝင္ေငြ (၆၄၆.၆) သန္းအထိ ရရွိခဲ့ပါတယ္။

(၁) Avengers: Infinity War (2018)

၂ဝ၁၈ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးရုပ္ရွင္ကေတာ့ Avengers: Infinity War (2018) ပဲျဖစ္ပါတယ္။ (၂ဝ၄၄.၆၂) သန္းအထိရွိခဲ့ၿပီး Avatar (2009) ၊ Titanic (1997) နဲ႔ Star Wars: The Force Awakens (2015) ၿပီးရင္ ရုပ္ရွင္သမုိင္းတစ္ေလ်ွာက္မွာ စတုတၳဝင္ေငြအေကာင္းဆုံးရုပ္ရွင္အျဖစ္ မွတ္တမ္းဝင္သြားပါတယ္။

ျပည္တြင္းဝင္ေငြ (၆၇၇.၆၂) သန္းနဲ႔ ျပည္ပဝင္ေငြ (၁၃၆၆.၉) သန္းအထိိရွိခဲ့ၿပီး စံခ်ိန္ေတြအမ်ားႀကီးခ်ိဳးဖ်က္ခဲ့ပါတယ္။ ကုန္က်စရိတ္ဟာလည္း ေဒၚလာသန္း (၄ဝဝ) အထိရွိခဲ့တာေၾကာင့္ မွန္းခ်က္နဲ႔ႏွမ္းထြက္ကုိက္ခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။ ၂ဝ၁၈ခုႏွစ္အတြင္းမွာ ထြက္ရွိခဲ့တဲ့ ဒါမွမဟုတ္ ထြက္ရွိေတာ့မယ့္ ရုပ္ရွင္ေတြထဲမွာ အႀကိဳက္ဆုံးက ဘာျဖစ္မလဲ။

ကုိးကား (သတင္း၊ ဓာတ္ပုံ) – Business Insider ၊ Box Office Mojo

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်အတွင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင် (၅) ကား

၂ဝ၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေဟာ တခြားနှစ်တွေထက်စာရင် အရည်အသွေးအရရော ဝင်ငွေအရပါ ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၂ဝ၁၇ခုနှစ်နဲ့ နှိုင်းစာရင် လက်မှတ်ရောင်းအားဟာ ၈ရာခိုင်နှုန်းအထိ တက်လာခဲ့တာပါ။ ဒီအချက်ဟာ Superhero ဇာတ်ကားတွေနဲ့ Deadpool 2 (2018) ၊ Incredibles 2 (2018) နဲ့ Jurassic World: Fallen Kingdom (2018) တို့လို နောက်ဆက်တွဲဇာတ်ကား (Sequel) တွေဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့လို့ပါ။

Black Panther (2018) ၊ Quiet Place (2018) ၊ I Can Only Imagine (2018) နဲ့ Deadpool 2 (2018) ဇာတ်ကားတွေဟာ ဝေဖန်ရေးဆရာတွေ ချီးကျူးစကားဆိုရုံမက ဝင်ငွေအရလည်း အောင်ပွဲခံခဲ့ကြပါတယ်။ မြောက်အမေရိကတိုက်မှာ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေအတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ရရှိတဲ့ ဝင်ငွေကို ပြည်တွင်းဝင်ငွေလို့ သတ်မှတ်ပြီး တခြားနိုင်ငံတွေမှာ ရရှိတဲ့ဝင်ငွေကို ပြည်ပဝင်ငွေလို့ ဆိုကြပါတယ်။ ဒီတစ်ပတ်မှာတော့ ၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင် (၅) ကားကို တင်ပြလိုက်ရပါတယ်။

(၅) Deadpool 2 (2018)

Marvel Comics ရဲ့ Deadpool 2 (2018) ဟာ သန်း (၁၁ဝ) သာ သုံးထားပေမယ့် ပြည်တွင်းဝင်ငွေ (၃၁၇.၇၁) နဲ့ ပြည်ပဝင်ငွေ (၄၁၆.၆၃) သန်းအထိ ရှိခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေ (၇၃၄.၃၄) သန်းအထိရှိခဲ့ပြီး 20th Century Fox အတွက် လက်ဖျားငွေသီးခဲ့ပါတယ်။

(၄) Incredibles 2 (2018)

Superhero ရုပ်ရှင်ကားဖြစ်တဲ့ Incredibles 2 (2018) ဟာ ရုံတင်တဲ့ပထမအပတ်မှာပဲ ၁၈၂.၇သန်းရခဲ့ပြီး တာထွက်အကောင်းဆုံးကာတွန်းကားဖြစ်ခဲ့ပါတယ်။ ပြည်တွင်းဝင်ငွေ (၅၇၄.ဝ၂) နဲ့ ပြည်ပဝင်ငွေ (၄၂၆.၃၇) သန်းအထိ ရှိခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေ (၁ဝဝဝ.၄) သန်းအထိ ရရှိခဲ့ပြီး ရုပ်ရှင်သမိုင်းတစ်လျှောက်သတ္တမမြောက်ဝင်ငွေအကောင်းဆုံးကာတွန်းကားဖြစ်ခဲ့ပါတယ်။

(၃) Jurassic World: Fallen Kingdom (2018)

ဒေါ်လာသန်း (၁၇ဝ) ကိုသာ သုံးထားပေမယ့် စုစုပေါင်းဝင်ငွေ (၁၂၃၈.၆) သန်းအထိရှိခဲ့ပါတယ်။ ပြည်တွင်းဝင်ငွေ (၃၉၈.၄) သန်းရခဲ့ပြီး ပြည်ပဝင်ငွေ (၈၄ဝ.၂) သန်းအထိ ရခဲ့တာပါ။ ရုပ်ရှင်ရဲ့အရည်အသွေးကို ဝေဖန်ရေးဆရာတွေက အကောင်းအဆိုးဝေဖန်ခဲ့ကြပေမယ့် ဝင်ငွေကိုတော့ သိသိသာသာ မထိခိုက်ခဲ့ပါဘူး။

Jurassic World: Fallen Kingdom (2018)

(၂) Black Panther (2018)

Marvel Cinematic Universe (MCU) ရဲ့  (၁၈) ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Black Panther (2018) ဟာ စုစုပေါင်းဝင်ငွေ (၁၃၄၆.၆) သန်းအထိ ရရှိခဲ့တာပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းမှာ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခဲ့ပြီး ပြည်တွင်းဝင်ငွေ (၆၉၉.၉) သန်းနဲ့ ပြည်ပဝင်ငွေ (၆၄၆.၆) သန်းအထိ ရရှိခဲ့ပါတယ်။

(၁) Avengers: Infinity War (2018)

၂ဝ၁၈ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကတော့ Avengers: Infinity War (2018) ပဲဖြစ်ပါတယ်။ (၂ဝ၄၄.၆၂) သန်းအထိရှိခဲ့ပြီး Avatar (2009) ၊ Titanic (1997) နဲ့ Star Wars: The Force Awakens (2015) ပြီးရင် ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ စတုတ္ထဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ပြည်တွင်းဝင်ငွေ (၆၇၇.၆၂) သန်းနဲ့ ပြည်ပဝင်ငွေ (၁၃၆၆.၉) သန်းအထိရှိခဲ့ပြီး စံချိန်တွေအများကြီးချိုးဖျက်ခဲ့ပါတယ်။ ကုန်ကျစရိတ်ဟာလည်း ဒေါ်လာသန်း (၄ဝဝ) အထိရှိခဲ့တာကြောင့် မှန်းချက်နဲ့နှမ်းထွက်ကိုက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂ဝ၁၈ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ ဒါမှမဟုတ် ထွက်ရှိတော့မယ့် ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံးက ဘာဖြစ်မလဲ။

ကိုးကား (သတင်း၊ ဓာတ်ပုံ) – Business Insider ၊ Box Office Mojo

ကျော်စိုးအောင် (အခရာ)

www.akhayar.com